Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရခိုင် ဓညဝတီ> ဝေသာလီ> လေးမြို့> မြောက်ဦး ဆက်စပ်မှု

ရခိုင်ဝေသာလီခေတ်က လူမျိုးတွေဟာ လက်ရှိ ရခိုင်လူမျိုးတွေ မဟုတ်ဘူး.. ဆိုပြီး ပြောနေတဲ့ လူပိန်းတွေ သိစေဖို့ပါ။ 

ဝေသာလီခေတ်ဟာ လက်ရှိ ရခိုင်လူမျိုးတွေ မဟုတ်ရင် ဒီလို ကခဂဃင ( ၃၃ ) ဗျည်းဖြင့် ကဗျာလင်္ကါ စပ်ဆိုနိုင်လိမ့်မယ်မဟုတ်။ ဗျည်း ၃၃ လုံး ဟန်စွလေ လှေလှော်သံ
••••••••••
ရခိုင်ဘုရင် စူဠစနြ္ဒမင်းလက်ထက်တွင် အမတ်ကြီးဓမ္မဇေယျ မှ 
 👉
https://m.facebook.com/story.php?story_fbid=3463284870563532&id=100006461585731

ဒါအပြင် ရခိုင်မင်းဆက်များကို သေချာလေ့လာပြီးမှပြောပါ။ 
ရခိုင်မှာ ခေတ်တွေ ဘယ်လို အမည်ပြောင်းပြောင်း မင်းဆက်တွေက သားစဉ်မြေးဆက် ညီ ယောက်ဖ တူ စသည်တွေနဲ့ ဆွေစဉ်မျိုးဆက် ရှိတယ်။ 

ဓညဝတီခေတ်( ပ.ဒု.တ) မာရယုမင်းကစပြီး သူရိယကေတုမင်း အဆုံး။ စုစုပေါင်း မင်းဆက် (၁၀၇)မင်းဆက်တည်။
👉👉ဓညဝတီအဆက်>>> ဝေသာလီခေတ်>>>>>👉👉👇

ဝေသာလီခေတ်ကို....
ဓညဝတီက> သူရိယကေတုမင်း၏သား> မဟာစန္ဒြမင်း> ဝေသာလီကို စတည်၊ စူဠစန္ဒြမင်း၏သား 
ငတုံမင်း အဆုံး။ စုစုပေါင်း မင်းဆက်( ၁၀ ) တည်။
👉👉​ဝေသာလီ​ခေတ် အဆက်>>> လေးမြို့ခေတ်>>>>>👇👇👇

လေးမြို့ခတ်ကို.... ဝေသာလီက စူဠစန္ဒြမင်း၏တူ > စန္ဒကူးသား > ခေတ္တသင်မင်း လေးမြို့ကို စတည်၊ သိင်္ဂသူမင်း အဆုံး၊ စုစုပေါင်း( ၅၈) မင်းဆက် တည်။ 
👉👉 လေးမြို့ခေတ် အဆက်>>> မြောက်ဦးခေတ်>>>>>👉👇👇

မြောက်ဦးခေတ်ကို.... လေးမြို့က ရာဇသူမင်းကြီး၏သား> မင်းစောမွန် မြောက်ဦးကို စတည်။ မဟာသမ္မတရာဇာ အဆုံး။ စုစုပေါင်း ( ၄၉ ) မင်းဆက်တည်။ 

ဒီတော့ မြောက်ဦးခေတ်က နောက်ဆုံး ဘုရင် မဟာသမ္မတရာဇာ နဲ့ ဝေသာလီခေတ်က စူဠစန္ဒြမင်း နဲ့ ဘာတော်စပ်မလဲ့ဆိုတာ ကိုယ့်ဟာကို သုံးသပ်ရှာပေါ့။
 ရခိုင်ဘုရင်မင်းဆက်များ https://m.facebook.com/story.php?story_fbid=3440031366222216&id=100006461585731

ဒီလို ဘာမှ အဆက်အစပ်ကိုမှ မသိပဲ ချီးယမ်းယမ်းပြီး ဝေသာလီနဲ့ မြောက်ဦး ဘာမှ မဆက်စပ်ဘူးတို့.. လက်ရှိရခိုင်တွေက ပုဂံလာတာတို့ လျောက် ပြောနေတာတွေက လူပိန်းတွေအတွက်က ယုံချင် ယုံကြလိမ့်မယ်။ 


~~~~~~~~~~
Zaw Zaw (ရက္ခပူရတိုင်း)

Comments