Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရခိုင်တွေ စာတတ်သလား ( ဒေါက်တာ အေးချမ်း)

ရခိုင်တွေ စာတတ်သလား( ဒေါက်တာအေးချမ်း) **************
ဒီပို့စ်ကိုရေးရခြင်းကတော့ဒီလိုရှိတယ်။ မဟာတော်ဝင်ရခိုင်လူမျိုး တစ်ယောက်အနေနဲ့ သူပြောတာဟုတ်မဟုတ်ဆိုတာ သမိုင်းနဲ့ချီပြီး အစဆွဲထုတ်ကြည့်လိုက်တဲ့အခါ ........ ရခိုင်တွေ စာတတ်မတတ် ဝေသာလီခေတ်ကနေ စကြည့်ရအောင်။ ရခိုင်သမိုင်းဟာ ဓညဝတီခေတ်ကစပါတယ်။ သို့သော် ဓညဝတီခေတ်မှာက ရခိုင်အက္ခရာမပေါ်သေးဘဲ ဗြဟ္မီအက္ခရာနဲ့ ရေးထိုးတဲ့ ရခိုင်စာပဲရှိသေးတာကြောင့် ရခိုင်အက္ခရာခေါ် ရက္ခဝဏ္ဏအက္ခရာ စပေါ်တဲ့ ဝေသာလီခေတ်ကနေ စပြောတာဖြစ်တယ်။ ဝေသာလီခေတ်ဆိုတာ အေဒီ ၄ရာစုကေန အေဒီ ၉ ရာစုအထိ ထွန်းကားခဲ့ပြီး ပျူတွေရဲ့ပျူခေတ်နဲ့ခေတ်ပြိုင်ဖြစ်တယ်။ ဝေသာလီခေတ် အေဒီ ၆ ရာစုခန့် ရခိုင်ဘုရင်သီရိစန္ဒြ လက်ထက်မှာ အမှုထမ်းခဲ့တဲ့ စာဆိုပညာရှိအမတ်ကြီး ဓမ္မဇေယျဆိုတာ ဒီနေ့ ရေးသားနေကြတဲ့ ရက္ခဝဏ္ဏအက္ခရာခေါ် မြန်မာစာဖြစ်လာမည့် အက္ခရာကို တီထွင်ခဲ့တဲ့ ပညာရှိသုခမိန် တစ်ဦး ဖြစ်တယ်။ အမတ်ကြီး ဓမ္မဇေယျဟာ ရက္ခဝဏ္ဏ အက္ခရာနဲ့အတူ ဂဝိန္ဒ ကဗျာလင်္ကာဆန်းကျမ်းကို သက္ကတဘာသာမှ ရခိုင်ဘာသာသို့ ပြန်ဆိုရေးသားခဲ့ပြီး ဗျည်း ၃၃ လုံး လှေတော်သံ ကိုပါရေးသားခဲ့သူဖြစ်တယ်။ - အဲဒီဝေသာလီခေတ်မှာပဲ မေဓပညာအမတ်ကြီးဆိုတာ ရှိခဲ့တယ်။ အဲဒီ မေဓပညာစာဆိုတော် အမတ်ကြီးရဲ့ မေဓပညာမော်ကွန်းလင်္ကာနဲ့စောပြည့်ညို ခေါ် သုဝဏ္ဏဒေဝီစာဆိုတော် မင်းသမီးရဲ့ သုဝဏ္ဏဒေဝီရွှန်းလိုက်ရတုဟာ ကနေ့ မြန်မာစာပေလောကမှာ ရှေ့ဆုံးက နေရာယူထားဆဲပါပဲ။ အေဒီ ၆ ရာစုမှာ ရက္ခဝဏ္ဏ ရခိုင်အက္ခရာ(ရှေ့ပြေးမြန်မာစာ) နဲ့ ရေးသားခဲ့တဲ့ သုဝဏ္ဏဒေဝီ ရွှန်းလိုက်ရတုဟာ မြန်မာ့အစောဆုံး ရတုတစ်ခုလည်း ဖြစ်တယ်။ ဆိုတော့ ဗမာတိုင်းရင်းသားလူမျိုးစုအငယ်တွေ ဒီကနေ့ ရေးနေတဲ့ မြန်မာစာဆိုတာ မဟာရခိုင်ဆီကနေ လာတယ်။ - ဒီကနေ့ မြန်မာစာမှာ သင်နေရတဲ့ မြန်မာ့ ရှေးအကျဆုံး