Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

မြန်မာကို ဗမာထင်မှတ်ပြီး သမိုင်း,စာပေ လေ့လာနေသောအခါ

( မြန်မာကို ဗမာထင်မှတ်ပြီး သမိုင်း,စာပေ လေ့လာနေသောအခါ )

တောင်တွင်းကြီးဖွား အရှင်သီလဝံသ ရခိုင်က အသျှင်မဟာသီလဝံသနဲ့မတူပါ တောင်တွင်းကြီးဖွား အရှင်သီလဝံသက ရခိုင်စကား ဖျားရေ=ဖြားရီ  ဆိုတဲ့ အသုံးကိုသုံးတယ် ဆိုတာ.အဆန်းမဟုတ်ပါ ၊
အဲ့ တောင်တွင်းကြီးဖွား အရှင်သီလဝံသ (သက္ကရာဇ် ၈၁၅ ဖွား၊ ခေတ်မှာ ရခိုင်က ရသွားတဲ့ စာပေတွေ  ပုဂံပြည်ခေတ်ကတည်းက ပြန့်နေ သုံးနေတာ ကြာပါပြီ  အရှင်သီလဝံသက အင်းဝခေတ်မှပေါ်တာ.. အများကြီး နောက်ကျတာပေါ့ ပုဂံကျောက်စာက အခုလို ရခိုင် စာပေ ရခိုင်ဝေါဟာရကိုပဲ သုံးနေတာပါ  ဒါကြောင်းပြောတာပေါ့.. မြန်မာစာဟာ ရခိုင်ပါလို့.
 မြန်မာ (ခေါ်) ရခိုင်ပါလို့..

 မှတ်ချက်.. အခု မြန်မာဆိုလို့ ဗမာလို့ ပြောတာမဟုတ်ဘူးနော်. ၊ မြန်မာဆိုတာ လူမျိုးမဟုတ်ဘူးဆရာ ၊  
အခုတော်တော်များများက မြန်မာဆိုရင် ဗမာလူမျိုးမှတ်ပြီး သမိုင်းလေ့လာနေကြတော့ ရှုပ်နေတာပေါ့.. အဖြေက မပေါ်ဘူး ဖြစ်နေတာပဲ.. အခုပဲကြည့်လဲ.. ပုဂံမှာရှိတဲ့ စာတွေ ရခိုင်ဟာပဲ.. ဝေါဟာရတွေ.. ဒါကို မြန်မာဟာ ဗမာမှတ်ပြီး လေ့လာနေသူက .. ဟာ.. ဒီစကား မြန်မာ(ဗမာ) မှာလဲ့ မတွေပါလား ၊ မြန်မာစာလဲ့ ဆိုသေးတယ် ဒီ ကျောက်စာကို စသည့် ခေါင်းရှုပ် စရာ အတွေးတွေ ဖြစ်သွားတာပေါ့ ။ ဒါ ဘာပြဿနာလေး ဆိုတော့ မြန်မာကိုဗမာ အထင်မှတ်ပြီး လေ့လာနေလို့ပဲ.. ဆရာတွေးကြည့်ပေါ့.. ရခိုင်ကသွားတဲ့ မြန်မာစာက ရာဇကုမာရ် စာက AD 1113 မှ မှ ရတာ.. ရခိုင်စာကအဲ့ချိန် ပုဂံပြည်ရောက်နေတော့ ရခိုင့်ဝေါဟာရကို ချက်ချင်း မပြောင်းလဲ့နိုင်သေးဘူးလဲ့.. ရခိုင်မှုအတိုင်းပဲ သုံးနေရတာပေါ့.. ဒီတော့ တောင်တွင်းကြီးဖွား အရှင်သီလဝံသက .. အဲ့စာအတိုင်းပဲ ရခိုင်ဝေါဟာရ ဖျားရေ ဆိုတဲ့အတိုင်းရေးရတာပေါ့ ကိုယ်ပိုင် စာမှမရှိတာကို..ဆရာ ၊ ဒါကြောင်း တောင်တွင်းကြီးဖွား အရှင်သီလဝံသက AD 1453 မှာမွေးတာ ဆိုတော့ သူထက်ရှေ့ကျနေတဲ့ ပုဂံမှာ  စာပေစပေါ်ချိန်လောက်မှာ ပုဂံပြည်ရခိုင့်စာပေ ကျောက်စာတွေမှာ ရခိုင့်ဝေါဟာရ ကရှိနေသေးတာ.. အခု အင်းဝခေတ် 815 မှာမွေးတဲ့ အရှင်သီလဝံသက ဖြားရေ=ဖျားရေ ဆိုတဲ့ ရခိုင်ဝေါဟာရက်ို သုံးတာ အဆန်းမဟုတ်ပါ သုံးတယ်ဆိုတာ သုံးချင်လို့ သုံးတာမဟုတ်ဘူး ၊ ပုဂံပြည်ရောက် ရခိုင်စာပေ ကိုက ဒီအတိုင်းရှိနေတာ မိမိသုံးနေတဲ့ စာအတိုင်းပဲ ရေးတာပေါ့..  မြန်မာစာ ခေါ် ရခိုင်စာ ဖြစ်ကြောင်း ၊ မြန်မာ ခေါ် ရက္ခိုင် ။ 

