အာနန္ဒစန္ဒြကျောက်စာတွင် #သီဝနတ် မျိုးရိုး မဟုတ်ကြောင်းနှင့် ဘာသာပြန်လွဲမှားခြင်း၏ အကျိုးဆက်
အာနန္ဒစန္ဒြကျောက်စာတွင် #သီဝနတ် မျိုးရိုး မဟုတ်ကြောင်းနှင့် ဘာသာပြန်လွဲမှားခြင်း၏ အကျိုးဆက်
✪▬▬▬▬▬▬▬๑۩۩๑▬▬▬▬▬▬✪
အာနန္ဒစန္ဒြ ကျောက်စာနှင့်ပတ်သက်၍ ယခင်မှတ်တမ်းများ
အားလုံးမှာ ပါရှိတဲ့ သီဝနတ် ဆိုတဲ့ အရာတွေက
( သက္ကရာဇ် ၆၄၉.. အာနန္ဒစနြ္ဒကျောက်စာကို မှေးမှိန်အောင်လုပ်ပစ်လိုက်လေသည်။ သီဝနတ် ဟု အဓိပ္ပာယ်အယူအဆ လွဲမှားမှု တခုက သမိုင်းတခုလုံးကို သီဝနတ်မင်းအနွယ်ဖြစ်သွားစေတယ်။ ( ယေက်ျားအင်္ဂါ ကိုးကွယ်တဲ့ အနွယ်ယောင်ယောင်၊ မဟာယာနယောင်ယောင် ဖြစ်သွားစေတယ် )။
သက္ကဋစာပေမှာ သီဝနတ်ကိုခေါ်တဲ့ စကားလုံးဟာ သီးခြား စာလုံးပေါင်း ပါရှိပြီးသားဖြစ်ပါတယ်။ အဲ့ဒါကို ရှေးက ဆရာတွေ သတိမပြုခဲ့သောကြောင်း အာနန္ဒစန္ဒြကျောက်စာ တစ်ခုကို သီဝနတ် ဟုတ် လွဲမှား ဘာသာပြန်ခဲ့မိလေသည်။
ပညာရှိသတိဖြစ်ခဲဟု ဆိုရမယ်။ မမှားသော ရှေ့နေ မရှိသလိုပဲ ယူဆရပေမယ်။ အပြစ်မဆိုသာပါ။
အာနန္ဒစန္ဒြကျောက်စာသည် သက္ကဋဘာသာဖြင့် ရေးထိုးထားသော ကျောက်စာတစ်ချပ်ဖြစ်သည်။
သက္ကဋ စာပေမှာ
#ဂီ့ဝ နှင့်
#ဤသာ( ဤဂ့ါနွယ) တို့သည်
စာလုံးပေါင်းလည်း မတူသလို အနက်အဓိပ္ပာယ်လည်း မတူပဲ
ဂီ့ဝ>ဂဲ့ဝါ=Shiva သျှီဝ(ရှီဝ) သီဝနတ် လို့ စာလုံးပေါင်းခြင်းပါ။
#အာနန္ဒစန္ဒြကျောက်စာမှာပါတာက
( ဤဂ့ါနွယ) စာလုံးပေါင်း ပုဒ်က (ဤသ=ဤဂ့)>> အစိုးရသူ ။ မင်း ” ဟု အနက် အဓိပ္ပာယ်ရပြီး။ (နွ ယ) ဆိုတာ အမျိုးအနွယ် မျိုးရိုး ဟု အနက် အဓိပ္ပာယ်ဖြစ်ပါတယ်။
(ဤသ=ဤဂ့နွယ) (အုပ်ချုပ်သူဘုရင်)>> မင်းမျိုး/မင်းနွယ် ဟု အနက်အဓိပ္ပာယ် ရပါသည်။
#ဒါကို သီဝနတ် ဟုတ် ဘာသာပြန်လိုက်ခြင်းက လုံးလုံး လွဲမှားသွားခြင်းဖြစ်ပါတယ်။
သီဝနတ် ဟု မှားယွင်း ဘာသာပြန်ခြင်းက ဝေသာလီခေတ်က
ယေဓမ္မာ ဂါထာဖြင့် ရေးထိုး လှူဒါန်းထားသော ကျောက်စာတွေ၊ စေတီ၊ ဘုရားတွေက လှူဒါန်းသောအရာတွေက သီဝနတ် ဆိုတဲ့စကားလုံးနဲ့ လုံးဝ ကွဲလွဲနေတယ်ဆိုတာ သတိပြုမိကြမယ်ထင်ပါတယ်။
သီဝနတ် ဆိုတဲ့ မှားယွင်းဘာသာပြန်စကားလုံးကြောင်း ရခိုင်ဝေသာလီခေတ်က ယေဓမ္မာဂါထာဖြင့် ရေးထိုး လှူဒါန်းထားသော ကျောက်စာတွေ၊ စေတီ ဘုရားတွေက လုံးဝ လွင့်ပစ်ရမလို ဖြစ်သွားစေတယ်။ မြောင်းထဲကို ရောက်သွားစေတယ်။
ဘာသာပြန်လွဲမှားခြင်း၏ ဖြစ်ရပ်တစ်ခုကြောင်း အကျိုးဆက်တွေပဲဖြစ်ပါတယ်။
.....................



Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။