Posts

ဆရာအသျှင် ငွေသဇင်၏ သမိုင်းစကား

Image
ဆရာအသျှင် ငွေသဇင်၏ သမိုင်းစကား ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏      သမိုင်းဆိုသည်မှာ အမှန်နှင့်အမှား နှစ်ခုသာရှိသည်။ သမိုင်းမှန်ကို လိမ်၍မရကောင်း။ သမိုင်းမှန်ကို ´´အင်အားသုံး၍``လိမ်ညာဖို့ ကြိုးစားမည်ဆိုပါက အချိန်ကာလ တစ်ခုအထိသာ ရနိုင်ပေလိမ့်မည်။ အချိန် ကာလ ပြောင်းလဲသွားသည်နှင့် တစ်ပြိုင်နက် ထိုလိမ်ညာမှုမှာလည်း  ပေါ်လာရစမြဲပင် ဖြစ်၏။ ထို့ကြောင့် သမိုင်းမှန်ကို မည်သည့်အခါမျှ  မလိမ်ညာသင့်ချေ။    တချို့က သမိုင်းမှန်ကို ´´အာဏာသုံး၍``မမှန်ကန်သော နည်းလမ်းများဖြင့် လုပ်ကြံဖန်တီးလိုသူများလည်း ရှိကြ၏။ တစ်ချို့က အင်အားနည်းသော သူများကို အင်အားကြီးမားသော သူများက ´´အင်အားသုံး၍``မမှန်ကန်သော နည်းလမ်းများဖြင့် အနိုင်ယူလိုသူများလည်း  ရှိကြ၏။ ထိုသူတို့ကို ´´မရိုးသားသော သမိုင်းအမြင်ရှိသော သူများ``ဟု ခေါ်ဆိုထိုက်၏။     တစ်ချို့က သမိုင်းအမှန်ကိုသာ အလိုရှိကြ၏။ မူမမှန်သော အင်အားသုံးခြင်းမျိုးကို အလိုမရှိ။ အင်အားနည်းသော သူများဖြစ်ပါစေ။ အမှန် တရားဘက်က ရပ်တည်ပေးတတ်သော သူများလည်း ရှိကြ၏။ ထိုသူတို့ကို ´´ရိုးသားဖြူစင်ဖြောင့်မတ်ပြီး အမှန်တရားကိုမြတ်နိုးတတ်...

ဆရာတော် အသျှင်ဥတ္တမ၏ သမိုင်း တစ်ကွေ့

Image
ဆရာတော် အသျှင်ဥတ္တမ(28.12.1879 - 9.9.1939) ဆရာတော် အသျှင်ဥတ္တမ သည် မြန်မာအမျိုးသား ဝံသာနုများအား အမျိုးသားစိတ်ဓာတ် ရင့်သန်စေရန် ပထမဆုံး နိုင်ငံရေးမျက်စိ ဖွင့်ပေး ခဲ့သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ဆရာတော်သည် သူ့တစ်သက်တာလုံးတွင် မြန်မာအမျိုးသား အမျိုးသမီးများကို နိုင်ငံရေး အသိစိတ်ဓာတ် နိုးကြားစေရန်နှင့် တိုင်းတစ်ပါးအုပ်ချုပ်မှုအောက်မှ လွတ်မြောက်၍ လွတ်လပ်ရေးရရှိရန် ဆောင်ရွက် ကြိုးပမ်းသွားခဲ့လေသည်။ မြန်မာနိုင်ငံ၌ ပထမဆုံး အကျဉ်းကျခံရသူ နိုင်ငံရေးသမားမှာ ဆရာတော် အသျှင်ဥတ္တမ ပင်ဖြစ်သည်။ ရခိုင်လူမျိုး ဖြစ်သည်။ ဆရာတော်အသျှင်ဥတ္တမ၏လမ်းညွှန်မှုကြောင့် မြန်မာများ အတော်အတန် နိုင်ငံရေးမျက်စိ ပွင့်လာကြသည်။ ဤကဲ့သို့ စတင်လုပ်လျှင် လုပ်ဆောင် ခြင်းပင် အစိုးရစုံထောက်များမှာ ဆရာတော်၏နောက်သို့ တကောက်ကောက် လိုက်၍နေခြင်းကြောင့် ဆရာတော်အား ကနဦး၌ သံဃာတော်များ မပေါင်းသင်းဝံ့ကြချေ။ ထို့ပြင် ဆရာတော်ပြောပုံ နေပုံတို့မှာ နိုင်ငံရေးဆရာတော်ပီပီ အနည်းငယ်နှင့် ရှင်းရှင်းဘွင်းဘွင်း ဟောဟောဒိုင်းဒိုင်း ပြောဆိုတတ်သောကြောင့် အရဟတ္တဓဇဂုဏ်နှင့် မညီညွတ်ဟု ဆိုကာ ဆရာတော်အား မည်သည့်ကျောင်းကမှ လက်မခံဘဲနေသောကြောင့် အင်းစိန် ဒိ...

