မြန်မာ့ အက္ခရာ ပိုင်ရှင် ဘယ်သူလဲ့
@°°°°°°°°°°°°°°°°°®°°°°°°°°°°°°°°°°°©
●✪▬▬▬▬▬๑۩۩๑▬▬▬▬▬✪●
ဒီမေးခွန်းကို မေးထားတာ ၁ ရက်ကျော် ၊ ၂ ရက် ရှိပြီ။
ဒီ မေးခွန်းက ဟာကို အရင် ကြည့်ပြီးမှ ဒီ အောက်က post ကို ဖတ်ပါ ဒါဆိုပို သဘောပေါက်လိမ်မယ် ထင်တယ်။
မေးခွန်းက >>
မြန်မာအက္ခရာ ခေါ် (က,ခ,ဂ ) စသည့် ဗျည်း၃၃လုံးတို့နှင့် သရများကို ဗြာဟ္မီ အက္ခရာက ပြောင်းလဲ့လာပုံကို ဗမာ ၊ မွန် ၊ ရှမ်း ၊ ရခိုင် စသည့် မြန်မာ့ အက္ခရာသူံး လူမျိုးတိုင်း မြန်မာအက္ခရာ အဖြစ် ပြောင်းလဲ့လာပုံကို
ဘယ်လို့မျိုး ပြမှာလဲ့ ၊ မြန်မာ့ အက္ခရာက ဒီတိုင်း မိုးပေါ်က ချလာတာ မဟုတ် ၊ မှုရင်းတစ်ခုကို မဏ္ဍိုင်ပြုထားပြီး အဆင့်ဆင့် ပန်းချီကားတစ်ချက်လို့ တဖြည်းဖြည်း ရုပ်လုံးပေါ်လာအောင် လူတွေ ဖန်တီးယူလာတာ ဒါကြောင်း သင်တို့ ဘယ်လို့မျိုး အထောက်အထားနဲ့ ငါတိူ့ စာပါဟု ဘယ်လိုပြနိုင်မလဲ ။
ပုံများတွင် စာရေးထားသည် သဘောပေါက်အောင်ဖတ်ပါ။
👇
•••••••••••••••••••••••••••••••••••
ကောင်းပြီ စမယ်👇
လက်ရှိ မြန်မာစာ ခေါ်(က,ခ,ဂ) စသည့် ဗျည်း၃၃ လုံး နှင့် သရ တိ့ု၏ အက္ခရာများသည် အိန္ဒိယနိုင်ငံ ဗြာဟ္မီ က ဆင်းသက်လာတယ် ဆိုတာ လူတိုင်းနီးပါး သိလိမ့်မယ် ထင်တယ် ။ အင် တချို့ကလည် ပျူလိုလို ၊ မွန် လိုလို ၊ အိန္ဒိယ လိုလို ပြောနေ ရေးနေ ဝါးတားတား ဖြစ်နေသေးတယ် ဒါတွေလည် ရှိနေသေးတယ် ၊
ကောင်းပြီ ထားလိုက်တော့ ၊ ဗြာဟ္မီ ကလာတဲ့ဆိုတာ အမှန်တကယ်လည့် ဟုတ်နေပါတယ်။ ဒီတော့ ဒါကို ဗမာ ၊ မွန် ၊ ရခိုင် ၊ပျူ အသီးသီး တို့က ဗြာဟ္မီအက္ခရာကနေ မြန်မာစာ အက္ခရာတွေကို လူမျိုးတစ်ခုက စတင် ပြောင်းလဲ့ အသုံးပြုခဲ့သည်ပေါ့ ၊ အဲ့လူမျိုးရဲ့ တီထွင်ကြံဆပြီး ရလာတဲ့ မြန်မာအက္ခရာ တွေကို ကျန် မြန်မာစာသုံး လူမျိုးတွေက သုံးကြတယ်ပေါ့လဲ။ ဒီတော့ ဗမာလူမျိုးတို့က ဆိုကြသည်>> ဗမာလူမျိုးတို့က ပြောင်းလဲ့့ပစ်ပြီး ဆင်းသက်သွားတယ် ၊ ပြီးမှ ကျန်လူမျိုးများက သုံးတယ်ပေါ့့ ဒီလိုဆိုနေကြတယ် ။ ထိုးနည်း၄င်းပဲ မွန်လူမျိုးတို့က သူတို့ဆီက ဆင်းသက်သွားတာတယ် ၊ ရခိုင်လူမျိုးဆီက ဆင်းသက်သွားတယ် စသဖြင့် အငြင်းပွားနေကြတယ် ။ ကောင်းပြီး ဒါဆို ဘယ်သူဆီကလဲဆိုတာ ခိုင်မာတဲ့ သက်သေ အထောက်အထားလိုတာပေါ့ ။
