Featured
- Get link
- X
- Other Apps
မြမ္မာအက္ခရာနှင့် မြမ္မာစာပေ၏ ဇစ်မြစ်အား လေ့လာချက်စာတမ်
မြမ္မာအက္ခရာနှင့် မြမ္မာစာပေ၏ ဇစ်မြစ်အား လေ့လာချက်စာတမ်း
••••••••••••••••••••••••••••••••••••••••••••••
မြမ္မာစာပေအကြောင်းကို မတူးဆွခင် မြမ္မာလူမျိုးအကြောင်းကို အနည်းငယ်တူးဆွပြပါမည်။ရခိုင်သမိုင်းကျမ်းအစောင်စောင်နှင့် ကျောက်စာတစ်ချို့တွင် ရခိုင်လူမျိုးများကို မြမ္မာဟူ၍လည်းကောင်း၊ အာရကန်ဟူ၍လည်းကောင်း၊ ရခိုင်ဟူ၍
လည်းကောင်းခေါ်ဆိုကြောင်းတွေ့ရသည်။ ရခိုင်တို့နေထိုင်ရာ တိုင်းပြည်ကို အာရက္ခဒေ့ရှ်(အာနန္ဒစနြ္ဒားကျောက်စာ)၊ ရက္ခပူရပြည်၊ ဓညဝတီတိုင်းပြည် ဟု အမည်တွင်သည်။ ရခိုင်သမိုင်းကျမ်းများရှိ တဘောင်နိမိတ်များစွာအထဲမှ မြမ္မာဟူသော
ဝေါဟာရနဲ့ပတ်သက်သည့် တဘောင်တစ်ခုမှာ-``တရုတ်ကဖိ ပျူကအိ၊မချိမြမ္မာ အနောက်မှာ''
ဟူ၍ ဖြစ်သည်။ဤတဘောင်ထဲတွင်ပါသောမချိမြမ္မာ အနောက်မှာဟူသော စကားစုသည်
အနောက်ဘက်တိုင်းပြည်တွင်နေထိုင်ကြသောရခိုင်များကို ဆိုလိုခြင်းဖြစ်သည်။
ရှေးခေတ်ရခိုင်များသည် မိမိတို့ကိုယ်ကို အာရကန်ဟူ၍လည်းကောင်း၊ မြမ္မာဟူ၍လည်းကောင်း၊ ရခိုင်ဟူ၍လည်းကောင်း ခေါ်တွင်ခဲ့ကြသည်။
ရခိုင်လူမျိုးများကို ခေါ်ဆိုသည်မှာသမိုင်းကျမ်းများအရ၊ ကျောက်စာအထောက်အထားများအရ ထင်ရှားနေသည်။ မျိုးရိုးဗီဇမျိုးစုံ သွေးနှောထား၍ ဇာတ်ပျက်နေသည့် ဗမာတို့သည် မြမ္မာစာပါ သူတို့စာပေအဖြစ်လိမ်ညာဝါဒဖြန့်လေ့ရှိသည်။
အမှန်စင်စစ်တွင် မြမ္မာစာသည် ဗမာစာပေလုံးဝမဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော်-
ပုဂံခေတ်တွင်ရေးထိုးခဲ့သည့် မြမ္မာကျောက်စာပါ ဝေါဟာရများမှာ ယနေ့ခေတ်ဗမာတို့ပြောဆိုနေသော ဝေါဟာရများနှင့် လုံးဝနီးစပ်မှုမရှိဘဲ ရခိုင်ဘာသာစကားများနှင့်သာ လုံးဝတူနေသောကြောင့်ဖြစ်သည်။
သူတို့အဆိုအရ ရခိုင်ဘာသာစကားသည်ဗမာဘာသာစကား၏ ဒေသိယစကားဟု ပြောလေ့ရှိသည်။
