ဗမာလူမျိုးတို့၏ DNA တရုတ်က ဆင်းသက်လာခြင်း (၁)


ဗမာလူမျိုးတို့၏ဗမာလူမျိုးတို့၏ဗမာလူမျိုးတို့၏ဗမာလူမျိုးတို့၏ DNA တရုတ်က ဆင်းသက်လာခြင်း (၁)

       

သာကီမျိုးဟေ့ ဒို့ ဗမာလို့ဘယ်သူပြောတာလဲ။

ပြောတဲ့သူ ဘုန်းကြီးဘဲဖြစ်ဖြစ် လူဘဲဖြစ်ဖြစ်

DNA စစ်ရဲလားလို့ မေးလိုက်ပါဗျာ။စစ်မယ်ဆို

DNA kit ပို့ပေး
လိုက်မယ်။ ထိုလူသည် လူသိများတဲ့သူ ဖြစ်ရမယ်။ မဟာဗျူဟာဋ္ဌာနက တာဝန္ခံကို tag

တွဲထားတယ်။😊😊

DNA ရလဒ် ရီပို့။

ဒီလိုလည်း ဖြစ်တတ်တယ်ဗျာ။

ပါနိုင်တယ်ဆိုတာလောက်တော့ မျှော်လင့်ထားမိသား။

အခုဟာက မိသားစုနဲ့ အဖိုးအဖွား ဆွေမျိုးထဲမှာ

တရုတ်ပြည်က အသားရောင်နဲ့ ပုံပန်းသဏ္ဍန်မရှိသော်လည်း တရုတ်ပြည်က မူရင်းDNA တခုနဲ့ ၆၅%
တောင်တူနေတယ်ဆိုတော့ တော်တော်များလို့

အံ့သြမိတယ်။ Dai Shan က ၁၇% ၊ ဗီယက်နမ်

မူရင်းက၁၇% နဲ့
အိန္ဒိယက အဖျားခတ်ပြီး ၁% တဲ့ဗျာ။ အကန့်အသတ်အနေနဲ့ DNA ကေတာ့ ဘယ်တော့မှ မပြောင်းပေမဲ့ လေ့လာတဲ့ သိပ္ပံကပြောင်းတတ်လို့

အဖြေလည်း အနဲငယ်ပြောင်းတတ်တယ်လို့ဆိုတယ်။

ဒီရလဒ်အရ တရုတ်ပြည်က DNA တစ္ခု မြေပြင်မှာ တဆက်ထဲမရှိဘဲ ကျော်ခုန်ပြီး မြန်မာပြည်ထဲမှာ စိမ့်ဝင်နေတာကို တွေ့ရတယ်။ ရလဒ်အတွက် ကျန်ခဲ့တဲ့ နှစ်ပေါင်း

၂၅၀ လောက်အတွင်းက DNA တွေနဲ့ နှိုင်းယှဉ်ရန်

ပေးထားချက်ဖြစ်တယ်။

စိတ်ဝင်စားဖို့  ကောင်းတာက DNA ရလဒ်ရဲ့အဆိုအရ မြန်မာပြည်နဲ့ပတ်သက်ပြီး မူရင်း DNA

၂ မျိုးဘဲရှိတယ်။ ဒီ၂မျိုးဟာ ရှေ့တောင်အာရှ အင်ဒိုချိုင်းနား ကျွန်ဆွယ်ရဲ့ မူရင်းDNA ၂မျိုးလည်း ဖြစ်တယ်။

ပထမ တမျိုးက Dai ဖြစ်ပြီး ယနေ့အချိန်ထိ ယူနယ်ပြည်နယ်နဲ့ လာအိုမှာ အဓိကအဖြစ်

နေရာယူထားပြီး မြန်မာပြည် အနောက်ဘက် နယ်နမိတ်

စည်းအထိ ပြန့်သွားတယ်။ မြန်မာပြည်က လူအမ်ားစုဟာ ဒီDNA မျိုး လွှမ်းမိုးမှု ပိုများနိုင်တယ်။ သူတို့ဟာ

တောင်ပေါ်ဒေသ မြစ်ကြီးတွေရဲ့ မြစ်ဝှမ်းနဲ့ တောင်ကြား

ချိုင့်ဝှမ်းတွေမှာ အများသောအားဖြင့် အခြေချကြတယ်။

မြစ်အောက်ပိုင်း မြစ်ဝကျွန်းပေါ် မြေပြန့် ရေလျှံဒေသ

တွေအထိ စုန်ဆင်းကြတယ်။

နောက် မူရင်း DNA တမျိုးက ဗီယက်နမ်ကလာတယ်။

ယနေ့ချိန်ထိ ဗီယက်နမ်မှာ အများဆုံးရှိနေပြီး

ကမေ်ဘာဒီးယား ထိုင်းနဲ့ မြန်မာပြည်မှာတွေ့ရတယ်။

သူတိုဟာ မြစ်အောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသတွေရဲ့

မူရင်း DNA ဖြစ်တယ်။ မွန်ခမာဆိုတာလည်း ဒီ DNA

ဘဲ ဖြစ်နိုင်တယ်။ DNA လေ့လာတဲ့ သေဘာအရ လူမျိုးအမည်ကို မသုံးဘဲ DNA မျိုးတခုရဲ့ အများဆုံးရှိနေတဲ့ ဒေသကို ဗဟိုပြုပြီး ပြန့်နှံ့ သွားတဲ့ ဒေသအထိရပ်ဝန်းတွေကိုမြေပုံဆွဲကြတယ်။ မူရင်း DNA