မေဓပညာမော်ကွန်းလင်္ကာနဲ့ သုဝဏ္ဏဒေဝီ ရွှန်းလိုက်ရတုတို့ဟာ မဟာရခိုင်တွေရဲ့ ကဗျာလင်္ကာတွေ၊ ရတုတွေလဲဆိုတာ သဘောပေါက်ဖို့ကောင်းတယ်။ ကျေးဇူးမတင်ရင်နေပါ။ စော်ကားတာတော့ လက်မခံဘူး။ - ပုဂံနဲ့ ခေတ်ပြိုင်လေးမြို့ခေတ် (အေဒီ ၉ -အေဒီ ၁၅ ရာစု )မှာပေါ်ထွန်းခဲ့တဲ့ ရခိုင်စာဆိုပညာရှိ ရခိုင်သူမြတ်ဆို မြန်မာစာသင်ဖူးသူတိုင်း မသိသူမရှိလောက်ဘူးထင်တယ်။ ။မြန်မာစာပေလောကမှာ ထိပ်တန်းကနေရာယူထားတဲ့ ``လောကသာရပျို့'' ဆိုတာ မြန်မာစာပေရဲ့ ရှေ့အကျဆုံး ပျို့တစ်ခုဖြစ်ပြီး၊ အဲဒီပျို့ဟာ ရိုင်းစိုင်းဆဲဆိုတတ်တဲ့ ဗမာတိုင်းရင်းသား လူမျိုးစုငယ်တွေကို လိမ္မာရေးခြားရှိလာအောင် သွန်သင်ဆုံးမထားတဲ့ ပျို့တစ်ခုဆိုလည်း မမှားပါဘူး။ အဲဒီ လောကသရပျို့ကို ရေးသားသူကတော့ စာမတတ်ဘူးဆိုပြီး အစော်ကားခံထားရတဲ့ မဟာရခိုင်အမျိုးသား ရဟန်းစာဆိုရခိုင်သူမြတ်ပါပဲ။ - ဆရာတော်ဟာ စောကဲ၊ စောဖြူ၊ စောစစ်ဆိုတဲ့ သက်မင်းသားညီနောင်သုံးပါးကို ပညာသင်ခဲ့စဉ် ကလောကသာရဆုံးမစာကို ဖန်တီးရေးစပ်ခဲ့တာဖြစ်တယ်။ - အဲဒီလောကသာရပျို့ဟာ မြန်မာစာပေလောကအတွင်း ဒီကနေ့အချိန်ထိထိပ်ဆုံးကနေရာယူထားဆဲ ဆုံးမစာတစ်ပုဒ်ဖြစ်တယ်။ ဒါကြောင့် ကျေးဇူးမတင်ရင်နေပါ။ စော်ကားတာတော့ လက်မခံဘူး။ - မြောက်ဦးခေတ် (အေဒီ ၁၄၃၀-အေဒီ ၁၇၈၄)ကိုကြည့်မလား။ မဟာပညာကျော် အမတ်ကြီး၊ မြောက်ဦးခေတ် ရခိုင်နိုင်ငံတော်အုပ်ချုပ်ပုံကျမ်း (ဓမ္မသတ်ကျမ်း)ကို ရေးသားစီရင်ခဲ့တဲ့ သျှင်မြတ်ဝါ၊ စာဆိုတော်ဥက္ကာပျံ၊ ဖဒူမင်းညို၊ နန်းတွင်းမိညို အစရှိသဖြင့် အများကြီး ပေါ်ထွန်းခဲ့တယ်။ ဖဒူမင်းညိုရေးသားခဲ့တဲ့ ``ရခိုင်မင်းသမီးဧခြင်း'' ဆိုရင်လည်း မြန်မာစာပေ အဝေးသင်လောကမှာအခုချိန်ထိ နေရာယူထားဆဲပါပဲ။ - ရခိုင်မင်းသမီးဧခြင်းဟာ မြန်မာစာပေလောကရဲ့ ရှေးအကျဆုံး ဧခြင်းတစ်ခုလည်းဖြစ်တယ်။ တစ်ခါမဟာပညာကျော်တို့၊ စာဆိုဥက္ကာပျံတို့ဆိုလည်း ရခိုင့်သမိုင်းစာမျက်နှာတင်မက ဗမာ့သမိုင်းစာမျက်နှာတွေမှာပါ လုံးဝဖယ်ထားလို့မရ၊ အသိအမှတ်မပြုလို့မရတဲ့ စာဆိုပညာရှင်တွေဖြစ်တယ်။ - ဒီကနေ့ ကျောင်းသင်ခန်းစာမှာ သင်နေရတဲ့ မြန်မာဖတ်စာထဲက ကဗျာ၊လင်္ကာ၊ ရတု၊ ဧခြင်းတွေဟာ မဟာရခိုင်အမျိုးသားတွေနဲ့ မကင်းစင်သေးသလို မြန်မာစာပေတစ်ခုလုံးကအစ မဟာရခိုင်အမျိုးသားတွေနဲ့ လုံးဝကင်းလို့ မရပါဘူး။ - မြန်မာစာရဲ့ဇစ်မြစ်နဲ့ မူလ ဓူတပိုင်ရှင်ဟာ မဟာရခိုင်တွေဖြစ်တယ်ဆိုတာ ``ပင့်ရစ်မနိုင်ရခိုင်မေး၊ ပင့်ရစ်မသိရခိုင်နှင့်ညှိ''ဆိုပြီး လင်္ကာတွေဖွဲ့သီထားရတာက သက်သေပြနေတယ်မဟုတ်လား။ - မြန်မာစာမှာ ``ရေးတော့အမှန် ဖတ်တော့အသံ''ဆိုတာရှိတယ်။အဲဒီအဆိုကို ကြည့်ရုံနဲ့မြန်မာစာဆိုတာ ဗမာတိုင်းရင်းသားလူမျိူးစုငယ်ရဲ့ စာမဟုတ်ကြောင်း ဝန်ခံနေတာ ဖြစ်တယ်။ ရေးတော့အမှန် ဖတ်တော့အသံ ဆိုတဲ့ အဓိပ္ပာယ်ဟာ ရေးတော့အမှန် ဖတ်တော့ စောက်တလွဲလို့ပြောတာဖြစ်တယ်။ တစ်နည်းအားဖြင့်ကိုယ်ပိုင်စာမဟုတ်။ ခိုးယူကူးချထားတယ်ဆိုတာ သူတို့ကိုယ်တိုင်ဝန်ခံထားမှန်းမသိဘဲ ဝန်ခံပြီးသားလျက်သား ဖြစ်နေတာဖြစ်တယ်။ - မြန်မာစာထဲက ``ကျွဲကျောင်းသံ'' ကဗျာ ဆိုလည်း အားလုံးသိကြမှာပါ။ သူလည်းရခိုင်ရိုးရာ ကဗျာတစ်ပုဒ်ပါပဲ။ အဲတော့ မြန်မာစာ မြန်မာအက္ခရာတင်မက မြန်မာဖတ်စာအုပ်ပါ ကဗျာလင်္ကာရတုဧခြင်း တွေကအစ မဟာရခိုင်တွေရဲ့ ကျေးဇူးတော်ကြောင့် ဗမာတိုင်းရင်းသားလူနည်းစုတွေ မြန်မာစာ သင်ခွင့်ရနေတယ်။ စာတတ်ခွင့်ရနေတယ်။ လူတောတိုးခွင့်ရနေတာဖြစ်တဲ့အတွက် မဟာရခိုင်တွေရဲ့ ကျေးဇူးကို မဆပ်ချင်နေပါ။ စော်ကားတာတော့ လက်မခံဘူး။ ကုန်ကုန် ပြောရရင် မန္တလေးမဟာမုနိနဲ့ သျှင်ကျော်မုနိ၊ ပြည်က ရွှေဘုံသာမုနိ၊ ဇလွန်က ပြည်တော်ပြန် မာန်အောင်မြင်မုနိစတဲ့ ဗမာတိုင်းရင်းသားလူမျိုးစုတွေ ကိုးကွယ်နေတဲ့ ဘုရားတွေဟာ မဟာရခိုင်တွေရဲ့ ဘုရားတွေဆိုတာ မမေ့ပါနဲ့။ ကျေးဇူးမတင်ချင်နေပါ။ ဖင်တော့လှန်မပြနဲ့ ကွယ်ရို့။ ကိုလိုနီခေတ် ၁၉-၂၀ ရာစုကိုကြည့်မလား။ မြန်မာ့လွတ်လပ်ရေးမီးရှူးတန်ဆောင် အသျှင်ဥတ္တမဆိုရင် ဘာသာစကား ၉ မျိုးကို