Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

သမိုင်းလိမ်၍ တိုင်းရင်းသားအခွင့်အရေးတောင်းဆိုနေမှုများအား

သမိုင်းလိမ်၍ တိုင်းရင်းသားအခွင့်အရေးတောင်းဆိုနေမှုများအား
သုတေသနအမြင်ဖြင့်စစ်ဆေးကြည့်ခြင်း
................................................................................
ပြောမှာက ရခိုင်ပြည်တွေ့ဒင်္ဂါးများနဲ့ ၎င်းဒင်္ဂါးပိုင်ရှင် ရခိုင်မင်းဆက်များ၊
၎င်းမင်းဆက်များရဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ ယင်းမင်းဆက်များရဲ့ အုပ်ချုပ်ခံ
ရက္ခပူရတိုင်း တိုင်းသူပြည်သားများရဲ့ ကိုးကွယ်ယုံကြည်မှုအကြောင်းကို
သုတေသနအမြင်နဲ့ စစ်ဆေးကြည့်ခြင်းဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုရင်
ရခိုင်ပြည်တွေ့ ဒင်္ဂါးများဟာ ဘင်္ဂါလီမွတ်စလင်များရဲ့ သမိုင်းလိမ်အခွင့်
အရေးအဖြစ် အသုံးချရာမှာ ရှေ့တန်းတစ်နေရာကနေ ပါ၀င်နေရတာ
ကြာပြီဖြစ်ပါတယ်။  ယခုအခါမှာတော့ ရခိုင်ပြည်မှာ မတွေ့ရှိရတဲ့
ဒင်္ဂါးများကိုပါ ရခိုင်ပြည်တွေ့ဒင်္ဂါးအဖြစ် တဖက်သတ် သတ်မှတ်ကာ
သမိုင်းလိမ် ဝါဒဖြန့်နေကြတာကို တွေ့ရှိလာရလို့ဖြစ်ပါတယ်။

ရခိုင်ပြည်တွေ့ဒင်္ဂါးများကို စုစည်းဖော်ပြပေးလိုက်သလို ရခိုင်ပြည်မှာ
မတွေ့ရှိရပါဘဲနဲ့ ရှိသယောင်လိမ်လည် ဝါဒဖြန့်နေတဲ့ပုံတွေကိုလည်း
ကြက်ခြေခတ်ပြထားပါတယ်။ ဒီလိုအရှုပ်အရှင်း ဘာ့ကြောင့်ပေါ်လာ
ရလဲဆိုရင် ရခိုင်ပြည်တွေ့ဒင်္ဂါးများဟာ တခြားဒင်္ဂါးများနဲ့မတူ တမူ
ထူးခြားစွာနဲ့ ပါဠိနဲ့ကုလားအမည်တွဲ ဆက်ပါရှိတဲ့ ရခိုင်မင်းအမည်
များကြောင့်ဖြစ်ပါတယ်။

