Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရခိုင်စာပေကို အလိုက်သင့် ယူသုံးသော ပုဂံဒေသ ✎﹏﹏៚

ရခိုင်စာပေကို အလိုက်သင့် ယူသုံးသော ပုဂံဒေသ ✎﹏﹏៚  ●✪▬▬▬▬๑۩۩๑▬▬▬▬✪●

မြန်မာ စာပေ သမိုင်းကို ပြောကြတဲ့အခါ။ 
မြန်မာစာဆိုတာ ရခိုင်စာပေပါ  ရခိုင်စာ​ပေ အက္ခရာကို ဗမာမူပြုလိုက်တာပဲ၊ ရခိုင်စာ​က ဆင်းသက်သွားတာ စသဖြင့် ရေးကြ ပြောကြတဲ့အခါ.. ။ 
ဗမာတွေက မကျေနပ်ကြဘူး။
 ဒီတော့ ဒါဆို.. ဗမာစာ အဆင့်ဆင့် ဘယ်လိုပြောင်းလဲ့လာသလဲ့ဆိုတာ အထောက်အထားနဲ့ ဖော်ပြပါ ဆိုတော့။ ဗမာတွေက ဦးသာမြတ် ရေးတဲ့ စာအုပ်ကိုကိုင်ပြီး လာလာပြတတ်ကြတယ်ပေါ့လဲ့။  ကောင်းပါပြီဗျာ အဲ့ ဦးသာမြတ်ရေးတဲ့ (က) ကြီး ဖြစ်ပေါ်လာပုံ စာတစ်ပုဒ်ကိုပဲ သူရေးထားတဲ့ အတိုင်း ကျတော် ပြန်မေးပါမယ်။


....သူရေးထားတာက..... 
 ဗြဟ္မီ (+) မှ ကုသန> မှ၊ ဂုပ္တ >မှ ပလ္လဝ တို့မှ အဆင့်ဆင့်ပြောင်းလဲ့လာပြီး.. ပုဂံခေတ်မှာ.. (m(က)  အက္ခရာ ပေါ်လာတယ်လို့ဆိုပါတယ်..။
.အမှန်ဆို  သူရှေ့က ဂုပ္တ အက္ခရာ..နာဂရီ အက္ခရာ ဒီလိုရှိသေးတယ်။  ဟုတ်ပြီ ပုဂံခေတ်မှာ (m(က) အက္ခရာ ပေါ်လာတယ်ဆိုရင် သူရှေ့က ဂုပ္တ အက္ခရာ.၊
ပလ္လဝ အက္ခရာတွေနဲ့ ပုဂံခေတ်မှာ  အနော်ရထာ လက်ထက်တို့မှာ ဂုပ္တအက္ခရာ.. ပလ္လဝ အက္ခရာတွေကို မိမိစာပေသဖွယ်.. နှစ်ရှည်လများ အသုံးပြုခဲ့ပါလား။ စုက္ကတေးမင်း လက်ထက်မှာကော အသုံးပြုခဲ့ပါသလား။ 



