Skip to main content
Featured
မာဂီစံ ( ရခိုင်သက္ကရာဇ်)
မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန
ဆရာအသျှင် ငွေသဇင်၏ သမိုင်းစကား
ဆရာအသျှင် ငွေသဇင်၏ သမိုင်းစကား
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ 
    သမိုင်းဆိုသည်မှာ အမှန်နှင့်အမှား နှစ်ခုသာရှိသည်။ သမိုင်းမှန်ကို လိမ်၍မရကောင်း။ သမိုင်းမှန်ကို ´´အင်အားသုံး၍``လိမ်ညာဖို့ ကြိုးစားမည်ဆိုပါက အချိန်ကာလ တစ်ခုအထိသာ ရနိုင်ပေလိမ့်မည်။ အချိန် ကာလ ပြောင်းလဲသွားသည်နှင့် တစ်ပြိုင်နက် ထိုလိမ်ညာမှုမှာလည်း
 ပေါ်လာရစမြဲပင် ဖြစ်၏။ ထို့ကြောင့် သမိုင်းမှန်ကို မည်သည့်အခါမျှ 
မလိမ်ညာသင့်ချေ။
   တချို့က သမိုင်းမှန်ကို ´´အာဏာသုံး၍``မမှန်ကန်သော နည်းလမ်းများဖြင့် လုပ်ကြံဖန်တီးလိုသူများလည်း ရှိကြ၏။ တစ်ချို့က အင်အားနည်းသော သူများကို အင်အားကြီးမားသော သူများက ´´အင်အားသုံး၍``မမှန်ကန်သော နည်းလမ်းများဖြင့် အနိုင်ယူလိုသူများလည်း 
ရှိကြ၏။ ထိုသူတို့ကို ´´မရိုးသားသော သမိုင်းအမြင်ရှိသော သူများ``ဟု ခေါ်ဆိုထိုက်၏။
    တစ်ချို့က သမိုင်းအမှန်ကိုသာ အလိုရှိကြ၏။ မူမမှန်သော အင်အားသုံးခြင်းမျိုးကို အလိုမရှိ။ အင်အားနည်းသော သူများဖြစ်ပါစေ။ အမှန် တရားဘက်က ရပ်တည်ပေးတတ်သော သူများလည်း ရှိကြ၏။ ထိုသူတို့ကို ´´ရိုးသားဖြူစင်ဖြောင့်မတ်ပြီး အမှန်တရားကိုမြတ်နိုးတတ်သော, သမိုင်းအမြင်ရှိသော သူများ`` ဟု ခေါ်ဆိုထိုက်၏။
     သမိုင်းဆိုသည်မှာ သိကောင်းသော အရာဖြစ်၏။ သိအောင်လည်း
 ကြိုးစားအားထုတ်သင့်၏။ သမိုင်းကိုမသိလျှင် သူတစ်ပါးတို့၏ အလိမ် အညာကို ခံရတတ်၏။ အလိမ်အညာကိုခံရခြင်းသည် သူ့ဘက်ကတော်နေ၍ မဟုတ်။ ကိုယ့်ဘက်က ညံ့နေ၍ ဖြစ်သည်။ 
ထို့ကြောင်း သမိုင်းကိုသိအောင် ကြိုးစားအားထုတ်သင့်သည်ဟူသော စကားကိုဆိုခဲ့ခြင်းဖြစ်သည်။
       သမိုင်းကို မသိသောသူသည် ´´အ-အပုဂ္ဂိုလ်``အိပ်မက်မက်သည်နှင့်လည်း တူ၏။
´´အ-အပုဂ္ဂိုလ်``အိပ်ယာမှ နိုးလာသည့်အခါ သူ့၏အိပ်မက်ကို မည့်သူကိုပြောပြ၍ ရနိုင်ပါတော့အံ့နည်း။ အထက်ပါ အကြောင်းအရာကို ကြည့်ခြင်းအားဖြင့် သမိုင်းကိုသိဖို့မည်မျှ အရေးကြီးကြောင်း သိသာထင် ရှားနေပါသည်။
