ရခိုင် ဓညဝတီ> ဝေသာလီ> လေးမြို့> မြောက်ဦး ဆက်စပ်မှု

ရခိုင်ဝေသာလီခေတ်က လူမျိုးတွေဟာ လက်ရှိ ရခိုင်လူမျိုးတွေ မဟုတ်ဘူး.. ဆိုပြီး ပြောနေတဲ့ လူပိန်းတွေ သိစေဖို့ပါ။ 

ဝေသာလီခေတ်ဟာ လက်ရှိ ရခိုင်လူမျိုးတွေ မဟုတ်ရင် ဒီလို ကခဂဃင ( ၃၃ ) ဗျည်းဖြင့် ကဗျာလင်္ကါ စပ်ဆိုနိုင်လိမ့်မယ်မဟုတ်။ ဗျည်း ၃၃ လုံး ဟန်စွလေ လှေလှော်သံ
••••••••••
ရခိုင်ဘုရင် စူဠစနြ္ဒမင်းလက်ထက်တွင် အမတ်ကြီးဓမ္မဇေယျ မှ 
 👉
https://m.facebook.com/story.php?story_fbid=3463284870563532&id=100006461585731

ဒါအပြင် ရခိုင်မင်းဆက်များကို သေချာလေ့လာပြီးမှပြောပါ။ 
ရခိုင်မှာ ခေတ်တွေ ဘယ်လို အမည်ပြောင်းပြောင်း မင်းဆက်တွေက သားစဉ်မြေးဆက် ညီ ယောက်ဖ တူ စသည်တွေနဲ့ ဆွေစဉ်မျိုးဆက် ရှိတယ်။ 

ဓညဝတီခေတ်( ပ.ဒု.တ) မာရယုမင်းကစပြီး သူရိယကေတုမင်း အဆုံး။ စုစုပေါင်း မင်းဆက် (၁၀၇)မင်းဆက်တည်။
👉👉ဓညဝတီအဆက်>>> ဝေသာလီခေတ်>>>>>👉👉👇

ဝေသာလီခေတ်ကို....
ဓညဝတီက> သူရိယကေတုမင်း၏သား> မဟာစန္ဒြမင်း> ဝေသာလီကို စတည်၊ စူဠစန္ဒြမင်း၏သား 
ငတုံမင်း အဆုံး။ စုစုပေါင်း မင်းဆက်( ၁၀ ) တည်။
👉👉​ဝေသာလီ​ခေတ် အဆက်>>> လေးမြို့ခေတ်>>>>>👇👇👇

လေးမြို့ခတ်ကို.... ဝေသာလီက စူဠစန္ဒြမင်း၏တူ > စန္ဒကူးသား > ခေတ္တသင်မင်း လေးမြို့ကို စတည်၊ သိင်္ဂသူမင်း အဆုံး၊ စုစုပေါင်း( ၅၈) မင်းဆက် တည်။ 
👉👉 လေးမြို့ခေတ် အဆက်>>> မြောက်ဦးခေတ်>>>>>👉👇👇

မြောက်ဦးခေတ်ကို.... လေးမြို့က ရာဇသူမင်းကြီး၏သား> မင်းစောမွန် မြောက်ဦးကို စတည်။ မဟာသမ္မတရာဇာ အဆုံး။ စုစုပေါင်း ( ၄၉ ) မင်းဆက်တည်။ 

ဒီတော့ မြောက်ဦးခေတ်က နောက်ဆုံး ဘုရင် မဟာသမ္မတရာဇာ နဲ့ ဝေသာလီခေတ်က စူဠစန္ဒြမင်း နဲ့ ဘာတော်စပ်မလဲ့ဆိုတာ ကိုယ့်ဟာကို သုံးသပ်ရှာပေါ့။
 ရခိုင်ဘုရင်မင်းဆက်များ https://m.facebook.com/story.php?story_fbid=3440031366222216&id=100006461585731

ဒီလို ဘာမှ အဆက်အစပ်ကိုမှ မသိပဲ ချီးယမ်းယမ်းပြီး ဝေသာလီနဲ့ မြောက်ဦး ဘာမှ မဆက်စပ်ဘူးတို့.. လက်ရှိရခိုင်တွေက ပုဂံလာတာတို့ လျောက် ပြောနေတာတွေက လူပိန်းတွေအတွက်က ယုံချင် ယုံကြလိမ့်မယ်။ 


~~~~~~~~~~
Zaw Zaw (ရက္ခပူရတိုင်း)

Comments

Popular posts from this blog

ရခိုင်မင်းသား ဒွန်မာတင်နောက် အနှစ် ၂ဝဝ အတွင်း ဥရောပမှာ စစ်ပညာသင်ခဲ့သူ ဘယ်သူလဲ

ဧရာဝတီ မိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ (၂)

မြို့မောင်တော မှ မဟာကျန်ဘုရား