Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ဂင်္ဂါကိုပဲ ပြန်လည်စီးဆင်းပါရစေ ဧရာဝတီရယ်

ဂင်္ဂါကိုပဲ ပြန်လည်စီးဆင်းပါရစေ ဧရာဝတီရယ်

•••••••••••••••••••••••••***********



ဒီဆောင်းပါးထဲမှာလက်ရှိရက္ခိုင်ပြည်အတွင်းမှာဖြစ်ပွားနေတဲ့ရက္ခိုင့်တပ်မတော်နဲ့ဗမာစစ်တပ်တိုရဲ့တိုက်ပွဲတွေနဲ့ပတ်သတ်ပြီးရက္ခိုင်လူမျိုးတွေရဲ့ အတိတ် ၊ ပစ္စုပ္ပာန် ၊အနာဂတ် စတဲ့အကြောင်းအရာတွေကို ဗမာကလောင်ရှင် တစ်ယောက်ပီပီပျားရည်ဆမ်းထား
တဲ့ သံလျက်ကဲ့သို့ ကလောင်သွားနဲ့ထိထိမိမိရေးဖွဲ့
ထားပါတယ်။တစ်ခုလောက်ပြောချင်တာကသင်တို့ရဲ့
အဆိပ်လူးထားတဲ့ နားဝင်ချိုစကားလုံးတွေကြောင့် ငါတို့ရက္ခိုင်တွေလည်း ခေါတ်သစ်မှာနှစ်ပေါင်း၆၀
ကျော် ထောင်းထောင်းကြွေ ခဲ့ပြီးပါပြီ ။
သင်တို့ပြောသလိုရက္ခိုင်ရိုးမကိုရွှေချမလို့နဲ့တူပါ
တယ်။ဒီလောက်သစ်ပင်ဝါးပင်တွေနဲ့ အုံဆိုင်းနေတဲ့ ရက္ခိုင်ရိုးမကြီးကို ပြောင်သလင်းခါသွားတဲ့ အထိ
တောင်ကတုံးဘဝကိုအရောက်ပို့ခဲ့ပြီးပြီ ရှေးခေတ်
ရခိုင့်ယဉ်ကျေးမှုဗိသုကာလက်ရာတွေလည်းအာဏာရှင် ဖက်ဆစ်ဧရာဝတီရဲ့ အကြမ်းဖက် ဖျက်ဆီးမှု
အောက်မှာ ၇၀% ခန့် ပျက်စီးခဲ့ရပြီ။



ရခိုင့်ပင်လယ်ပြင် ရေအောက်ကြမ်းပြင်ကလည်း ဂလိုင်ခေါင်းကြီးတွေ ဖြစ်နေပြီ။တစ်နေ့ပင်လယ်ရေ
အောက်ငလျင်လှုပ်ခဲ့ရင် ဆူနုာမီလို ရေတက်တဲ့ဒဏ် ကိုခံရမှာကဘယ်သူတွေဖြစ်မလဲမတွေးရဲတော့ပေ။
ရက္ခိုင်တွေရဲ့မိခင်လို့တင်စားရတဲ့ကမ်းသန္တာရဲ့ရင်ငွေ့ကိုလည်း သင်တို့ ပေါက်ဖော်ကြီးကိုနှစ်၃၀ရောင်းစား
ပြီး ရင်ခွဲခံထားရလို့ ရခိုင်ပလယ်ပြင်ခမျာကူပါကယ်
ပါလို့ အော်ငိုနေပါလေရဲ့။ ဂစ္စပနဒီရဲ့ရေစီး ဂင်္ဂါကို စီးဆင်းတုန်းက သမိုင်းကြောင်းကောင်းခဲ့တဲ့ ရက္ခိုင့်လူ့ဘောင်အသိုင်းအဝိုင်း။ဟိုးးးးး လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀၀ကျော်က ဂစ္စပနဒီရဲ့ရေစီးကြောင်း မှားမိမှားရာ နဲ့ ဧရာဝတီရဲ့ပလီပလာမာယာမြစ်ကြီး
ထဲကို စီးဆင်းခဲ့မိလို့ သမိုင်းအစဉ်အလာကြီးမားခဲ့တဲ့
ငါတို့ရဲ့ ရက္ခိုင့်လူ့ဘောင် အသိုင်းအဝိုင်းကြီး တုံးတင် လည်စင်းခံခဲ့ရတယ် ဒါကြောင့်ငါတို့ကတော့ဂစ္စပနဒီ
ရဲ့မြစ်ရေ ဟာ ဂင်္ဂါ ကိုဘဲပြန်လည်စီးဆင်းချင်တယ်
လို့ပြောလိုက်ပါရစေ ....ဧရာဝတီ.။

