Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

မြန်မာပြည်သို့ သူရိယသိဒ္ဓန္တကျမ်း ရောက်ရှိလာပုံ

သက္ကရာဇ် ပြက္ခဒိန် နက္ခတ်  အကြောင်းကို ရခိုင်က ယူသုံးတာမဟုတ်ဘူးလို့ ငြင်းနေသော ( ဘုန်းတင့်ကျော် ၊ စျာန်သစ်အောင် တို့အဖွဲ့ 
 



ငြင်းမရတဲ့ အထောက်ထား ရှာနိုင်တဲ့ အကြောင်းအရာတွေ့ပြီ
••••••••••••••••
မြန်မာပြည်သို့ သူရိယသိဒ္ဓန္တကျမ်း ရောက်ရှိလာပုံ
=================================
 သူရိယသိဒ္ဓန္တကျမ်း မြန်မာပြည်သို့ ရောက်ရှိလာသော အစောဆုံးကာလမှာ ပထမ အမရပူရမြို့တည် ဘိုးတော်ဘုရားလက်ထက် တွင်ဖြစ်ကြောင်းတွေ့ရသည်။ 
 မောင်းထောင် ဆရာတော်၏ အထ္ထုပ္ပတ္တိတွင် သက္ကဋကျမ်းများကို ပါဠိနိသျနှင့်မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပြီး သူရိယသိဒ္ဓန္တကျမ်းကိုလည်း နိသျပြန်ဆိုရသည် ဟု ဖော်ပြထားသည်ကို တွေ့ရသည်။ 
 အမေးတော်ဖြေကျမ်းတွင် သူရိယသိဒ္ဓန္တကျမ်း နိဿရည်းကို ပြုစုကြောင်းဖော်ပြထားသည်။ မောင်းထောင် ဆရာတော်ကြီး၏ ၁၁၄၈ ခုနှစ် နတ်တော်လပြည့်ကျော် ၆ ရက် မဟာဒါန်၀န်တွင် တင်သွင်းသည့် မေတ္တာစာတွင် ပုဏ္ဏား သီရိဇေယျဓမ္မဂုရု၊ သီရိဓမ္မိကဂုရုတို့နှင့် ပုဏ္ဏားတော် ၁၀၊ ရာပြတ် သိရိစန္ဒဂုတ်နှင့် ကုလားအများတို့ကို မဇ္စျိမဒေသ၊ ကာသိကတိုင်း၊ ဗာရာဏသီကျေး၊ န၀ဒီပ စသည့်အရပ်များမှ ယူဆောင်စေခဲ့သော ကျမ်းများစာရင်းတွင် သူရိယသိဒ္ဓန္တကျမ်း ပါသည်ကိုတွေ့ရသည်။ ဗေဒင်ကျမ်းစာရင်းတွင် သူင်္ယျ သိဒ္ဓန္တကြီး၊ သူင်္ယျ သိဒ္ဓန္တငယ်၊ သူင်္ယျ သိဒ္ဓန္တငယ်တစ်မူ  စသည်ဖြင့် မူသုံးမျိုး ရောက်ရှိလာကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။ တက်ကျမ်းများစာရင်းတွင် သိဒ္ဓန္တရဟဿ အမည်ကိုလည်းကောင်း၊ ဓမ္မသတ်ကျမ်းစာရင်းတွင် ဒါယဘာရသိဒ္ဓန္တ အမည်ကိုလည်း တွေ့ရပြန်သည်။ 
 ကုန်းဘောင်ဆက် မဟာရာဇ၀င်တော်ကြီးတွင်မူ သောဠသတိုင်းပြည်များမှ ပရောဟိတ်ပုဏ္ဏား ဝါသိဌဗြဟ္မာ၊ ရမ္မာ၀တီမြို့၀န်ရွှေတောင်သာဂသူ၊ ဇေယျကျော်သူ၊ ဇေယျကျော်ထင်၊ ဇေယျကျော်စွာ တို့ယူဆောင်သောကျမ်းများစာရင်းတွင် သူရိယသိဒ္ဓိန္တကျမ်း အမည်ကို တွေ့ရပြန်သည်။ ၁၁၇၂ တပေါင်းလပြည့်ကျော် တစ်ရက်နေ့တွင် စစ်ကိုင်းမြို့သို့ ပြန်ရောက်ကြောင်း ဖော်ပြသည်။
 ဆရာဦးအုန်းကြိုင်၏ မြန်မာပြက္ခဒိန်သုတေသနကျမ်းတွင်မူ ဗာရာဏသီပြည်မှ နက္ခတ်ပညာရှိ ဘဝါနိဒင်မှ ၁၁၄၈ ခုနှစ်တွင် အမရပူရသို့ ယူဆောင်လာကြောင်း ဖော်ပြသည်။   
 ထို့နောက် ၁၂၀၃ခုနှစ်ခန့်တွင် အမရပူရ စတုတ္ထနန်းစံ၊ ပုဂံမင်းတရားကြီးလက်ထက်တွင် ဗာရာဏသီမှ ဘိသိက်တော်ဆက် ပုဏ္ဏား၊ ဘဝါနိဒိန်သည် ဝိသွာနာထ ဆရာရေးသော သူရိယသိဒ္ဓန္တဋီကာနှင့်တကွ အခြား ဗေဒင်ကျမ်း၊ ဆေးကျမ်းများကို ယူဆောင် လာသည်။ သူရိယသိဒ္ဓန္တဋီကာကို ဘုရင်မင်းမြတ်အမိန့်တော်အရ သက္ကဋ နာဂရီဘာသာမှ မဂဓပါဠိနိသျနှင့် မြန်မာဘာသာ သို့ ညောင်ကန်ဆရာတော်ဦးစီးကာ သက္ကဋ၊ နာဂရီတတ်ကျွမ်းသော ပုဏ္ဏားပညာရှိ၊ မြန်မာမူးမတ်ပညာရှိများနှင့် ပြန်ဆိုရာ ၈ လ ကြာမှ ပြီးစီးသည်။