ဒီတော့ မိမိလူမျိုးနဲ့ပတ်သတ်ပြီး ခိုင်မာ ရှေ့ကျတဲ့ ဗြာဟ္မီ အက္ခရာ နဲ့ ပတ်သတ်တဲ့ ကျောက်စာလည် မရှိပဲ ၊ စာရွက်ပေါ်မှာ ဇယားကွက်နဲ့ ဗြာဟ္မီ အက္ခရာကိုရေး ၊ ပြီးရင် အဆင့်ဆင့် ဒီလို မြန်မာစာ အက္ခရာ ပြောင်းလဲ့ပြီး ငါတို့လူမျိုးက စတင် အသုံးပြုပါတယ်လို့ လုပ်နေရင်တော့ ဒါက သက်သေမဟုတ်ပါဘူး ။ ဒါက သမိုင်းလိမ် / သမိုင်းတရာခံ လုပ်ရပ်ပါ စိတ်ကူးယဉ်ပြီး လုပ်ကြံတာပါ။ သူများတွေမှာ မြင်လို့ အတုခိုးတာပဲ ရှိတယ် ၊ အဲ့လို စာရွက်ပေါ်မှာ ဗြာဟ္မီ အက္ခရာရေးပြီး ပြောင်းလဲ့လာပုံ အဆင့်ဆင့်ကို ဇယားကွက်နဲ့ ပြတာက လူမျိုးတိုင်း လုပ်လို့ရပါတယ် ၊ အဲ့လို့ လုပ်လို့ သက်သေလို့ခေါ်ရင်••••••
သက်သေပြလို့ရရင်•••••
ရှမ်းလူမျိုးတို့ကလည် အဲ့လို ဇယားကွက်ကျ ပြီးရင် မြန်မာ့ အက္ခရာဟာ ငါတို့ရှမ်းလူမျိုးဆီက ဒီလို ဗြာဟ္မီ အက္ခရာ ကနေ အဆင့်ဆင့်ပြောင်းလဲ့ သွားပါတယ်လို့ပြပြီး မြန်မာ့ အက္ခရာ ဟာ ငါတို့ ကိုယ်ပိုင်ပါ စာလို့ ပြောမှာပဲ ။ ထားဝယ် လူမျိုးတို့ကလည် ထိုနည်းတူစွာပဲ ဖော်ပြပြီး ပြောမှာပဲ ၊ အသီးသီး မြန်မာစာသုံး လူမျိုးပေါင်းစုံ အဲ့လို ဖော်ပြပြီး ပြောမယ် ၊ ပြမယ်ပေါ့ ။
ဒီတော့ အထောက်အထား အတိအကျနဲ့ ခိုင်မာတဲ့ သက်သေပြရာမှာ တိကျပြီး သဘာဝကျကျ ယုတ်တိရှိဖို့လဲ့လိုပါတယ် ၊
ဒီတော့ ကျတော်က ရက္ခိုင်ကိုပဲ သက်သေ ထားပြီး အက္ခရာ ပြောင်းလဲ့လာပုံကို ခိုင်မာတဲ့ အထောက်အထားနဲ့ ချပြသွားပါမည် ။
အမှန်တော့ ဒီအထောက်အထားဟာ ရခိုင်သား သုတေသန ပညာရှင် ဦးစံသာအောင် ၁၉၇၄ ခုနှစ် ရေးထုတ်တဲ့ ( AD ၆ ရာစုနှင့် ယင်းမတိုင်မီ ရခိုင်ပြည်သုံး အက္ခရာ ဆိုတဲ့ စာအုပ်ကို သမိုင်း လေ့လာသူတိုင်း ဖတ်ဖူးလိမ့်မယ်လို့ ထင်ပါတယ် ။ ဒါပေမယ့် ကျတော် ပြောပြသလို ဒီလို့တွေးအခေါ် နှင့် သတိဝင်ချင်မှ ဝင်လိမ့်မယ် ၊ ဘယ်လောက်ပဲတော်နေပါစေ လူမှာ တစ်ယောက်အမြင်အတွေးအခေါ်နဲ့ တစ်ယောက် မတူနိုင်ပါဘူး ။
