Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ဂန္ထဝင်မြောက် ပန်းကုံးကျမ်းပြုအကျော် ရခိုင့် သာသနာ့အာဇာနည်ဆရာတော်

ဂန္ထဝင်မြောက် ပန်းကုံးကျမ်းပြုအကျော်
  ရခိုင့် သာသနာ့အာဇာနည်ဆရာတော်
******************************







    ပန်းကုံးဆရာတော်ဟုဆိုလျှင် ပရိယတ္တိစာသင်သားလောက၌ မသိသူ
မရှိသလောက်ပင်ဖြစ်မည်ထင်သည်။အကြောင်းမူ- ပရိယတ္တိစာသင်သား
အများစုသည် ဆရာတော်ရေးသားသော"မာတိကာ ဓါတုကထာပန်းကုံး"!
"ယမကပန်းကုံး"!ပဋ္ဌာန်းကုံး"!"အလင်္ကာပန်းကုံး"!ဓမ္မပဒပန်းကုံး"စသည့်
ကျမ်းစာများကို ပြဋ္ဌာန်းကျမ်းစာသဖွယ် လက်စွဲအသုံးပြုကြသောကြောင့်
ဖြစ်သည်။အမရပူရ!မဟာဂန္ဓာရုံဆရာတော်သည်"ဘာသာဋီကာအမည်"
ဖြင့် ကျမ်းဂန်များရေးသားပြုစုတော်မူသောကြောင့်" ဘာသာဋီကာ ဆရာ
တော်"ဟုထင်ရှားတော်မူသလို ဆရာတော်သည်လည်း "ပန်းကုံးအမည်"
ဖြင့် ကျမ်းဂန်များရေးသားပြုစုတော်မူသောကြောင့် "ပန်းကုံးဆရာတော်"
ဟုထင်ရှားသည်။မြောင်းမြ!တိုက်သစ် ပဇ္ဇောတာရုံဆရာတော် !မှော်ဘီ!
သာသနာ့ဝန်ဆောင်ဆရာတော်ဟုလည်း လူသိများသည်။ဝိနည်းသိက္ခာ
ပုဒ်တော်များကို အထူးလေးစားသော"ဝိနည်းဓိုရ်ဆရာတော်"အဖြစ်လည်း
ကျော်ကြားသည်။
     ဆရာတော်သည် အလွန်တည်ကြည်၍ ကြီးမားသော  ဣနြေ္ဒတို့နှင့်
ပြည့်စုံတော်မူသည်။ကျောင်းတိုက်သံဃာများအား တိကျသောစည်းကမ်း
များချမှတ်၍ တစ်သဝေမတိမ်း လိုက်နာကျင့်သုံးစေသည်။ ဤစာရေးသူ
မိမိသည်ပင် ဆရာတော်၏မေတ္တာရိပ်ကိုခိုလုံ၍ ပညာသင်ကြားဆည်းပူး
ခဲ့ဖူးသောကြောင့် စည်းကမ်းနှင့်ပတ်သက်လျှင် ဆရာတော်၏ ပြတ်သား
ခိုင်မာသော သံမဏိစိတ်ဓာတ်ကို သိခွင့်ရခဲ့သည်။အထူးလေးစား ကြည်
ညိုခွင့်ရခဲ့သည်။
    ဆရာတော်၏ ထေရုပ္ပတ္တိကို ဆရာတော်ရေးသားသည့်"အလင်္ကာပန်း
ကုံးကျမ်း"နိဂုံးပိုင်း စာမျက်နှာ ၄၄၆ တွင် ကိုယ်တော်တိုင်ရေးသားဖော်ပြ
တော်မူခဲ့သည်။ဤ၌ ဆရာတော်၏ ထေရုပ္ပတ္တိကို  ယင်းအလင်္ကာပန်းကုံး
ကျမ်းမှထုတ်နှုတ်၍လည်းကောင်း!ဆရာတော်၏ ၁၃၅၄-ခုနှစ်!အဂ္ဂမဟာ
ပဏ္ဍိတဘွဲ့ရစဉ်ကဖော်ပြခဲ့သည့် ထေရုပ္ပတ္တိကို မှီငြမ်းပြု၍လည်းကောင်း
အများသူ ငါ သိခွင့် ကြည့်ညိုခွင့်ရရှိစေရန် ပူဇော်တင်ပြလိုက်ရပါသည်။
