Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

တိမ်ပြာထက်က ဘဲငါးရာတောင် °°°°°°°°°°(From Arakan Kingdom)

တိမ်ပြာထက်က ဘဲငါးရာတောင်
°°°°°°°°°°(From Arakan Kingdom)

ထူးခြား အံ့ဖွယ် .. ဘဲငါးရာတောင်
-----------------------
ဘဲငါးရာတောင်ကို စာပေ ကျမ်းဂန်များထဲတွင် ဒေ၀ဂန္ဓာရီတောင်ဟု ခေါ်ဆိုပါသည်။ ဟင်္သာငါးရာတို့ ကျက်စားခဲ့ရ ဒေသဖြစ်သောကြောင်း ဘဲငါးရာတောင်ဟု ခေါ်သည်။ ဒေ၀ဂန္ဓာရီတောင်၏ အဓိပ္ပါယ်မှာ နတ်တို့ ဂန္ဓာရီပညာကျက်စားရာ အရပ်ဟု ဆိုသည်။ နတ်ပန်းမာလာများ ဖူးပွင့်ဝေကာ၊ ဆေးဝါးကောင်းများ ပေါက်ရောက်ရာ အရပ်ဖြစ်ပြီး ရခိုင်ပြည်နယ် အလယ်ပိုင်းတွင် ထင်ထင်ရှားရှား ထီးထီးမားမား ရပ်တည်နေသောကြောင့် ပိုမိုထင်ရှားပါသည်။ ရခိုင်တို့၏ ထင်ရှားခဲ့သော မြောက်ဦးခေတ်တွင် စာဟောင်းပေဟောင်းများတွင် ဆေးဥယျာဉ် တစ်ခုပျိုးထောင်ခဲ့ကြောင်းကို လေ့လာဖူးသည်။ 

ဤတောင်ကို ဂျပန်နိုင်ငံမှ ဖူဂျီယားမားတောင်ဖြင့် ခိုင်းနှိုင်းကြသည်။ ပုံစံအားဖြင့် အလွန်တူပါသည်။ ပင်လယ်ရေမျက်နှာပြင်ထက် ၁၃၆၁ ပေမြင့်မားပါသည်။ ဂစ္ဆနဒီမြစ်၏ အနောက်ဖက်တွင်ရှိပြီး အဝေးက လှမ်းကြည့်လျှင်ပင် လွမ်းမောစရာဖြစ်ပါသည်။ ဤတောင်သည် တောင်လျား မြောက်လျားသွယ်တန်းထားသည်။ မိုးတိမ်မိုးသားတို့သည် တောင်၏ အလယ်တွင် သိုင်းခြုံထားသောကြောင့် ရခိုင်ပြည်နယ်၏ အလယ်ပိုင်းလွင်ပြင် အလှကို ဖန်းတီပေးထားသည်။ 

တန်ဆောင်မုန်းလပြည့်နေတွင် ရခိုင်ပြည် အနယ်အပြားမှ လာရောက်ပြီး ဤတောင်ပေါ်သို့ တပျော်တပါး တက်ရောက်ကြသည်။ အထူးသဖြင့် လူပျို၊ အပျို လူလတ်ပိုင်းအရွယ်များက ထမင်းဂျိုင့်များ ၊ စားစရာများဖြင့် လူငယ်တို့ သဘာ၀ ပျော်ပျော်ပါးပါး တန်ဆောင်မုန်းလပြည့်သည် ရခိုင်ပြည်၏ ပြည်ရက်၊ ရခိုင်ပြည် ဓည၀တီမြို့ကို ပန္နက်ရိုက်ခဲ့သောနေ့ဖြစ်သောကြောင့် ရှေးခေတ်ကတည်းက တန်ဆောင်မုန်းလပြည့်နေ့ လထွက်သည်နှင့် တောင်ပေါ်တက်ပွဲကို ဆင်နွှဲခဲ့ကြသည်။ ဤနေ့တွင် သစ်ဥ၊ သစ်မြစ်တို့ဆေးဝါးပေါင်းစုံသောကြောင့် နတ်တို့ ပျော်ရွှင်ကြသလို လူများလည်း ပါ၀င်ဆင်နွှဲခြင်းဖြစ်သည်။ ယခုအခါတော့ တန်ဆောင်မုန်းလပြည့်နေ့ မနက်ပိုင်းကတည်းက တောင်တက်ပွဲကို ဆင်နွှဲကြသည်။ အယင်အခါနှင့်တော့ ခေတ်အခြေအနေအရ ပြောင်းပြန်ဖြစ်သွားသည်။ 

