Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

အာဏာရှိ လူမျိူးများ ပြောပေးပါ

အာဏာရှိ လူမျိူးများ ပြောပေးပါ
°°°°°°°°°°°°°°°°°°°°°°°°°°°
ဗမာပြည်မှ ရာဇကုမာရ် ကျောက်စာဟာ ကောဇာသက္ကရာဇ် ၄၇၅ ၊ AD 1113 ထိုး ၁၂ ရာစု ထိုးအဆင့်သာရှိပြီး ။ကျောက်စာ လေးဖက် မျက်နှာမှာ ပါဠိ ၊ ပျူ ၊ မွန် ၊ မြန်မာ၊ ကာလတစ်ခုတည်းတွင်း ရေးထိုးသော လေးဘာသာထိုး ကျောက်စာတစ်ချက်ဖြစ်သည်။

ရခိုင်ပြည်မှ အာနန္ဒစနြ္ဒ ကျောက်စာဟာ ကျောက်စာပါ အောက်ဆုံးစာလုံး 
စာကြောင်းရေ ၇၂ မှာ ကျသရေရှိစွာ ပေါ်လွင်ထင်ရှာ၍ ပြည့်စုံစွာပြီးမြောက်အောင်မြင်သတည်လို့ ရေးထားပြီး
၇၃ နောက်ဆုံးစာကြောင်းမှာ ရေးထိုးသက္ကရာဇ်ဟုယူဆရသော ဧကဒဿမ = (၁၁) ဟုရေးထားသည် ။ ဤသည်ကို ကြည့်ခြင်းဖြင့် AD 649 ၊ ၇ရာစု ထိုးကျောက်စာ တစ်ချပ်ဖြစ်ပြီး လေးဖက်ပါ ကျောက်စာတစ်ချပ်တွင် သုံးဖက်သာ စာထိုးထားပြီး.. တစ်ဖက်နှင့် တစ်ဖက် စာရေးထိုးသောနှစ်မှာ ပညာရှင်များက နှစ် ၂၀၀ စီခြားနားပြီး ရေးထိုးထားသော ကျောက်စာတစ်ချပ်ဖြစ်သည်။ အလွန်တရာမှ ရှေးကျပြီး မည်သည့်နိုင်ငံမှ ဒီလို ကျောက်စာမျိုးမရှိသေးသော ကမ္ဘာမှာ တစ်ခုတည်းသော ရှားပါး ကျောက်စာ တစ်ချပ်လည့်ဖြစ်သည် ။ ရာဇကုမာရ်ကျောက်စာထက် နှစ်ပေါင်း ၄၆၄ နှစ်ရှေးကျနေသည် ။
ဤသည်ကို သက္ကရာဇ် AD 1113 ထိုး ကျောက်စာတစ်ချပ်သာ ကမ္ဘာ့အဆင့် ယူနီစကို ၂၄.၅.၂၀၁၆ တွင်သွင်းခံရပြီး ။ https://www.facebook.com/Officialmorac/videos/568471246648095/
 
ရာဇကုမာရ်ကျောက်စာထက်
နှစ်ပေါင်း ၄၀၀ ကျော် ရှေးကျနေတဲ့ အာနန္ဒစနြ္ဒကျောက်စာ တစ်ချပ်က ၃၀. ၅. ၂၀၁၈ ခုနှစ်  အာရှပစိဖိတ်ဒေသဆိုင်ရာ အမွေအနှစ် အဆင့်အဖြစ်သာ သတ်မှတ်ခံရခြင်းက အဘယ်ကြောင်းနည်း။

ယူနက်စကို၀င်မယ်ဟာက အစိုးရဌာန က ဦးဆောင်ပြီးလုပ်မှ ဖြစ်တာပါတဲ့။၊








•••••••••••••••••••••
Zaw Zaw (ရက္ခပူရတိုင်း)

Comments