ကျတော်တို့ ဗမာတစ်မျိုးသားလုံး စဉ်းစားဖို့ အချိန်တန်နေပြီ။

ကျတော်တို့ ဗမာတစ်မျိုးသားလုံး စဉ်းစားဖို့ အချိန်တန်နေပြီ။
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ 

ကျတော် စဉ်စားမိတာက ကျတော်တို့
ဗမာတွေပိုင်ဆိုင်တဲ့ အရာဝတ္ထုတွေ ရခိုင်ပြည်မှာ ရှိနေတယ်လို့ မကြားဖူး မမြင်ဖူးပါဘူး။ ရခိုင်ပြည်က အရာဝတ္ထုတွေသာ ဗမာပြည်မှာ ရှိနေတယ်လို့ပဲ ကြားနေရ မြင်နေရဆဲပါပဲ။ 

ဗမာတွေပိုင်ဆိုင်တဲ့ ရှေးဟောင်းဘုရားများ ရခိုင်ပြည်မှာ ရှိတယ် ရခိုင်တွေ ကိုးကွယ်နေရတယ်လို့ မကြားဖူး မမြင်ဖူးပါဘူး။ ရခိုင်ပြည်က ရှေးဟောင်းဘုရားတွေသာ ဗမာပြည်မှာရှိနေတဲ့ ဗမာတွေ ကိုးကွယ်နေရတယ်လို့ပဲ မြင်နေရ ကြားနေရဆဲပါပဲ။ 

ဗမာတွေ၏ ယဉ်ကျေးမှု ဝတ်စားဆင်ယင်မှုတွေကို ရခိုင်ပြည်မှာ အသုံးပြုနေရတယ်လို့ မကြားဖူး မမြင်ဖူးပါဘူး။
ရခိုင်ပြည်က ယဉ်ကျေးမှု ဝတ်စားဆင်ယင်မှုတွေကိုပဲ ဗမာပြည်မှာ ဗမာတွေ အသုံးပြုနေရတယ်လို့ မြင်နေဆဲ ကြားနေဆဲပါပဲ။

ထိုးအတူပဲ မွန် တွေ၏ အရာတွေကိုလည်း ဗမာပြည်မှာရှိနေဆဲ မြင်နေဆဲပဲ။ ဗမာပြည်က အရာတွေ မွန်ပြည်နယ်မှာ ရှိနေတယ် သိပ်မကြားမိပါဘူး။

ဒီတော့ ရခိုင်ပြည်က ဘုရားတွေ >>

၁။ သျှင်ကျော် မဟာမြတ်မုနိ   (မန္တလေး)
၂။သောင် ရွှေဘုံသာမုနိ   (ပန်းတောင်)
၃။ မာရ်အောင်မြင်မုနိ   (ဇလွန်)
၄။ရှင်ကျော်မုနိ    (ရွှေတောင်)
၅။ ပုံစံတော်ဘုရား (ဧရာဝတီတိုင်း ရေကြည်မြို့နယ် ၊ ဘုတ်ချောင်းကျေးရွာ ) 
စလေးမြို့ ၊ တောင်တွင်းကြီး ၊ ရွှေတောင် ၊ ပြည် တဖက်ကမ်း ပန်းတောင် ၊ ဇလွန် ၊ ရွှေဘုံသာ ၊ မန္တလေး
ဒီထက်မက ရှိနိုင်သေးသည်။
 