“ဒေ၀ဂန္ဓာရီ
တောင်တော်ဆီ
တက်ခီ ဆွတ်ခီ (တက်ကြ ဆွတ်ကြ)
ပန်းကတ်လီ  (ပန်းကပ်လေ)
သာစီ မာစိ 
ဆုတောင်းမိတ္တာဝီ” (မိတ္တာ = မေတ္တာ) ဟု စာဆိုရှိသည်။

ဤတောင်ထိပ်တွင် ရခိုင်ပြည် မြောက်ဦးခေတ်၏ ထင်ရှားခဲ့သည် ဘုရင် မင်းရာဇာကြီးသည် မိဖုရား ပီဇလာဒေဝီနှင့်အတူ သက်တော် (၄၆)နှစ် အထိမ်းအမှတ်အဖြစ် မင်္ဂလာယူလျှက် ဓာတ်တော်စေတီ (၄၇)ဆူကို တည်ထားကိုးကွယ်ခဲ့လေသည်။ ထိုအထဲတွင် ဗုဒ္ဓဘုရားရှင်၏ ဘယ်လက်တော်ဓာတ်မြတ်အား  ခရစ်သက္ကရာဇ် ၁၆၀၄ ခုနှစ်တွင် တည်ထား ကိုးကွယ်ခဲ့သည်။ 
 
၄င်းအပြင် ဤတောင်နှင့် ပတ်သတ်ပြီး ဂမ္ဘီရဆန်သော ဖြစ်ရပ်များစွာလည်း ရှိသည်။ စာရေးဆရာပေါင်းမြောက်မြားစွာ မှတ်တင်ထားသော ဖြစ်ရပ်ဆန်းများ၊ တရားရှာ တော်မှီ ပုဂ္ဂိုလ်များ၊ သိုက်ဆရားများဖြင့် ဒဏ္ဍာရီပုံများစွာကို ပေးဆပ်ထားသည့် တောင်တော်လည်းဖြစ်သည်။ (အယှဉ်သင့်လျှင် နောင်တွင် ဆက်လက်ရေးသားပေးပါမည်) ဆက်စပ်ပြီး ဤတောင်မှ တွေ့ရှိခဲ့သည့် ထူးဆန်ဖွယ် ရွှေလိပ် တစ်ကောင်သည် ရန်ကုန်မြို့၊ ဗဟန်း၊ ကုက္ကိုင်မီးပွိုင့်လမ်းဆုံအနီး ဦးတေဇိန္တရာမ ကျောင်းတိုက်၊ စာချဆရာတော် ဦးစန္ဒိမာထံတွင် ၀င်ရောက် လေ့လာနိုင်သည်။ ဤရွှေလိပ်၏ ကျောကုန်တွင် သိန်းငှက်ပုံ၊ ကန္နရာပုံ၊ စေတီပုံ သဏ္ဍာန်များကို တွေ့ရှိရသည်။ အလွန့် အံဖွယ်ရာ ဖြစ်သည် ရန်ကုန်မြို့ကိုရောက်ရှိသူများ သွားရောက် လေ့လာနိုင်ဖို့ လမ်းညွှန်ပေးပါသည်။ 

ဤဘဲငါးရာတောင်သည် အလွန်တရာမှာ အံ့ဖွယ်များနှင့် ထူးဆန်ဖွယ်များ စိတ်၀င်စားစရာများပြည့်နှက်နေသောကြောင့် တန်ဆောင်မုန်းလပြည့်နေ့တွင် လမ်းကြုံလျှင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာမှနေ တက်ရောက် လေ့လာနိုင်ကြောင့်ကို သတင်းကောင်းပါးလိုက်ပါသည်။ 

ဝေဟင်အောင်
၁၄၊ ၁၁၊ ၂၀၁၃။

ကျမ်းကိုး - 
-ရက္ခပူရကြေးမုံ
-မြတ်ရွှေ (မြေစာရင်း) -  ဘဲငါးရာတောင်၏ အလှနှင့် ဂမ္ဘီရဆန်သော ဖြစ်ရပ်များ 
-အောင်လှသိန်း - ဒေ၀ဂန္ဒာရီတောင်တော်ဆီ

အဝေးရောက် ယိုးတရုတ်သားများနှင့် တခြား မိတ်ဆွေများ ဗဟုသုတ အလိုငှါနှင့် ဘဲငါးရာတောင်ကို တက်ရောက်လိုသူများအတွက် လမ်းညွှန်ပေးခြင်းဖြစ်ပါသည်။





Comments