သံတွဲမြို့ သရက်ပင်ကွင်း‌ကျေးရွာ အပိုင်တွင်တွေ့ရှိခဲ့သည့် အလျှား72-ပေ လုံးပါတ် 27-ပေ အလေးချိန် 80-တန်ခန့် ရှိ ဝေလငါးကြီး

သံတွဲမြို့ သရက်ပင်ကွင်း‌ကျေးရွာ အပိုင်တွင်တွေ့ရှိခဲ့သည့် အလျှား72-ပေ လုံးပါတ် 27-ပေ အလေးချိန် 80-တန်ခန့် ရှိ ဝေလငါးကြီး
=========================




1987 ခုနှစ် ဇန်နဝါရီလ 19 ရက်  တွင် ရခိုင်ပြည်နယ် သံတွဲမြို့နယ် သရက်ပင်ကွင်းကျေးရွာအုပ်စုအပိုင် အပေါ်ရေကျွန်းအနီးတွင် စူးတောင်‌ဝေလငါးကြီးတစ်ကောင်သောင်တင်သေဆုံးခဲ့သည်
အဆိုပါငါးကြီးအား လုံးသာကျေးရွာသို့ မော်တော်နှစ်စီးဖြင့်ဆွဲယူကာ အုန်းဆံကြိုးစက်ရှိရာကမ်း‌ခြေတွင် လယ်ထွန်စက်နှစ်စီးဖြင့်ကမ်းပေါ်သို့ဆွဲတင်ရာ လုံးဝဆွဲတင်၍မရခဲ့ပါ 
သို့ပါ၍ ပင်လယ်ရေကျချိန်တွင် ကုန်းတစ်ပိုင်းရေတစ်ပိုင်းတင်နေသောငါးကြီးအား သံတွဲအကျဉ်းထောင်မှ အကျဉ်းသားများခေါ်ယူ၍ အသားများဖျက်ယူသော်လည်း ငါးအကောင်ကြီးလွန်းသဖြင့်
မနိုင်ပဲ ရက်ကြာလာကာ လုံးသာရွာအားအပုပ်နံ့နံမည်စိုး၍
စက်လှေကြီးများနှင့်ပြန်လည်ဆွဲချကာ အဘဲကျေးရွာအနီးကမ်းခြေတွင်သွားရောက်ထားခဲ့ရသည်
လုံးသာကျေးရွာတွင်ငါးကြီးရှိစဉ် လာရောက်ကြည့်ရှုသူများအလွန်များပြားခဲ့သည်
ကျွန်တော်စာရေးသူသည်လည်း သွားရောက်ကြည့်ရှုခဲ့သည်
ငါးကြီးအား‌လက်လှော်လြှေဖင့်တစ်ပါတ်ကြည့်ခသည်ပင်အတော်များသည်(မည်မျှပေးရသည်မမှတ်မိတော့)
ငါးကြီးမှာ
အလျှား_72-ပေ
လုံးပါတ်-27-ပေ
အမြီးဖျားအကျယ်-7-ပေ 8-လက္မ
အလေးချိန်-80-တန်ခန့်ရှိသည်
Crd- Thein Zan 
အဆိုပါငါးကြီး၏အရိုးးစုအား ရန်ကုန်ရှိ ငါးပြတိုက်တွင် မြန်မာနိူင်ငံတွင်တွေ့ရှိသည့် အကြီးဆုံးငါးကြီးအဖြစ်မှတ်တမ်းတင်ပြသထားပါသည်
ကျွန်တော်တို့သံတွဲမြို့နယ်အပိုင် သရက်ပင်ကွင်းကျေးရွာတွေ့တွေ့ရှိခဲ့သည့်ဂုဏ်ယူစရာငါးကြီးပင် Credit 






Comments

Popular posts from this blog

ရခိုင်မင်းသား ဒွန်မာတင်နောက် အနှစ် ၂ဝဝ အတွင်း ဥရောပမှာ စစ်ပညာသင်ခဲ့သူ ဘယ်သူလဲ

ရမ္မာဝတီ ရခိုင်မိသားစု ဆွေမျိုးတော်စပ် ခေါ်ဝေါ် ကြပုံ နှင့် အမည်ပေးပုံ စနစ်

ဧရာဝတီ မိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ (၂)