        အဗ္ဗဋ္ဌသည် ဗုဒ္ဓဘုရားရှင်နှင့် သာကီဝင်တစ်မျိုးလုံးကို ရည်ရွယ်၍ မမှန်ကန်သောနည်း(သမိုင်းအမှား)ဖြင့် စွပ်စွဲပုတ်ခတ် ပြောဆိုလာခဲ့၏။ ထိုအခါ မြတ်ဗုဒ္ဓသည် အဗ္ဗဋ္ဌတို့၏ မျိုးရိုးသမိုင်းကို အောက်ခြေကလှန်၍ သမိုင်းစကားကို ဟောကြားခဲ့၏။ မြတ်စွာဘုရားသည် အဗ္ဗဋ္ဌအား
သမိုင်းစကားကို ပြောခဲ့ရခြင်းသည် ပြောချင်လွန်း၍ မဟုတ်။ ပြောဖို့လို
အပ်သောကြောင့် ပြောခဲ့ရခြင်းသာ ဖြစ်ပါသည်။ ´´မပြောမပြီး မတီးမမြည်``ဟူသော ဆိုရိုးစကားအတိုင်း နှိုင်းယှဉ်၍ ကြည့်သင့်ပါသည်။
         ယနေ့မျက်မှောက်ခေတ် သူများတိုင်းပြည်ကို နည်းမျိုးစုံသုံးပြီး ခိုးဝင်လာသော´´ဘင်္ဂါလီကုလား``များက မိမိတို့၏ ´´လူမျိုးအမှန်``ကို လိမ်၍ သမိုင်းမှာမရှိသော´´ရိုဟင်ဂျာ``ဟူသော နာမေသစ်တစ်ခုကို 
တည်ထွင်ကာ ´´နိုင်ငံသားအဆင့်ကို ကျော်လွန်၍ တိုင်းရင်းသားဖြစ်ခွင့် တောင်းဆိုနေကြခြင်း``ကို မည်သူကမျှ အလေးအနက်ထား၍
မစဉ်းစားသကဲ့သို့ မှတ်အပ်၏။ အဘယ်ကြောင့်ဆိုသော် သမိုင်းမမှန်သောကြောင့် ဖြစ်၏။
        သို့သော် ´´စဉ်းစားပေးသင့်ပါသည်``။ (သို့မဟုတ်)´´စဉ်းစားပေးဖို့ လိုပါသည်``ဆိုသော ပုဂ္ဂိုလ်များမှာမူကား သမိုင်းကိုမသိ၍လည်း ဖြစ်ချင်ဖြစ်မည်။ (သို့မဟုတ်) ဦးနှောက်မရှိ၍လည်း ဖြစ်ချင်ဖြစ်မည်။ (သို့မဟုတ်)သူတို့၏မျက်နှာကို ထောက်ထားပေးပါမှကိုယ့်အတွက်
အဆင်ပြေမည့် သူများလည်း ဖြစ်ချင်ဖြစ်မည်။
        ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းတွင် ကိုယ့်သမိုင်းနှင့် ကိုယ်ရှိကြ၏။ 
သမိုင်းမရှိသော လူမျိုးသည် တန်ဖိုးမရှိ။ လိမ်ညာလုပ်ကြံ၍ ရယူထား
ကြရသော (သို့မဟုတ်) ဖန်တီးယူထားကြရသော သမိုင်းသည်လည်း တန်ဖိုးမရှိ။
        ´´လူမျိုးတစ်မျိုး၏ တန်ဖိုး``ဆိုသည်မှာ ထိုလူမျိုးတို့ နှစ်ပေါင်းများစွာ ထိန်းသိမ်း,ကာကွယ်,စောင့်ရှောက်လာခဲ့ကြသည့် ´´အမျိုး၊ဘာသာ၊သာသနာ၊စကား၊စာ​ပေ၊ယဉ်​​ကျေးမှု၊
အနုပညာ၊ဓ​လေ့၊ထုံးတမ်းစဉ်​လာ``ကို ခေါ်ဆိုခြင်းဖြစ်၏။ ယင်းသည်ပင်လျှင် လူမျိုးတစ်မျိုး၏ 
´´အမှတ်သင်္ကေတ``ပင်တည်း။
