(ပုဂံရောက် ရခိုင်စာ အရေးအသား )
ပုဂံပြည်ရောက် လင်္ကျာမင်းနန်နှင့် နောက်လိုက်တို့မှာ ဗုဒ္ဓဝါဒနှင့် စာပေကို မပြတ် လေ့လာ ဆည်းပူး ကြမည်မှာ မလွဲပေ။ ရခိုင်တို့၏ စာပေ ယှဉ်ကျေးမှု အလေ့အထ ဗုဒ္ဓဘာသာ ကိုးကွယ်မှု တို့ကို ပုဂံသားတို့ မုချတွေ့မြင် ကြရမည် ဖြစ်သည်။ အနော်ရထာမင်းသည် သထုံမှ ရှင်အာရဟံ ပုဂံသို့ မရောက်မှီ ကတဲကိုက ရခိုင်သို့ စစ်ချီဖူးလေရာ ရခိုင်သားတို့ ကိုးကွယ်သော ဗုဒ္ဓဘာသာနှင့် မိမိတို့ ကိုးကွယ်သော ကာမကို အလျှူခံသော အရည်းကြီး ဗုဒ္ဓ သာသနာ တို့၏ ကွဲပြား ခြားနားမှုကို တွေ့ခဲ့ရမည်ဖြစ်သည်။ ပုဂံခေတ်တွင် ပုဂံနှင့် မဇ္စျိမဒေသ သည် ကူးလူး ဆက်ဆံမှု မရှိသည့် အတွက် စာပေရေးသားရာ၌ မြောက်ပိုင်း ဗြာဟ္မီ အက္ခရာ အစား ပျူစာကိုသာလျှင် အဓိက ရေးသားသုံးစွဲ ကြလေသည်။ ထို့ပြင် ပျူခေတ်နှင့် ပုဂံ ခေတ်တွင် ရေးထိုးထားသော ကျောက်စာများမှာ ရခိုင်ပြည်ရှိ ကျောက်စာများထက် နောက်ကျ ကြောင်း ပညာရှင်များ လက်ခံထားကြသည်။ ဤနေရာတွင် တခုသတိ ထားသင့် သည်မှာ မွန်ထက် ဗမာသည် ယှဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာ ကိုးကွယ်မှုမှာ စောနေခြင်းပင် ဖြစ်ပါသည်။ ပုဂံသားတို့သည် ယှဉ်ကျေးမှု မြင့်မားသော ရခိုင်တို့၏ စာပေ ယှဉ်ကျေးမှု အတတ် ပညာကို အတုယူ၍ စာပေရေးသားမှု တိုးတက်လာသည်။ ရခိုင်သားတို့ ပုဂံပြည်သို့ ရောက်သွားခြင်းကြောင့် သည်သာလျှင် ရခိုင်စာဖြစ်သော မြမ္မာစာကို ဗမာတို့ ရေးတတ် သွားခြင်းဖြစ်သည်။ ထို့ကြောင့် လေးလုံးစပ် ဖြစ်သော တူရွင်းတောင် ကဗျာနှင့် အနန္တသူရိယ အမတ်၏ မျက်ဖြေ လင်္ကာ အဆုံး စာပေရေးသား ဖွဲ့နွဲ့ပုံမှာ ရခိုင်၏ ဖွဲ့နွဲ့ပုံနှင့် အတူတူပင် ဖြစ်ပါသည်။ ထို့ပြင် ဗမာတို့သည် ရခိုင်သားတို့၏ စာပေ ရေးသား ဖွဲ့နွဲ့ပုံ စနစ်ကို တချို့ တ၀က်မျှသာ ရေးတတ်သေးသည်။ ဇမ်းခြင်း၊ သာခြင်း၊ အဲခြင်း၊ ဒုံးခြင်း တို့ကို ယနေ့ထက်ထိ မရေးတတ် သေးပေ။
#အင်းဝခေတ် နာမည်ကြီး ပုဂ္ဂိုလ်များဖြစ်သော ရှင်မဟာရဋ္ဌသာရနှင့် ဘုရင်မင်းခေါင် တို့မှာ မြောက်ဦး မြို့တွင် ပရိယတ္တိ စာပေ သင်ကြားခဲ့ဖူးကြောင်း အထောက်အထား ရှိနေသည်။ ဗမာမင်း အဆက်ဆက်သည် မွန်တို့ထံ၌ ပညာဆည်းပူးကြောင်း သမိုင်းတွင် မတွေ့ရပေ။ ဗမာတို့သည် ပုဂံခေတ်မှစ၍ ရခိုင်နှင့် ပျို့၊ ကဗျာ၊ လင်္ကာ၊ ရကန် ရေးဟန်များမှာ အတူတူပင်ဖြစ်သည်။ သို့သော် ဝေါဟာရ မကြွယ်သော ဗမာတို့မှာ ကန်းပိုင်ကို ကန်ပိုင်ဟု ရေးသည်မှအပ အသံထွက်မှအစ ကွဲပြားမှု မရှိပေ။ ပုဂံခေတ် စာပေ ယU်ကျေးမှုထက် စောစီးစွာ ပျို့၊ ကပျာ(ကဗျာ)၊ လင်္ကာ၊ အဲ၊ အံ သာခြင်း နှင့်တကွ အဘက်ဘက်မှ စာပေ အရေး အသား ပြည့်စုံပြီး ဖြစ်နေသော ရခိုင်စာပေကို ဗမာတို့ မသိကျိုးကျွှံပြု၍ မြန်မာစာကို မွန်တို့ထံမှ ရသည်ဟု ဆိုကြလေသည်မှာ ပြောအားရှိ၍ ပြောခြင်းသည်သာ ဖြစ်ပါပေလိမ္မည်။ မင်းဘီလူး နန်းကျ အေဒီ ၁၀၆၈ မှ လင်္ကျာမင်းနန် နန်းရသည့်နှစ် အေဒီ ၁၁၀၃ ထိ ကြားကါလ ၃၅ နှစ်အတွင်း ပုဂံတွင် ရခိုင်သားတို့ နေထိုင်ခဲ့ကြသည်။ ရခိုင်ပြည်မှ လူတထောင်ခန့် ပုဂံတွင် ၃၅ နှစ်တိုင် နေထိုင်ခဲ့ ကြသည့်အတွက် လူမှုရေး နိုင်ငံရေး စီးပွားရေး ဘာသာရေး တို့မှာ တနည်းမဟုတ် တနည်းနှင့် ဆက်နွယ်မှု ရှိခဲ့ကြမည်မှာ အမှန်ပင် ဖြစ်ပါသည်။ ထို့ပြင် ဗမာဆရာတို့၏ ဗေဒင်တွက်ချက်မှု အရ ကျန်စစ်သား နန်းလုမည်ကို စိုးရိမ်၍ သုံးကြိမ် တိတိ လူသတ်ခဲ့သော အနော်ရထာမင်းသည် ရခိုင်ဗေဒင်ဆရာ တို့ကြောင့် အဖြစ်မှန်ကို သိကာ နောက် ထပ်မံ၍ လူသတ်ခြင်းမှ ရှောင်ရှားနိုင်ခဲ့သည်။ ထိုအချိန်က ပုဂံတွင် စစ်မှန်သော ဗုဒ္ဓအယူဝါဒ စတင် ထွန်းကားစ ပြုနေရာ ဗုဒ္ဓ၏ စစ်မှန်သော အယူဝါဒ ရှိသော ရခိုင်လူမျိုး တို့ကို ပုဂံသားတို့ အလိုရှိကြမည်မှာ မလွဲပေ။
ပျူစာမှ မြမ္မာစာသို့ အကူးနှစ်ပေါင်း ၂၀ ကျော် အတွင်းတွင် မြစေတီ ကျောက်စာကို ရေးခဲ့သည်။ ဤသို့ ရေးနိုင်သည်မှာ ရခိုင်သားတို့ ကြောင့်ပင် ဖြစ်သည်။ မြစေတီကျောက်စာတွင် ပျူစာ မွန်စာ ပါဠိ (မြမ္မာ)စာ မြမ္မာစာ လေးခုနှင့် ရေးထိုးထားရာ မြမ္မာဘက်သည် ရခိုင်ကို ကိုယ်စားပြု၍ ရေးထိုးထားသော စာသာ ဖြစ်လေ သည်။ မြစေတီ ကျောက်စာ၏ အရေးကြီးဆုံး အပိုင်းမှာ ပါဠိ အသံထွက် အတိုင်း မြမ္မာစာကို ရေးသားထားခြင်း ပင်ဖြစ်သည်။
#ပုဂံခေတ်မှ စ၍ ဗမာတို့ ပါဠိစာကို ရေးတတ်သည်ဟု ဆိုလျှင် မင်းတုန်းမင်း လက်ထက်၌ ရေးထိုးထားသော မန္တလေး ကျောက်စာတွင် ပါဠိ ၇၀၀ ကျော်ခန့် မှားရန်မသင့်ပေ။ ထို့ကြောင့် အမှန်အတိုင်း ပြောရမည်ဆိုလျှင် ပုဂံခေတ် မြစေတီ ကျောက်စာ ၏ ပါဠိဘာသာ အသံထွက်အတိုင်း ရေးခဲ့သူမှာ ရခိုင်သားတို့ သာလျှင် ဖြစ်ပေသည်။ ထို့ပြင် ပုဂံခေတ်တွင် ရေးထိုးသော မြစေတီ ကျောက်စာ ပါဠိစာနှင့် မင်းတုန်းမင်း လက်ထက် ရေးထိုးသော ကျောက်စာ နှစ်ခုကို ယှဉ်၍ လေ့လာပါက ပါဠိစာအရေးအသားတွင် မြစေတီ ကျောက်စာကို မမှီကြောင်းတွေ့ရ ပေလိမ့်မည်။
Credit: စာမူခ :
ဗမာ့စစ်ဝါဒအောက်မှလူမျိုးများနှင့်ဗုဒ္ဓသာသနာ
Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။