ရခိုင်ရာဇ၀င်များမှာ အတိအလင်းဖော်ပြထားကြတဲ့အချက်အလက်
တွေကို အကျဉ်းချုပ်ဖော်ပြရရင် ရက္ခပူရတိုင်း (ခေါ်) ရခိုင်ပြည်ကို 
အစိုးရတဲ့ ရှေးရခိုင်မင်းတွေဟာ  အေဒီ ၁၅ ရာစုခန့်ကနေ ၁၆ ရာစု
နှောင်းပိုင်းအထိကို သူတို့နဲ့နယ်နိမိတ်ချင်း ထိစပ်နေတဲ့ (ယခုဘင်္ဂ
လားပိုင်နက်)ဘင်္ဂလား ၁၂ ခရိုင်ကို စုစည်းအုပ်ချုပ်ခဲ့ကြောင်း၊ 
အေဒီ (၁၄၃၃) မင်းခရီ (ခေါ်) အာလီခန် မှစ၍ ဘစောဖြူမင်း
(ကလမသျှာ)၊ မင်းဒေါလျာ (မောခုသျာ)၊  ဘစောညိုမင်း
(မဟာမောသျာ)၊ မင်းရန်အောင်(မောရိသျာ)၊ စလင်္ကာသူ
(ဒေါလာသျာ)၊ မင်းရာဇာ (ဣလီသျာ)၊ ဂဇာပတိ(အာလီခန်၂)၊
မင်းစောညို(ဇလသျာ)၊ သဇာတ(အလီသျာ)၊ မင်းဘာကြီး
(ဇော်ဘောက်သျာ)၊ မင်းဖလောင်း(သျောကီနြ္ဒသျာ)၊
မင်းခမောင်း(ဥသျောင်သျာ) စသဖြင့်ဘွဲ့အမည်နှစ်မျိုးခံယူကာ 
အုပ်ချုပ်ခဲ့ကြောင်း၊ သက္ကရာဇ် (၉၈၄)-အေဒီ (၁၆၂၂)တွင်
နန်းတက်သည့် သီရိသုဓမ္မရာဇာ (မင်းခမောင်း၏သားတာ်)
လက်ထက်မှ စ၍ ကုလားဘွဲ့အမည် မခံတော့ကြောင်း
ဖော်ပြထားပါတယ်။

ရာဇ၀င်ဆိုစကားမှန်ကန်ကြောင်းနဲ့ ၎င်းရက္ခပူရတိုင်းမင်း
များဟာ မူရင်းအမည်၊ ပါဠိအမည်၊ ကုလားအမည်ခံယူကာ
အုပ်စိုးခဲ့ကြောင်းကိုလည်း ရခိုင်ပြည်အတွင်း တူးဖော်ရရှိတဲ့
အဆိုပါဘွဲ့အမည်များပါရှိတဲ့ ဒင်္ဂါးတချို့ကြောင့် ထင်ရှားစွာ
သိရှိရပါတယ်။ 

ထိုတကယ်ရှိခဲ့သော ရက္ခပူရတိုင်းမင်းများသည် မည်သည့်
လူမျိုးဖြစ်သနည်း?   ထိုကာလ ရက္ခပူရတိုင်းအတွင်း 
အုပ်ချုပ်သောမင်းနှင့် အုပ်ချုပ်ခံပြည်သူတို့၏ ကိုးကွယ်
ယုံကြည်သော ဘာသာသည် မည်သည့်ဘာသာဖြစ်သနည်း?
အစရှိသော မေးခွန်းများ ထွက်လာပါတယ်။ 

ရာဇ၀င်ဆိုစကားအရ ၎င်းရက္ခပူရတိုင်းမင်းတို့သည် ဗုဒ္ဓ
ဘာသာ၀င်များဖြစ်ကြောင်း၊ ရက္ခပူရတိုင်းမင်းတို့သည်
ဗုဒ္ဓဘာသာ စေတီ၊ ပုထိုး၊ သိမ်၊ ကျောင်း များစွာတည်
ဆောက်၍ ဗုဒ္ဓသာသနာတော်ကို ချီးမြှောက်ခဲ့ကြောင်း၊
ရက္ခပူရတိုင်းအတွင်း မင်းနှင့်ပြည်သူတို့ ကိုးကွယ်ယုံ
ကြည်မှုသည် ထေရဝါဒဗုဒ္ဓဘာသာဖြစ်ကြောင်း သိရှိ
ရပါတယ်။ ထိုရာဇ၀င်ဆိုစကားကို သမိုင်းပညာက
စစ်ဆေးပါတယ်။ သမိုင်းပညာဟူသည် ရာဇ၀င်ဆို
စကားကို စစ်ဆေးရန်ပေါ်ပေါက်လာတဲ့ ပညာဖြစ်ပါတယ်။

