Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

မြန်မာကြီး - မြန်မာငယ် ပေစာသက်သေ

မြန်မာကြီး - မြန်မာငယ် ပေစာသက်သေ
_____________________________



         ခေတ်ဗမာသမိုင်းရှင်များသည် ဗမာဟူသည် ပျူကဆင်းသက်
လာကြောင်း ၊ သာကီဝင်များဖြစ်ကြောင်း ၊ ဘုရားနှင့်လည်း အမျိုးတော်
ကြောင်း စာရေးချက်တို့ တွေ့ရှိရသည်။ နောက်ပြီးသူတို့များသည် မြန်မာ
လူမျိုးများဖြစ်သည်ဟုလည်း စာပေတွင် သုံးစွဲလာခဲ့ကြသည်။

        အယင်ဆုံးမြန်မာ(၇)မျိုးကို သိထားသင့်ပေသည်။ အဆိုပါ မြန်မာ
(၇)မျိုးဟူသည်ကား ´´ သက်နှင့်ရခိုင် ၊ နှိုင်းပြိုင်တောင်သူ ၊ ပျူ-ကမ်းယံ
ယော ၊ ထားဝယ်နှောက ၊ သတ္တမြန်မာ ကျမ်းတွင်လာ၏ `` ဟု သမိုင်း
စာပေများတွင် တွေ့ရှိရလေသည်။
ဤမြန်မာခုနှစ်မျိုးတွင် အဘယ်က မြန်မာကြီး အဘယ်ကမြန်မာဆိုသည်
ကို သိထားသင့်ပေသည်။

      ၁၂၄၉ - ခုနှစ်က ရေးကူးခဲ့သော ´´ ရွှေဆံတော်သမိုင်း ပေမူ ``
တွင် ဤသို့ဖော်ပြထားပေသည်။

[ ဗေ - ကြော] ကြောင်းရေ (၄ - ၁၀)

   ´´(၄)ခမည်းတော်အဘိရာဇာမင်း နတ်ပြည်ပြော်တော်မူ၏။ ဝါ။ နတ်
ရွာစံတော်မူ၏။ အိမ်ရှေဖြစ်သော ကံရာဇာ
(၅)ကြီးသည် ဤသို့အကြံဖြစ်၏။ ငါ၏ခမည်းတော်လည်း နတ်ရွာစံတော်မူပြီ။ မယ်တော်လည်း နတ်ရွာစံပြီ။ ညီတော်အငယ်ကို။ ငါပြုပြင်မှ
ဖြစ်တော့သည်။ ငါပင်အမိ ငါပင်အဖ။ ငါပင်အကို။ သို့ဖြစ်၍။ ဤတိုင်
(၆)ပြည်ကို ငညီအားအပ်နှံပြီးလျှင်။ နေရာရှာ၍ နေဦးအံ့ဟု ညီတော်ကို
ရဋ္ဌပူရသောမနဿတိုင်း သံသရသင်းတွဲ၊ တကောင်းပြည်ကို။ ညီတော်
ကံရာဇာငယ်ကို။ မင်းသားအားအပ်နှင်းပြီးလျှင်။ ငါးယူဇနာရှိသော ဘိုတု
(၇)စစ်သည်။ ဆင်စီးသူရဲး။ မြင်းစီးသူရဲး။ ရထားစီးသူရဲး။ ခြေသည်သူရဲး
ဟုဆိုအပ်သော။ စစ်အင်္ဂါလေးပါးတို့နှင့်။ တကွ။ မြို့မှထွက်၍။ ဧရာဝတီ
သံလာဝတီဟုဆိုအပ်သော။ မြစ်ငယ်နှစ်ခုကို ကူးပြီးလျှင်။ နဂရာဇ်တော
ရီကိုကျော်၍။ ရက္ခ
(၈)ဝဒီတို့ဟူ၍လည်းကောင်း။ ဣန္ဒရိယတိုင်ဟူ၍လည်းကောင်း။ ဓညဝ
တီပြည်ဟူ၍လည်းကောင်း။ ဒွါရာဝတီပြည်ဟူ၍လည်းကောင်း။ မေခဝ
တီပြည်ဟူ၍လည်းကောင်း။ လေးဋ္ဌာနပြု၍။ လေးမြို့တည်ပြံ၏။ ဓညဝတီပြည်မှာ။
(၉)ဗိုလ်နှင့်ယူဇနာ။ သုံးပြည်တို့မှာ။ တယူဇနာစီ ဗိုလ်ထုရှိကုန်၏။ သား
တော်စန္ဒကုမ္မာရ။ သူရိယကုမ္မာရ။ နန္ဒကုမ္မာရ။ သားတော်သုံးယောက်တို့ကို။ တမြို့စီပေးကုန်၏။ ထိုအခါတကောင်းပြည်။ ရံမညတိုင်း။ ဥဂ္ဂ
လာပတိုင်း။ အသိက
(၁၀)ဉ္စနပြည်။ အဓိပစ္စယပြည်။ ရမ္မာဝတီပြည်။ သုဓမ္မဝတီပြည်။ သုဝဏ ္ဏပြည်တို့သာ တည်ကြကုန်၏။ ကြွင်းသောပြည်တို့သည်။ မရှိကုန်
သော်။ ။ ထိုကြောင်း ရက္ခဝတီတိုင်း။ ဓညဝတီပြည်သားကို နောင်တော်
ဖြစ်၍။