ကောင်းပြီ >> ရက္ခိုင်မှာ ဝေသာလီကျောက်လှေကားခေတ် AD ၃ ရာစု လောက်ကပဲ စပြောပါမယ် ၊ အဲ့အချိန် ရက္ခိုင်ပြည်မှာ အက္ခရာဟာ (ဗုဒ္ဓဘုရားနဲ့ ခေတ်ပြိုင် အာသောကခေတ် ) ဗြာဟ္မီ နှင့် ဗြဟ္မီပွား ဂုပ္တ နာဂရီ စသည့် အက္ခရာတွေကိုပဲ ရခိုင်မှာ သုံးနေဆဲပါ ၊ အိန္ဒိယ မှအပ ရက္ခိုင်ပြည်လောက် ဗြာဟ္မီပွား ဂုပ္တ ၊နာဂရီ စသည့် အိန္ဒိယသုံး အက္ခရာတွေ ပေါးများတဲ့ ပြည်မရှိပါလောက်ဘူး ထင်ပါတယ် ။ လက်ရှိ ရက္ခိုင်ပြည်ကထွတ် ကျောက်စာ ၊ ကြေးပြားစာ ဘုရင်အမည်နှင့် ဒင်္ဂါးမျာ စသည့် အသီးသီးတို့က သက်သေတည်နေပါတယ် ။
ဒီတော့ ရခိုင်တွေဟာ ဗြာဟ္မီ ဗြဟ္မီပွား ဂုပ္တ နာဂရီ အက္ခရာကို မဏ္ဍိုင် ထားပြီး အဆင့်ဆင့် ပြောင်းလဲ့ပြီး မြန်မာ့ အက္ခရာ ခေါ်
( က, ခ , ဂ ) စသည်ရှိသော ဗျည်း ၃၃ လုံးနှင့် သရ များကို ဗြာဟ္မီမှတစ်ဆင့် ဗြဟ္မီပွား အက္ခရာများကနေ ကူးပြောင်း အသုံးပြုလာကြပါတယ်။ ဘယ်လိုမျိုး ကူးပြောင်း လာသလဲဆိုရင် AD ၃ ရာစု မတိုင်ခင်လောက်ကနေ အသုံးပြုနေတဲ့ ရက္ခိုင်ပြည် ကျောက်စာ များနဲ့ အခု လက်ရှိ အက္ခရာ အဆင့်ဆင့် ဖြစ်ပေါ် နှိုင်းယှဉ် ပြရာက သက်သေပြုနေပါတယ် ။
အောက်ပုံများကိုကြည့်ပါ >>ရခိုင်က AD ၃ ရာစု ဗြာဟ္မီပွား အက္ခရာမျိုးနဲ့ရေးထားတဲ့ ကြေးနီပြား တစ်ချက် လောက်ကိုပဲ အတိအကျ ဖော်ပြထားပါတယ် ။ ခိုင်မာတဲ့ သက်သေဆိုတာ ဒီလို့မျိုးကို ခေါ်ပါတယ် ၊ သက်သေအထောက်အထား ပြတတ်ရမယ် > ပုံကြည့်ရန် ဘယ်ဖက်မှာ ရက္ခိုင်ပြည်ထွတ် ကျောက်စာ နာမည် > သူရှေ့မှာ ကျောက်စာပါ အက္ခရာ များနှင့် အပေါ်ဆုံးမှာ လက်ရှိ မြန်မာစာ ( က,ခ) အစရှိသော ။
အများကြီး မတွေးပါနဲ့
အများကြီး မပြောင်းမလဲ့သော
ဏ (ကြီး) အက္ခရာ တစ်လုံးကို ကြည့်ယုံနဲ့ မြန်မာ အက္ခရာ ဟာ
ရက္ခိုင်ပြည်က ထွတ်တယ်ဆိုတာ
အစောဆုံး ရက္ခိုင်ပြည် ဗြဟ္မီစာ ဗြဟ္မီပွားအက္ခရာများ ဂုပ္တ နာဂရီ စသည့် ကျောက်စာ ၊ ကြေးပြားစာ၊ တို့က သက်ပြုနေပါလိမ့်မယ် ။