အဲ့လို '(ကခဂဃင) ဖြစ်လာမယ့် ဂုပ္တ ၊ နာဂရီ စသည် ရှေ့ပြေးအက္ခရာတွေကို ပုဂံဒေသမှာ အသုံးမပြုခဲ့ပဲ.. ဘယ်ကနေ ဘယ်လို ပုဂံဒေသမှာ (ကခဂဃင) စာပေတွေ အလိုက်သင့် အသုံးပြုနေရတာလဲ့။ မိုးပေါ်ကများ ကျလာသလား။
စာပေတစ်ခုဟာ သူ့ဟာနဲ့သူ ကွင်းဆက်မရှိပဲ။ ကုန်ပစ္စည်းတစ်ခုလို အိန္ဒိယနိုင်ငံမှာ ( ကခဂဃင) ဆိုတဲ့ စာမျိုးကို ထုတ်လုပ်ပြီ ရော ပုဂံဒေသမှာ သုံးကြ ဆိုပြီး လုပ်လို့မရပါဘူး။ ဒါကို ရှင်းရှင်းကြီး မြင်တတ်ဖို့လိုပါတယ်။ 
 ဒါအပြင် အဲ့ ပုဂံဒေသမှာ လက်ရှိ  မြန်မာစာပေ ခေါ်တဲ့ စာပေ မပေါ်ခင်အချိန်မှာလဲ့ ပျူစာပေ သုံးလိုက်။ မွန်စာပေ သုံးလိုက်နဲ့ အသုံးပြုနေရတာပဲဆိုတာ ကျောက်စာတွေက သက်သေပြနေပါတယ်။ ပုဂံမှာ
မွန် ပျူ ကျောက်စာတွေ မဟုတ်ပဲ ။ မြန်မာစာထိုး ကျောက်စာတွေမှာလဲ့.. ရခိုင်စကား ဝေါဟာရ အတိုင်းကို မပြုမပြင်ပဲ အသုံးပြုနေရတယ်ဆိုတာ.. ကျောက်စာက စာပေဝေါဟာရကို မြင်တဲ့ ရခိုင်လူမျိုးတိုင်းက ဖတ်တတ်နေကြတာပဲ ဆိုတာက သက်သေပြုနေပါတယ်။ အဲ့ ပုဂံဒေသ အချိန်မှာ တခြား ဘေးပတ်ဝန်ကျင်းက တိုင်းနိုင်ငံတွေမှာ ဘယ်လူမျိုးတွေ သီးခြားနိုင်ငံတော်အဖြစ်ရှိနေကြသလဲ့။ ရခိုင် နဲ့ မွန်တွေ ရှိနေတာပဲ။ ရခိုင်မှာဆိုရင်.. သူ့ဟာနဲ့သူ စာပေ အဆင့်ဆင့်အသုံးပြုလာကြောင်းကို အထောက်အထားခိုင်ခိုင်ရှိပါတယ်။ ရခိုင်တွေဟာ အိန္ဒိယနဲ့ နီးကပ်တယ် အိန္ဒိယက စာတွေ.. ဗြဟ္မီ.. ဂုပ္တ နာဂရီ စသည့်  ရခိုင်စာပေ ဖြစ်လာမယ့် ရှေ့ပြေး အိန္ဒိယ စာပေတွေကို ရခိုင်တွေဟာ  မိမိနိုင်ငံ၏ မိခင်စာပေသဖွယ် နှစ်ရှည်လများ ဘုရင်တွေအဆက်ဆက် အသုံးပြုခဲ့ကြတယ်ဆိုတာ ဒီနေ့အချိန်ထိ ရခိုင်ဒေသမှာ သက်သေ ရှိနေပါတယ် ။ နောက် ဝေသာလီခေတ် ၃ ရာစုမှာ စတင်ခါ   ဂုပ္တ>နာဂရီ အက္ခရာကို တဖြေးဖြေး (ကခဂဃင) ရခိုင်စာပေ အဖြစ်သို့ ကိုယ်နည်းကိုယ့်ဟန်နဲ့ ရခိုင်စာပေအဖြစ်သို့ အဆင့်ဆင့် ပြုပြင်ပြောင်းလဲ့ယူလာကြပါတယ်။ အဲ့ဒါကို ရက္ခဝဏ္ဏ အက္ခရာဟု ခေါ်တဲ့ (ကခဂဃင) ဆိုတဲ့ ရခိုင်စာပေ ပဲဖြစ်ပါတယ်။


 ရခို​စာပေ သဘောကို
အတိုချုပ် မျက်စိမှာမြင်အောင် ပြောရရင် ​ ဗြဟ္မီ.. ဂုပ္တ.. နာဂရီ အက္ခရာနဲ့စာပေတွေကို ပါဠိဘာသာ သက္ကဋဘာသာ တွေနဲ့ မိခင်စာပေသဖွယ် နိုင်ငံမှာအသုံးပြုခဲ့ပြီး အဲ့.. ဗြဟ္မီ.. ဂုပ္တ.. နာဂရီ.. နေဆင့် ရခိုင်တွေ ရက္ခဝဏ္ဏ အက္ခရာကို ဖန်တီးယူလာတာပဲ ဖြစ်တယ်။ 
လက်ထဲမှာ မြေအိုး ဖြစ်မယ့် ရွံ့ခဲ မရှိပဲ။ မိမိမှာ မြေအိုး မလုပ်နိုင်ဘူး။ သူများဆီက အလိုက်သင့် ဝယ်မှပဲ ရမယ်။ ဒါဟာ စာပေ၏ သဘောအရင်းပင်ဖြစ်သည်။
အဲ့လို မျိုးမရှိပဲ မိုးပေါ်က ကျလာမှပဲ ရပါလိမ့်မယ်။