ကျွမ်းကျင်စွာပြောတတ်ပြီး ဂျပန်တက္ကသိုလ်မှာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ဖူးတယ်။ မြန်မာစာပေကို တစ်ခေတ်ဆန်းစေခဲ့တဲ့ စွယ်စုံပညာသျှင် ဝတ်လုံတော်ဘွဲ့ရ( Barrister at Law)ဦးမေအောင် (အင်္ဂလိပ်ခေတ် ပြည်ထဲရဲဝန်ကြီးချုပ်၊ ဥပဒေပညာကို အင်္ဂလန်ပြည် ကိန်းဘရစ်တက္ကသိုလ်တွင် သင်ကြားခဲ့)၊ မြန်မာ့ ပထမဆုံး လေထီး သူရဲကောင်းလည်းဖြစ်၊မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်လည်းဖြစ်တဲ့ မီးပုံပျံဦးကျော်ရင်၊ ရခိုင်သမိုင်းပညာသျှင်၊ ကျောက်စာပညာသျှင်၊ ရန်ကုန်တက္ကသိုလ် ရူပဗေဒပါမောက္ခ၊ အထက်တန်း ပညာဦးစီးဌါန ညွှန်ကြားရေးမှူးချုပ် ဦးစံသာအောင်(ဘီအက်စ် ဂုဏ်ထူး၊မဟာဝိဇ္ဇာရူပဗေဒ ဟားဗတ်တက္ကသိုလ်) ၊ရခိုင်-မြန်မာပဏ္ဍိတ် ရခိုင်သမိုင်းပညာသျှင် ဦးဦးသာထွန်း၊ဝတ်လုံတော်ရ နန်းရင်းဝန်ဟောင်း ဆာပေါ်ထွန်း၊ ဆူးလေဘုရားအား ကာကွယ်ခဲ့သူ အင်္ဂလန်ဝိတိုရိယ ရွှေတံဆိပ်ဆုရ ဦးချန်ထွန်း၊ ဗုဒ္ဓဘာသာကို မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပထမဆုံး ပြန်ဆိုရေးသားထားတဲ့ အဘိဓမ္မသင်္ဂဟကျမ်း ကိုပြုစုရေးသားခဲ့သူ၊ ဗုဒ္ဓဘာသာကို ကမ္ဘာသို့ အင်္ဂလိပ်ဘာသာဖြင့် ပထမဆုံး ပွဲထုတ်နိုင်ခဲ့သူ စာပေပါရဂူ ဦးရွှေဇံအောင် စသဖြင့် ကိုလိုနီခေတ်မှာ ရခိုင်ပညာတတ်တွေ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ အများကြီးပေါ်ထွန်းခဲ့တယ်။ အင်္ဂလိပ်အုပ်ချုပ်ရေးယန္တရားလောကမှာ ဝန်ကြီးနေရာအများစုကို ရခိုင်အမျိုးသားတွေ ရယူနိုင်ခဲ့သလို အင်္ဂလိပ်ခေတ်မှာ ရခိုင်အမျိုးသားလူမျိုးတွေကျိကျိတက်လည်း ချမ်းသာခဲ့ကြတယ်။ ဒီလို ချမ်းသာခဲ့ကြလို့လည်း အင်္ဂလန်ပြည်ထိသွားပြီးတော့ ဥပဒေပညာဘွဲ့ရ ဝတ်လုံတော်ဘွဲ့ရ ဘိလပ်ပြန်ရခိုင်တွေ ရိုက်သတ်မကုန်အောင် ပေါ်ထွန်းခဲ့တာ ဖြစ်တယ်။ အင်္ဂလိပ်ခေတ် ရခိုင်သူဌေးကြီး ဦးရဲကျော်သူဆိုရင် မြန်မာ့ပထမဆုံး ဘဏ်လုပ်ငန်းကို စတင်တည်ထောင်ခဲ့တဲ့အထိ ကျိကျိတက်ချမ်းသာခဲ့တယ်။ သူ့သားသမီးတွေ အားလုံး အင်္ဂလန်ပြည်မှာပဲ ပညာသင်ခဲ့ပြီး အကုန်ပညာတတ်တွေချည်းပဲ ဖြစ်ခဲ့တယ်။ ဖဆပလခေတ် ပါလီမန်ခေတ် တို့ကို ကြည့်မယ်ဆိုလည်း ရခိုင်ဝန်ကြီးတွေ ပညာတတ်တွေသတ်စားမကုန်အောင်အများကြီးရှိခဲ့တယ်။ဒါပေမယ့်ပညာဘယ်လောက်တတ်တတ်အမျိုးသားရေးကိုယ်ခံအား တစ်စက်မှ မရှိခဲ့လေတော့ အများစုကဗမာလက်ကိုင်တုတ် ပညာတတ်ရခိုင်အမျိုးသားသစ္စာဖောက်တွေ ဖြစ်ခဲ့တယ်။ ဗမာလူမျိုးစုတွေ အုပ်ချုပ်နေတဲ့ မျက်မှောက်ခေတ်မှာတော့ အရင်လို ထင်ရှားတဲ့ ပညာတတ် ရခိုင်တွေသိပ်မတွေ့ရတော့ပါဘူး။ ဒါဟာ ကိုလိုနီအင်္ဂလိပ်ထက် ကိုလိုနီဗမာတိုင်းရင်းသားလူမျိုးစုက အဆပေါင်းများစွာ ယုတ်မာ ဆိုးသွမ်းနေတယ်ဆိုတာကို ပြနေတာဖြစ်တယ်။ ဒါပေမယ့် မျက်မှောက်ခေတ်မှာလည်း ထင်ရှားတဲ့ ရခိုင်ပညာတတ်တွေရှိပါသေးတတေ။ ဗမာလူမျိုးစုတွေ ချီးသေးထွက်အောင်ကြောက်ရတဲ့ ရခိုင်သမိုင်းပညာသျှင် အမေရိကန်တက္ကသိုလ် ပါမောက္ခ ဒေါက်တာအေးကျော်(ကွယ်လွန်)၊ ရခိုင်သမိုင်းပညာသျှင် ဂျပန်တက္ကသိုလ် ပါမောက္ခ ဒေါက်တာအေးချမ်း၊ ကမ္ဘာ့အတော်ဆုံး သိပ္ပံပညာ ၁၀၀ စာရင်းဝင် ရူပဗေဒဆိုင်ရာ နာနိုသိပ္ပံပညာသျှင် ရခိုင်အမျိုးသား ဒေါက်တာ စောဝေလှ၊လက်ရှိမြန်မာနိုင်ငံကွန်ပျူတာအသင်း ဥက္ကဌ၊ MICT Park.ကို တည်ထောင်ခဲ့သူ ဦးသိန်းဦး အစရှိသဖြင့် ထင်ရှားကျော်ကြား ရခိုင်အမျိုးသားတွေ အများကြီးရှိပါသေးတယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒေါက်တာညိုထွန်းအောင် ဗိုလ်မှူးကြီးကျော်ဟန်၊ ဒေါက်တာအေးမောင်၊ ဦးအေးသာအောင်၊ ဦးဦးလှစော၊ ဦးဖေသန်း၊ ဒေါ်ခင်စောဝေ တို့ဆိုရင် ရခိုင်နိုင်ငံရေး ရခိုင်အမျိုးသားရေး လောကတွင်မက ဗမာလူမျိုးစုနိုင်ငံရေး ဗမာတိုင်းရင်းသားလူမျိုးစုအမျိုးသားရေးလောကမှာပါ မသိသူမရှိတဲ့ ထင်ပေါ်ကျော်ကြား ရခိုင်အမျိုးသား/သမီး တွေ ဖြစ်တယ်။ ဒီလောက်ဆိုရင်တော့ ရခိုင်တွေ စာတတ် မတတ် သိလောက်ပြီလို့ ယူဆမိတယ်။ ဒါတောင် မိမိတစ်ဦးတည်းသိထားတဲ့ဗဟုသုတတွေထဲကမှ တစ်ချို့တစ်ဝက်ကို