Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

အာနန္ဒစန္ဒြကျောက်စာတွင် #သီဝနတ် မျိုးရိုး မဟုတ်ကြောင်းနှင့် ဘာသာပြန်လွဲမှားခြင်း၏ အကျိုးဆက်

အာနန္ဒစန္ဒြကျောက်စာတွင် #သီဝနတ် မျိုးရိုး မဟုတ်ကြောင်းနှင့် ဘာသာပြန်လွဲမှားခြင်း၏ အကျိုးဆက်
✪▬▬▬▬▬▬▬๑۩۩๑▬▬▬▬▬▬✪

အာနန္ဒစန္ဒြ ကျောက်စာနှင့်ပတ်သက်၍ ယခင်မှတ်တမ်းများ
အားလုံးမှာ ပါရှိတဲ့ သီဝနတ် ဆိုတဲ့    အရာတွေက 
 ( သက္ကရာဇ် ၆၄၉.. အာနန္ဒစနြ္ဒကျောက်စာကို မှေးမှိန်အောင်လုပ်ပစ်လိုက်လေသည်။ သီဝနတ် ဟု အဓိပ္ပာယ်အယူအဆ လွဲမှားမှု တခုက သမိုင်းတခုလုံးကို သီဝနတ်မင်းအနွယ်ဖြစ်သွား​စေတယ်။  ( ယေက်ျားအင်္ဂါ ကိုးကွယ်တဲ့ အနွယ်ယောင်ယောင်၊ မဟာယာနယောင်ယောင် ဖြစ်​သွားစေတယ် )။  
သက္ကဋစာပေမှာ သီဝနတ်ကိုခေါ်တဲ့    စကားလုံးဟာ သီးခြား စာလုံးပေါင်း ပါရှိပြီးသားဖြစ်ပါတယ်။ အဲ့ဒါကို ရှေးက ဆရာတွေ သတိမပြုခဲ့သောကြောင်း အာနန္ဒစန္ဒြကျောက်စာ  တစ်ခုကို သီဝနတ် ဟုတ် လွဲမှား ဘာသာပြန်ခဲ့​မိလေသည်။
 ပညာရှိသတိဖြစ်ခဲဟု ဆိုရမယ်။ မမှားသော ရှေ့နေ မရှိသလိုပဲ ယူဆရပေမယ်။ အပြစ်မဆိုသာပါ။
အာနန္ဒစန္ဒြကျောက်စာသည် သက္ကဋဘာသာဖြင့် ရေးထိုးထားသော ကျောက်စာတစ်ချပ်ဖြစ်သည်။

သက္ကဋ စာပေမှာ
#ဂီ့ဝ နှင့်

#ဤသာ( ဤဂ့ါနွယ) တို့သည်
စာလုံးပေါင်းလည်း မတူသလို အနက်အဓိပ္ပာယ်လည်း မတူပဲ

ဂီ့ဝ>ဂဲ့ဝါ=Shiva သျှီဝ(ရှီဝ) သီဝနတ် လို့ စာလုံးပေါင်းခြင်းပါ။ 

#အာနန္ဒစန္ဒြကျောက်စာမှာပါတာက
( ဤဂ့ါနွယ) စာလုံးပေါင်း  ပုဒ်က (ဤသ=ဤဂ့)>> အစိုးရသူ ။ မင်း ” ဟု အနက် အဓိပ္ပာယ်ရပြီး။ (နွ ယ) ဆိုတာ အမျိုးအနွယ် မျိုးရိုး ဟု အနက် အဓိပ္ပာယ်ဖြစ်ပါတယ်။ 
(ဤသ=ဤဂ့နွယ) (အုပ်ချုပ်သူဘုရင်)>> မင်းမျိုး/မင်းနွယ် ဟု အနက်အဓိပ္ပာယ် ရပါသည်။
        #ဒါကို သီဝနတ် ဟုတ် ဘာသာပြန်လိုက်ခြင်းက လုံးလုံး လွဲမှားသွားခြင်းဖြစ်ပါတယ်။ 

သီဝနတ် ဟု မှားယွင်း ဘာသာပြန်ခြင်းက ဝေသာလီခေတ်က
ယေဓမ္မာ ဂါထာဖြင့် ရေးထိုး လှူဒါန်းထားသော ကျောက်စာတွေ၊ စေတီ၊ ဘုရားတွေက လှူဒါန်းသောအရာတွေက သီဝနတ် ဆိုတဲ့စကားလုံးနဲ့ လုံးဝ ကွဲလွဲနေတယ်ဆိုတာ သတိပြုမိကြမယ်ထင်ပါတယ်။ 
သီဝနတ် ဆိုတဲ့ မှားယွင်းဘာသာပြန်စကားလုံးကြောင်း ရခိုင်ဝေသာလီခေတ်က ယေဓမ္မာဂါထာဖြင့် ရေးထိုး လှူဒါန်းထားသော ကျောက်စာတွေ၊ စေတီ ဘုရားတွေက လုံးဝ လွင့်ပစ်ရမလို ဖြစ်သွားစေတယ်။ မြောင်းထဲကို ရောက်သွားစေတယ်။

ဘာသာပြန်လွဲမှားခြင်း၏ ဖြစ်ရပ်တစ်ခုကြောင်း အကျိုးဆက်တွေပဲဖြစ်ပါတယ်။ 
.....................




Comments