            ညောင်ကန် ဆရာတော်၏ တပည့်ရင်း နေမျိုးစည်သူကျော်ထင် နှင့် မင်းထင်သင်္ခယာ နှစ်ဘွဲ့ရ မြစ်စင်၀န် ရွှေခဲရင်း လှေအုပ်သည် “သူရိယသိဒ္ဓန္တကျမ်းရင်း တွက်ပုံ လင်္ကာကျမ်း” ကို ရေးသားခဲ့ပြန်သည်။ လင်္ကာပေါင်း ၅၃ ပုဒ်၊ နိဂုံးလင်္ကာ ၅ ပုဒ်၊ သံပေါက် ၁၂ ပုဒ်တို့ ပါရှိသည်။ သူရိယသိဒ္ဓန္တကျမ်းရင်းလင်္ကာကို ၁၂၁၁ ခု၊ သီတင်းကျွတ်လပြည့်၊ တနင်္ဂနွေနေ့ ၊ ပုဂံမင်းလက်ထက်တွင် ရေးစပ် ပြီးစီးသည်။ 
            ညောင်ကန်ဆရာတော်၏ သူရိယသိဒ္ဓန္တဋီကာနိသျ၊ ရွှေခဲရင်းလှေအုပ်၏ သူရိယသိဒ္ဓန္တကျမ်းရင်း လင်္ကာတို့ ထွက်ပေါ် လာပြီးနောက် ညောင်ကန်ဆရာတော်၏ တပည့်ပင်ဖြစ်သော မြင်းစည် ကုက္ကိုလှရွာအုပ် နေမျိုးမင်းလှကျော်သူက အဆိုပါ လင်္ကာကျမ်းကိုမူတည်ပြီး သူရိယသိဒ္ဓန္တကျမ်းကြီး ဟု အမည်တပ်လျှက် မြန်မာစကားပြေသက်သက်နှင့် ရေးခဲ့ပြန်သည်။
 အချုပ်အားဖြင့် ဆိုရပါမူ သူရိယသိဒ္ဓန္တကျမ်း ရောက်ရှိလာသောခုနှစ်မှာ ၁၁၄၆ နောက်ပိုင်း တွင်သာဖြစ်သည်ကို တွေ့ရှိရသည်။ ကျမ်းအများစုတွင် ဘဝါနိဒင်ယူဆောင်လာကြောင်း ဖော်ပြကြသော်လည်း ယူဆောင်လာသူ၏ အမည်များမှာလည်း အမေးတော်ဖြေအရလည်းကောင်း၊ ကုန်းဘောင်ဆက် မဟာရာဇ၀င်တော်ကြီး အရလည်းကောင်း ဝိ၀ါဒပွားစရာပင်ဖြစ်သည်။
စဉ်းစားစရာအချက်တစ်ခုမှာ ကုန်းဘောင်ဆက် မဟာရာဇ၀င်တော်ကြီး ဒုတိယတွဲ စာမျက်နှာ(၉) ၌ ဘိုးတော်ဘုရား၏သားတော် မဟာဥပရာဇာ ရခိုင်ပြည်အား ၁၁၄၆ ခုနှစ် သိမ်းပိုက်ပြီးနောက် ခေါ်ဆောင်လာခဲ့သော စာရင်းတွင်
`` ဗြဟ္မဏမျိုး၊ ဘိသျှမျိုး၊ သုဒ္ဓိယပုဏ္ဏားမျိုးသန့် အိမ်ထောင်စုံ ငါးရာကျော်၊ ဆေတ္တာ ဂနန္တာပုဏ္ဏားမျိုးတို့နှင့် အတတ်ပညာသည်ဆိုသမျှ လူမှစ၍ ဆင်မြင်းသုံ့ပန်း လူသုံးသောင်းကျော်များကို သိမ်းယူတော်မူခဲ့ပြီးလျှင် တပို့တွဲလပြည့်ကျော် ခုနှစ်ရက် တနင်္လာနေ့ ဓည၀တီ ရခိုင်မြို့က ပြန်တော်မူခဲ့သည်။´´ ဟု ဖော်ပြပါရှိသည်။ သို့သော် ထိုပုဏ္ဏား၊ အတတ်ပညာသည်စသည်တို့ စာပေကျမ်းဂန် တစ်စုံတစ်ရာမျှ ယူဆောင်လာကြကြောင်း ဖော်ပြမှုမတွေ့မိပါချေ။




