Posts

ရမ်းဗြဲကျောက်ဖြူဘက်မှ အနောက်ဘုရင်မင်းတစ်ပါး၏ဒင်္ဂါးများ

Image
ရမ်းဗြဲကျောက်ဖြူဘက်မှ အနောက်ဘုရင်မင်းတစ်ပါး၏ဒင်္ဂါးများ ==================================== ဒင်္ဂါးကို အဘယ်ကြောင့် ကျောက်ဖြူ ရမ်းဗြဲဘက်မှ အနောက်ဘုရင်ဟု ခေါ်ရသနည်းဟူမူကား ဖော်ပြပါ ဒင်္ဂါးတွင် (ဘုရင်မင်း )ဟူသော စာလုံးများကို (ဖုရန်မင်း) ဟု ရေးသားထားသည်မှာ ကျောက်ဖြူ၊ရမ်းဗြဲ၊ မှ ရခိုင်များပြောသော ဒေသိယ စကားလေသံအတိုင်း ရေးထားသည်ကိုတွေ့ရသောကြောင့် ကျောက်ဖြူ ရမ်းဗြဲဘက်မှ အနောက်ဘုရင်မင်းဟု မှတ်ချက်ပြုရခြင်းဖြစ်သည်။ ဒင်္ဂါးတွင် ရေးထိုးပါရှိသည့် စာမှာ(မင်တရားကြီသာတော် အနောက်ဖုရန်မင်၉၅၃)=မင်းတရားကြီးသားတော် အနောက်ဘုရင်မင်း ၉၅၃) ဟူ၍ဖြစ်သည်။ * အနောက်ဘုရင် “မင်းတရားကြီးသားတော် အနောက်ဘုရင်-၉၅၃” ဒင်္ဂါးများ၏ အချင်းမှာ (၂၄ မီလီမီတာမှ  ၂၆ မီလီမီတာ)ထိရှိကြပြီး၊ အလေးချိန်မှာ ( ၁၀.၀၃ ဂရမ် မှ ၁၀. ၁၆ ဂရမ်) ထိ ရှိကြသည်။  ဒင်္ဂါးတွင် ရခိုင်စာတစ်ဘက်၊ ပါရှန်စာ+ဘင်္ဂလီစာတစ်ဘက် သုံးဘာသာဖြင့် ရေးထိုးခပ်နှိပ်ထားသည်။ ** ဒင်္ဂါးပါ ရခိုင်စာပါသောဘက်ကို အိန္ဒိယဒင်္ဂါးသုတေသီ မီချီနာက “Minta/ya gyi tha / daw anau-/k bha wa shin/ 953=မင်းတ/ရာကြီးသာ/ဒေါ် အနော/က်ဘ၀သျှင်/၉၅၃” ဟူ၍လည်းကောင်း၊ ပါရှန်စာကို   “K...

မြတ်ကိုးပါး ဘုရား သမိုင်း အကျဉ်းချုပ်

Image
မြတ်ကိုးပါး ဘုရား သမိုင်း အကျဉ်းချုပ် ၁။ မြတ်စွာဘုရား ပွင့်တော်မမူမီ နှစ်ပေါင်း(၃၀၀) ခန့်လောက်က တကောင်းပြည်ကြီးဍ် အဘိရာဇာမင်း မင်းပြု၏။ ထိုမင်းနတ်ရွာစံသောအခါ သားတော်ကံရာဇာကြီး ကံရာဇာငယ်တို့ ကုသိုလ်စစ်ထိုးကြရာဍ် ကံရာဇာကြီးစစ်ရှုံး၍ ရခိုင်ပြည်နယ် ဓညဝတီမြို့ကို တည်ထောင်၍ မင်းပြုတော်မူ၏။ ကံရာဇာကြီး မင်းမှစ၍ မင်းပေါင်း(၂၈)မြောက်သော အခါ သီရိ ရာဇာမင်း ပေါ်ထွန်းကာ ဝိမလေဒဝီ မိဘုရားနှင့် ထီးနန်းအုပ်ချုပ်မင်းလုပ်ခ့ဲရာ ဝိမလေဒဝီမိဘုရားမွ စန္ဒသူရိယမင်း ဥဒုမ္ဗရဒေဝီ သားတော်၊ သမီးတော်နှစ်ပါးဖွားမြင်တော်မူ၏ ။စန္ဒသူရိယမင်းသည် စန္ဒမာလာ မင်းသမီးအား မိဖုရားမြှောက်၍ မင်းပြု၏။ ၂။ ထိုအခါကာလ မဇ္မိုမဒေသ ဣန္ဒြိယပြည်တွင် မြတ်စွာဘုရား ပွင့်ကြောင်း သတင်းကောင်းကြားရ၍ စန္ဒသူရိယမင်းသည် မြတ်စွာဘုရားအားဖူးမြင်လိုသော ဆန္ဒပြင်းပြလှသဖြင့် နှမတော်ဥဒုမ္ဗရဒေဝီအား ပြောကြားရာဍ် မောင်တော် မြတ်စွာဘုရားတို့မည်သည် ဖူးမြင်လို၍ ပင့်လျောက်ပါက ကြွတော်မူလေ့မယ်၊ သို့အတွက် ရည်မှန်း၍ ပင့်လျောက်တော်မူပါဘုရားဟု လျောက်၏ နှမတော်လျောက်ထားချက်အရ စန္ဒသူရိယမင်းသည် (၇)ရက်ပတ်လုံး ဆွမ်း၊ ရေချမ်း၊ဆီမီး၊ပန်းတို့ဖြင့် လှူဒါန်းကာ ရည်မှန်း၍ ပင့်လျောက်တော်မ...