ဒီထက် ရှေ့ကျတဲ့ ရက္ခိုင်ပြည်သုံး အက္ခရာနဲ့ ပြောရမယ်ဆိုရင် တောင်ပေါက်ကြီး ကျောက်စာခေါ် ဗြာဟ္မီ အက္ခရာနဲ့ ရေးထားတဲ့ BC ခေတ် မြတ်ဗုဒ္ဓ ဓညဝတီရခိုင်ပြည်သို့ ကြွေရောက်ကြောင်း ရေးထိုးထားတဲ့ ဗြာဟ္မီ အက္ခရာက ရှိနေသေးတယ် ။
အခြား မြန်မာ့ အက္ခရာ ကို အရှင်ခံထားသော လူမျိုးများ ဒီလို အထောက်အထား ရှိရင် လာပြပါ ။
ဒီထက် ခိုင်မာအောင် ပြောရရင် ဒီနေ့ ဗမာပြည်တွင် ရရှိသော ပုဂံပြည်ခေတ် အသုံးပြုတဲ့ မြန်မာစာ အစောဆုံးလို့ ပြောနေသော ကျောက်စာတွင်းရှိ စာပေ စကား ဝေါဟာရတွေဟာ ရခိုင့်လေသံ ရခိုင့်စကား ရခိုင့် ဝေါဟာရ တွေကို အပြောင်းအလဲ့မလုပ်နိုင်ပဲ မပြောင်းမလဲပဲ အသုံးပြုနေရပါတယ် ဆိုတဲ့•••• အချက်တွေက လက်ရှိ သက်သေအဖြစ်တည်နေပါလိမ့်မယ် ၊
နောက်တစ်ခု
ရေးတော့ အမှန် ဖတ်တော့ အသံ ဆိုတဲ့ စကား ၊
လူသားတွေဟာ အစအမှုလ စာပေ တီထွင်တဲ့ နေရာမှာ မိမိ ပြောနေ , သုံးနေတဲ့ စကား ဝေါဟာရတွေကိုပဲ စာအဖြစ်လုပ်လာတာ ၊ မိမိပြောနေ သုံးနေတဲ့ စကားဝေါဟာရ မဟုတ်ပဲ
စာပေကို ထွင်ဖို့ဆိုတာ မလွယ်ပါဘူး၊ မဖြစ်နိုင်ပါဘူ။ လူသားတွေဟာ စကား အဖြစ်ကနေ စာပေ ဖြစ်ပေါ်လာတာပါ ၊ စကားအဖြစ်ကနေ စာပေ ဖြစ်ပေါ်လာတယ်ဆိုမှ စကားအသုံးနှုန်း နဲ့ စာပေ တူကို တူနေရလိမ့်မယ် ၊ အဲ့ စာပေ တွေကို စကားမတူတဲ့လူမျိုးခြား က ယူသုံးရင်တော့ ဘယ်လိုမှ အဲ့စာအသုံးနှုန်း နဲ့ မိမိပြောနေသော စကား ဘယ်လိုမှ ကိုက်ညီမှု ရှိလိမ့်မည်မဟုတ် ။ လူမျိုးတစ်ခုစီရဲ့ အသုံးအနှုန်းတူမှမတူတာကို ဥပမာ< အစ်ကို , အစ်မ ၊ ဗမာမှ အဲ့လို အမှန်ပြောတဲ့ ဗမာနေရာဒေသ ဗမာမှာ မရှိပါဘူး၊ အကို အမ ဒါပဲရှိတယ် ။ ဒါကို သတိထားဖို့လို့တယ် ဒီတော့ ဒါကို ထိန်းသိမ်းဖို့တွက် >(ရေးတော့ အမှန် ဖတ်တော့ အသံ ) ဆိုတဲ့ စကားနဲ့ပဲ ထိန်းသိမ်းပြီး အသုံးပြုနေရလိမ့်မယ်ဆိုတာ သတိပြုပါ။
ကျန်တာကတော့ နောက်မှ တဖြည်းဖြည်း မိမိစကားနဲ့ကိုက်ညီအောင် ပြုပြင်ပြောင်းလဲ့ လာတာပဲ ရှိကောင်း ရှိလိမ့်မည် ။
ကောင်းပြီ.. ဗြာဟ္မီ ဗြဟ္မီပွား ဂုပ္တ နာဂရီ စသည့် အက္ခရာ မျိုးနဲ့အထောက်အထား
