လေးမြို့ခေတ်ရဲ့ရခိုင့်မဟာတန်ဆောင်(သို့မဟုတ်) လောကသာရပျို့ ဗိမာန်ကြီး
===========================
{ လောကသာရပျို့ မူပိုင်ရှင် }
●●●●●●●●●●●●●●●●●●●●●
လေးမြို့ခေတ်ကို (AD-818) ခုနှစ်မှာ စူဠစနြ္ဒား ရဲ့ တူတော်သူ စန္ဒကူး နဲ့ စန္ဒာဒေဝီတို့ရဲ့သား မဟာနွယ် ရခိုင်ဘုရင်မျိုး ဆက် ခေတ္တာသင်က စတင်ထူထောင်ခဲ့တာပါ။ ရခိုင့်သမိုင်းထက်မှာ ကြီးမြတ်ကျော်ဇောတဲ့ ဘုရင်တွေ ၊ ရဟန်းပညာရှိ လူပညာရှိတွေ ပေါ များပေါ်ထွန်းခဲ့တဲ့ ခေတ်တစ်ခေတ်ဖြစ်ပါတယ်။
(AD-1430) မှာ မင်းစောမွန်ဘုရင်က မြောက်ဦး ကို ပြောင်းရွှေ့နန်းစိုက်ပြီး လေးမြို့ခေတ် အဆုံး သတ်သွားခဲ့ပါတယ် ။
လေးမြို့ခေတ်ရဲ့ထင်ရှားမှုတွေထဲက အထင် ကရဖြစ်တဲ့ ဘုရင်မင်းထီးလက်ထက်က အဖြစ် ပျက်လေးတစ်ခုကို ပြောပြချင်ပါတယ် ။ မင်းထီးဘုရင် လက်ထက်မှာ စာဆိုပညာရှိအ ဖြစ်ရော ရခိုင့်ကျက်သရေဆောင်အဖြစ်ပါ ထင် ရှားကျော်ကြားခဲ့တဲ့ ရခိုင်သူမြတ် အကြောင်းပါ။ ရခိုင်သူမြတ်ဟာ ရခိုင်မှာသာမက အထက်ဗမာ တစ်ဝှမ်းကို ထင်ရှားကျော်ကြားပါတယ် ။
သက္ကရာဇ် (၆၈၈) ခုနှစ် (AD-1300) ဝန်းကျင်မှာ သက်မင်းရှင်စောဟာ သရက်မြို့( ရခိုင်ကျမ်းလာ မစ္ဆဂီရိမြို့) ကို သားတော် သုံးပါး နဲံ့ အုပ်ချုပ်စိုးစံနေပါတယ် ။ တစ်ချိန်မှာ သက် တွေ အင်အားကောင်းလာပြီး ရခိုင့် ရိုးမနားက တောင်စဉ်ရွာတွေကို လာရောက်ထိပါးလာကြ ပါတယ် ။ အစွမ်းထက်တဲ့ မင်းထီးဘုရင်ရဲ့ တပ် တော်တွေက သွားရောက်နှိမ်နှင်းပါတယ် ။ သက်မင်းရှင်စောရဲ့တပ်တွေကို သရက်မြို့အထိ တိုက်ထုတ်ပြီး မြို့ကိုပါသိမ်းပိုက်တယ် ။ ပြီးတော့ သက်မင်းရှင်စောနဲ့ စောစုံ စောဖြူ စောတူ ဆိုတဲ့ သားသုံးယောက်ကို ရံခြွေအ သိုင်းဝိုင်းနဲ့တကွဖမ်းခေါ်လာပြီး ရခိုင်မှာ ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားပါ တယ် ။ ပြီးတော့ဘသက်မင်းရဲ့သားတော်တွေ ကို ရခိုင်သူမြတ်အရှင်ထံကိုအပ်နှံပြီး စာပေ ကျမ်းဂန်သင်ကြားစေပါတယ် ။
တစ်နေ့မှာ ရခိုင်သူမြတ်အရှင်က ထူးခြားတဲ့ အိပ်မက်ကို မက်ပါတယ် ။ ဒါကြောင့် သက်မင်းရဲ့သားတော်တွေဟာ စစ်ကိုင်းနဲ့ အင်း ဝမှာ အကြီးအကဲတွေဖြစ်လာမှာကို သိပြီး သူတို့ကို အတက်ဗမာပြည်ကို သက္ကရာဇ် (၇၀၅) ခုနှစ်မှာ အရှေ့ပြည်သို့ ပြန်လွှတ်ပေးခဲ့ပါတယ် ။