 ဒါမှဟုတ်.. ဘေးပတ်ဝန်ကျင်း နိုင်ငံတွေက အသုံးပြုနေတဲ့ဟာကို မြင်လို့ အလိုက်သင့် အသုံးပြုလိုက်တာမှပဲ ရမယ်။ ဥပမာ..အခုလက်ရှိ ပြောရရင် အင်္ဂလိပ်စာပေါ့ မြန်မာနိုင်ငံမှာ အင်္ဂလိပ်စာ ABC ကို  အသုံးပြုသင်နေတာဟာ သူများနိုင်ငံကဟာကို အလိုက်သင့် ယူသုံးတာပဲ ဖြစ်တယ်။
ထိုးအတူပဲ အင်္ဂလိပ်စာ ABCD ကိုအသုံးပြုပြီး.. မိမိလူမျိုး ဘာသာစကားနဲ့ ရေးတဲ့ လူမျိုးတွေလဲ့ သူများနိုင်ငံက စာ​ပေအက္ခရာကို အလိုက်သင့် ယူသုံးတာပဲ ဖြစ်တယ်။ ဒါတွေကို ကွင်းကွင်းကြီးမြင်တတ်ဖို့လိုတယ်။
ပုဂံဒေသမှာ (ကခဂဃင) စာပေအက္ခရာနဲ့ ရေးထိုးသော ကျောက်စာ၏ ဘာသာစကားမှာလဲ့ ရခိုင်စာပေ ရခိုင်စကားဝေါဟာရတွေပဲဆိုတာ ရခိုင်စကားတတ်သူတိုင်း သိရှိကြပါလိမ့်မည်။ 


ဒါဆို ပုဂံဒေသက လက်ရှိ မြန်မာစာပေခေါ် စာနဲ့ကျောက်စာတွေဟာ.. ရခိုင်နိုင်ငံက စာပေကို အလိုက်သင့် ယူသုံးလိုက်တာပဲဖြစ်တယ်။ ဒါကြောင့်လဲ့ ရခိုင်စကားဝေါဟာရတွေအတိုင်း မပြုပြင်နိုင်ပဲ ပုဂံဒေသမှာ ရှိနေတာဖြစ်တယ်။ 
 ဒါကို အခုနောက်ပိုင် ခေတ်မှာ ဗမာစကားအသံထွတ်အတိုင်း တဖြေးဖြေး ပြုပြင်ယူလာတာပဲဖြစ်ပါတယ်။ ဒါကို ရခိုင်စာပေကို ဗမာမူပြုလိုက်တာပဲ ဆိုရင် အသင့်တော်ဆုံးနဲ့ အမှန်ကန်ဆုံး ဖြစ်ပါလိမ့်မယ်။ 
ပုဂံဒေသမှာ ဦးသာမြတ်ရေးတဲ့စာအုပ်ကလို ဂုပ္တအက္ခရာ နာဂရီအက္ခရာ ပလ္လဝအက္ခရာ စသည့် ရှေ့ပြေးအက္ခရာတွေကို  မိမိပုဂံဒေသမှာ မိခင်စာပေသဖွယ် အသုံးမပြုခဲ့ပါဘူး။
အဲ့လို ဇာယားကွက် နဲ့ ရေးချတာလောက်ကို လူမျိုးတိုင်း လုပ်ပြီး ငါတို့စာပါ ဒီလိုဖြစ်ပေါ်လာတယ်ဆိုပြီး စာအုပ်ထုတ်နိုင်တယ်။ ဒါကို သဘောပေါက်ဖို့လိုပါတယ်။ 


✎﹏﹏﹏﹏៚
U Zaw Zaw ( ရက္ခပူရတိုင်း) 
┖━─━─━─━─━─━─━─━─━─━─━─━┚

Comments