Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ဘုရင်နှစ်ပါး မိဖုရားတစ်ပါး ရေးထိုးသော သက္ကရာဇ်ပါ ရှားပါး ဆင့်ထိုးကျောက်စာ။ (လေးမျက်နှာ)

ဘုရင်နှစ်ပါး မိဖုရားတစ်ပါး ရေးထိုးသော သက္ကရာဇ်ပါ ရှားပါး ဆင့်ထိုးကျောက်စာ။ (လေးမျက်နှာ) ###########################
အလှူရှင် နှင့် အလှူပြုချိန် ============== (၁) ဘုရင်မင်းစောမွန် သက္ကရာဇ် (၇၈၃) ခု တပေါင်း လပြည့်နေ့ သီတင်းအဖိတ်နေ့။ (၂) ဘုရင် မင်းခေါင်ရာဇာ သက္ကရာဇ် (၈၆၅) ခု တပေါင်းလဆန်း(၁၄)ရက် ကြာသပတေးနေ့။ (၃) မိဖုရား မင်းစိုးလတ် သက္ကရာဇ် (၈၈၇) ခု သင်္ကြန် လဆန်း (၇)ရက် သောကြာနေ့။ အလှူပစ္စည်း = စေတီ, ကျောင်း, လမ်း, ကျွန်အိမ်ထောင်, စိုက်ပျိုးရ သောမြေ, လှေ, နွားသားအမိ စသည်တိုကိုလှူသည်။ ရည်ရွယ်ချက် = အလှူ ရှင်သည် နိဗ္ဗာန်ဆုကို ရလို၏။ ဆုတောင်း = အလှူကိုချီးမြှင့်သောသူတို့သည် မိမိနှင့်အတူ အလှူ အကျိုးကိုရရှိပြီးအရိမေတ္တိယျသာသနာတွင် အကြားရပြီး နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်ပါစေ။
ကျိန်စာ = အလှူကိုဖျက်သော် အဝီစိငရဲ, သင်္ခါရခါနကငရဲ သစ်ငုတ်ဖြစ်ပြီး မြေမျို စေ, မိုးကြိုးကျစေ, ကျားစားစေ, ဘီလူးစားစေ, မီးကျောင်းစားစေ, အရိမေတ္တိယ သာသနာ၌လည်း လူမဖြစ် လူဖြစ်လာလျှင် လည်း အကုန်း, အကွ, အနူ, အဝဲ, အရည်စက်စက်စို၍ စွန်တဝဲဝဲနှင့် ရွာထဲမဝင်နိုင် လူစံမမှီသော ငရဲကျစေ ဟုဆိုထားသည်။ လေ့လာချက် = ကျောက်စာသည် အလှူ မော်ကွန်းစာဖြစ်သည်။ ဘုရားလှူသည် ကျောင်းလှူသည်။ ၄င်း တို့အတွက် ဝတ်ကြီး ဝတ်ငယ်ပြုရန် စိုက်ပျိုးမြေများ ကျွန်များလှူသည်။ တရားပွဲများကျင်းပသည်။ စိုက်ပျိုး ရသောစပါးကို အလှူ ရှင်နှင့် လယ်လုပ်တစ်ဝက် ဘုရားအတွက်တစ်ဝက် ခွဲတမ်းကျလှူသည်။ ကျောက်စာသည် ဆင့်ထိုးကျောက်စာဖြစ်ပြီး လေးမြို့ခောတ်နှောင်းပိုင်းနှင့် မြောက်ဦးခေတ်အစောပိုင်း ခေတ်(၂) ခေတ် ရေးထိုးစာဖြစ်သည့်အတွက် အက္ခရာ နှင့် အသတ် ရရစ်များတည်ငြိမ်မှုမရှိ ဝေါဟာရပိုင်းမှာ လေးမြို့ခေတ်နှင့် မြောက်ဦးခေတ် နှစ်မျိုးလုံးပါဝင်သည်။
ဝါကျများပြေပြစ်ပြီး တိုတိုနှင့်ရှင်းလင်းသည်။ ရခိုင်ဘာသာကိုသုံးပြီး ဗြဟ္မီပွါး အက္ခရာဖြင့် ရေးသားထားသည်။ ပါဋိသက္ကတမှ မွေးစားသော ဝေါဟာရဖြစ်သည့်" သောပဏ္ဍိမဟာမီ ရော အဋ္ဌအသိမာ" တို့ပါရှိနေ၍ ပါဋိစာပေ သြစာမကင်းကြောင်း လည်း တွေ့ရသည်။ ကျောက်စာတွင် ဘုရင်နှင့် နန်းတက်မိဖုရားတို့ပါဝင် နေသည့်အတွက် သာမန်အလှူရှင်များမဟုတ်ဘဲ ဘုရင့်အနွယ်ဝင်များဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။
ရက္ခသူရိန် 🌟━─━─━─━─━🌟━─━──━─━─━🌟 Zaw Zaw (ရက္ခပူရတိုင်း) Blogger.

Comments