နမူနာအနေနဲ့ ထုတ်နှုတ် ပြတာထားတာ ဖြစ်တယ်။နောက်ထပ်လည်း သိထားတာတွေ အများကြီး ကျန်သေးသလို မိမိ မသိသေးတဲ့ ရခိုင်ပညာရှင်ပညာတတ်တွေလည်း အများကြီးရှိအုံးမှာဖြစ်တယ်။ ပြောချင်တာကမဟာရခိုင်အမျိုးသားလူမျိုးတွေဟာ ရခိုင်နိုင်ငံတော် ဝေသာလီခေတ်ကနေ ဗမာတွေသိမ်းပြီး အင်္ဂလိပ်လက်အောက် ကျရောက်ချိန်ထိ ပညာရေး စီးပွားရေး စာပေ ယဉ်ကျေးမှု ဘာသာရေး စတဲ့ ကဏ္ဍနယ်ပယ်အသီးသီးမှာ ထိပ်တန်းက ပါဝင်ခဲ့ပြီး ပညာတတ်လူတန်းစား ချမ်းသာတဲ့ လူတန်းစား ပညာရှင်ပညာတတ် ပညာရှိတွေ သူရဲကေင်းတွေ အများကြီး ပေါ်ထွန်းခဲ့တယ်ဆိုတာကို သိအောင် ပြောပြတာ။ ရခိုင်တွေ စာတတ်လို့လည်း ရက္ခဝဏ္ဏအက္ခရာ ခေါ် ရှေ့ပြေးမြန်မာစာ မြန်မာအက္ခရာကို တီထွင်ခဲ့ကြတာဖြစ်သလိုကနေ့မြန်မာဖတ်စာထဲက အစောဆုံးဆိုတဲ့ ကဗျာလင်္ကာရတု တွေကိုဖန်တီးရေးသာခဲ့ကြတာ ဖြစ်တယ်။ စာပေယဉ်ကျေးမှုဘာသာရေးနယ်ပယ်တွေမှာ နောက်ကောက်ကျခဲ့တဲ့ဗမာတိုင်းရင်းသားလူမျိုးစုငယ်တွေအနေနဲ့ စာပေလောက ဘာသာရေးလောက ယဉ်ကျေးမှုလောကမှာဗမာတိုင်းရင်းသားလူမျိုးစုတွေရဲ့ လက်ဦးဆရာ ကျေးဇူးရှင်တွေဖြစ်တဲ့ မဟာရခိုင်အမျိုးသားတွေအပေါ်ဆဲဆိုမိုက်ရိုင်းစော်ကားပြီး ကျေးဇူကန်းနေတာတွေ တော်လောက်ပြီထင်တယ်။ ခွေးတောင်မှ ထမင်းကျွေးတဲ့လက်ကို ပြန်မကိုက်မတတ်ပါဘူး။ ရ နဲ့ ယ၊ ရရစ် နဲ့ ယပင့်ကိုတောင်အသံပီသအောင် မထွက်တတ်လို့``ပင့်ရစ်မနိုင် ရခိုင်မေး။ ပင့်ရစ်မသိ ရခိုင်နှင့်ညှိ''ဆိုပြီး မြန်မာစာနဲ့ပတ်သက်လာရင် ရခိုင်တွေကို ဆရာတင်ထားရတဲ့ သူတွေက ရခိုင်တွေ စာမတတ်ဘူးလို့ မပြောခင် မြန်မာစာကိုသတ်ပုံအတိုင်းအသံထွက်မှန်အောင်ဖတ်တတ်ဖို့၊ ရနဲ့ယ ရရစ်နဲ့ယပင့်ကို ကွဲပြားစွာ ရေးတတ်ဖတ်တတ်ဖို့၊ မြန်မာစာကို သတ်ပုံမှန်အောင် ရေးတတ်အောင် သေချာ လေ့ကျင့်ပြီးမှ မြန်မာအက္ခရာ မြန်မာစာပေကို တီထွင်သူ မဟာရခိုင်တွေကို လာယှဉ်ပါလို့ ပြောကြားရင်းးးး Copy , Dr Aye Chan 🌟━─━─━─━─━🌟━─━──━─━─━🌟 Zaw Zaw (ရက္ခပူရတိုင်း) Blogger.

Comments