တကယ်တော့လေ……
ဂစ္ဆပနဒီနဲ့ဧရာဝတီဆိုတာတစ်ခြားစီဖြစ်သလိုပြဒါး
တစ်လမ်းသံတစ်လမ်းအဝေးကြီးဆိုလည်းမှန်ပါတယ်
ဂစ္ဆပနဒီရဲ့ ရေစီးကြောင်းဟာ ရခိုင်သမိုင်း ခေတ်ဦး တလျှောက်လုံး ဂင်္ဂါမြစ်ဝှမ်းကိုပဲ စီးဆင်းခဲ့တာပါ။
ဂင်္ဂါဆိုတဲ့ မာဂဓပြည်ကလည်းတကယ်တော့ရခိုင်နိုင်
ငံတော် အပိုင်ပါပဲ။ဧရာဝတီရဲ့မတရားဖြိုခွင်းဖျက်ဆီး
၊သိမ်းပိုက်မှုတွေကြောင့်သာ ဂင်္ဂါနဲ့ ဂစ္ဆပနဒီ ဟာ ရှင်ကွဲကွဲခဲ့ရပြီးအိန္ဒိယပြည်ထဲ ပါသွားခဲ့ရတာပါ။
ရခိုင်နိုင်ငံကနေ ရခိုင်ပြည်အဆင့်သို့ခုလိုလျှောဆင်း
သွားခဲ့ရတာဟာလည်း အပြင်က ပျားသကာလို ချို၊အတွင်းက တမာလို့ ခါးပြီး ပျားရည်နဲ့ဝမ်းချတတ်တဲ့
မာယာရှင်ဧရာဝတီရဲ့ အပြောချိုချိုအတွင်းခါးခါးအ
လိမ်အညာမုသားစကားတွေကိုယုံစားခဲ့မှုတွေကြောင့်ပါ။

အတိတ်သမိုင်းကိုပဲ ပြန်ကြည့်ကြည့်၊ပစ္စုပ္ပာန်ကိုပဲပြန်
ကြည့်ကြည့် အလိမ်အညာမာယာများတဲ့ဧရာဝတီဟာ
ရိုးသားလွန်းတဲ့ဂစ္ဆပနဒီအပေါ်ရက်စက်ယုတ်မာ
အောက်တန်းကျမှုပေါင်းစုံနဲ့ပြည့်နေတာမို့ရခိုင်အပိုင် မူလဘူတ ဂင်္ဂါမြစ်ထဲကိုပဲစီးဆင်းပါရစေ ဧရာဝတီ
ရယ်……။




သမိုင်းနောက်ခံဘာတစ်ခုမှမတူညီတဲ့အပြင်
နာကျည်းစရာ အတိတ်၊ပစ္စုပ္ပာန် သမိုင်းဆိုးတွေနဲ့သာ ထိုးနှက်ခံခဲ့ရလို့ဒဏ်ရာဒဏ်ချက်တွေ၊အမာရွတ်တွေ
ထင်ကျန်နေဆဲ ဂစ္ဆပနဒီအနေနဲ့ ကိုယ့်အပေါ် နောက်
ကြောဓါးနဲ့ထိုးခဲ့တဲ့ ဧရာဝတီနဲ့အတူ လက်တွဲပြီး အနာဂတ်ကို လျှောက်လှမ်းဖို့ဆိုတာ ဘယ်လိုနည်းနဲ့
မှ မဖြစ်နိုင်တော့ပါဘူး။

ဒီတော့ပေါင်းစပ်လို့မရနိုင်တော့မည့်အတူတူထပ်ပြီးအပြန်အလှန်ဒဏ်ရာမရခင်လေးမှာဒို့တွေအနေနဲ့ လုံးဝ ကြောခိုင်းလမ်းခွဲ လိုက်တာဟာအကောင်းဆုံး
ပါပဲ ဧရာဝတီရယ်။ ဂင်္ဂါနဲ့ တစ်ဆက်တည်းစီးဆင်း
ရှင်သန်ခဲ့တုန်းက အာရှတင်မက ကမ္ဘာ့အဆင့်ထိ တိုးတက်ခဲ့တဲ့ ရခိုင်နိုင်ငံတော်ဟာ ဧရာဝတီရဲ့ မတ
ရားကျူးကျော်ဝင်ရောက် စီးဆင်းခဲ့တဲ့ အချိန်ကစပြီး ရခိုင်နိုင်ငံတော်လည်းအပိုင်းပိုင်းအခြမ်းခံလိုက်ရသလို ဂင်္ဂါနဲ့ဂစ္ဆပနဒီလည်းရှင်ကွဲအခွဲခံခဲ့ရပြီးပြီလေ။
သင်တို့ဧရာဝတီအတွက်နောက်ထပ်ဘာနယ်မြေ၊ဘာသယံဇာတ၊ဘယ်ယဉ်ကျေးမှုအမွေအနှစ်တွေ
များထပ်ပြီးအဖျက်ဆီးခံ၊ အပိုင်းခံ အလုခံပေးရအုံး
မှာလဲ ဧရာဝတီရယ်………။ ဂစ္ဆပနဒီအပေါ်ဒီလောက်ထိနိုင့်ထက်စီးနင်း၊ကိုလိုနီ ကျွန်ပြု ရရင် ကြေနပ်ပါတော့လား ………။

