Featured
- Get link
- X
- Other Apps
မတ္တရာမြို့နယ်မှ စကျင်ကျောက် ခြေတော်ရာတစ်ဆူ
သီတင်းကျွတ်လပြည့် နေ့ တွင်
မတ္တရာမြို့နယ် စကျင်တောင် မှ
ရှားပါး ၍ သမိုင်းတန်ဖိုးကြီးမားသော
စကျင်ကျောက် ခြေတော်ရာ တဆူ၏
ပုံတော်ဖြင့် fb မိတ်ဆွေ အပေါင်းအတွက်
ပူဇော်ပေးလိုက်ပါသည် ။
စကျင်ကို မကြာခဏ ရောက်ဖူးသော်လည်း
ဤ ခြေတော်ရာကို ဖူးခွင့် မကြုံခဲ့ပါ။
ကြေးသွန်း ဆရာ ကိုအောင်အောင်မိုး က
စကျင်ဒေသသို့ ဓာတ်ပုံရိုက်ထွက်ရင်း
ကံကောင်းထောက်မစွာ တွေ့ ရှိခဲ့ခြင်းဖြစ်သည်။
ထူးခြားချက်များ
============
=စတုရမ်းကွက်တွင်ထည့်မထားဘဲ အဝိုင်း ကလေးများကို
လက်ယာရစ် လှည့်လည်ထည့်သွင်းထားခြင်း။
=ပုံးတောင်းနှင့် အကန် တထောင်ပါသော စက်လက္ခဏာ
တော်သည် ခြေဖျားပိုင်း၌ တည်ရှိနေခြင်း။
=ပကတိ လူ့ ခြေရာကဲ့သို့ အချိုင့် ထွင်းထားခြင်း။
= အစဖြစ်သော "လှံမ" လက္ခဏာတော်သည် ပုံးတောင်း
စက်ဝိုင်း၏ အောက် သုံးဆင့်မွ စ၍ အတွင်း၌ လက်ယာ
ရစ် စတင်လှည့်ပတ်ပြီး၊ ပုံးတောင်းစက် ကို လက်ယာရစ်
လှည့်ပတ်ခါ အထက်သို့ ပတ်၍ တက်သွားပြီး" ခြေမတော်" ၏ အောက်ခြေ၌ ၁၀၈ ကွက် ပြည့် အဆုံး
သတ်ထားခြင်း။
= လက်ဝဲ ဖက် ခြေတော်ရာဖြစ်ခြင်း
= ဖဝါးတော် ရာမှာ လေးထောင့် လျှားလျှား မဟုတ်ဘဲ
သဘာဝ လူ့ ခြေရာကဲ့သို့ ဝိုက်ဝိုက်ဝန်းဝန်း ရှိနေခြင်း။
= ပုံးတောင်းကို စက်ဝန်းသုံးထပ်ခွဲထားပြီး တန်ကူထောက်
တထောင်ပြည့်အောင်ထည့်သွင်းထားခြင်း။
= ခြေချောင်းထိပ် မှ ခရုပတ် ဗွေ ကို ခရုသင်းဖြင့် မဖော်
ပြဘဲ၊ လက်ယာရစ်ခရုပတ် ထုလုပ်ထားခြင်း။
= ပုံးတောင်းစက်တွင် စကြာ ရတနာ ယဉ် ကဲ့သို့
ပုလဲသွယ် တန်း များထည့်သွင်း ထုလုပ်ထားခြင်း။
= ၁၀၈ ကွက်သော လက္ခဏာ တော်များကို တကွက်ချင်း
အသေးစိပ်ပေါ်လွင်အောင် ထုလုပ်ထားခြင်း။
photo credit = Aung Aung Moe (PyaeWa)
Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။