Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရခိုင်ဘုရင် မင်းရာဇာကြီး နန့် သီဟိုဠ်ဘုရင် ပထမ ဝိမလဓမ္မ သူရီယ,မင်းတို့ သာသနာပြု မှတ်တမ်း

ရခိုင်ဘုရင် မင်းရာဇာကြီး နန့် သီဟိုဠ်ဘုရင် ပထမ ဝိမလဓမ္မ သူရီယ,မင်းတို့ သာသနာပြု မှတ်တမ်း
=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=

သီဟိုဠ်နိုင်ငံမှ သာသနာပြုစေလွှတ်ရန် တောင်းပန်
လား၍ ရခိုင်နိုင်ငံတော် ရခိုင်ပြည် မြောက်ဦးမြို့
တော် ရခိုင်ဘုရင် မင်းရာဇာကြီးလက်ထက် အေဒီ
(1593-ခု မှ 1612)ခု ၊ ကောဇာသက္ကရာဇ်( ၉၅၅-ခု
မှ ၉၇၄ )ခု ၊ မြောက်တန်ဆောင် ဆရာတော်
စန္ဒဝိလာသ,သည် အရံသံဃာတော် (၂၀)နန့်တကွ
သီဟိုဠ်ကျွန်းသို့ သာသနာပြု ကြွရောက်ရန် မင်းရာ
ဇာကြီး လျှောက်ထားတောင်းပန်ချက်-အရ (၉၆၈)ခု
တန်ဆောင်မုန်းလတွင် သီဟိုဠ်သို့ ကြွတော်မူ၍
သီဟိုဠ်နိုင်ငံသူ/သားတို့အား ရဟန်း/ပဉ္ဇင်းခံစေ
တော်မူ၍ သာသနာပြုတော်မူသည်။

အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဦးသောဘန,ရဲ့
  မဟာဒွါရ နိကာယ သာသနဝံသဒီပနီတွင်
------------------------------------------------------------------
သာသနာတော်နှစ် ၂၁၃၅-ခုနှစ် နန်းထက်လာသော
ပထမ ဝိမလဓမ္မ သူရိယမင်း,လက်ထက် ရဟန်းတို့
ပင် လျင်းမရှိခြင်းကြောင့် ရခိုင်တိုင်းမှ ရဟန်းတို့ကို
ပင့်ဆောင်၍ သီရိဝဎ္ဍနမြို့၌ နေစေလျက် ရိုသေစွာ
လုပ်ကျွေးသည်။ သာသနာတော်(၂၁၄၀)ပြည့်နှစ်၌
မဟာဝါဠုကမြစ်က ကာဒမ္ဗမည်သောဆိပ်၌ နှလုံး
မွေ့လျော်ဖွယ်ရှိသော ဥဒကုက္ခေပသိမ်ကိုပြု၍
ရဟန်းတို့ကို ဤအရပ်သို့ ပင့်ဆောင်စေလျက်
အမျိုးကောင်းသားတို့ကို ပဉ္ဇင်းခံစေသည်။ ရှင်ပြု
စေသည်ဖြစ်၍ သာသနာတော်မြတ်ကို စောင့်
ရှောက်တော်မူ၏ဟု ဖော်ပြထားသည်။ 

( ဤသည်ကား ရခိုင်ဘုရင် မင်းရာဇာကြီးလက်
  ထက် သာသနာပြုရန် သံဃာတော် အပါး ( ၂၀ )
  သီဟိုဠ်သို့ ကြွ၍ သာသနာပြုခြင်း ဖြစ်သည် )

မှတ်ချက်
---------------
ရခိုင်ဘုရင် မင်းရာဇာကြီး,နန့် သီဟိုဠ်ဘုရင် ပထမ
ဝိမလဓမ္မ သူရိယ,မင်းတို့ သာသနာတော်ကို သာသ
နာပြုလုပ်ငန်း သာသနာတော်နှစ်( ၂၁၃၅ )ခုနှစ်
ဖြစ်ပြီး၊ ရခိုင်ဘုရင် မာရုပ္ပိယ ဂူဖြူမင်း,နန့် သီဟိုဠ်
ဘုရင် ဒုတိယ ဝိမလဓမ္မ သူရိယ,မင်းတို့ သာသနာ
ပြုလုပ်ငန်းကို သာသနာတော်နှစ်( ၂၂၂၇ )ခုနှစ်
ဖြစ်သည်။

ကျောက်စာဝန် သီဟိုဠ်မင်းကြီသည် ရခိုင်ပြည်သို့
လာရောက်၍ ရခိုင်သာသနာတော် ကြည်ရှူခြင်း
------------------------------------------------------------------------
မဆလ လမ်းစဉ်ပါတီခေတ် ကျောက်စာဝန်
သီဟိုဠ်မင်းကြီးသည် ရခိုင်ပြည် မြောက်ဦးမြို့သို့
ရောက်ရှိလာပြီး သီဟိုဠ်တွင် ရခိုင်ရဟန်းသာသနာ
ပြုရဟန်းတော်များ သမုဒ်ခဲ့သော သိမ်ပုံစံများကို
လာရောက်လေ့လာခဲ့ရာ မြန်မာ+ရခိုင် ပဏ္ဍိတ်
ဆရာကြီး ဦးသာထွန်းနန့် ရခိုင်သဃ်ာသိမ်များ၊
သိမ်တောင်နန့် ရတနာမာန်အောင်စသော သံဃာ
ထောင်ကျော် ဥပုသ်ပြုနိုင်သော သိမ်တို့ကို မှတ်
တမ်းတင်ရိုက်ကူးပြီး ရခိုင်မှ သာသာနာပြုခဲ့သော
သီဟိုဠ်ကြေးပရပိုဒ်မှတ်တမ်းကိုလည်း ပြသခဲ့
ကြောင်း ဆရာကြီး ဦးသာထွန်းပြော၍ သိရှလိုက်
ရပြီး ရခိုင်သံဃာတော်များ သာသနာပြုခဲ့သော
ဓညဝတီသိမ် ( ၂ )သိမ်ရှိကြောင်း ပြောခဲ့သည်။ 

ရခိုင်ပြည် မြောက်ဦးမြို့ ရခိုင်ဘုရင် မင်းရာဇာကြီး
လက်ထက် သီဟိုဠ်သို့ သာသနာပြုခြင်း။ 
------------------------------------------------------------------------
( ၁ ) တတောပစ္ဆာစ ဝိမလ ဓမ္မသူရိယဿရညော
        ကာလေ ရက္ခပူရ ရဌတောသံဃံ အာနေတွာ
          သာ သနံ ပတိဌာပတေိ။

( ၂ ) တတောပစ္ဆာစ ဝိမလဿနာမရညောကာလေ
         တတောယေဝသံဃံ အာနေတွာ သာသနံ
         ပတိဌာ ပေသိ, ဟူ၍ ရေးသားထားသည်ကို
         တွေ့ရသည်။ 

ယခု ဖော်ပြထားသော မြောက်ဦးမြို့တော်
ရခိုင်ဘုရင် မင်းရာဇာကြီး,သာ ဖြစ်သည်။

ဓါတ်ပုံ
----------
သီဟိုဠ် ဓညဝတီသိမ်

                                   Credit




Comments