ဆောင်းပါးရှင်ဗလမင်းထင်က ပျားရည်နဲ့ ဝမ်းချပြီး
ပြောထားသလိုပါပဲ ရခိုင်နိုင်ငံ ၊ ရခိုင်ပင်လယ်ပြင်
ထွက်တဲ့ကမ္ဘာ့အဆင့်ရေနံ၊သဘာဝဓါတ်ငွေ့သတ္တုမျိုး
စုံပါဝင်တဲ့ သဲ၊သားငါးသယံဇာတ ရခိုင်ရိုးမကထွက်
တဲ့အလှဆင်မာဘယ်ကျောက်ကျွန်းသစ်တွေနဲ့ဆို
ရခိုင်ပင်လယ်ပြင်နဲ့ဂစ္ဆပနဒီကိုစိန်စီရခိုင်ရိုးမကိုရွှေချ၊
ရခိုင်တစ်ပြည်လုံးရွှေရည်စိမ်ပြီးသကာလ ရခိုင်သူ/
သားအားလုံးကိုပါ ရွှေကျံထားလို့ရပါတယ်။ ဒါတင်မ
ကသေးပါဘူး။ ရခိုင်တစ်ပြည်လုံးကလမ်းတွေကို
လည်းစိန်ခင်းထားလို့ရတဲ့အပြင် ရခိုင်သူ/သားအား
လုံး ဒီတစ်သက်မက ထိုင်စားလို့ရပါသေးတယ်။ဒါပေမယ့် အဲလို ဖြစ်ဖို့ဆိုတာ ဂစ္ဆပနဒီအနေနဲ့ သူ့ဟာ
သူသီးသီးသန့်သန့် လွတ်လပ်စွာ ပြန်လည်စီးဆင်း
(ရခိုင်နိုင်ငံပြန်လည်ပေါ်ထွန်း)မှ ဖြစ်ပါလိမ့်မယ်။အဲလိုမဟုတ်ဂစ္ဆပနဒီအပေါ်လွတ်လပ်စွာစီးဆင်းခွင့်မပေးဘဲ မာယာများတဲ့ပလီပလာဧရာဝတီရေစီး
က ဂစ္ဆပနဒီမြစ်ထဲသို့ အတင်းကျူးကျော် စီးဆင်း
(ကိုလိုနီ ကျွန်ပြု)နေသရွေ့တော့ ဆောင်းပါးရှင်
ဗလမင်းထင် ပြောသလို ရခိုင်ရိုးမကို ရွှေချဖို့နေနေ
သာသာရခိုင်ရိုးမတစ်ခုလုံးပျောက်ရခိုင်ပင်လယ်ကြီးရဲ့ကြမ်းပြင်လည်း ဂလိုင်းခေါင်းကြီးဖြစ်၊သယံဇာတတွေပြုန်း၊
သဘာဝသန္တာကျောက်တန်းတွေပျက်စီးပြီးဗမာမှုပြု၊
ဗမာသွေးရောခံရလို့ရခိုင်လူမျိုးတစ်ခုလုံး ဗမာလူမျိုး
ဖြစ်မသွားရင်ကံကောင်းတယ်မှတ်ရပါမယ်။

ဧရာဝတီအနေနဲ့ ဂစ္ဆပနဒီ အပေါ်
တကယ်ကောင်းစားတာကို မြင်ချင်သပ၊ရခိုင်ပြည်ကို ရွှေချထားတာမြင်ချင်သပဆိုရင် ဂစ္ဆပနဒီရဲ့ ရေစီးကို
လွတ်လပ်စွာရှင်သန်စီးဆင်းခွင့်(ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ကိုယ်ပိုင်ရခိုင်နိုင်ငံပြန်လည် ထူထောင်ခွင့်)ပေးလိုက်
ပါ (သို့မဟုတ်)ဂစ္ဆပနဒီမြစ်ရေစီးကိုဂင်္ဂါမြစ်ထဲပြန်
လည်စီးဆင်းပါရစီ ဧရာဝတီရယ်………………။



(ဆောင်းပါးရှင် သူရဲဗလမင်းထင်)

သတိ/
ကို Ba Tin ရဲ့ ပို့စ်အား ဖြည့်စွက်ဖန်တီး ရေးသားပါသည်။

မှတ်ချက်။ ။ဂစ္ဆပနဒီအား ရခိုင်လူမျိုးဟု ရှုမြင်၍
ဧရာဝတီကို ဗမာဟု ဖတ်ရှုပါလေ။ *အာရက္ခရို့*

မျိုးဆက်သစ်
လူငယ် Naing Linn / မှ
# Arakan Human (Rakhine Country)
#အာရက္ခနိုင်ငံတော်
#ရက္ခိတလမ်းစဉ်
#ArakanDream2020
#Arakanese is not Myanmar
#Rakhine State is not Burma

copied from Ko Aye Tun or Ko Gree

credited by Ko Aye Tun or Ko Gree and Ba Tin





Comments