အဖြေက ဒါပဲ... 

ဒါတွေကို သိထားမှ ဗမာပြည်တခွင် စာပေသမိုင်းကို လေ့လာတဲ့အခါ အဖြေက ရှင်းလင်းလာပါလိမ့်မယ် မြန်မာကို ဗမာမှတ်ပြီး ရှေ့ကျောက်စာ ၊ ပေစာ တွေကို စာပေ လေ့လာနေလို့ကတော့ ဆရာ အခုလို့ပဲ ၊ ဖျားရေ ၊ ခရုယ်ခြိယ် ၊ ကြိယ်ဆိမီးတိုင် ၊ လတ်ဆိရိယ် ၊ အရှိအရပ်သို့လားသော် ၊ ခြိယ်ဆယ်ရိယ် ၊သုကြာနိယ် ..စသည်စသည့် ပုဂံပြည်ရောက် အခုလိုစာတွေကို မြင်တွေ့ရတဲ့အခါ.. မြန်မာကို ဗမာမှတ်ပြီးလေ့လာနေသူက>>ဟာ ဒီစာတွေဟာ အဆန်းပါလား ၊ အဓိပ္ပါယ်လဲ မသိဘူး ၊ အသံလဲ မပိအောင်မထွတ်တတ်ဘူး ၊ မြန်မာ(ဗမာ) မှာလဲ့ မရှိဘာလား ..???? ၊ ဒီကျောက်စာကို မြန်မာ(ဗမာ) စာဆိုပြီးလဲ့ ခေါ်ထားပြန်တယ် ၊ ဒီလို စာတွေက ဗမာ(မြန်မာ)မှာမရှိပဲ ဘယ်ကပါလိမ့်.???.မြန်မာ(ဗမာ ) စာမှာ ဒီစကားတွေ အသစ်တွေ့ရှိတာပဲလား..???? စသည့် အဲ့လို ခေါင်းရှုပ်စရာ အဖြေအပေါ်ပဲ ရှိနေလိမ့်မယ် ဆိုတာ.. ကျတော့ရဲရဲကြီး ပြောရေးတယ်..