[ ဗဲး - ရင် ] ကြောင်းရေ (၁)

(၁)ဗြဟ္ဗာကြီးဟု ဆိုကြကုန်၏။ ရဋ္ဌပူရသောမနဿတိုင်း။ တကောင်း
သံသရသင်းတွဲပြည်ကို။ ဗြဟ္ဗာငယ်လူမျိုးဟု ဆိုစကုန်၏။ ။ ``
ဟူ၍ ပေစာတွင်ဖော်ပြထားပါသည်။

         ဤရွှေဆံတော် သမိုင်းသည် မြတ်စွာဘုရား သီဟိုဠ်ကျွန်းသို့ ကြွ တော်မူစဉ် နဂါးဘီလူးအစရှိသော သတ္တဝါများကို ချွတ်တော်မူ၍ အဇ္ဈိက ဖလိက ကုန်သည်ညီနောင်များနှင့် သုဒဿနတောင်တွင် မြတ်စွာ
ဘုရားဆံတော်အစဟိသော ဓာတ်တော်တို့ကို စေတီတည်ကြောင်းကို
ရေးသားထားသော ပေစာပင်ဖြစ်ပါသည်။

       ပေစာထဲတွင် ပျူလူမျိုး ကမ်းယံလူမျိုးဖြစ်ပေါ်လာကြောင်းတို့ကိုပါ
ဖော်ပြထားပါသေးသည်။ ထိုစဉ်က ဗမာလူမျိုးဆိုသည် မရှိသေးပါ။
ဗမာသည်ပျူလည်းမဟုတ်သလို မြန်မာလူမျိုးလည်း မဟုတ်ပေ။

       မြန်မာခုနှစ်မျိုးထဲတွင် ရခိုင်သည် ဗြဟ္မာကြီး (မြန်မာကြီး)ဖြစ်၍
ပျူအစရှိသော ကျန်ခြောက်လူမျိုးသည် ဗြဟ္မာငယ် (မြန်မာငယ်)များ
ဖြစ်ကြသည်။ 

        ဗြဟ္ဗာ ၊ မြဟ္မာ ၊ မြမ္မာ ၊ မြန်မာ ပြောင်းလဲလာကြောင်း ဖော်ပြချက်
များကို တွေ့ရှိရပေသည်။

                                                    မဟိံသက အဖိုးသျှင်







Comments