Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရခိုင် သက္ကရာဇ်​ (၁၃)နှစ် ကွာရခြင်းအကြောင်းအရင်း

ရခိုင် သက္ကရာဇ်​ (၁၃)နှစ် ကွာရခြင်းအကြောင်းအရင်း
♥ ♥ ♥ ♥ ♥ ♥  ♥ ♥ ♥ ♥ ♥ ♥ ♥ 

(သြဆာဂါရ)လော (သြဆာဂ့ါရ)လော
==========================
**************************************

ရခိုင်သမိုင်းတွင် သက္ကရာဇ်အလိုအားဖြင့် (၁၃) ကွာဟနေသည်ကို အငြင်းပွါးလျှက်ရှိကြသည်။ ယင်းသို့ဖြစ်ရသည်မှာ တစ်ချို့သောသုတေသီများက မေဓပညာမော်ကွန်းပါ ( ဓနဉ္စ= ၆၀၉) နှင့် (ဒေါဒေါရသ=၆၂၂) ကွာခြားနေသည်။
ရခိုင်းသမိုင်းအလင်းပြကျမ်း စာမျက်နှာ (၃၄၃) နှင့် (၂၅၂) တို့မှာ မေဓပညာမော်ကွန်းပါ ( သြဆာဂါရ )ကို (၂၅၇၀) ဟု အဓိပ္ပါယ် ဖွင့်ဆိုပြသည်။ (သြဆာဂါရ)ကို ပိဋကတ်သင်္ချာနည်းဖြင့် အဓိပ္ပါယ်ဖွင့်လျှင် (သြ-၀ ၊ ဆာ-၇ ၊ဂါ-၃ ၊ ရ-၂ )=( ၂၃၇၀) သာ အဓိပ္ပါယ် ဖွင့်ဆိုရရှိသည်။ (၂၅၇၀) ဟူ၍ ဖွင့်ဆိုကြသည်မှာ “သြဆာဂါရ” စာလုံးသည်  “ သြဆာဂ့ါရ ” ဖြစ်ခြင်းကြောင့်ဟု သုံးသပ်မိသည်။ “ သြဆာဂ့ါရ ”စာလုံးများကို ပိဋကတ်သင်္ချာနည်းဖြင့် အဓိပ္ပါယ်ဖွင့်လျှင် (၂၅၇၀) ကိန်းကို ရရှိသည်။ 
ရခိုင်းသမိုင်းသုတေသီတစ်ချို့က မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်သော ကလိယုတ်နှစ်ကို (၂၅၅၇) ဟုဖေါ်ပြကြသည်။
( သြဆာဂါရ=၂၅၅၇) နှင့် ( သြဆာဂ့ါရ=၂၅၇၀) သည် ( ဂါ- ဂ့ါ) တွင် အဆံပါသည်နှင့် အဆံမပါသည် သက္ကတစာလုံး များကြောင့် (၁၃) နှစ် ကွာဟသွားသည်ဟု ယူဆရသည်။ ထိုကြောင့် ရခိုင်သမိုင်းတွင် သက္ကရာဇ်ကွာဟ နေသော (၁၃) နှစ်ကို ဤမော်ကွန်းလင်္ကာတွင် အထောက်အထားတစ်ခုအဖြစ် တွေ့ရှိရသည်။ (၂၅၇၀) ဟူသော ကိန်းဂဏန်းသည်  မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံဝင်သော ကလိယုတ်နှစ်ဖြစ်သည်။

ကလိယုတ်နှစ်၊
=========
************

ကလိယုတ်နှစ်ဆိုသည်မှာ ဗုဒ္ဓပရိနိဗ္ဗာန်စံဝင်သောကလိယုတ်နှစ် + သူရိယစိတြမင်းဖြိုသက္ကရာဇ်+ အာနန္ဒစန္ဒြမင်း(၀ါ)သီရိစန္ဒြမင်းဖြို သက္ကရာဇ် + ယခုရောက်ဆဲကောဇာသက္ကရာဇ် ကိုပေါင်းလဒ်ကို ကလိယုတ်နှစ်ဟုခေါ်သည်။    
 
ကလိယုတ်နှစ်နှင့် ပက်သက်၍ မေဓပညာ-သင်္ဂါယနာတင်မော်ကွန်းလင်္ကာ၌  မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသည့် ကလိယုတ်နှစ်ကို 

“ သာကီသကျ ၊ ဂေါတမဟု ၊လောကလူရွာ၊ ဖြစ်လာရွယ်၊ ဒေ၀ါမနု၊ ကျွတ်မှုဟောကြား၊   လေးဆယ့်ငါးဝါ၊ ပြည့်ရေခါကား၊( သြဆာဂါရ)၊ သာခပုဏ္ဏီ ၊ ငြိမ်းလီနိဗ္ဗာန်။”  
 ရေးစပ်ထားသည်ကို တွေ့ရသည်။ 

