ဒါက သရေခေတ္တရာ ပစ္စည်း မဟုတ်ပါ။
ဒါက သရေခေတ္တရာ ပစ္စည်း မဟုတ်ပါ။
ရခိုင်ကဟာပါ ဝေသာလီခေတ်
အာနန္ဒစန္ဒြမင်း သင်္ဂါယနာ တင်တဲ့အခါ ရွှေကြာ ငွေကြာ ဖြင့် ပြုလုပ်လှူဒါန်းတဲ့ အရာပါ
Post. . 👇👇
ရခိုင်ဝေသာလီခေတ် ငွေကြာပန်းတစ်ပွင့်
=========================
************************************
အာနန္ဒစနြ္ဒမင်း ဓာတ်တော်မွေတော် ဘုရားဆင်းတုတော်များကို ပူဇော်ရန် ပြုလုပ်ခဲ့သည်ဟု ယူဆရသော ရခိုင်ဝေသာလီခေတ်မှ ငွေကြာပန်းတစ်ပွင့်။
အာနန္ဒစနြ္ဒမင်းကျောက်စာ စာကြောင်းရေ 51/52 ၊ ဂါထာ( ၅၁) တွင် ရွှေကြာပန်း၊ ငွေကြာပန်းများ ပြုလုပ်ခဲ့သည်ကို အောက်ပါအတိုင်း ရေးထိုးထားသည်ကိုတွေ့ရသည်။
အာနန္ဒစနြ္ဒမင်းကြီးသည် သဒ္ဓါတရားထက်သန်စွာဖြင့်၊ ရွှေကြာပန်း ငွေကြာပန်းများစွာတို့ကို ၊ ကောင်းမြတ်သောရတနာများဖြင့်၊ စီချယ်ပြုလုပ်၍ မြတ်စွာဘုရားရှင်၏ ဓါတ်တော်တို့ကို၊ အမြဲတစေ ပူဇော်ကပ်လှူခြင်းငှါ ပြုလုပ်လေသည်။
မောင်ဖြူ (ကြွီတဲကျွန်း)
ပုံ..ဆရာကြီးဦးစံသာအောင်ဖော်ပြခဲ့သည့် ကြာပန်း



Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။