ဒီတော့ ဒီလို ရခိုင်ပြည်က ဘုရားတွေ၊ ကျတော်တို့ ဗမာပြည်မှာရှိနေတဲ့ ကာလပတ်လုံး ၊ ဝတ်စားဆင်ယင် ယဉ်ကျေးမှုတွေ ကျတော်တို့ဗမာတွေအသုံးပြုနေတဲ့ ကာလပတ်လုံး ရခိုင်လူမျိုးတွေ၊ မွန်လူမျိုးတွေ ဆီမှာ အမြဲတမ်း ကျတော်တို့ ဗမာတွေ သူခိုး ဓားပြ၊ ဘုရားသူခိုး စသဖြင့် အပြောဆိုခံ၊ အဆဲခံ နေရအုန်းမှာပဲ။ ဒီတော့ ဒါတွေကို ကျတော်တို့ ဗမာတွေ/မျိုးဆက်သစ်တွေအနေနဲ့ ဘယ်လိုချေဖျက်သင့်ရင်ကောင်းမလဲ့ ဆိုတာ စဉ်းစားဖို့ သင့်နေပြီ ထင်ပါတယ်။
 ကျတော် စဉ်စားမိတာက အဲ့လို ချေဖျက်ချင်တယ်၊ အခြားလူမျိုးတွေအမြင်မှာလည်း ဗမာတွေကို အမြင်ရှင်းရှင်းဖြစ်စေချင်ရင်တော့ ကျတော်တို့ ဗမာတစ်မျိုးသားလုံးက အစိုးရကို တိုက်တွန်းနှိုးဆော်ပေးရမယ်။ ကိုယ့်ဟာမဟုတ်တာတွေ ပေးသင့်တာကိုရှိရင် ပြန်ပေးစေရေးပေါ့လည်။ ဒီလို ကျတော်တို့ ဗမာတစ်မျိုးသားလုံးက တိုင်းရင်းသားတွေဖက်က ရပ်တည်ပေးမှသာ ဗမာတစ်မျိုးသားလုံးကိုလည်း အမြင်ရှင်းလာမယ်၊ အစိုးရနဲ့ ဗမာလူမျိုး ကွဲပြားလာမယ်။
 ဒီလိုမှမဟုတ်ဘူး ကျတော်တို့ ဗမာတစ်မျိုးသားလုံးက အစိုးရလုပ်သမျှကို လက်ခံကျေနပ်နေပြီး ထောက်ခံနေရင် တိုင်းရင်းသားတွေဖက်ကလည်း အစိုးရလုပ်သမျှဟာ ဗမာတစ်မျိုးသားလုံးကို ထိခိုက်ပြောဆိုကြလိမ့်မယ်။ 

ဒါကြောင့် ကျတော်တို့ ဗမာတစ်မျိုးသားလုံးက အစိုးရကို တိုက်တွန်းနှိုးဆော်ရမယ် ပေးစရာရှိတာတွေ ပြန်ပေးစေရေးပေါ့လည်။ ကျတော်တို့ ဗမာလူမျိုးတွေအနေနဲ့လည်း တကယ်စဉ်စားရင် ရှက်စရာကောင်းပါတယ်။ ကိုယ့်ဟာမဟုတ်တာတွေကို ကိုယ့်ဟာလုပ်နေလို့ ဘယ်လိုမှ ရမှာမဟုတ်ပါဘူး။ လူကိုပဲသတ်လို့ရမယ် သမိုင်းကိုသတ်လို့မရပါဘူး။ ဒါတွေကို သဘောပေါက်ဖို့လိုပါတယ်။ မဟုတ်ရင်တော့ တိုင်းရင်းသားတွေ၏ ပစ္စည်း ဗမာပြည်မှာရှိနေတဲ့ ကာလပတ်လုံး ကမ္ဘာကြေကြလိမ့်မယ်မဟုတ်ဘူး။ ဗမာတစ်မျိုးသားလုံး အမြဲတမ်း အပြောအဆိုခံနေရအုန်းမှာပဲ။ စဉ်စားဖို့အချိန်တန်နေပြီ။




✏ ✏ ✏ ✏
 Zaw KoKo(မဟိံသကတိုင်း)

Comments

Popular posts from this blog

ရခိုင်မင်းသား ဒွန်မာတင်နောက် အနှစ် ၂ဝဝ အတွင်း ဥရောပမှာ စစ်ပညာသင်ခဲ့သူ ဘယ်သူလဲ

ရမ္မာဝတီ ရခိုင်မိသားစု ဆွေမျိုးတော်စပ် ခေါ်ဝေါ် ကြပုံ နှင့် အမည်ပေးပုံ စနစ်

ဧရာဝတီ မိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ (၂)