 ( သြဆာဂါရ) ကို ပိဋကတ်သင်္ချာကောက်နည်းဖြင့်ဖေါ်ယူလျှင် (၂၅၇၀) ဖြစ်သည်ဟု ရခိုင်သမိုင်းအလင်းပြကျမ်း(စာ ၂၅၂)တွင် ဖေါ်ပြထားလေသည်။
ကလိယုတ် (၂၅၇၀) ကိန်းကိုရန်  ( သြဆာဂ့ါရ=၂၅၇၀) ကို ရမည်ဖြစ်သည် ။ ( သြဆာဂါရ)  ဆိုလျှင် (၂၃၇၀) သာဖြစ်သည်။ 

ဤသို့ဖြစ်ရသည့် အကြောင်းရင်းမှာ မေဓပညာမော်ကွန်းသည် မူလက သက္ကတဘာသာဖြင့် ရှိခဲ့သည်ကို ဖေါ်ပြနေသည်။ ခေတ်အဆက်ဆက်ကူးယူကြသည့်အခါ “သြဆာဂ့ါရ” ၌ (ဂါ)စာလုံးမှာ အလယ်က အဆံပါသည်ကို သတိမထားခဲ့မှုကြောင့် လည်းကောင်း၊ ပုံနှိပ်စာလုံးအဖြစ်ပြောင်းသည့်အခါ  ဖောင့်စာလုံး မရှိခြင်းကြောင့် (ဂါ) ဖြစ်သွားရသည်ဟု ယူဆရသည်။

(၂၅၇၀ ) ဆိုသည်မှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသည့် ကလိယုတ်နှစ် ကိုဆိုလိုခြင်းဖြစ် ပြီး ၊  (သာခပုဏ္ဏီ ) သည် ကဆုန်လပြည့်ကို ဆိုလိုသည်။

တစ်ချို့သော သုတေသီများသည် ဗုဒ္ဓပရိနိဗ္ဗာန်စံဝင်သောကလိယုတ်နှစ် (၂၅၅၇) ဟုဖေါ်ပြကြသည်။  ဤသို့ဖေါ်ပြကြသည်မှာ ( သြဆာဂ့ါရ) ကို ပိဋကတ်သင်္ချာကောက်နည်း ဖေါ်ယူသည့်အခါ (သြဆာဂ့ါရ )မှ (ဂ့ါ)  နှင့် ( ဂါ) ကွဲလွဲသွားခြင်းကြောင့် (၁၃- နှစ်) ကွာသွား ခြင်းဖြစ်သည်ဟုယူဆ၏။

 
ထိုကြောင့် ယခုရောက်ဆဲ ကလိယုတ်နှစ်ကို သိလိုသော် 

ဗုဒ္ဓပရိနိဗ္ဗာန်စံဝင်သောကလိယုတ်နှစ် (သြဆာဂ့ါရ)  -    ၂၅၇၀ 
သူရိယစိတြမင်းဖြိုသက္ကရာဇ်                              -      ၆၂၂ 
အာနန္ဒစန္ဒြမင်း- သီရိစန္ဒြမင်းဖြို သက္ကရာဇ်                  -      ၅၆၀
ယခုရောက်ဆဲသက္ကရာဇ်                                         -    ၁၃၈၀
                                                                    --------
ယခုရောက်ဆဲ ကလိယုတ် နှစ်                                ၅၁၃၂           ဖြစ်သည်။

             
တစ်နည်း 
ကောဇာသက္ကရာဇ်+  သက္ကရာဇ်နှစ်ကြိမ်ဖြိုခဲ့သောကိန်း + ဗုဒ္ဓပရိနိဗ္ဗာန်စံဝင်သောကလိယုတ်နှစ်= ရောက်ရှိကလိယုတ်နှစ်။
       ၁၃၈၀ +၁၁၈၂+ ( သြဆာဂ့ါရ=၂၅၇၀) +၅၁၃၂  ကလိယုတ်ဖြစ်၏။

တစ်နည်း 
သာသနာနှစ် + ရောက်ရှိကောဇာသက္ကရာဇ်+သက္ကရာဇ်နှစ်ကြိမ်ဖြိုခဲ့သောကိန်း = ရောက်ရှိ ကလိယုတ် နှစ်။
     ၂၅၆၂  +  ၁၃၈၀ +  ၁၁၈၂ =  ၅၁၃၂  ကလိယုတ်ဖြစ်သည်။

Credit -မောင်ဖြူ (ကြွီတဲကျွန်း)