ထိုမင်းတို့၏ ကိုးကွယ်ယုံကြည်မှုအထောက်အထားများကို
သုတေသနပြုစစ်ဆေးကြည့်တဲ့အခါမှာ ရက္ခပူရတိုင်း(ရခိုင်)
အတွင်းမှာ လက်ညှိုးထိုးမလွဲတည်ရှိနေတာက ဗုဒ္ဓဘာသာ
အထောက်အထားများသာဖြစ်ပါတယ်။ မြောက်ဦးနန်းဆက်
တည်ထောင်စိုးစံခဲ့သော အဆိုပါရက္ခပူရတိုင်း မင်းနှင့်
အုပ်ချုပ်ခံပြည်သူတို့၏ ကိုးကွယ်ယုံကြည်မှုသည် ဗုဒ္ဓ
ဘာသာဖြစ်ကြောင်းကို ယနေ့တိုင်ကျန်ရှိနေသေးတဲ့
စေတီ၊ ပုထိုး၊ သိမ်၊ ကျောင်း များစွာက သက်သေပြု
ပေးနေတာဖြစ်ပါတယ်။ ထိုမင်းတို့တည်ဆောက်ခဲ့သော
အစ္စလာမ်ဘာသာကိုးကွယ်ယုံကြည်မှုဆိုင်ရာ အထောက်
အထားအနေနဲ့ တစ်ခုမှ ရှိမနေပါဘူး။ ထိုဗုဒ္ဓဘာသာ
မင်းတို့သည် အစ္စလာမ်ဘာသာ၀င်တို့ အများဆုံးနေထိုင်
အခြေချရာ ဘင်္ဂလား(ယခင် ၀င်္ဂတိုင်း)နယ်နိမိတ်တချို့ကို
စုစည်းအုပ်ချုပ်တဲ့အခါ ထိုဘင်္ဂလားပိုင်နက်နယ်မြေအတွင်းရှိ
အစ္စလာမ်ဘာသာ၀င်၊ ဟိန္ဒူဘာသာ၀င်တို့ နားလည်လွယ်ကူ
စေရန်၊ အမည်နာမ ခေါ်ဆိုသတ်မှတ်ရ လွယ်ကူစေရန်အတွက်
ရည်စူး၍ ဘွဲ့တော်များကို မြန်မာအက္ခရာတစ်ဖက်၊ ပါရှန်-
နာဂရီအက္ခရာတစ်၀က် ရေးထိုးမှတ်တမ်းတင်ခဲ့ခြင်းဖြစ်ပြီးတော့
တစ်နည်းအားဖြင့် မိမိတို့၏ အချုပ်အခြာအာဏာပြဆိုရာ
ဒင်္ဂါးများသာဖြစ်ပါတယ်။ ရက္ခပူရတိုင်းအတွင်း ရှေးရခိုင်
မင်းများအနေနဲ့ စစ်ရေးတည်ဆောက်ရာမှာ ပေါ်တူဂီ
ရေတပ်ကြေးစားစစ်သည်များနဲ့ ဘင်္ဂလား ၁၂ ခရိုင်အတွင်း
မိမိတို့ပိုင်စိုးရတဲ့ နယ်မြေတွေကနေ ဘင်္ဂလားစစ်သည်
များကို အသုံးပြုခဲ့ကြောင်းအထောက်အထားများအရလည်း
ထိုဒင်္ဂါးများသည် အချုပ်အခြာအာဏာပြ ဒင်္ဂါးများဟုသာ
ယူဆရမှာဖြစ်ပါတယ်။ 

ဒါကိုခုတုံးလုပ်ပြီးတော့ အေဒီ ၁၅ ရာစုခန့်ကနေ ၁၆ ရာစု
နှောင်းပိုင်းအထိ ရခိုင်တိုင်းအတွင်းမှာ အစ္စလာမ်ဘာသာ၀င်
မင်းတွေ အုပ်ချုပ်စိုးစံခဲ့သယောင် ပြောဆိုကြတာဟာ မြေပေါ်
မြေအောက် တွေ့ရှိရတဲ့အထောက်အထားတွေကို ပစ်ပယ်
ပြီးတော့ အတွေးတိမ်တိမ်နဲ့ သမိုင်းကိုလိမ်လည်ပြီး တိုင်းရင်း
သားအခွင့်အရေး တောင်းဆိုချင်လို့သာဖြစ်ပါတယ်။

