Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ဗြဟ္မီအက္ခရာဖြင့် ရေးထိုးထားသော ရခိုင်ပြည် ဒင်္ဂါးများ

ရှေးခေတ် ရခိုင်ပြည်မှ အပ ကမ္ဘာတွင် မည်သည့်နေရာမှ မတွေ့ရသည့် ဒင်္ဂါး၊ 
ရခိုင်ဓည၀တီပြည်သုံး ဒင်္ဂါးဖြစ်သောကြောင့် ဤဒင်္ဂါးကို ရခိုင်ဒင်္ဂါး ဟုခေါ်သည်။
ဗြဟ္မီအက္ခရာဖြင့် ရေးထိုးထားသောကြောင့် ဒီဒင်္ဂါးများသည် အေဒီ ၂-၃ ရာစု ထက် နောက်မကျသော ဒင်္ဂါးဖြစ်မည်ဟု ခန့်မှန်းရသည်။

မြန်မာနိုင်ငံတွင် တွေ့ရှိရသမျှသော ဒင်္ဂါးများ၌  ဗြဟ္မီအက္ခရာဖြင့် ရေးထိုးထားသော ဒင်္ဂါးများကို ယနေ့တိုင် မတွေ့ရှိရသေးပါ။ 

ဤဒင်္ဂါးများသည် မြန်မာနိုင်ငံတွင်  ဗြဟ္မီအက္ခရာ ထိုး အစောဆုံးဒင်္ဂါးဖြစ်ဟန်ရှိသည်။


Comments