ဓမ္မရာဇာ=တြားမင်း=မင်းတရား ဟူသော ဝေါဟာရအစ

Image
ဓမ္မရာဇာ=တြားမင်း=မင်းတရား ဟူသော ဝေါဟာရအစ ============ **************************************************** မြန်မာ့စာပေလောကတွင် ရှေးခေတ်က မှတ်တမ်းမှတ်ရာ ကျောက်စာ၊ပီစာ၊ ရာဇ၀င် စာအုပ်စာတမ်းများ၌ ဘုရင်များ၏ အမည်နှင့် ဂုဏ်ပုဒ်များကိုဖော်ပြရာတွင်  အခေါ်အဝေါ် သုံးစွဲမှုတစ်ခုရှိပါသည်။ ထိုအသုံးအနှုန်းမှာ “ဓမ္မရာဇာ=မင်းတြား=မင်းတရား” ဟူသောစကားရပ်ဖြစ်သည်။ ယနေ့မြန်မာနိုင်ငံဟု ခေါ်တွင်သော နယ်နမိတ် အဝုိင်းအ၀န်းအတွင်း၌ နေထိုင်ကြကုန်သော မူလဌာနတိုင်းရင်း သားများဖြစ်ကြသည် လူမျိုးများတွင် ကိုယ်ထီးကိုယ့်နန်းကိုယ်ကြငှန်းနှင့် နေထိုင်ခဲ့ကြသော ရခိုင်၊ပျူ၊မွန်၊ဗမာ လူမျိုးများတွင် ထို (ဓမ္မရာဇာ-မင်းတြား=မင်းတရား=တရားမင်း)ဟူသော တော်၀င်စကားရပ် အသုံးအနှုန်းကို လူမျိုးတိုင်းသုံးစွဲခဲ့ကြမည်ဟု ထင်မြင်ယူဆရမိပါသည်။  ပျူ၊ မွန်၊ ဗမာလူမျိုးတို့၌ “ဓမ္မရာဇာ-မင်းတြား-တရားမင်း” ဟူသော စကားရပ်ကို မည်သည့်ခေတ်၊မည်သည့်အချိန်ကာလ စတင်သုံးစွဲရေးထိုးကြသည်ကို တိတိကျကျ ချပြဖို့ရန် ကျွန်တော်လို့ ဘုန်းကြီးကျောင်းသားတစ်ယောက်အနေဖြင့် လွယ်ကူသော ကိစ္စရပ်မဟုတ်သောကြောင့် မစွမ်းဆောင်နိုင်မှာ သဘာ၀ကျလှပေသည်။  သို့သော်လည်း ဓမ္မရာဇာ-...