ရပ်ဝန်းတွေဟာ တခုနဲ့တခု ယှက်နွယ် အုပ်ထွေးနေကြသလို တချို ့နေရာတွေမှာွ တခုနဲ့ တခု ရှေ့ဆက်မတိုးကြဘဲနယ်နမိတ်စည်းအဖြစ်ရပ်သွားကြတယ်။

မြန်မာပြည်နဲ့ ပတ်သက်တဲ့ မူရင်း DNA ၂ခုဟာ

ဒေသကြီး တခုလုံးမှာရော မြန်မာပြည်ထဲမှာရော

ယှက်နွယ် အုပ်ထွေး overlap ဖြစ်နေကြတယ်။

Dai DNA ရပ်ဝန်းဟာ မြောက်ပိုင်းတွင် တရုတ်ပြည်က မူရင်းDNA တခုနဲ့ အုပ်ထွေးယှက်နွယ် overlap

ဖြစ်နေတယ်။ မူရင်း DNA ရပ်ဝန်းတွေ

ယှက်နွယ်နေခြင်းဟာ အတိုင်းအတာတခုထိ

ရောနှောနိုင်ခြင်းဖြစ်နိုင်တယ်။

ပိုပြီးစိတ်ဝင်စားဘို ့ကောင်းတာက မူရင်း Dai DNA

ရပ်ဝန်းဟာ မြန်မာပြည်တခုလုံးကို လွှမ်းခြုံထားပြီး

အနောက်ဘက် နယ်နမိတ်စည်းအဖြစ် ပုံဖေါ်ထားတယ်။

ထို့အပြင် အိနိ္ဒယကလာတဲ့ မူရင်း DNA ရပ်ဝန်းတခုနဲ့

ယှက်နွယ် အုပ်ထွေးနေခြင်း မရှိတဲ့အပြင် DNA

ရပ်ဝန်း၂ခုဟာ တခုနဲ့တခု ရှေ့ဆက်မတိုးတော့ဘဲ

နယ်နမိတ် စည်းအဖြစ် ရှိနေကြတာ တွေ့ရတယ်။

ဆိုလိုတာက အိနိ္ဒယက မူရင်းDNA တခု မြန်မာပြည်ဘက်ကို မြေပြင်မှာ တဆက်ထဲ ရောက်မလာဘူးလို့

ဆိုနိုင်တယ်။ ခုန်ပြီးတော့ ဝင်လာနိုင်တယ်။ ဖွင့်ဆို ရှင်းပြအရ အိနိ္ဒယရဲ့ မူရင်း DNA တခုဟာ မြန်မာပြည်ထဲမှာ မူရင်းမဟုတ်ဘူးလို့ ဆိုနိုင်တယ်။

ဗမာဟာ ဘာဖြစ်နိုင်လဲ။

ဗမာတွေရဲ့ မူရင်း DNA ဟာ Dai နဲ့ ဗီယက်နမ် မှလာတဲ့ DNA တို့ဘဲဖြစ်တယ်။ ရာခိုင်နှုန်းအရ dai ဘက်ကိုပိုများနိုင်တယ်။ ဗမာဟာ အစကတည်းကရော အခုထိရော မူရင်းမဟုတ်ဘူး။ မျက်မှောက််ခောတ်အနေနဲ့ဆို မူရင်းအားနည်းသူတွေ DNA အမျိုးမျိုးရောနှောသူတွေဟာ ဗမာတွေလို့ ဆိုနိုင်တယ်။

ဤသို့ဆိုသော် မြန်မာ့သမိုင်းမှာ မျိုးနွယ်စုတွေဟာ

မြန်မာပြည်အတွင်းကို လမ်းကြောင်းကြီး ၂သွယ်ဖြစ်

သော အရှေ့ဘက်နှင့် အနောက်ဘက်မှ ဝင်လာကြသည်ဟု ဆိုကြသော်လည်း DNA ရပ်ဝန်းတွေရဲ့

ဖော်ညွှန်းချက်အရဆိုလျှင် အနောက်မြောက်ဘက်

အိန္ဒိယဘက်မှ ဝင်ရောက်လာကြသည် ဆိုသည်မှာ

စဉ်းစားစရာဖြစ်နေပြီ။ သာကီမျိုးဆိုတာလည်း

စဉ်းစားစရာ အဖြေရှာစရာဖြစ်နေပြီ။ ထို့အပြင်

ရခိုင်ကိစ္စမှာ ပြသာနာ တက်နေတဲ့ ရိုတွေရဲ့ ဋ္ဌာနေ တိုင်းရင်းသားပါလို့ တောင်းဆိုချက်အပေါ်

DNA ရပ်ဝန်းတွေက အဖြေပေးနိုင်တယ်။😊😊

အင်တာနက် မော်ကွန်းတိုက် 

http://archive.fo/j42Tv



Comments

Popular posts from this blog

ရခိုင်မင်းသား ဒွန်မာတင်နောက် အနှစ် ၂ဝဝ အတွင်း ဥရောပမှာ စစ်ပညာသင်ခဲ့သူ ဘယ်သူလဲ

ရမ္မာဝတီ ရခိုင်မိသားစု ဆွေမျိုးတော်စပ် ခေါ်ဝေါ် ကြပုံ နှင့် အမည်ပေးပုံ စနစ်

ဧရာဝတီ မိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ (၂)