Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရခိုင် မွန်ချစ်ကြည်ရေး ရခိုင်ကျောက်စာတွေထဲမှာ ပုရိမ်အဆုံးတောင် ကျောက်စာ

အစိုးရကျောင်းသုံးစာအုပ်မှာပြဌန်းထားသော
ရခိုင် မွန်ချစ်ကြည်ရေး

 ရခိုင်ကျောက်စာတွေထဲမှာ ပုရိမ်အဆုံးတောင် ကျောက်စာဟာ ကျွန်တော်တို့ မွန်တွေအတွက် အတော်လေး အရေးပါပါတယ်။ ပုရိမ်အဆုံးတောင်ကျောက်စာဟာ နှစ်မျက်နှာပါ ကျောက်ချပ်ဖြစ်ပါတယ်။ မွန်ဘုရင် ရာဇာဓိရာဇ် နဲ့ အင်း၀ဘုရင်မင်းခေါင် တို့ရဲ့ အနှစ်လေးဆယ်စစ်ပွဲဟာ အားလုံး စိတ်၀င်စားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကြီးပါ။ မွန် နဲ့ ဗမာ အပြိုင်တိုက်ကြရင်း ရခိုင်ပါ ၀င်ရှုပ်သွားရတဲ့ အပိုင်းလည်း ရှိပါတယ်။ 

သက္ကရာဇ် ၇၆၅ မှာ အင်း၀မင်းခေါင် တို့က မွန်ကို တိုက်ဖို့ အားစုတဲ့ အနေနဲ့ ရခိုင် နဲ့ ရှမ်းပြည်တွေကို သိမ်းပါတယ်။ ရခိုင်ဘုရင် စစ်ရေး အရေးနိမ့်ပါတယ်။ အဲ့ဒီအခါ သူ့သား နရမိတ်လှ ဟာ ရာဇာဓိရာဇ်ကို အကူအညီ တောင်းပါတယ်။ ရာဇာဓိရာဇ် ကလည်း သက္ကရာဇ် ၇၆၉ မှာ ရခိုင်ကို ပြန်တိုက်ပေးပါတယ်။ နိုင်တော့ နရမိတ်လှ ကို နန်းပြန်တင်ပေးပါတယ်။ တစ်ခါ သက္ကရာဇ် ၇၂၂ မှာ မင်းရဲကျော်စွာတို့ ပြန်တိုက်ပါတယ်။ နရမိတ်လှ ထွက်ပြေးရပြန်ပါတယ်။ ဒါပေမဲ့ မွန်တပ်တွေ ပြန်တိုက်ပေးလို့ အဲ့ဒီနှစ်မှာပဲ နရမိတ်လှ နန်းပြန်ရပါတယ်။ 

ဒါကြောင့် မွန် နဲ့ ရခိုင် သွေးစည်းခဲ့ပါတယ်။ ဘယ်လောက်သွေးစည်းခဲ့လဲ။ ဒီကျောက်စာက သက်သေပါ။ ဒီကျောက်စာမှာ ရေးထိုးသူနာမည် မတွေ့ပါ။ ပျက်နေတဲ့ အထဲပါသွားတာ ထင်ပါတယ်။ ရခိုင်တြားမင်းကြီးလို့ ပြောထားပါတယ်။ နရမိတ်လှ ဖြစ်နိုင်ပါတယ်။ ကျောက်စာက သူ သစ္စာဆိုတာပါ။ ငါ့အစ်ကို ရာဇာဓိရာဇ်ကို သေကြောင်းမကြံဘူး၊ ပျက်စီးကြောင်း မကြံဘူး။ သူများတွေက ရာဇာဓိရာဇ် ပျက်စီးကြောင်း ကြံခိုင်းရင်လည်း သူမလိုက်နာဘူး။ သူ ကတိပြုတယ်။ ဒီကတိဖျက်မိရင် သွေးပွက်ပွက်အန်ပြီး သေပါစေ၊ မြေမြိုပြီးသေပါစေ စသဖြင့် ကျိန်ဆိုထား ပါတယ်။ ဒီကျောက်စာမှာ င့ါ အစ်ကို ရာဇာဓိရစ် လို့ ရေးထားတာမို့ ရာဇာဓိရာဇ် ဟာ ရခိုင်ကို လိုချင်လို့ အနိုင်အထက်သိမ်းတာမဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း ဖော်ပြချက်နဲ့ ကိုက်ညီပါတယ်။ အချို့က မွန်တွေ စစ်ကစားပြီး ရခိုင်ကို ထိပါးတယ်လို့ ထင်တာ လုံး၀မှားပါတယ်။ ရာဇာဓိရာဇ်က နရမိတ်လှကို ကူညီတာပါ။ ဒါကြောင့် နရမိတ်လှက ကျေးဇူးတင်ပြီး သစ္စာရှိကြောင်း ပြပါတယ်။ ကျူးကျော်ခံရတာ မဟုတ်ပါ။ ညီလို အစ်ကိုလို ချစ်ကြောင်းကိုလည်း သူ့စကားကကို သက်သေပြနေပါပြီ။ ဒါကြောင့် ပုရိမ်အဆုံးတောင် ကျောက်စာဟာ မွန် ရခိုင် ချစ်ကြည်ရေးအတွက် အရေးပါတဲ့ ကျောက်စာတစ်ချပ်လို့ ဆိုချင်ပါတယ်။

#အမျိုးသားပညာဝန်ဦးဖိုးကျား
#ဆရာလွင်မော်ဦး
#ကိုဝင်းဘို













Comments