ဒီတော့ ဒီလို ရှေ့ကျတဲ့ (က,ခ,ဂ,ဃ,င) ဖြစ်မယ့် ရှေးပြေး အက္ခရာ နဲ့ ကျောက်စာ ထောက်အထား မရှိပဲ ဗမာ၊ မွန် ၊ ရှမ်း စသည့် လူမျိုးပေါင်းစုံတို့က ဇယားကွက်လုပ်ပြီး ငါတို့စာဟု အထောက်အထား ပြနေရင်တော့ လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ ဘင်္ဂလီ ကုလားများသည်လည့် ကျောက်စာ အထောက်အထားမလိုပဲ ဇယားကွက်လုပ်ပြီး မြန်မာစာဟာ ငါတို့ ရိုဟင်ဂျာ စာပါလို့ ပြလို့ရတယ် ဆိုတာ သတိထားပါ ။
ဒါကြောင်း ဗမာ မွန် ရှမ်း ထားဝယ် မြန်မာ့ အက္ခရာသုံးနေကြတဲ့ လူမျိုးတွေဟာ ဘယ်သူဆီက စာပေ အက္ခရာကို သုံးနေသလဲ့ ဆိုတာ ဒီ အထောက်အထားက ခိုင်မာတဲ့ သက်သေအထောက်အထား ပြုနေလိမ့်မယ် မှတ်ချက် ။ မြန်မာ့ အက္ခရာ ပြောလို့ မြန်မာကိုဗမာ မထင်လိုက်ပါနဲ့ လို့ ပြောပါရစေ ။ မြန်မာကို ဗမာ ထင်တဲ့ အဲ့အတွေးအခေါ် အရင်ထုတ်ထားပါ။
ရခိုင်မှာ.. သူ့ဟာနဲ့သူ စာပေ အဆင့်ဆင့်အသုံးပြုလာကြောင်းကို အထောက်အထားခိုင်ခိုင်ရှိပါတယ်။ ရခိုင်တွေဟာ အိန္ဒိယနဲ့ နီးကပ်တယ် အိန္ဒိယက စာတွေ.. ဗြဟ္မီ.. ဂုပ္တ နာဂရီ စသည့် ရခိုင်စာပေ ဖြစ်လာမယ့် ရှေ့ပြေး အိန္ဒိယ စာပေတွေကို ရခိုင်တွေဟာ မိမိနိုင်ငံ၏ မိခင်စာပေသဖွယ် နှစ်ရှည်လများ ဘုရင်တွေအဆက်ဆက် အသုံးပြုခဲ့ကြတယ်ဆိုတာ ဒီနေ့အချိန်ထိ ရခိုင်ဒေသမှာ သက်သေ ရှိနေပါတယ် ။ နောက် ဝေသာလီခေတ် ၃ ရာစုမှာ စတင်ခါ ဂုပ္တ>နာဂရီ အက္ခရာကို တဖြေးဖြေး (ကခဂဃင) ရခိုင်စာပေ အဖြစ်သို့ ကိုယ်နည်းကိုယ့်ဟန်နဲ့ ရခိုင်စာပေအဖြစ်သို့ အဆင့်ဆင့် ပြုပြင်ပြောင်းလဲ့ယူလာကြပါတယ်။ အဲ့ဒါကို ရက္ခဝဏ္ဏ အက္ခရာဟု ခေါ်တဲ့ (ကခဂဃင) ဆိုတဲ့ ရခိုင်စာပေ ပဲဖြစ်ပါတယ်။
ရခိုင်စာပေ သဘောကို
အတိုချုပ် မျက်စိမှာမြင်အောင် ပြောရရင် ဗြဟ္မီ.. ဂုပ္တ.. နာဂရီ အက္ခရာနဲ့စာပေတွေကို ပါဠိဘာသာ သက္ကဋဘာသာ တွေနဲ့ မိခင်စာပေသဖွယ် နိုင်ငံမှာအသုံးပြုခဲ့ပြီး အဲ့.. ဗြဟ္မီ.. ဂုပ္တ.. နာဂရီ.. နေဆင့် ရခိုင်တွေ ရက္ခဝဏ္ဏ အက္ခရာကို ဖန်တီးယူလာတာပဲ ဖြစ်တယ်။
လက်ထဲမှာ မြေအိုး ဖြစ်မယ့် ရွံ့ခဲ မရှိပဲ။ မိမိမှာ မြေအိုး မလုပ်နိုင်ဘူး။ သူများဆီက အလိုက်သင့် ဝယ်မှပဲ ရမယ်။ ဒါဟာ စာပေ၏ သဘောအရင်းပင်ဖြစ်သည်။