    ဆရာတော်လောင်းလျာကို ရခိုင်ပြည်နယ်!မာန်အောင်မြို့နယ်!သစ်ဝ
ကျေးရွာ၌ ခမည်းတော် ဦးမောင်ကျန်း!မယ်တော် ဒေါ်ငယ်တို့မှ ၁၂၈၀-
ခုနှစ်!တန်ဆောင်မုန်းလဆန်း(၁)ရက်!တနင်္လာနေ့တွင်ဖွားမြင်တော်မူခဲ့
သည်။(အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ရစဉ်က ထေရုပ္ပတ္တိတွင်(၂)ရက်ဟုတွေ့ရ
သည်။)
   ၁၃၀၂-ခုနှစ်!တပေါင်းလပြည့်နေ့တွင် တောင်နီဆရာတော်ဘုရားကြီး
ကို ဥပဇ္ဈာယ်ပြု၍  မယ်တော်၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ မြင့်မြတ်သော
ရဟန်းအဖြစ်သို့ရောက်ရှိတော်မူခဲ့သည်။
    မာန်အောင်မြို့နယ်!နတ်ပြင်ဆရာတော် ဘဒ္ဒန္တရာဇိန္ဒ!မြောင်းမြမြို့!
ပဇ္ဇောတာရုံပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနိဿရိယ ဆရာတော် ဘ
ဒ္ဒန္တဉာဏာဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ!ရွှေကျင်သာသနာပိုင်)!ဘုန်းကြီးဥုး
ဉာဏိက(ဘာသန္တရဆေက!အဂ္ဂမဟာပဏ္ဍိတ)(အင်္ဂလန်ဆရာတော်)ဘု
န်းကြီး  ဥုးပညာဇောတ(အဂ္ဂမဟာပဏ္ဍိတ!ပဲခူး  သာသနာ့မဏ္ဍိုင်ဆရာ
တော်)ပဲခူးတိုင်း!လက်ပံတန်းမြို့!အဘိဓဇ မဟာရဋ္ဌဂုရု လက်ပံတန်းဆ
ရာတော်!မန္တလေး!မစိုးရိမ်တိုက်ဆရာတော် ဘဒ္ဒန္တသူရိယာဘိဝံသ(အဘိ
ဓဇ မဟာရဋ္ဌဂုရု)!စစ်ကိုင်းတောင်ရိုး!ပဋ္ဌာန်းသိပံ္ပဆရာတော် ဘဒ္ဒန္တ ဣန္ဒ
က(အဂ္ဂမဟာပဏ္ဍိတ)!ရွှေဟင်္သာတိုက်သစ်(အဘိဓဇ မဟာရဋ္ဌဂုရု!ရွှေ
ကျင်သာသနာပိုင်)ဆရာတော်!အမရပူရ!မဟာဂန္ဓာရုံဆရာတော် အရှင်ဇ
နကာဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ)စသော ကျမ်းတတ်အကျော်ဆရာတော်
ကြီးများထံ ပညာသင်ကြားဆည်းပူးခဲ့သည်။
     ၁၃၁၁-ခုနှစ်!ဓမ္မာစရိယ(စာချတန်း)စာမေးပွဲကို မြောင်းမြမြို့!ပဇ္ဇော
တာရုံတိုက်မှဝင်ရောက်ဖြေဆိုခဲ့ရာကျမ်းရင်း(၃)ကျမ်းကို ဂုဏ်ထူးဆောင်
(၆)ကျမ်းနှင့်တကွအောင်မြင်တော်မူ၍"သာသနဓဇ သိရီပဝရဓမ္မာစရိယ"
ဘွဲ့ကိုရရှိတော်မူခဲ့သည်။
      မြောင်းမြ!ပဇ္ဇောတာရုံတိုက်  စာချဂဏဝါစကတာဝန်!အုပ်ချုပ်ရေး
တာဝန်!ပါဠိတက္ကသိုလ် ကိုယ်စားလှယ်! ပါဠိတက္ကသိုလ်ဗဟိုဝန်ဆောင်
အဖွဲ့ အဖွဲ့ဝင်တာဝန်များကို(၁၀)နှစ်တိုင်ထမ်းဆောင်တော်မူခဲ့သည်။
   မြောင်းမြ!တိုက်သစ်ပဇ္ဇောတာရုံတိုက်နှင့် မှော်ဘီ!သာသနာ့ဝန်ဆောင်