        ယင်းအမှတ်သင်္ကေတတို့ကို ထိန်းသိမ်း၊ကာကွယ်​၊​စောင့်​​ရှောက်​နိုင်​မှ ထိုလူမျိုးတို့ တည်​တံ့နိုင်​မည်​ဖြစ်​၏။ ယင်းသင်္ကေတတို့ ပျောက်ကွယ်သွားမည် ဆိုပါလျှင် ထိုလူမျိုးတို့မှာလည်း ပျောက်ကွယ်သွားကြမည် သာ ဖြစ်၏။
       မြန်မာ့မြေပေါ်တွင် ရခိုင်တို့ကဲ့သို့ ရှေးကျသော ´´ပြူ(ပျူ)လူမျိုးနှင့် ကမ်းယံလူမျိုး``တို့ကို နမူနာထား၍ ကြည့်သင့်၏။ ထိုလူမျိုးတို့ အဘယ်ကြောင့် ပျောက်ကွယ်သွားရသနည်း ဆိုပါလျှင် အထက်ဖော်ပြပါ 
လူမျိုးတစ်မျိုး၏ အမှတ်သင်္ကေတများကို ပြည့်ပြည့်ဝဝ မထိန်းသိမ်း၊မကာကွယ်​၊မ​စောင့်​​ရှောက်​ခဲ့​သော​ကြောင့်​ ဖြစ်​၏။
        သမိုင်းကိုဖော်ထုတ်နေကြသော ´´သမိုင်းပညာရှင်``ဆိုသူတို့ အနေဖြင့် အမှန်ကိုလည်း အမှားမလုပ်သင့်သလို၊ အမှားကိုလည်း 
အမှန်မလုပ်သင့်ပေ။ အမှန်ကို အမှန်အတိုင်း အရှိကို အရှိအတိုင်း ရေးသားတင်ပြမှ သမိုင်းကောင်းဖြစ်သည်။
     အုပ်ချုပ်သူ အစိုးရအကြိုက်ကိုလိုက်၍ ရေးသားနေကြသော သမိုင်း သည်လည်း သမိုင်းကောင်းမဟုတ်သလို၊ အကြောက်တရားဖြင့်
ရေးသားနေကြသော သမိုင်းသည်လည်း သမိုင်းကောင်း မဟုတ်ချေ။
        ရခိုင်လူမျိုးဆိုသည်မှာ ရာဇဝင်နှင့် ယှဉ်တွဲ၍ ကိုယ့်​ထီး၊ ကိုယ့်​နန်း၊ ကိုယ့်​ကြငှန်းဖြင့်​ လွတ်​လပ်​စွာ ရပ်​​တည်​​နေခဲ့ကြပြီး၊ သမိုင်းအစဉ်​အလာ
ကြီးမား​သော လူမျိုးတစ်​မျိုး ဖြစ်​ကြောင်းကိုကား မည်​သူမျှငြင်းချက်​ထုတ်​၍ ရနိုင်​လိမ့်​မည်​မဟုတ်​။
         ရခိုင်​လူမျိုးတို့မှာ ကိုယ်​ပိုင်​တိုင်းပြည်​နှင့်​တကွ အမျိုး၊ဘာသာ- သာသနာ၊ စကား၊စာ​ပေ၊ ယဉ်​​ကျေးမှု၊ အနုပညာ၊ဓ​လေ့၊ထုံးတမ်းစဉ်​လာတို
ဖြင့်​ ​ရှေးရာစု​ပေါင်းများစွာကပင်​ ရပ်​တည်​ ​နေထိုင်​ခဲ့ကြ​သော လူမျိုးများ
ဖြစ်​​ကြောင်းကို သမိုင်းက သစ္စာဆိုလျှက်​ ရှိ​နေပါသည်​။     
         ရခိုင်လူမျိုးတို့ ဖြတ်သန်းလာခဲ့ကြသော သမိုင်းကြောင်းကို 
အကျဉ်းချုပ်အားဖြင့် စစ်တမ်းထုတ်ကြည့်သော် ဤသို့တွေ့ရ၏။
ဒွါရာဝတီခေတ်(ရခိုင်ခေတ်ဦး) = ဘီစီ ၆၀၀၀ - ခန့်မှန်း။
ရှေးဦးဝေသာလီခေတ်            = ဘီစီ ၅၃၁၅ မှ ၃၃၂၅ - ထိ
ပထမဓညဝတီခေတ်              = ဘီစီ ၃၃၂၅ မှ ၁၅၀၇ - ထိ
ဒုတိယဓညဝတီခေတ်             = ဘီစီ ၁၅၀၇ မှ ၅၀၈ - ထိ
တတိယဓညဝတီခေတ်            = ဘီစီ ၅၀၈ မှ အေဒီ ၃၂၇ - ထိ