သို့ဆိုလျှင် ပုဂံခေတ်တွင်သုံးစွဲခဲ့သော ကျောက်စာပါဝေါဟာရများမှာလည်း ယနေ့ခေတ် စကားမပီတပီပြောနေသော ရ နှင့် ယ ” ယပင့် နှင့် ရရစ်ကို ပီပြင်စွာမထွက်တတ်သည့် ဗမာဆိုသူများ၏ ဒေသိယစကားဟုပင်ပြောရာရောက်ပေလိမ့်မည်။ ရခိုင်စကားနှင့် ဗမာစကားကို သုတေသနလုပ်လျှင် ရခိုင်ဘာသာစကားနှင့်အသံထွက်သည်ပိုမိုရှေးကျမှန်ကန်နေသည်ကို ရှေးခေတ်မြမ္မာကျောက်စာများပါ ဝေါဟာရများက သက်သေတည်လျက်ရှိသည်။
ရခိုင်တို့ ယနေ့ပြောဆိုနေသော ဘာသာစကားများသည် ရှေးခေတ်မြမ္မာကျောက်စာပါ ဝေါဟာရများနှင့်
တစ်သွေမတိမ်းနီးပါး တူနေသောကြောင့် ရခိုင်ဘာသာစကားသည် ဗမာဘာသာစကားထက် များစွာရှေးကျပြီး ဗမာဘာသာစကားမှာ
ရခိုင် ခေါ် မရမာ မြမ္မာဘာသာစကား၏ ဒေသိယစကား သို့မဟုတ် ခေတ်ပေါ် စကား (သို့) ရခိုင်ဘာသာစကားမှဆင့်ကဲပြောင်းလဲသွားသော မျိုးမစစ်အသံပျက်ဘာသာစကားတစ်ခုသာဖြစ်သည်။ အောက်တွင် ရာဇကုမာရ်ကျောက်စာ၌ပါဝင်သောရခိုင်ဘာသာစကားများထဲမှ
တစ်ချို့ကိုထုတ်နှုတ်တင်ပြလိုက်ပါသည်>>>>>>>
ခြုပ်မ =ခြုပ်မ(ရခိုင်)၊ ချွေးမ(ဗမာ)၊
ခြာယ်မ=ခြာယ်မ(ရခိုင်)၊ ခယ်မ(ဗမာ)=
မြီ=မြီ(ရခိုင်)၊ မြေ(ဗမာ)
ဇာတီ=ဇာတီ(ရခိုင်)၊ စေတီ(ဗမာ)
အရှိအရပ်သို့လားသော်ဝ်=အရှိအရပ်သို့လားသော်(ရခိုင်)၊ အရှေ့အရပ်သို့
သွားသော်(ဗမာ)
ဟိ=ဟိ(ရခိုင်)၊ ချိ့ (ဗမာ)
ရိယ်မှုတ်=ရိယ်/ရီမှုတ်(ရခိုင်)၊ ရေမှုတ်(ဗမာ)
ကျောက်စာပါ ဝေါဟာရများကို လေ့လာလိုက်လျှင် ရခိုင်ဘာသာစကားက ရှေးကျသလော၊ ဗမာဘာသာစကားကရှေးကျသလော၊ ရခိုင်ဘာသာစကားသည် ဗမာဘာသာစကား၏ဒေသိယလော၊? ဗမာဘာသာစကားသည် ရခိုင်ဘာသာစကား၏ ဒေသိယလော၊?
ရခိုင်ဘာသာစကားသည် ဗမာဘာသာစကားမှ ပြောင်းလဲခဲ့ခြင်းလော၊?
ဗမာစကားသည် ရခိုင်ဘာသာစကားမှပြောင်းလဲသွားခြင်းလော ဟူသည်ကိုရခိုင်ကျောက်စာများကို
အသာထား၍ ရာဇကုမာရ် ကျောက်စာတစ်ခုတည်းကို လေ့လာကြည့်ရုံမျှဖြင့် သမိုင်းမှန်တစ်ခုကို သိနိုင်လိမ့်မည်။
ရခိုင်ဘာသာစကားသည် ဗမာဘာသာစကား၏ ဒေသိယစကားပါဟု
ကိုယ့်ဘက်ကိုယ်ယက်ပြီး ပြောနေကြသော သမိုင်ဆရာများ၏ သမိုင်းအကြမ်းဖက်မှု ရာဇဝတ်ကိုလည်း (( ရခိုင်ဘာသာစကားသည် ဗမာဘာသာစကားထက် ရှေးကျပြီး
ဗမာဘာသာစကားသည်သာလျှင် ရခိုင်ဘာသာစကားမှဆင်းသက် သွားသော
ဒေသိယစကားဖြစ်သည်၊ ဗမာစကား၏မူရင်းဇစ်မြစ်မှာ ရခိုင်ဘာသာစကားသာဖြစ်
သည်ကို)) ဤရာဇကုမာရ်ကျောက်စာကပင်အဖြေထုတ်ပေးပြီးသားဖြစ်ပါသည်။