ရက္ခိုင်ပြည် အကျယ်အဝန်း

Image
ရက္ခိုင်ပြည် အကျယ်အဝန်း - - - - - - - - - - - - - - -      ရှည်မြင့်မူလ၊ ပထမက၊ ရဋ္ဌသမိုင်း၊ ရခိုင်​တိုင်းကား၊ ကျယ်​၀ိုင်းနယ်​ဆက်​  အ​နောက်​ဘက်​မှာ မဇ္ဈိမာနှင့်​၊ ဒါကာမြစ်​​လျှောက်​၊ ​မြောက်​ကို​တောင်​ညို၊ ကုန်းကိုထိခံ၊ အာသံချင်းတွင်း၊​ ချောင်းဆင်း​ရေထွက်​၊​ ရှေ့ဘက်​မှ၊ ဧရာဝတီ၊ မြစ်​ဆီးခြားကန်​၊ င၀ံထိပ်​​မျှောင်​၊ ​ရှေ့​တောင်​အဂ္ဂိ၊ ဒဏ္ခိဏခွင်​၊ ​မော်​တင်​​ရေလှုပ်​၊ သမုဒ်​၀င်​​လေ၊ ရခိုင်​ပြည်​​လျှောက်​၊ ကျယ်​၀န်းခရီး၊ ပြည်​ကြီးဟု​ကျော်​၊ ခုတိုင်​​ခေါ်၏။                                 ဝါးကျောင်းဆရာ လူထွက်ပဏ္ဍိတ်                                        ( ဥတေနလင်္ကာ နိဂုံးမှ )       

ရခိုင် သက္ကရာဇ်​ (၁၃)နှစ် ကွာရခြင်းအကြောင်းအရင်း

Image
ရခိုင် သက္ကရာဇ်​ (၁၃)နှစ် ကွာရခြင်းအကြောင်းအရင်း ♥ ♥ ♥ ♥ ♥ ♥  ♥ ♥ ♥ ♥ ♥ ♥ ♥  (သြဆာဂါရ)လော (သြဆာဂ့ါရ)လော ========================== ************************************** ရခိုင်သမိုင်းတွင် သက္ကရာဇ်အလိုအားဖြင့် (၁၃) ကွာဟနေသည်ကို အငြင်းပွါးလျှက်ရှိကြသည်။ ယင်းသို့ဖြစ်ရသည်မှာ တစ်ချို့သောသုတေသီများက မေဓပညာမော်ကွန်းပါ ( ဓနဉ္စ= ၆၀၉) နှင့် (ဒေါဒေါရသ=၆၂၂) ကွာခြားနေသည်။ ရခိုင်းသမိုင်းအလင်းပြကျမ်း စာမျက်နှာ (၃၄၃) နှင့် (၂၅၂) တို့မှာ မေဓပညာမော်ကွန်းပါ ( သြဆာဂါရ )ကို (၂၅၇၀) ဟု အဓိပ္ပါယ် ဖွင့်ဆိုပြသည်။ (သြဆာဂါရ)ကို ပိဋကတ်သင်္ချာနည်းဖြင့် အဓိပ္ပါယ်ဖွင့်လျှင် (သြ-၀ ၊ ဆာ-၇ ၊ဂါ-၃ ၊ ရ-၂ )=( ၂၃၇၀) သာ အဓိပ္ပါယ် ဖွင့်ဆိုရရှိသည်။ (၂၅၇၀) ဟူ၍ ဖွင့်ဆိုကြသည်မှာ “သြဆာဂါရ” စာလုံးသည်  “ သြဆာဂ့ါရ ” ဖြစ်ခြင်းကြောင့်ဟု သုံးသပ်မိသည်။ “ သြဆာဂ့ါရ ”စာလုံးများကို ပိဋကတ်သင်္ချာနည်းဖြင့် အဓိပ္ပါယ်ဖွင့်လျှင် (၂၅၇၀) ကိန်းကို ရရှိသည်။  ရခိုင်းသမိုင်းသုတေသီတစ်ချို့က မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်သော ကလိယုတ်နှစ်ကို (၂၅၅၇) ဟုဖေါ်ပြကြသည်။ ( သြဆာဂါရ=၂၅၅၇) နှင့် ( သြဆာဂ့ါရ=၂၅၇၀) သည် ( ဂါ- ဂ့ါ) တွင် အဆံပါသ...

ရက္ခင်္ဂ (Rakkhanga -Desa) ဆိုတာ

Image
ဒွါရာဝတီ - အသျှင်ကုသလ (ငွေသဇင်) ရေးသားထားသော ရက္ခင်္ဂ ဆောင်းပါးကို  တင်ပေးလိုက်ပါတယ် • • • ရက္ခင်္ဂ (Rakkhanga -Desa) ဆိုတာ ရခိုင်တို့ ခေါ်ဝေါ်သော နာမည် တစ်မျိုးဖြစ်ကြောင်းကို ရေးသားထားသော  စာကောင်းပေကောင်း တစ်စောင်ဖြစ်ပါတယ် • •  Credit ပါ။