ဒါ မြန်မာကို ဗမာ ထင်မှတ် လေ့လာနေလို့ပဲ ၊ ဒါကြောင်း အရင်ဆုံး ဗမာ့သမိုင်းဆရာ နှင့် ပုဂံသမိုင်း နှင့် စာပေတွေကို လေ့လာနေတဲ့လူတွေအားလုံးကို.. ပြောချင်တာက. မိမိစိတ်မှာ မြန်မာကို ဗမာ ထင်မှတ်နေတဲ့  အတွေး အစွဲတွေကို အရင် ထုတ်မှ စာပေသမိုင်းကို လေ့လာတဲ့အခါ တိကျတဲ့ အဖြေကို ရလိမ်မယ်ဆိုတာပဲ ဆရာရယ် ၊ ဒါကြောင်း အရင် မြန်မာကို ဗမာ မှတ်နေတဲ့ အတွေးအခေါ် ကို အရင်ဖယ်ရှားကြပါ လို့ တိုက်တွန်းလိုပါတယ် ၊
 
 အခုလို့ပေါ့ ဆရာရယ်.. ပျူစစ်လျှင် မြန်မာ မြန်မာဆိုတာ ဗမာ ဆိုပြီစ ရှေ့မြန်မာ(ဗမာ)မင်း မင်းအနော်ရထာ , မြန်မာ(ဗမာ)မင်းဘုရင့်နောင် စသည့်တွေနဲ့ စကားအသုံးအနှုန်း   မြန်မာကို ဗမာလုပ်ပြောနေ သမိုင်းရှာနေကြလို့ ပုဂံခေတ်ကနေ ဒီနေ့အချိန်ထိ မြန်မာစာပေကိုလေ့လာတဲ့အခါမှာ အဖြေမတွက်ပဲရှိနေတာပါ။

ဆရာရယ်.. အခုခေတ် မြန်မာနိုင်ငံကို အင်္ဂလိပ်အုပ်ချုပ်ပြီး ဖြစ်ပေါ်လာတဲ့ အကြောင်းနဲ့ မပြောပါနဲ့..  ဟိုးး... ရှေ့ရှေ့ ပဝေသဏီ ခေတ်က ဟာကိုပဲပြောပါ ဗမာတွေပြောနေတဲ့ ပုဂံခေတ်ကနေ စပြီးပြောပါ အဲ့အချိန်ကနေ အဲ့အချိန်မတိုင်ခင်ကနေ မြန်မာဆိုတာ ရခိုင်ကို ခေါ်တာဆိုတာ ဆရာတို့သိမှာပါ.. မြန်မာဆိုတဲ့ စကားအရာ အဲ့ကနေ အစမှုလလာတာပဲ .. အခုခေတ် ဗမာတွေအုပ်ချုပ်နေလို့ နိုင်ငံကို Burma ခေါ်တာတို့ ၊ Burma ကနေ Myanmar ပြောင်းတာတို့က သမိုင်းမဟုတ်ပါ သမိုင်းမဖြစ်ပါ.. 
 မြန်မာဆိုတာ ဗမာမဟုတ်သလို ၊ မြန်ဆိုတာ လူမျိုးအမည်လဲမဟုတ်ပါဘူး ၊မြန်မာဆိုတာ ဘာသာစကားလဲ့မဟုတ်ပါ ။ မြန်မာဆိုတာ ဇာတ် တစ်ခုသာဖြစ်ပါတယ် ။ 