ရခိုင် (ခ) မရမာ မြမ္မာ ဘာသာစကားအပေါ် အသံပျက်ပြောဆိုတတ်သော ဗမာတို့က
မြမ္မာစာသည် ပျူ စာက ဆင်းသက်လာသည်ဟု အရှင်လတ်လတ်
လိမ်ညာဖြီးဖြန်းနေကြသည်။ မြမ္မာစာသည်အကယ်၍ ပျူစာက ဆင်းသက်ရိုးမှန်လျှင်
ရာစုနှစ် တစ်ခုနှင့်တစ်ခုကြား အဆင့်ဆင့်ပြောင်းလဲလာသည့်ကြားခံအက္ခရာပြောင်းလဲလာပုံအထောက်အထားရှိရမည်။ ယခုမူ ထိုသို့မရှိဘဲ အေဒီ ၁၁ ရာစုရောက်မှ မိုးပေါ်ကပြုတ်ကျလာသကဲ့သို့ ရုတ်တရက်ပေါ်ပေါက်လာသည်။ ဗမာဒေသငယ်များတွင် အစောဆုံးတွေ့ရသည့် ယနေ့ခေတ်အဝိုင်း အက္ခရာပါကျောက်စာမှာ ရာဇကုမာရ်ကျောက်စာပင်ဖြစ်သည်။
ထိုကျောက်စာတွင် ပျူ၊ မွန်၊ မြမ္မာ၊ ပါဠိ လေးဘာသာဖြင့်ရေးထိုးထားသည်။
မြမ္မာစာသည် ပျူ စာကအမှန်ဆင်းသက်လျင်ထိုကျောက်စာ၌ပင် ပျူစာပါပြီးသားဖြစ်နေသည်မို့ ချက်ချင်းကြီး ပြောင်းလဲသွားခဲ့သည် ဆိုသည်မှာလုံးဝယုတ္တိမရှိ။ အက္ခရာတို့မည်
သည် ရာစုနှစ်ချီကြာပြီးမှပြောင်းလဲ့တတ်သည်မို့ ပျူစာကိုရေးထိုးခဲ့သည့်
ထိုအချိန်၊ ထိုခုနှစ်၊ ထိုမိနစ်ပိုင်းအတွင်း ပျူ အက္ခရာကနေမြမ္မာအက္ခရာအဖြစ်ပြောင်းလဲ့သွားသည်မှာ ရယ်စရာ ဖြစ်နေသည်။ ရက္ခဝဏ္ဏ ခေါ်ရခိုင်အက္ခရာတို့သည်ဗြဟ္မီ၊ ဂုပ္တ၊ နာဂရီ အက္ခရာတို့မှပြောင်းလဲရန် နှစ်ရာစုချီကြာခဲ့ကာခေတ်အလိုက်ကြားခံအက္ခရာပြောင်းလဲပုံအဆင့်များလည်း အခိုင်အမာတည်ရှိသည်။
သို့သော် မြမ္မာစာကို အရှက်မရှိ လုယူချင်နေသော ဇာတ်ပျက် ဗမာတို့တွင် ပျူစာမှ ဆင်းသက်လာသည့် ကြားခံအက္ခရာပြောင်းလဲ့ပုံ အဆင့်များ
မည်သည့်အထောက်အထားမျှမရှိဘဲ
ရုတ်တရက်ပြုတ်ကျလာသည်မှာအရည်းကြီးနည်း အရည်းကြီးဟန်အောက်လမ်းနည်းများဖြင့် မန်းမှုတ်လိုက်သည့်ဟန်ရှိသည်။ ရာဇကုမာရ်ကျောက်စာတွင် ပျူစာ၊ မြမ္မာစာများ၊ မွန်စာများ ဖြင့်ရးထိုးထားသောကြောင့်မြမ္မာစာအက္ခရာသည် ပျူစာအက္ခရာနှင့် လားလားမျှမဆိုင်ကြောင်း အထင်းသားပေါ်လွင်နေသည်။ ဗမာတိုတွင် ခေတ်အလိုက်အက္ခရာပြောင်းလဲပုံအဆင့်ဆင့်မရှိသောကြောင့် မြမ္မာစာသည် ဗမာဒေသငယ်တွင် ပေါ်ပေါက်လာသောစာမဟုတ်ဘဲ ရောက်ရှိလာသောစာပေဟု ၁၀၀% အခိုင်အမာပြောဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော်- ဗမာဒေသတွင် အစောဆုံးတွေ့ရသော မြမ္မာအက္ခရာပါကျောက်စာများထက် ပိုမိုရှေးကျသော စာပေအထောက်အထားများက အခြားဒေသတွင်အခိုင်အမာတည်ရှိနေသော