တိုင်းရင်းသားအခွင့်အရေးနဲ့ပက်သက်ပြီးတော့ လိမ်လည်
တောင်းဆိုအသုံးချနေတာတွေဟာ ရခိုင်တိုင်းအတွင်းမှာ
အများဆုံးဖြစ်ပေါ်နေတာတွေ့ရှိရပါတယ်။ ဥပမာအားဖြင့်
အေဒီ ၁၆၅၂ ခုနှစ်မှာ နန်းတက်တဲ့ ရခိုင်ဘုရင် စန္ဒသုဓမ္မ
ရာဇာလက်ထက်မှာ အေဒီ (၁၆၆၀)အရောက် မဂိုဘုရင် 
သျှာဂျဟန်ရဲ့သားတော် အိန္ဒိယအရှေ့ပိုင်းဘုရင်ခံ 
သျှာသျူဂျာနဲ့ နောက်လိုက်ဗိုလ်ပါအစုအဝေးဟာ နန်းလု
ပွဲမှာမအောင်မမြင်ဖြစ်ခဲ့ပြီး ရခိုင်ဘုရင်ဘုရင် စန္ဒသုဓမ္မ
ရာဇာထံကို ခိုလှုံ၀င်ရောက်လာပါတယ်။ ရခိုင်တိုင်းမင်းကလဲ 
အဆိုပါအစုအဝေးကို ကောင်းမွန်စွာစောင့်ရှောက်ပေးခဲ့ပါတယ်။ 
အေဒီ ၁၆၆၁ ခုနှစ်မှာ သျှာသျူဂျာနဲ့ နောက်လိုက်များက ရခိုင်
ထီးနန်းကို လုယူဖို့ကြံတာကြောင့် သျှာသျူဂျာ ကွက်မျက်ခံခဲ့ရပြီး
၎င်းနောက်လိုက်များကို လေးသည်တော်အစုဖွဲ့ကာ
သစ္စာရေတိုက်ပြီး ဆက်လက်ခန့်ထားပါတယ်။ အဆိုပါ
လေးသည်တော် အစုအဝေးကို “ကမန်သည်”လို့ခေါ်ဆိုကြောင်း 
ရခိုင်ရာဇ၀င်များမှာ အတိအလင်းဖော်ပြထားပါတယ်။

ထို ကမန်လေးသည်တော်အစုအဝေးဟာ ပါရှန်(ယခုအီရန်)
လူမျိုးစု၀င်များဖြစ်ပြီးတော့ ရခိုင်ကိုခို၀င်ရောက်ရှိချိန်မှာ
ရခိုင်တိုင်းရင်းသားတို့အတိုင်း ၀တ်စားဆင်ရင်ပြီးနောက်
ရခိုင်တိုင်းရင်းစကားပြောကာ ဗုဒ္ဓဘာသာ၀င်များဖြစ်လာ
ကြကြောင်းကို ထိုစဉ်က ရခိုင်တိုင်းနဲ့ကုန်သွယ်ဖက်နိုင်ငံ
များဖြစ်တဲ့ ဒတ်(ခ်ျ)ကုန်သွယ်ရေးမှတ်တမ်းများနဲ့ ဘင်္ဂလား
ရာဇ၀င်အချို့မှာ ဖော်ပြထားပါတယ်။ အဆိုပါ ပါရှန်လူမျိုး
အနွယ်၀င် ကမန်အစုအစား ယခုအခါမှာ ဘင်္ဂလားဒေ့ရ်ှက
ဘင်္ဂလီလူမျိုးအချို့ဟာ ကမန်အစုအဝေးအဖြစ် အမည်ခံ
ထားကြတာကို တွေ့ရှိနေရပါတယ်။ ယခု ကမန်တိုင်းရင်း
သားအများစုဟာ ရခိုင်ဘုရင်များလက်ထက်က ပါရှန်လူမျိုး၊
ဗုဒ္ဓဘာသာ၀င်များ မဟုတ်ကြတော့ဘဲ ဘင်္ဂလီလူမျိုး၊ 
အစ္စလာမ်ဘာသာ၀င်များ ဖြစ်နေကြပါတယ်။ ဒါကိုပြန်လည်
စီစစ်သင့်ကြောင်း ဝေဖန်ထောက်ပြချင်ပါတယ်။