( ဗမာရာဇဝင်နဲ့ တချို့ကျမ်းတွေမှာ တော့ သက်မင်းရဲ့သားတော်တွေဟာ ဖိုးခေါင် တောင်ရိုးကို ကျော်ပြီး ထွက်ပြေးကြတယ် လို့ ဆိုပါတယ်။ ဘုရင်မင်းထီးက လိုက်မဖမ်းပဲ လွှတ်ပေးခဲ့ပါတယ် ) ။
သမိုင်းကြောင်းအရ ပိဋကတ်စာပေ ၊ ဗေဒင်ပညာစတဲ့ အတတ်ပညာတို့ကို ကောင်း စွာသင်ကြားတတ်မြောက်ခွင့်ရသွားတဲ့ သက် မင်းရဲ့သားသုံးပါးဟာ ရခိုင်အရှင်သူမြတ် နိမိတ် ဖတ်ခဲ့သလိုပဲ အထက်ဗမမှာ အမှန်တကယ်ပဲ အကြီးအကဲတွေ ဖြစ်လာခဲ့ကြတယ် ။
သားအကြီး စောစုံက မြင်စိုင်းမြို့ကို စားရပါ တယ် ။ စောဖြူက ပြည်မြို့ကို စားရပါတယ် ။ သားအငယ်ဆုံး စောတူ ကတော့ အမြင့်မြို့ကို စားရပြီး နောင်အခါ ဗမာ့ရာဇဝင်မှာ ထင်ရှား ကျော်ကြားတဲ့ တရဖျားစွာစော်ကဲ အမည်နဲ့ ဘုရင်တစ်ဆူ ဖြစ်လာခဲ့ပါတယ် ။
ရခိုင်အရှင် မြတ်ထံမှာ လောကနီတိနဲ့ ပိဋိကတ်ပညာ တို့ကို ကျေညက်အောင်သင်ယူတတ်မြောက်ခဲ့ ရသူဖြစ်လို့ မင်းကျင့်စာရိတ္တပြည့်ဝခဲ့သူ ဘုရင် ပဲ ဖြစ်ပါတယ် ။
စွာစော်ကဲဘုရင်ဟာ သူ့ရဲ့ နန်းစံသက် ၁၆ နှစ်ကိုရောက်တဲ့ခါ သူ့ရဲ့ငယ်ဆရာ ရခိုင်သူမြတ် အရှင်ကို ပင့်ဖိတ်ပြီး မြှောက်စားခဲ့ပါတယ် ။ မဟာ သိင်္ဃရာဇာ ဆိုတဲ့ဘွဲ့တော်ကိုပေးပြီး ခန်း နားတဲ့ ကျောင်းသင်ခန်းကိုဆောက်လုပ်လှူ တန်းထားခဲပါတယ် ။ ဒီလိုနဲ့ ရခိုင်သူမြတ်အရှင် ဟာ မင်းသုံးပါးကို စာပေသင်ကြားပို့ချခဲ့စဉ်က ရေးစပ်သွန်သင်ခဲ့တဲ့ လောကသာရ ဆုံးမစာ ကဗျာလင်္ကာဟာ ရခိုင်သူမြတ်ရဲ့ဘအထင်ကရ တစ်ခုပဲ ဖြစ်ပါတယ် ။
မှတ်ချက် ။ ခရစ် AD သက္ကရာဇ်ကို ရခိုင် ဗမာနဲ့ ကွဲပြားခြားနားတဲ့ ကျမ်းတချို့ကို ယှဉ်တွဲပြရမှာ မို့ မထည့်ခြင်း ဖြစ်ပါတယ် ။
ဒီစာကို ရေးရခြင်းရည်ရွယ်ချက်ကတော့ တချို့ ခုခေတ်စာပေတေမှာ လောကသာရပျို့ ကို ဗမာစာဆိုတော်ရဲ့
စာပေလို့ ပုံမှားရိုက်နေ ကြတာကို တွေ့မိလိူ့ ဖြစ်ပါတယ် ။
ရခိုင်လူမျိုးများ ကိုယ့်စာပေ ကိုယ့်သမိုင်းကို ထဲထဲဝင်ဝင်လေ့လာလိုက်စားနိုင်ရန် ရည်ရွယ် ပါတယ် ။
Khine Min Myat (ပြန်လည်မျှဝေသည်)
Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။