ဝေသာလီကျောက်လှီကားခေတ် = အေဒီ ၃၂၇ မှ ၈၁၈ - ထိ
လေးမြို့ခေတ်                        = အေဒီ ၈၁၈ မှ ၁၄၃၀ - ထိ
ပထမမြောက်ဦးခေတ်              = အေဒီ ၁၄၃၀ မှ ၁၅၂ -
- ထိ
ဒုတိယမြောက်ဦးခေတ်             = အေဒီ ၁၅၂၁ မှ ၁၆၃၈ - ထိ
တတိယမြောက်ဦးခေတ်            = အေဒီ ၁၅၂၁ မှ ၁၇၈၄ - ထိ
( မှတ်ချက် ) အေဒီ ၁၇၈၄ - ခု (ရခိုင်ကောဇာ - ၁၁၄၆)သည် 
ရခိုင်
                လွတ်​လပ်​စွာ ရပ်​တည်​​နေထိုင်​လာခဲ့ရမှုဆုံးရှုံးသွား​စေခဲ့
သော
                 နှစ်​​ဖြစ်​သည်​။
ဗမာမြို့ဝန်များခေတ်                     = အေဒီ ၁၇၈၄ မှ ၁၈၂၄ - ထိ
ဗြိတိသျှခေတ် (ပထမအကြိမ်)        = အေဒိ ၁၈၂၄ မှ ၁၉၂၄ - ထိ
ဂျပန်ခေတ်                                 = အေဒီ ၁၉၂၄ မှ ၁၉၄၅ - ထိ
ဗြိတိသျှခေတ် (ဒုတိယအကြိမ်)      = အေဒီ ၁၉၄၅ မှ ၁၉၄၈ - ထိ
ဖ.ဆ.ပ.လ ပါလီမန်ဒီမိုကရေစီခေတ်       
  (အိမ်စောင့်အစိုးရခေတ်)             = အေဒီ ၁၉၄၈ မှ ၁၉၆၂ - ထိ
တော်လှန်ရေးကောင်စီခေတ်          = အေဒီ ၁၉၆၂ မှ ၁၉၇၄ - ထိ
မ.ဆ.လ ခေတ်                          = အေဒီ ၁၉၇၄ မှ ၁၉၈၈ - ထိ
န.ဝ.တ ခေတ်                            = အေဒီ ၁၉၈၈ မှ ၁၉၉၇ - ထိ
န.အ.ဖ ခေတ်                             = အေဒီ ၁၉၉၇ မှ ၂၀၁၀ - ထိ
ပါတီစုံ ဒီမိုကရေစီခေတ်                 = အေဒီ ၂၀၁၀ မှ စ၍ - - -။
        အထက်ဖော်ပြပါအတိုင်း ရှည်လျားသော ခေတ်သမိုင်းစဉ်ကြီးကို ဖြတ်သန်းလာခဲ့ကြရသော ရခိုင်လူမျိုးတို့မှာ သေးသိမ်သော လူမျိုးတစ် မျိုးမဟုတ်ကြောင်းကို ကြိုတင်သိထားဖို့လိုအပ်ပေလိမ့်မည်။ သို့မှသာ
 ရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှုအစဉ်အလာ ကြီးမားကျယ်ပြန့်ခဲ့မှုကို သိရှိ နိုင်မည် ဖြစ်ပါသည်။
        ဤကဲ့သို့ လူမျိုးတစ်မျိုး၏ သမိုင်းစဉ်နှင့် သမိုင်းကြောင်းကို၊ မလေ့လာ မစူးစမ်းဘဲ -
(၁) ရခိုင်​ဆိုတာ ဘယ်​က​နေ
      ဆင်းသက်​​ရောက်​ရှိလာသလဲ၊
ရခိုင်​ဟာ ရခိုင်​ဘဲလား။
              မြန်​မာလူမျိုးခွဲလား။
(၂) ရခိုင်​ပြည်​ရှိ ဗုဒ္ဓသာသနာသည် 
 မဟာယန မဖြစ်​နိုင်​ဘူးလား။
(၃) ရခိုင်​လူမျိုးတို့မှာ ကိုယ်​ပိုင်​စကားဆိုတာ ရှိရဲ့လား။
