မဂိုအင်ပါယာ၏ ပထမဆုံးသော ဧကရာဇ်ဘုရင် ဘာဘူရ် ဒင်္ဂါးများ (၁၅၂၆-၃၀)
မဂိုအင်ပါယာ၏ ပထမဆုံးသော
ဧကရာဇ်ဘုရင် ဘာဘူရ် ဒင်္ဂါးများ (၁၅၂၆-၃၀)
==========================
******************
မောင်ဖြူ (ကြွီတဲကျွန်း)
---------------------
မဂိုအင်ပါယာကို စတင်တည်ထောင်ခဲ့သော ဘာဘူရ် (Babur) ဧကရာဇ်ဘုရင် ကို ဖခမည်းတော်အူမာရှိုက်မီရ်ဇာ၊ မည်တော် ကွတ်လတ်နီဂါခါနာမ် တို့မှ (၁၄ ဖေဖော်ဝါရီ ၁၄၈၃ )ခုနှစ်တွင် ဥဇဘက်ကစ္စတန် တွင်မွေးဖွားခဲ့သည်။ သူ၏အမည်အပြည့်အစုံမှာ “Zahir ud- Din Muhammad Babur” ဖြစ်သည်။ ဘာဘူရ်သည်( ၁၅၂၆ ) ခုနှစ်တွင် ဟိန္ဒူ ဘုရင်များ ထိန်းချုပ်ထားသည့် ဒေသများကို စတင်ကျူးကျော် သိမ်းပိုက်လာသည်မှာ အိန္ဒိယမြောက်ပိုင်း မှ အာဖဂန်နစ္စတန်အနောက်ပိုင်းထိ တိုးချဲ့နိုင် ခဲ့ပြီး မဂိုအင်ပါယာကို တည်ထောင်ခဲ့သည်။ ထို့ကြောင့် ဘာဘူရ်သည် မဂိုအင်ပါယာ နှင့် မဂိုမင်းဆက် ကို စတင်တည်သော ဘုရင်တစ်ပါးဖြစ်ပြီး၊ မဂိုအင်ပါယာ၏ ပထမဆုံးသော ဧကရာဇ်ဘုရင် လည်းဖြစ်သည်။
မဂိုဧကရာဇ်ဘုရင် ဘာဘူရ် တွင် မိဖုရားများစွာရှိသော်လည်း မဂိုတရားရုံ၏ တရား၀င် အသိ အမှတ်ပြု ခံရသူမှာ မဟန် ဘီဂမ်(သို့) မဟိန်းဘီဂျမ် Maham Begam (သို့) Mahim Begum ဖြစ် သည်။ ထို မိဖုရားသည် မဂိုအင်ပါယာ၏ ပထမဆုံးသော ဧကရီဘုရင်မဖြစ်သည်။
ဘာဘူရ်သည် ဥဇဘက်ကစ္စတန် နှင့် ကာဂျစ္စတန်နိုင်ငံတို့တွင် အမျိုးသားသူရဲကောင်းတစ် ဦးလည်းဖြစ်သည်။ မဂိုအင်ပါယာ၏ ပထမဆုံးမြို့တော်မှာ အဂ္ဂါရာ(Agra) မြို့ဖြစ်၏။ ထို့မြို့သည် အိန္ဒိယနိုင်ငံ ဒေလီမြို့ အရှေ့တောင်ဘက်တွင် တည်ရှိသည်။
ဧကရာဇ်ဘုရင် ဘာဘူရ် သည် နန်းစံ (၄) နှစ်၊ (၁၅၃၀ ခု ဒီဇင်ဘာ ၂၆ ရက်)နေ့တွင် အဂ္ဂါရာ မြို့ ၌ နတ်ရွာစံသည်။ ဘာဘူရ်ကို Agra တွင် ပထမဆုံး သင်္ဂြိုလ်ခဲ့သော်လည်း သူ၏ဆန္ဒအရ သူရုပ်ကြွင်းကို နောင်တွင် အာဖကန်နစ္စတန် ကဘူးလ် Kabul သို့ ရွှေ့ပြောင်းပေးခဲ့သည်။
မဂိုအင်ပါယာကို စတင်တည်ထောင်သူ ဧကရာဇ်ဘုရင် ဘာဘူရ် (Babur- 1526-30)နှင့် ခေတ်ပြိုင်အားဖြင့် ယင်းကာလ၌ ရခိုင်ပြည် မြောက်ဦးနန်းတော်တွင် စိုးစံနေသော ရခိုင်ဘုရင်မှာ မင်းခေါင်ရာဇာ (အေဒီ ၁၅၂၁-၁၅၃၁) ဖြစ်သည်။ မင်းခေါင်ရာဇာ ဆိုသည်မှာ မြောက်ဦးခေတ်တွင် (၁၂) ပါးမြောက် ရခိုင်ဘုရင်ဖြစ်သည်။
ဘာဘူရ် ဧကရာဇ်ဘုရင်သည် ရွှေဒင်္ဂါး ငွေဒင်္ဂါးများကို ခပ်နှိပ်သုံးစွဲခဲ့သည်။ ရှာဖွေတွေ့ရှိရ သော မဂိုဧကရာဇ်ဘုရင် ဘာဘူရ်၏ ဒင်္ဂါးများကို ဖော်ပြလိုက်သည်။
Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။