မြန်မာစာပေလောကမှာ ဘယ်လူမျိုးတို့၏ စာပေ အနှစ်သာရဟာ ထိပ်ဆုံးမှာ ရပ်တည်နေသနည်း။

Image
မြန်မာစာပေလောကမှာ ဘယ်လူမျိုးတို့၏ စာပေ အနှစ်သာရဟာ ထိပ်ဆုံးမှာ ရပ်တည်နေသနည်း။ •••••••••••••••••••••••••• မြန်မာ စာဟာ ပျူက ယူတယ် လာတယ်ဆိုရင် ပျူတွေရဲ့ ကဗျာ လင်္ကါ၊ ဧချင်း  နှင့် ကျမ်းအသီးသီး စသည့်တွေကို ဘာလို့ မြန်မာစာပေမှာ သင်နေရခြင်း၊ ကိုးကားနေရခြင်း၊ မြန်မာစာပေလောကမှာ ထိပ်ဆုံးမှာ ရပ်တည်နေရခြင်း စသည့်များ မရှိရတာလဲ့။ ( ကျတော်ပဲ မသိတာလားတော့ မသိဘူး။) မြန်မာစာပေဟာ မွန်က ယူတယ် လာတယ်ဆိုရင် မွန်တွေရဲ့ ကဗျာ လင်္ကါ၊ ဧချင်း နှင့် ကျမ်းအသီးသီး စသည့်တွေကို ဘာလို့ မြန်မာစာပေမှာ သင်နေရခြင်း၊ ကိုးကားနေရခြင်း၊ မြန်မာစာပေလောကမှာ ထိပ်ဆုံးမှာ ရပ်တည်နေရခြင်း စသည့်များ မရှိရတာလဲ့။ ( ကျတော်ပဲ မသိတာပဲလားတော့ မသိဘူး) ရခိုင်တွေရဲ့ ကဗျာ လင်္ကါ၊ ဧချင်းများ နှင့်  ကျမ်းအသီးသီး စသည့်တွေကျခါမှာ မြန်မာစာပေမှာ သင်နေရခြင်း၊ ကိုးကားနေရခြင်း၊ မြန်မာစာပေလောကမှာ ထိပ်ဆုံးမှာ ရပ်တည်နေရခြင်း စသည့်များ ဘာကြောင့် ဖြစ်နေရတာလဲ့။ ~~~~~~~~~~ Zaw Zaw (ရက္ခပူရတိုင်း)

ငါတို့ စာပေအက္ခရာ ပါဟု သက်သေပြနိုင်ကြပြီလား။

Image
ငါတို့ စာပေအက္ခရာ ပါဟု သက်သေပြနိုင်ကြပြီလား။ •••••••••••••• စာပေ၏ သဘောကို ဒီလိုလေးတောင် အထောက်အထားမရှိပဲ.. မပြနိုင်ပဲ။  ငါစာ သူစာ အော်နေလို့တော့ ဖင်ကွဲယုံပဲရှိမယ်။ အခုဖော်ပြပါ ဇယားကွက်က.. စိတ်ကူးယဉ်ပြီး ဇယားကွက်ချ.. အက္ခရာတွေကို စီချထားပြီး.. ငါတို့စာ ဒီလိုပြောင်းလဲ့လာတယ်ဆိုပြီး.. လိုရားဆွဲ စာအုပ်ထွတ်ထားတာမဟုတ်ဘူး။  အဲ့လိုနည်းက klar လည်း လုပ်လို့ရတယ်။ လူမျိုးတိုင်းလုပ်လိုရတယ်။ အဲ့ဒါ သက်သေ အထောက်အထား မဟုတ်ဘူး။  ရှေးပြေးအက္ခရာတွေကို မိမိဒေသ မိမိတိုင်းပြည်မှာ မိမိလူမျိုးတွေ မိခင်စာပေသဖွယ် နှစ်ရှည်လများ အရင် အသုံးပြုခဲ့ပြီးပြီလား.. ဆိုတာ..သတိရ အတွေးပေါ်ရမည့် နံပါတ် ( ၁ )အဖြေပဲ။  အပေါ်မှာ ဝိုင်းပြထားတယ်.. ရခိုင်ပြည် ဘယ်ခေတ်မှာ ဘယ်လို အက္ခရာ စာပေ ဆိုတာကို အတိအကျ ဖော်ပြထားပါတယ်။  ဟိုလို.... အိန္ဒိယက.. ဗြဟ္မီအက္ခရာပြ.. ကုသန အက္ခရာပြပြီး.... (ကခဂဃင) စာလုံးဖြစ်ခါမှ  ပုဂံ ကို ခုံကျော်သွားသလိုလို.. မိုးပေါ်ကပဲကျလာသလိုလိုနဲ့ အဲ့လို ဖော်ပြထားတာမဟုတ်ဘူး။  လက်ထဲမှာ ရွံ့ခဲရှိမှ မြေအိုး ဆိုတာ လုပ်လို့ရမယ်။ ကိုယ့်ဒေသက ရွံ့ကောင်းမရှိပဲ မြေအိုးလုပ်ဖို့က သူများဆီက ဝယ်ယူ။ ဒါ...