(၄) ရခိုင်လူမျိုးတို့မှာ ကိုယ်ပိုင်စာပေဆိုတာ ရှိရဲ့လား။ 
      ရခိုင်တို့ဘယ်တုန်းက စာရေးတတ်သလဲ။
      မြန်မာစာကို ရခိုင်သံဖြင့် ဖတ်နေကြတာလား။
           စသည်ဖြင့် မေးခွန်းများကို မေးမြန်းနေရသည်ဆိုကတည်းက ထိုသူသည် ရခိုင်လူမျိုး(သမိုင်း)နှင့်ပတ်သက်၍ လေ့လာသုတေသနပြုမှု အားနည်းနေသေးကြောင်း ပေါ်လွင်နေပါတော့သည်။ (သို့မဟုတ်) သေချာကျနစွာ သိရှိထားသူဖြစ်ခဲ့လျှင် ထိုသူသည် ´´သမိုင်းကိုလိမ်ညာဖို့ ကြိုးစားအားထုတ်နေသူတစ်ဦး``
 ဖြစ်ကြောင်း ကောက်ချက်ချရမည် ဖြစ်ပါသည်။
       ယခုအချိန်အခါ၌ ရခိုင်လူမျိုးတို့ တည်တံ့နေသေးသဖြင့် ´´ရခိုင် စာပေ``ကို သမိုင်း
အထောက်အထားဖြင့် အခိုင်အမာ 
တင်ပြနိုင်ကြသေး၏။ အကယ်၍ ရခိုင်လူမျိုးတို့သည် ပြူ(ပျူ)လူမျိုးကဲ့သို့ ဆိတ်သုဉ်းပျောက်ကွယ်သွားခဲ့ကြမည်ဆိုပါက ´´ရခိုင်စာပေ``ကိုအထောက်အထား ဖြင့် တင်ပြမည့်သူ အဘယ်မှာ ရှိနိုင်ပါတော့အံ့နည်း။
       ယခုအခါ ပြူ(ပျူ)လူမျိုးတို့ဘက်က အထောက်အထားဖြင့် တင်ပြမည့်သူ လောကတွင် မရှိတော့သကဲ့သို ရခိုင်လူမျိုးတို့သည်လည်း ဤအဖြစ်မျိုးနှင့် မကြုံရလေအောင် မိမိလူမျိုးတို့၏ အမှတ်သင်္ကေတများကို 
ထိန်းသိမ်း,ကာကွယ်,စောင့်ရှောက်သွားကြဖို့ 
အရေးကြီးနေပြီ
 ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
         ရခိုင်လူမျိုးတို့သည် `` ပြူ(ပျူ)လူမျိုးနှင့် 
ကမ်းယံလူမျိုး``တို့ကို 
နမူနာထား၍ သင်ခန်းစာယူပြီးလျှင် မြန်မာ့မြေပေါ်တွင် ´´ရခိုင်ဟူသော သမိုင်းဝင် လူမျိုးတစ်မျိုး``ပျောက်ကွယ်မသွားစေရေးအတွက် ´´မိမိလူမျိုးတို့၏ အမှတ်သင်္ကေတ``များကို အသက်နှင့် ထိန်းသိမ်း,ကာကွယ်,စောင့်ရှောက်သွားသင့်ပါကြောင်း ရခိုင်လူမျိုးအပေါင်းတို့အား
အသိပေးနှိုးဆော် တိုက်တွန်းလိုက်ရပါသည်။
        ´´သမိုင်းပျောက်လျှင် လူမျိုးလည်း ပျောက်ဆုံးသွားတတ်၏``
                        ဒွါရာဝတီ - အသျှင်ကုသလ(ငွေသဇင်)
                မိမိလူမျိုးတို့၏ အမှတ်သင်္ကေတများကို ထိန်းသိမ်းသင့် 
                          စာပိုဒ်မှ ထုတ်နှုတ်လျှက်
                                      Credit