ကြောင့်ဖြစ်သည်။ မြမ္မာစာပေတွင် ``ပင့်ရစ်မနိုင်၊ ရခိုင်မေး''
``ပင့်ရစ်မသိ၊ ရခိုင်နှင့်ညှိ''ဟူသောအလင်္ကာများရှိသည်ကိုထောက်ရှု၍
မြမ္မာစာ၏ မူလပိုင်ရှင်မှာ ရခိုင် ခေါ် မရမာ တို့၏ စာပေဖြစ်ကြောင်း၊ မြမ္မာစာပေ၏ ဇစ်မြစ်သည် ရခိုင်မှ လာကြောင်း၊ မြမ္မာစာသည် ဗမာစာမဟုတ်ကြောင်း သိသာစေသည်။ မြမ္မာစာပေသည်သူတို့ပြောသကဲ့သို့ အကယ်၍သာ ပျူစာ ပျူအက္ခရာမှ တိုက်ရိုက်ဆင်းသက်လာပါက``ပင့်ရစ်မသိ ပျူနှင့်ညှို''ဟု ဖြစ်ရချေမည်မဟုတ်ပါလော။ ပျူစာကလာပါသည်ဟု ဗြောင်လိမ်ခြင်းခံနေရသည့် မြမ္မာစာသည် ပင့်ရစ်မနိုင် ပျူကိုမမေးဘဲ ပင့်ရစ်မသိ ပျူနှင့်မညှိဘဲ အဘယ့်ကြောင့် ရခိုင်ကိုလာမေးပြီး ရခိုင်နှင့်လာညှိနေရပါသနည်း။ ပင့်ရစ်မသိ ရခိုင်နှင့်ညှိဟူသည့် စာဆိုလင်္ကာရှိနေသည်မှာ ဗမာတို့သည် ပင့်ရစ်သံနှင့် ရရစ်သံ၊ ရ နှင့် ယ” ကို လုံးဝမကွဲပြားသောကြောင့်ဖြစ်သည်။
ဥပမာ- ကြား >ကို> ကျား၊
ကြ >ကို> ကျ၊
ကြက် >ကို> ကျက်၊
ပြန် >ကို > ပျံ၊
ပြို >ကို> ပျို၊
ဟူသော စကားလုံးများကို ဗမာတို့က
ပျိုကိုလည်းပျို ပြိုကိုလည်း ပျို၊
ပျံကိုလည်း ပျံ၊ ပြန်ကို လည်း ပျံ၊ ကြားသည်ကိုလည်း ကျား၊ ကျား (တိရစ္ဆာန်)ကိုလည်း ကျား စသည်ဖြင့် အသံထွက်ရော
သတ်ပုံပါ လွဲမှားစွာ ပြောဆိုရေးသားနေကြသည်မှာ ပင့်ရစ်သံနှင့် ရရစ်သံကို ပီပြင်ကွဲပြားစွာ မပြောဆိုတတ်၊
မရေးတတ်သောကြောင့်ဖြစ်သည်။
ရ ra နှင့် ယ ya တို့ကိုလည်းထိုနည်းလည်းကောင်း မှားပြောလေ့ရှိသည်။ဥပမာ> ရန်ကုန်(Rangon)
ကို ယန်ဂုန်(Yangon)၊ ရန်အောင်(Ran Aung)ကို ယန်အောင်(Yan Aung)
ရခိုင်(Rakhine)ကို ယခိုင်(Yakhine)ဟု R ရသံ နှင့် Y ယသံကို အယူလွဲမှားစွာပြောဆိုလေ့ရှိကြသည်။ မြမ္မာစာသည် ဗမာစာပေ ဟုတ်မဟုတ် လွယ်ကူစွာ သိလိုပါလျှင် မြမ္မာစာသတ်ပုံများကို ဗမာအသံထွက်ဖြင့်သာ ရေးချလိုက်ပါ။
စာရေးသူအနေဖြင့် ရေးမပြတော့ပေ။
ထိုသို့ဗမာအသံထွက်ဖြင့်ရေးပြီးနောက်တွင် မြမ္မာစာ၏သတ်ပုံများမှာ အံ့သြဖွယ်ကောင်းလောက်အောင် ရယ်ချင်စဖွယ်ပြောင်းလဲသွားလိမ့်မည်ကို