အနှစ်ချုပ်အားဖြင့်ဆိုရရင် -

*ရခိုင်တိုင်းအတွင်းမှာ တူးဖော်တွေ့ရှိရတဲ့ဒင်္ဂါးများ၊ 
  အစဉ်အဆက်သိမ်းဆည်းထိန်းသိမ်းထားတဲ့ဒင်္ဂါးများသည် 
  ရခိုင်ရာဇ၀င်မှတ်တမ်းများနှင့် သုတေသနအထောက်အထား
  တို့အရ အချုပ်အခြာအာဏာဆိုင်ရာ၊အုပ်ချုပ်ရေးပိုင်းဆိုင်ရာ
  လိုအပ်ချက်များကြောင့် သွန်းလုပ်သုံးစွဲခဲ့ခြင်းဖြစ်ကြောင်း*

*၎င်းဒင်္ဂါးများအပေါ်မှာ ကုလားဘွဲ့အမည်တွေ့ယုံမျှနဲ့ 
  ၎င်းမင်းများသည် အစ္စလာမ်ဘာသာ၀င်မွတ်စလင်မင်းများ
  ဖြစ်တယ်လို့ ယူဆ၍မရကြောင်း*

*၎င်းဒင်္ဂါးများသည် မိမိတို့ပိုင်နယ်မြေအတွင်း ဆက်စပ်နေထိုင်
  ကြသည့် မျိုးနွယ်စုနှစ်စုအတွက် နားလည်လွယ်ကူစေရန်
  ရည်ညွှန်းထုတ်လုပ်သုံးစွဲခဲ့သည့် ဒင်္ဂါးများဖြစ်ကြောင်း*

*၎င်းဒင်္ဂါးများထုတ်လုပ်သုံးစွဲခဲ့သည့် ရက္ခပူရတိုင်းမင်းများသည်
  အစ္စလာမ်ဘာသာကိုးကွယ်ယုံကြည်ကြောင်း မြေပေါ်မြေအောက်
  အထောက်အထား မရှိပါကြောင်း*

*ဥပမာအားဖြင့် ၎င်းဒင်္ဂါးများသည် “ဘုရားပေါ် ခွေးမတက်ရ”
  ဟူသော ဆိုင်းဘုတ်ကို ဘာသာနှစ်မျိုးနှင့်ရေးသားကာ လူမျိုး
  နှစ်စု နားလည်အောင် ရေးသားပြသကဲ့သို့ ရည်ညွှန်းသုံးစွဲ
  ခြင်းဖြစ်ကြောင်း*

*ရခိုင်ပြည်နယ်တွေ့ ဒင်္ဂါးများထဲတွင် ပါရှန်အက္ခရာတစ်၀က်၊
  နာဂရီအက္ခရာတစ်၀က်ထိုး ဒင်္ဂါးများသာရှိပြီး အစ္စလာမ်ကိုးကွယ်
  ယုံကြည်မှုဆိုင်ရာ ပလီပုံပါသည့်ဒင်္ဂါးများ မရှိကြောင်း*များကို 
သုတေသနအမြင်ဖြင့် သုံးသပ်တင်ပြလိုက်ရပါတယ်။

(မိတ်ဆွေအများ လေ့လာရင်းဖြင့် အသိပညာတိုးတက်ကြပါစေ)

Credit Thant Lwin Oo







Comments