 မြန်မာဆိုတဲ့ စကားလုံးက ၊ အခုခေတ်က ဗမာတွေ သမိုင်းဆရာတချို့နဲ့ အာဏာပိုင်များပေါင်းပြီး မြန်မာဆိုတဲ့ စကားလုံးကို..  ဟိုတစ်ဖက် ဒီတစ်တဖက် လှမ်းထားတာက လုပ်ကြံတာပါ.. အခု ဘယ်လို ဖြစ်နေလဲဆိုတော့   မြန်မာဆိုတဲ့ စကားကို နိုင်ငံ လူမျိုးအားလုံးကိုပဲ ကိုယ်စားပြုသလိုလို ¿¿¿.. မြန်မာဟာ ဗမာပဲလို့ ကိုယ်စားပြုသလိုလို ¿¿¿ လုပ်ထားတာပါ.. မလိမ့်တပတ်(ဝေ့လည်လည်) လုပ်ထားတဲ့လို့ခေါ်ပါတယ်။
.. အခု ဘယ်လို ပုံစံဖမ်းထားသလဲ့ဆိုတော့.. မြန်မာဆိုတဲ့စကားလုံးကို ဗမာမှအပ ကျန်လူမျိုး သုံးခွင့်မရှိ မြန်မာလို့ဆိုလိုက်တာနဲ့ ဗမာ ဖြစ်သွားတဲ့ ပုံစံဖြစ်သွားပြီး..  ကြည့်.. ရှေ့မြန်မာ မင်း အနော်ရထာမင်းသည် ဆိုတဲ့ စကားအသုံးအနှုန်းကနေစပြီး  မြန်မာကိုဗမာ ပုံစံဖမ်းထားတာပေါ့၊  မြန်မာဆိုလိုက်တာနဲ့ ဗမာလူမျိုးဟေး... လို့ပုံစံဖမ်းထားတာပေါ့  ၊ 

အခုလိုပြောနေတာ ဆရာတို့ကို  မြန်မာ ဆိုတဲ့ အရာကို ရခိုင်က လိုချင်လို့ ပြောနေတာလဲ့မဟုတ်ဘူး ၊ လိုလဲ့ မလိုချင် သုံးလဲ့ မသုံးချင်ဘူး ၊ ရခိုင်က မြန်မာ ဆိုတဲ့ အရာထက် ရက္ခိတ = အာရက္ခမြေ=ရက္ခိုင် စသည့်တွေကို ပိုကြိုက်တာ ဒါလေ့ သမိုင်းခေတ်ကနေ လာတာပဲ..  မြန်မာဆိုတဲ့ စကားလုံးကို ရခိုင်က မကြိုက်လို့ မသုံးတာ ရှေ့ပဝေသဏီကနေမသုံးတာ ကြာနေပါပြီ ၊ ရက္ခပူရတိုင်း၊ အာရက္ခမြီ ၊ရက္ခိတ(အမျိုးသီလ နှစ်ဌာကို ပြည့်ဝမဏ္ဍိုင် စောင့်ထိန်းခြင်း) အာရီယာန်(Arakan)  ဒါတွေက ပိုပြီး အနှစ်သာရ ပြည့်စုံတယ် ကျတော်တို့ရခိုင်တွေနဲ့.. 
အခု ဆရာတို့ ဗမာ အများစုကို မြန်မာ ဆိုတဲ့အရာနဲ့ ပတ်သတ်လို့ ပြောနေတာက ..  အရှိကို အရှိအတိုင်းသာ လက်ခံဖို့သာ ။ 
ပုဂံခေတ်ကနေ 
သမိုင်း စာပေတွေကို လေ့လာတဲ့အခါမှာ.. ကျတော်ပြောခဲသလိုပဲ..  မြန်မာကို ဗမာ ထင်မှတ် နေတဲ့ အတွေးကို ထုတ်ပြိ်းမှ လေ့လာပါ..  မြန်မာကို ရက္ခိုင် မှတ်ထားပါ ဒါမှသလျှင် ရှေ့ခေတ် ပုဂံခေတ်ကျောက်စာတွေကို လေ့လာတာအခါမှ စကားလုံး အဆန်းတွေ့ရင်  အရင်ဆုံး ရက္ခိုင် ကိုသတိရပါ ဒါမှ အဖြေရှင်းရှင်းလင်းလင်း ရပါလိမ့်မယ်။
ဒါကြောင်း မြန်မာဆိုတဲ့ စကားအရာကို ဗမာ ထင်မှတ်နေတဲ့အတွေးအခေါ် အယူအဆ တွေကို ဖယ်ရှားပစ်ဖို့လိုပါတယ် ။








Comments