သင်သိလာလိမ့်မည်။ ကမ္ဘာ့စာပေအသီးသီးနှင့် မြန်မာနိုင်ငံမှ စာပေအသီးသီးတို့တွင် ``ရေးတော့လည်းအမှန်၊ ဖတ်တော့လည်းအမှန် ''ဟူ၍ သာရှိပြီး မြမ္မာစာကို ဗမာစာဟု လိမ်ယူချင်သည့် သူများကသာ
``ရေးတော့အမှန်၊ဖတ်တော့အသံ(အမှား)''
တစ်နည်းအားဖြင့် ``ရေးတော့တစ်မျိုး၊
ဖတ်တော့တစ်မျိုး''ဟု ကဗျာလင်္ကာစပ်ကာ စာပေခိုးယူထားမှုအား ဆင်ခြင်ပေးလေ့ရှိကြသည်။``ရေးတော့အမှန်၊ဖတ်တော့အသံ''
ဟူသည့်စာပေအလင်္ကာတစ်ခုကို
ထောက်လျှင်ပင် မြမ္မာစာသည် ဗမာတို့၏ စာပေမဟုတ်သဖြင့် အလိမ်ပေါ်သွားမှာစိုး၍ ဆင်ခြေဆင်လက်ဆင်နားရွက်ပေးထားမှန်းပေါ်လွင်စေသည်။
သမိုင်းမှတ်တမ်းများအရ ရခိုင်အက္ခရာ
(ရက္ခဝဏ္ဏအက္ခရာ)သည် ဗြဟ္မီ၊ ဂုပ္တ၊ နာဂရိ အက္ခရာမှ ဆင့်ကဲပြောင်းလဲလာခြင်းဖြစ်ပြီး ထို ရက္ခဝဏ္ဏ အက္ခရာကို ရခိုင်ဝေသာလီခေတ် သီရိစနြ္ဒားလက်ထက်တွင် အမတ်ကြီး ဓမ္မဇေယျမှ တီထွင်ရေးသားခဲ့သည်။ ဒေါက်တာသန်းထွန်းသည်လည်း
ရခိုင်တို့သည် အေဒီ ၆-ရာစုမတိုင်ခင်ကပင် စာပေထွန်းကားလျက်ရှိကာ
ယဉ်ကျေးမှု ထွန်းကားပြီးဖြစ်သည်
ဟု ဆိုထားသည်။
မြမ္မာစာပေကလောကတွင်
ရခိုင်တို့၏ ကဗျာ၊ လင်္ကာ၊ ရတု၊
ဧချင်းများသည် ယနေ့တိုင် မျက်နှာပန်း
လှလျက်ရှိပြီး ထိုလင်္ကာ၊ ရတု၊
ဧချင်းများသည် ဝေသာလီခေတ်
(AD 327-818 )ကတည်းက
ရခိုင်စာပေတွင် ပေါ်ပေါက်နေပြီးဖြစ်သည်။
မြမ္မာစာပေ၊ မြမ္မာအက္ခရာကိုမည်သည့်
ဒေသတွင်မည်သူတို့က မည်သည့်ရာစုနှစ်တွင်စတင်သုံးစွဲခဲ့သနည်းဟူသောမေးခွန်းကို ဖြေဆိုရန်မှာ ကျောက်စာပေစာ၊ ဒင်္ဂါးစာ၊
ကြေးဆီမီးခွက်စာ၊ ခေါင်းလောင်းစာတို့ပါ အက္ခရာနှင့် ခု နှစ်များကို ကိုးကား၍ဖြေဆိုရပါမည်။ ယနေ့ခေတ်အဝိုင်းအက္ခရာပါ ကျောက်စာပေစာ၊ ခေါင်းလောင်းစာ၊ဒင်္ဂါးစာများကို အစောဆုံးခုနှစ်များဖြင့်တွေ့ရသော ဒေသနှင့်လူမျိုးသည်သာလျှင် အစောဆုံးသုံးစွဲခဲ့သောလူမျိုးအဖြစ် သတ်မှတ်ရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ဗမာဒေသငယ်များဆီသို့ ပြန့်နှံ့သွားခဲ့သည်ဟု မှတ်ယူအပ်ပေသည်။
သို့ဖြစ်၍ ယနေ့ခေတ်သုံးစွဲနေသော
အဝိုင်းအက္ခရာပါ အစောဆုံးသမိုင်းအထောက်အထားများအား ဗမာဒေသငယ်တွင်တွေ့ရသော အစောဆုံး ရာဇာကုမာရ်ကျောက်စာကို
