ဘာကြောင့် နွားသားကို အမဲသား လို့ခေါ်ကြသလဲ....?

-ဘာကြောင့် နွားသားကို အမဲသား လို့ခေါ်ကြသလဲ....?
_______________________________________________
 အသားစားသတ္တဝါထဲ၌တွင်..သရဲ၊ သဘက်    
 ဘီလူး၊ကျား၊ခြင်္သေ့..နှင့် တခြားသောမကောင်းဆိုးဝါးမိစ္ဆာများမှာ...
အသားထဲ၌..နွားသာ ကိုသာ အကြိုက်ဆုံးဖြစ်သည်။

နွားသား၏ အနံ့မှာလည်းအညှီဆုံးဖြစ်သလို
နွားသားစားခြင်းကြောင့်လည်းသွေးသား
 အားကောင်းခြင်းကို ဖြစ်စေသည်။

 ကြက်သေတော့.ကြက်သား.
ဝက်သေတော့ဝက်သားလို့ခေါ်ကြသည်မှာ
အမှန်တိုင်းပင်ဖြစ်သော်လည်း..
နွားသေတဲ့အသားကျတော့..အမဲသားဟူ၍.
 ခေါ်ဝေါ်ခြင်းမှာ.ထူးဆန်းလှသည့်အပြင်.
 ဘာကြောင့်အဲဒီလိုခေါ်ဝေါ်ခြင်းကို
 မသိသူကများပါသည်။

 အမဲသားဟုခေါ်ဝေါ်ခြင်းမှာ..
 မကောင်းသော.အမှောင်လောကသား တို့သာ
 ကြိုက်နှစ်သက်ကြသည်.စားကြသည်။
မက်မောကြသည်ဖြစ်၍သာမှန်လူသားတို့အနေနဲ့.
ဖြူစင်သန့်ရှင်းသောအသား
 မဟုတ်ကြောင်းကိုဆိုလိုသည်။

 မသန့်ရှင်းဟုဆိုသည်မှာ...
ရွံစရာကောင်းအောင်ညစ်ပတ်နေသည်ဟု
 ပြောသည်မဟုတ်ပါ။

 အကုသိုလ်တွေဖုံးလွှမ်းပေကျံနေသောကြောင့်..
 မကောင်းဆိုးဝါးများသာ.နှစ်သက်သောကြောင့်..
 မသန့်ရှင်း ၊ မဖြူစင်ဘူးဟုဆိုပါသည်။

 အမှောင်လောကသားတို့ ၊ပရလောကသားတို့..
 ကုသိုလ် နှင့် အကုသိုလ်ကို မသိနားမလည် 
 မခွဲခြားတတ်သော၊ မလုပ်နိုင်သောသူတို့သာ..
 စားမက်ဖွယ်ရာဟုသတ်မှတ်ထားသော
 အသားဖြစ်၍ အမဲသားဟုခေါ်ဝေါ်ကြသည်။

ထို့သို့..အမဲသားကို.ကြိုက်နှစ်သက်သော
စားသောက်ကြသော..သာမန်လူသားတို့တွင်..
ထိုသူတို့၏ခန္ဓာတွင်လည်းအင်မတန်
 ညစ်နွမ်းခြင်းအနံ့အသက်အညှီနံများ စွဲနေလေ၏။

 မိမိကိုယ်မိမိမသိသော်လည်း..
အထက်မှာဖော်ပြထားသည့်..အမဲသားကိုမက်မော
 နှစ်သက်စွာ.ကြိုက်နှစ်သက်သည့်
ပရေလောကသားများ၊ ကျားရဲတိရိစ္ဆာန်များ၊
 အစိမ်းသေ၊ သရဲ ၊သဘက်၊ ဘီလူးများ  မှာ
 ထိုအသား၏အနံ့ကို.ယဉ်ပါးနေပြီဖြစ်၍
 ထိုအသားကိုစားသောက်ထားသည့်သာမန်
 လူသားများကို အလွယ်တကူသိရှိကြ၏..
 အလှယျတကူ.အနံ့ရ၏။

 ထိုအနံ့ရရှိသောလူသားတို့ကိုလည်း
ထိုမိစ္ဆာတို့က..အမဲသားကိုကြိုက်နှစ်သက်မက်မောသလို..
ထိုအသားစားထားသောလူသားတို့ကိုလည်း
မက်မောကြ၏..ကြိုက်နှစ်သက်ကြ၏။

 သူတို့၏အကြိုက်ဆုံးအနံ့ ၊ အစားအသောက်သည်
 မည့်သည့်လူ၊ မည့်သည့်နေရာ၌ရှိသည်ကို
 အလွယ်တကူသိကြ၏.။

 ထိုအသားကိုစားသုံးသော.လူသားတို့၌လည်း
 ထိုမိစ္ဆာအပေါင်းက မစားတဲ့သူများထက်..
 လွယ်ကူစွာနှောက်ယှက်နိုင်၏...
လွယ်စွာတိုက်ခိုက်ဖြတ်စီးနိုင်၏...
 ထိုအသားကိုစားသုံးသောသူတို့မှာလဲ..
 ကံနိမ့်၏..ဥာဏ်နိမ့်၏။

 ထိုကြောင့်ပင်..ဤနွားသား.ခေါ်. အမဲသားကို..
 သူတော်ကောင်းတို့လောကီပညာရှင်တို့ 
 တရားအားထုတ်သောအရိယာသူတော်စင်
 ပုဂ္ဂိုလ်တို့ကရှောင်ကျဉ်၍..မစားကြပေ။

  အာဆိပ်.လျှာဆိပ်.ညံ့သည်...
 ဩဇာအာဏာစက်ညံ့သည်..
ပြောဆိုသမျှ ၊ ကြံစည်သမျှ၊ပျက်စီးစေတတ်သည်။
လာဒ်ပိတ်တတ်သည်။

ထိုကြောင့်ဖြစ်ပါ၍..
 သူတော်ကောင်းများအနေဖြင့်..
မစားကြပါနဲ့လို့ပြောဆိုအမိန့်ပေးခွင့်၊
ပိတ်ပင်တားဆီးခွင့်မရှိပါသောကြောင့်...

 မိမိတို့၏ ကိုယ်ပိုင်အသိဥာဏ်လေးဖြင့်
 ဆင်ခြင်သုံးသပ်၍.သတိတရားများရှိကြပါစေ.....
လေးစားစွာဖြင့်👉Credit…မူရင်း


Comments

Popular posts from this blog

ရခိုင်မင်းသား ဒွန်မာတင်နောက် အနှစ် ၂ဝဝ အတွင်း ဥရောပမှာ စစ်ပညာသင်ခဲ့သူ ဘယ်သူလဲ

ရမ္မာဝတီ ရခိုင်မိသားစု ဆွေမျိုးတော်စပ် ခေါ်ဝေါ် ကြပုံ နှင့် အမည်ပေးပုံ စနစ်

ဧရာဝတီ မိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ (၂)