ဝေသာလီခေတ် သံတွဲနယ်သည် ရခိုင်ပိုင်ဖြစ်ကြောင်း နီတိစန္ဒြမင်း မိဖုရာခေါင်ကြီး သာဝီတာစန္ဒြဒေ၀ီ ကျောက်စာ ၂ ချပ် သက်သေ

Image
ဝေသာလီခေတ် သံတွဲနယ်သည် ရခိုင်ပိုင်ဖြစ်ကြောင်း နီတိစန္ဒြမင်း မိဖုရာခေါင်ကြီး သာဝီတာစန္ဒြဒေ၀ီ ကျောက်စာ ၂ ချပ် သက်သေ  *************************************** သာဝီတာစန္ဒြဒေ၀ီ ဆိုသည်မှာ ရခိုင်ဝေသာလီပြည်ကို (အေဒီ 440-495) တွင် စိုးစံအုပ်ချုပ် မင်းလုပ် ခဲ့သော နီတိစန္ဒြမင်း၏ မိဖုရားခေါင်ကြီးဖြစ် ပါသည်။ လက်ဝဲဘက်ကျောက်စာသည် သံတွဲမှ အံတော်စေတီမှ တံတိုင်းမှ ရရှိသော သာဝီတာစန္ဒြဒေ၀ီ ကျောက်စာဖြစ်ပြီး၊ လက်ယာဘက်ကျောက်စာမင်ကူးသည် ဝေသာလီမြို့ဟောင်းမှ ရသော ကျောက်စာဖြစ် သည်။   အကျယ်ကိုသိလိုက ပုံများကိုထောက်၍ ဖတ်ပါ။ * နီတိစန္ဒြမင်းသည် နိုင်ငံရေး လူမှုရေးကျွမ်း ကျင် သောမင်းတစ်ပါသည့်အားလျော်စွာ တိုင်းပြည်၏ပြဿနာများကိုလည်း ရာဇပရိယာယ်သုံးကာ ဥာဏ်ပညာဖြင့် ဖြေရှင်းနိုင်သောမင်းတစ်ပါးလည်း ဖြစ်ပါသည်။ အရည်အချင်းပြည်ဝသော ထိုနီတိစန္ဒြမင်းသည် မင်းကျင့်တရားနှင့် အညီ ဝေသာလီတိုင်းပြည်၌ (၅၅) နှစ်တိုင် နန်းသက်ရှည်စိုးစံအုပ်ချုပ်မင်းလုပ်ခဲ့သော မင်းတစ်ပါးလည်း ဖြစ်ပေသည်။ ဤ နီတိစနြ မင်းအမည်ကို အာနန္ဒစန္ဒြမင်းေ ကျာက်စာ ကြောင်းရေ (၂၆) ဂါထာအမှတ်(၂၈)တွင် ရေးထိုးပါ ရှိသည်ကိုတွေ့နိုင်ပါသည်။ (ပုံ-2) ** နီတိစန္ဒြမိဖုရား...

အာနန္ဒစန္ဒြမင်း ကျောက်စာတိုင် မြောက်ဘက်မျက်နှာမှ ( အာရက္ခဒေသ ) စာ​ကြောင်း။

Image
အာနန္ဒစန္ဒြမင်း ကျောက်စာတို မြောက်ဘက်မျက်နှာမှ                       ( အာရက္ခဒေသ ) စာ​ကြောင်း။ ===================================== *************************************                   ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ရန်အောင်ဇေယျ (ခ) သျှစ်သောင်းပုထိုးတော်ကြီးတွင် ရှေးဟောင်းကျောက်စာတိုင်ကြီး တစ်တိုင်ရှိသည်။ အဆိုပါ ကျောက်စာတိုင်၌ အရှေ့ဘက်၊ အနောက်ဘက်၊ မြောက်ဘက်တို့တွင် ကျောက်စာများရေးထိုးပါရှိသည်။ တောင်ဘက် မျက်နှာတွင် ကျောက်စာရေးထိုးမထားချေ။ ယင်းကျောက်စာ၌ ပီပီပြင်ပြင် ဖတ် ၍ရသော အနောက်ဖက်မျက်နှာစာကို အာနန္ဒစန္ဒြမင်း ရေးထိုးခဲ့သောကြောင့် အာနန္ဒစန္ဒြမင်းကျောက် စာဟု ခေါ်တွင်သည်။ ထိုအပြင် သျှစ်သောင်းဘုရားကျောက်စာတိုင်ဟု လည်းခေါ်ကြသည်။  * အရှေ့ဘက်မျက်နှာစာကို အေဒီ ၅ ရာစုလောက်တွင် ရေးထိုးခဲ့ပြီး ၊အနောက်ဘက် မျက်နှာစာကို ကျောက်စာအောက်ခြေပါ (ဧကာဒဿမဗ္ဒေ=၁၁ ခု) ဟူသော စကားရပ်ကြောင့် အေဒီ ၇ ရာစုအလယ် အေဒီ ၆၄၉ တွင်ရေးထိုးခဲ့ကြောင်း သိရသည်။ မြောက်ဘက်မျက်နှာစာကို အေဒီ(၉-၁၀)ရာစု ရေးထိုးခ...