ဗဟိုထား၍ နှိုင်းယှဉ်တင်ပြလိုက်သည်။
ရာဇကုမာရ်ကျောက်စာ(ကောဇာ ၄၇၄-ခု၊ AD 1113)ထက် လေးမြို့ခေတ် မင်းရင်ဖြူဆင်းတုဓမ္မခဏ်စာ( ကောဇာ၂၀၉-
AD-847)က ၂၆၅-နှစ် ပိုရှေးကျသည်။ နန်းကျားရပ်တော်မူ ဘုရားပလ္လင်စာ (ကောဇာ ၄၅၁-ခု AD-1089)က နှစ်ပေါင်း (၂၄)နှစ်
စောသည်။ဘူးကွဲတောင်ဘုရားကျောက်စာ
(ကောဇာ ၄၅၂ခု၊ AD1090)က(၂၃)နှစ်ပိုရှေးကျသည်။
မေဓပညာမော်ကွန်းလင်္ကာပေမူ
(ကောဇာ ၃၉ ခု ၊ AD ၆၇၈ )
ရာဇကုမာရ်ကျောက်စာ( ကောဇာ -၄၇၄, ခု ၊ AD 1113) ဝေသာလီခေတ် သီရိစနြ္ဒားလက်ထက်အမတ်ကြီးဓမ္မဇေယျ၏ မေဓပညာမော်ကွန်း လင်္ကာပေမူက မြစေတီ(ခ)ရာဇကုမာရ် ကျောက်စာထက်(၄၃၅)နှစ် ပိုရှေးကျသည်။ လေးမြို့ခေတ်အစောပိုင်းရခိုင်ဘုရင် မင်းရင်ဖြူ(AD ၈၄၃-၈၇၃)၏ ကောင်းမှုတော် ဘုရားဆင်းတုတော်ပါဓမ္မခဏ်စာ (AD- ၈၄၇, ကောဇာ-၂၀၉)-
ရာဇကုမာရ်ကျောက်စာ (AD-၁၁၁၃,AE-၄၇၄)
မင်းရင်ဖြူ၏ ဓမ္မခဏ်စာက မြစေတီကျောက်စာထက် နှစ်ပေါင်း
(၂၂၆)ထက်ပိုရှေးကျသည်။
နန်းကျားရပ်တော်မူ ဘုရားပလ္လင်စာ (AE၄၅၁-ခုAD-1089)က နှစ်ပေါင်း (၂၄)နှစ် စောသည်။
ရခိုင်ပြည် မာန်အောင်မြို့မှ ဘူးတောင်းကွဲဘုရားကျောက်စာ
(AD-၁၀၉၀)-ရာဇကုမာရ်ကျောက်စာ
(AD-၁၁၁၃) ဘူးတောင်းကွဲဘုရားကျောက်စာက မြစေတီကျောက်စာထက် (၂၃)နှစ် ပိုရှေးကျသည်။
ဝေသာလီခေတ် အေဒီ (၆)ရာစု အကုန်မှ အေဒီ ကိုးရာစုအတွင်း ရေးထိုးခဲ့သော ရက္ခဝဏ္ဏ အက္ခရာပါ ရခိုင်ကျောက်စာများအပါအဝင် စာပေအာထောက်အထားများစွာ ကျန်ရှိသေးသည်။ ကိုယ်တိုင်ကိုယ်ကျ
လေ့လာလိုပါက ရခိုင်ပြည်သို့သွားရောက် လေ့လာနိုင်ပါသည်။
ဤရက္ခဝဏ္ဏ အက္ခရာပါ အစောဆုံးသမိုင်းအထောက်အထားများအရ
ရခိုင်အက္ခရာ၊ ရခိုင်စာပေ(သို့)မြမ္မာအက္ခရာမြမ္မာစာပေသည် ရခိုင်ပြည်တွင်အစောဆုံးသုံးစွဲခဲ့ပြီး မြမ္မာစာပေဆင်းသက်လာရာမူလ ဇစ်မြစ်မှာ ရခိုင်တို့ထံမှ ဖြစ်သည်မှာ၁၀၀% သေချာသည်။ သို့ဖြစ်၍ မြမ္မာအက္ခရာကို ပထမဦးဆုံးသုံးစွဲခဲ့သူများမှာ
ရခိုင်လူမျိုးဟု ပြတ်ပြတ်သားသားရည် ညွှန်းပြောဆိုလိုက်သည်။
Ref:
- Get link
- X
- Other Apps
Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။