အဲ့လို မျိုးမရှိပဲ မိုးပေါ်က ကျလာမှပဲ ရပါလိမ့်မယ်။
ဒါမှဟုတ်.. ဘေးပတ်ဝန်ကျင်း နိုင်ငံတွေက အသုံးပြုနေတဲ့ဟာကို မြင်လို့ အလိုက်သင့် အသုံးပြုလိုက်တာမှပဲ ရမယ်။ ဥပမာ..အခုလက်ရှိ ပြောရရင် အင်္ဂလိပ်စာပေါ့ မြန်မာနိုင်ငံမှာ အင်္ဂလိပ်စာ ABC ကို အသုံးပြုသင်နေတာဟာ သူများနိုင်ငံကဟာကို အလိုက်သင့် ယူသုံးတာပဲ ဖြစ်တယ်။
ထိုးအတူပဲ အင်္ဂလိပ်စာ ABCD ကိုအသုံးပြုပြီး.. မိမိလူမျိုး ဘာသာစကားနဲ့ ရေးတဲ့ လူမျိုးတွေလဲ့ သူများနိုင်ငံက စာပေအက္ခရာကို အလိုက်သင့် ယူသုံးတာပဲ ဖြစ်တယ်။ ဒါတွေကို ကွင်းကွင်းကြီးမြင်တတ်ဖို့လိုတယ်။
ပုဂံဒေသမှာ (ကခဂဃင) စာပေအက္ခရာနဲ့ ရေးထိုးသော ကျောက်စာ၏ ဘာသာစကားမှာလဲ့ ရခိုင်စာပေ ရခိုင်စကားဝေါဟာရတွေပဲဆိုတာ ရခိုင်စကားတတ်သူတိုင်း သိရှိကြပါလိမ့်မည်။ ဒါဆို ပုဂံဒေသက လက်ရှိ မြန်မာစာပေခေါ် စာနဲ့ကျောက်စာတွေဟာ.. ရခိုင်နိုင်ငံက စာပေကို အလိုက်သင့် ယူသုံးလိုက်တာပဲဖြစ်တယ်။ ဒါကြောင့်လဲ့ ရခိုင်စကားဝေါဟာရတွေအတိုင်း မပြုပြင်နိုင်ပဲ ပုဂံဒေသမှာ ရှိနေတာဖြစ်တယ်။
ဒါကို အခုနောက်ပိုင် ခေတ်မှာ ဗမာစကားအသံထွတ်အတိုင်း တဖြေးဖြေး ပြုပြင်ယူလာတာပဲဖြစ်ပါတယ်။ ဒါကို ရခိုင်စာပေကို ဗမာမူပြုလိုက်တာပဲ ဆိုရင် အသင့်တော်ဆုံးနဲ့ အမှန်ကန်ဆုံး ဖြစ်ပါလိမ့်မယ်။
ပုဂံဒေသမှာ ဂုပ္တအက္ခရာ နာဂရီအက္ခရာ ပလ္လဝအက္ခရာ စသည့် ရှေ့ပြေးအက္ခရာတွေကို မိမိပုဂံဒေသမှာ မိခင်စာပေသဖွယ် အသုံးမပြုခဲ့ပါဘူး။
အောက်ပုံများကို သေချာကြည့်ပါ ဗျည်း ၊ သရ စသည်များကို ယခု စာနဲ့ တိုက်ကြည့်ပါ ။ စိတ်ကူးယဉ်ပြီး စာရွက်ပေါ်မှာ ကောက်ရေးထားတာမဟုတ် ၊ ရက္ခိုင်ပြည်မှ ရရှိလာသော ကျောက်စာများနဲ့ နှိုင်းယှဉ်ပြထားတာပါ ။ ရရှိသောကျောက်စာ အဲ့ကျောက်စာပေါ်မှာရှိသော အက္ခရာ များ နှင့် လက်ရှိ အက္ခရာများ တူညီမှု သက်သေ ။
ဗုဒ္ဓရင်ငွေ့ ရက္ခိုင်ပြည်က သက်သေပြုနေပါတယ်။
----------✎﹏﹏﹏﹏﹏﹏﹏៚🖍
Zaw Zaw (ရက္ခပူရတိုင်း)
ပုံကြည့်ရန် ဥာဏ်နဲ့ယှဉ်ကြည့်ပါ မြင်အောင်ကြည့်ပါ
👇👇👇👇👇👇👇
Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။