ကျောင်းတိုက်တို့ကို တည်ထောင်တော်မူခဲ့သည်။
    ၁၃၅၄-ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ဆက်ကပ်သော"အဂ္ဂမဟာပဏ္ဍိ
တ"ဘွဲ့ကိုအလှူခံရရှိတော်မူသည်။
    ဆရာတော်သည် "ပန်းကုံး"အမည်ဖြင့်လည်းကောင်း!အခြားသော အ
မည်တို့ဖြင့်လည်းကောင်း ကျမ်းစာများရေးသားခဲ့သည်။ ဆရာတော်ရေး
သားခဲ့သောကျမ်းစာများသည် အထူးထင်ရှား၍ပညာရှင်များ ချီးကျူးလေး
စားရသော ဂန္ထဝင်မြောက် ကျမ်းစာများဖြစ်သည်။ ဆရာတော်ရေးသားခဲ့
သောကျမ်းဂန်(ကျမ်းစာ)များမှာ အောက်ပါအတိုင်းဖြစ်သည်။
     (၁)အလင်္ကာပန်းကုံး
     (၂)မာတိကာ ဓာတုကာပန်းကုံး
     (၃)ယမကပန်းကုံး(ပ/ဒု)
     (၄)ပဋ္ဌာန်းပန်းကုံး
     (၅)ကဗျာ့အုတ်မြစ် စနစ်သစ်(ကဗျာဖွဲ့နည်းကျမ်း)
     (၆)အဘိဓမ္မတ္ထသင်္ဂဟပန်းကုံး
     (၇)မြောင်းမြဆရာတော်နှင့် ဗုဒ္ဓမြတ်စွာ သာသနာ
     (၈)ဗုဒ္ဓအလိုတော်ကျ ကျင့်သုံးနေထိုင်နည်း
     (၉)ဗုဒ္ဓအလိုတော်ကျ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး
     (၁၀)ဝိနယသင်္ဂဟပန်းကုံး
     (၁၁)ဓာတွတ္ထပန်းကုံး
     (၁၂)ဓမ္မပဒပန်းကုံး
     (၁၃)ကိုယ့်ကျင့် မင်္ဂလာ(မင်္ဂလာအဖွင့်ကျမ်းကြီး)
     (၁၄)ဝိနယသင်္ဂဟအဋ္ဌကထာပန်းကုံး
     (၁၅)သာသနာ့ဝန်ဆောင် တိပိဋကအဘိဓာန်(ပါဠိအဘိဓာန်ကျမ်း
           ကြီး)(ပ/ဒု/တ)စသည်တို့ကိုရေးသားပြုစုတော်မူခဲ့သည်။
    ဆရာတော်သည် သာသနာအကျိုး!စာပေအကျိုးတို့ကို ထမ်းဆောင်
သယ်ပိုးဆောင်ရွက်တော်မူရင်း ၁၃၆၃-ခုနှစ်!သက်တော်(၈၃)နှစ်!ဝါေ
တာ်(၆၃)ဝါအရတွင် ရန်ကုန်မြို့၌ ဘဝနတ်ထံ စံလွန်တော်မူခဲ့သည်။
        ဤသို့လျှင် ဗုဒ္ဓမြတ်စွာ သာသနာတော်၌ အလွန်ထင်ရှားတော်
မူသော ဂန္ထဝင်မြောက် ကျမ်းပြုအကျော် ပန်းကုံးဆရာတော်ဘုရားကြီး
အား သာသနာ့အာဇာနည်ပုဂ္ဂိုလ်ထူးအဖြစ် ရခိုင့်သမိုင်းစာမျက်နှာ(သို့
မဟုတ်)သာသနာ့သမိုင်းစာမျက်နှာတို့၌ မှတ်တမ်းတင်ကြရမည်သာ
ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

                             Credit >>           စာပေလုလင်(ဂန္ထဝင်ရွှေမြေ)
                              (၂၄-၈-၂၀၂၁)ညနေ ၄းနာရီ ၃၅ မိနစ်

Comments