ကိန်လူမျိုး အကြောင်း ဒီဝေသာလီကြေးနီပြားစာမှာ မျိုးဆက်ခုနစ်ဆက်ပါတယ်။
ကိန်လူမျိုး အကြောင်း ဒီဝေသာလီကြေးနီပြားစာမှာ မျိုးဆက်ခုနစ်ဆက်ပါတယ်။
နာမည်မှာ “ကိန်” အမည် ပါတဲ့ လူမျိုးတွေဟာ ဗုဒ္ဓဘာသာကို အလွန်သက်၀င်ယုံကြည်ကြသော လူမျိုးများဖြစ်ကြသည်။ ထိုကိန်အမည်ပါသော လူမျိုးများသည် ရခိုင်ဝေသာလီ၌ အနယ်နယ်အရပ်ရပ် အရပ်လေးမျက်နှာမှ ပရိယတ္တိ စာပေသင်ကြားရန် ကြွရောက်လာကြကုန်သော ရဟန်းသံဃာတော်များအတွက် ဇေတ၀န်ကျောင်းတော်များဆောက်လုပ်လှူဒါန်းခြင်း၊ ထိုကျောင်းတော်မှာ သီတင်းသုံးပြီး စာသင်ကြမည့် ရဟန်းသံဃာတော်များအတွက် ဆွမ်းကိစ္စအဆင်ပြေစေရန် လယ်မြေ ၃၀၀၀ ထိ လှူဒါန်းထားကြောင်းရေးထိုးထားသည်။ ရခိုင်ဝေသာလီက ရရှိသော ကြေးနီးပြားစာတွင် တွေ့ရှိရသည်။ ကိန် အမည်ပါသော သူများသည် ဘုရင်တို့၏ မိဖုရားများဖြစ်ကြသည်ကိုတွေ့ရပြီး၊ ဘုရင်အမည်များမှာ ရခိုင်ဝေသာလီကြေးနီးပြားစာတွင် ပိုင်းဖြတ်ခံလိုက်ရသည့် အပိုင်းတွင် ပါသွားခြင်းကြောင့် ဘုရင်အမည်ကို ဖော်မပြနိုင်တော့ပေ။
Credit FB - Razar Min (comments)
Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။