ရခိုင် မွန်ချစ်ကြည်ရေး ရခိုင်ကျောက်စာတွေထဲမှာ ပုရိမ်အဆုံးတောင် ကျောက်စာ

Image
အစိုးရကျောင်းသုံးစာအုပ်မှာပြဌန်းထားသော ရခိုင် မွန်ချစ်ကြည်ရေး  ရခိုင်ကျောက်စာတွေထဲမှာ ပုရိမ်အဆုံးတောင် ကျောက်စာဟာ ကျွန်တော်တို့ မွန်တွေအတွက် အတော်လေး အရေးပါပါတယ်။ ပုရိမ်အဆုံးတောင်ကျောက်စာဟာ နှစ်မျက်နှာပါ ကျောက်ချပ်ဖြစ်ပါတယ်။ မွန်ဘုရင် ရာဇာဓိရာဇ် နဲ့ အင်း၀ဘုရင်မင်းခေါင် တို့ရဲ့ အနှစ်လေးဆယ်စစ်ပွဲဟာ အားလုံး စိတ်၀င်စားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကြီးပါ။ မွန် နဲ့ ဗမာ အပြိုင်တိုက်ကြရင်း ရခိုင်ပါ ၀င်ရှုပ်သွားရတဲ့ အပိုင်းလည်း ရှိပါတယ်။  သက္ကရာဇ် ၇၆၅ မှာ အင်း၀မင်းခေါင် တို့က မွန်ကို တိုက်ဖို့ အားစုတဲ့ အနေနဲ့ ရခိုင် နဲ့ ရှမ်းပြည်တွေကို သိမ်းပါတယ်။ ရခိုင်ဘုရင် စစ်ရေး အရေးနိမ့်ပါတယ်။ အဲ့ဒီအခါ သူ့သား နရမိတ်လှ ဟာ ရာဇာဓိရာဇ်ကို အကူအညီ တောင်းပါတယ်။ ရာဇာဓိရာဇ် ကလည်း သက္ကရာဇ် ၇၆၉ မှာ ရခိုင်ကို ပြန်တိုက်ပေးပါတယ်။ နိုင်တော့ နရမိတ်လှ ကို နန်းပြန်တင်ပေးပါတယ်။ တစ်ခါ သက္ကရာဇ် ၇၂၂ မှာ မင်းရဲကျော်စွာတို့ ပြန်တိုက်ပါတယ်။ နရမိတ်လှ ထွက်ပြေးရပြန်ပါတယ်။ ဒါပေမဲ့ မွန်တပ်တွေ ပြန်တိုက်ပေးလို့ အဲ့ဒီနှစ်မှာပဲ နရမိတ်လှ နန်းပြန်ရပါတယ်။  ဒါကြောင့် မွန် နဲ့ ရခိုင် သွေးစည်းခဲ့ပါတယ်။ ဘယ်လောက်သွေးစည်းခဲ့လဲ။ ဒီကျောက်စာက...

ရခိုင့်စာပေ ရခိုင့်စကားကို ဗမာက ရခိုင့်ဒေသိယမျိုးကွဲအဖြစ် ပြောဆို ရေးသားခြင်း ပင်ဖြစ်သည်။

Image
♨ ရခိုင့်စာပေ ရခိုင့်စကားကို ဗမာက ရခိုင့်ဒေသိယမျိုးကွဲအဖြစ် ပြောဆို ရေးသားခြင်း ပင်ဖြစ်သည်။ ♨  ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆  မြန်မာနိုင်ငံ စာပေအက္ခရာ လောကမှာ ရခိုင်က  ( ကခဂဃင ) စာပေအက္ခရာဟာ ရခိုင်ကဖြစ်ကြောင်း ရခိုင်စာပေ ရက္ခဝဏ္ဏအက္ခရာ ဖြစ်ကြောင်း   အထောက်အထား ခိုင်ခိုင် အချက်အလက်ကျကျဖြင့် ငြင်းမရအောင် တင်ပြလိုက်သောအခါ ... သူ့တို့ ပြောစရာအချက် ၊ ပြစရာ အထောက်အထား အချက်အလက် မရှိ ငြင်းမရတော့တဲ့အခါ  သူတို့မှာ ပြောစရာ စိတ်ဖြေစရာတစ်ခု တက်လာသည် ၎င်းတို့မှာ>>> (( ဟေးကောင် ဘယ်သူ ပိုင်ပိုင် မူရင်းက ဗြဟ္မီအက္ခရာကလာတာပဲကွာ   အဲဒီအက္ခရာက ဗမာလည်း မပိုင်ဘူး၊ ရခိုင်လည်း မပိုင်ဘူး၊ မွန်လည်းမပိုင်ဘူး၊ ရှမ်းလည်း မပိုင်ဘူး။ ထိုင်းလည်းမပိုင်ဘူး အဲဒီလူတွေအားလုံးက ဗြဟ္မီအက္ခရာကို ငှားရမ်းသုံးစွဲထားတာပဲ။ မူလပိုင်ရှင်က သူတို့ပဲ။ ))  စသဖြင့် အနိုင်လိုချင်သော စိတ်ဖြင့် ပြောဆိုကြတာပေါ့လည်။ ဒီတော့ ကျတော်က တိုတိုနဲ့လိုရင်းပဲ ပြောရရင်>>>>> အိန္ဒိယက မူရင်း ဗြဟ္မီစာပေအက္ခရာဆိုတာ မှန်ပါတယ်   ဒါပေမယ့် မြန်မာနိုင်ငံမှာသုံးဖို့အတွက်..( ကခဂ...