၁၁၄၆ခု၊ ပြာသိုလ်လပြည့်ကျော် ၇.ရက်၊ စနေနေ့မှာ ရခိုင်ကို ဘိုးတော်မောင်ဝိုင်း လာသိမ်းတယ်။     

    -ပိဋကတ်ကျမ်းစာပေါင်း ပေစောင်ရေ ၆၄စောင် ယူသွားတယ်။ 

    - ၁၁၄၉ ခုမှာ ပိဋကတ်၊ ဗေဒင်၊ ဆေး စတဲ့ ကျမ်းပေါင်း ၅၆ကျမ်း တိတိ လာယူတယ်။ ( ဒါက ဘုန်းတော်ကြီးတွေ၊ အမတ်ပညာရှိတွေ ဆီက ယူသွားလို့ ပေးလိုက်ရတဲ့ သူတွေ မှတ်ထားတဲ့ စာရင်းပါ။ နန်းတွင်း စာကြည့်တိုက်နဲ့ နိုင်ငံပိုင် ပိဋကတ်တိုက်တွေက ယူသွားတဲ့ စာရင်းကတော့ အနည်းဆုံး ၉၆ ကလာပ် ရှိတယ်လို့ ပြောကြပါတယ်။) 

    - နောင် ၁၀နှစ် အကြာ၊ ၁၁၅၉.ခု၊ တပို့တွဲလမှာ ပိဋကတ်နဲ့ အခြားစာပေ အချို့ကို ပြန်ပြီး လာပို့ပါတယ်။ ပြီးတော့ ရခိုင်ပြည် ပညာရေး စံနစ်ကိုလည်း ပြောင်းပစ်ခဲ့ပါတယ်။ ရခိုင့်ဘုရင် ခေတ်က သင်ရိုး အတိုင်း မသင်ရပဲ၊ အမရပူရက ပြန်ပို့လိုက်တဲ့ စာကိုသာ သင်ရပါတယ်။


Comments