သို့....... သမိုင်းကို လိမ်​လည်​လှည်​ဖျား နေကြသူများ
သို့.....
........... သမိုင်းကို လိမ်​လည်​လှည်​ဖျား နေကြသူများ
===================================
အိန္ဒိယနိုင်ငံ>မောရိယ(အာသောက)အင်ပါယာနဲ့ ဆက်စပ်ကပ်နေတာ ရက္ခိုင်ပြည်ပဲရှိတယ်။
 ဗမာပြည် မရှိပါ။ 
ဗုဒ္ဓခေတ်ပြိုင် မောရိယ(အာသောက)အင်ပါယာကနေ ကိုး​တိုင်းကိုးဌာနကို သာသနာပြုတဲ့အချိန်ပေါ့လဲ့။ 
အောက်ပုံကိုကြည့်ပါ >
အိန္ဒိယနိုင်ငံ။ မောရိယ(အာသောက)အင်ပါယာနဲ့ ဆက်စပ်ကပ်နေတာ ဗမာပြည်ဆိုပဲ။ ဂျင်းအကြီးစားတွေ ၊ အဲ့အချိန် အဲ့ကာလ ဗမာပြည်မပြောနဲ့ ဗမာ(အောက်သား)ဆိုတဲ့ လူမျိုးတောင် ဘယ်ဆီနေမှန်းတောင် မသိသေးဘူး။  
အဲ့ မောရိယအင်ပါယာနဲ့ ဆက်စပ်ကပ်နေတဲ့ အဲ့နေရာမှာ ဓညဝတီတိုင်း(ရက္ခိုင်ပြည်)ပဲ ရှိတယ်၊ ဒါကို ရခိုင်​ပြည်​လို့မထည့်ပဲ ဗမာပြည်ဆိုပြီး ကောက်ထည့်လိုက်တယ်။ ဒါကိုကြည့်ခြင်းဖြင့် ရခိုင်တွေ၏ သမိုင်းတွေကို ဗမာ(အောက်သား)တွေ ဘယ်လောက်ထိ ဖုံးဖိ ပျောက်ဖျက်ခဲ့ကြသလဲ့ဆိုတာ ပေါ်လွင်နေပါပြီ။ စာပေအကြောင်း ဗုဒ္ဓဘာသာ အကြောင်း စသည့်တွေပြောတဲ့အခါမှာ မွန် နဲ့ ပုဂံ လောက်ပဲ ဆက်စပ်ပြောတယ်၊ ပုဂံပြည်​မှာ စာပေဟာ မွန်ကလာတယ်ပေါ့လည်၊ ဗုဒ္ဓဘာသာ မွန်ကလာတယ်ပေါ့လည်.. ရခိုင်ကိုကျတော့မေ့ထားတယ်။ အဲ့အချိန် ရခိုင်က အတိုးတက်ဆုံး တိုင်းပြည်တစ်ခုဆိုတာ သတိရပါ။ AD ,၆, ၇ ရာစုလောက်ကနေ ယခု မြန်​မာစာခေါ် (ကခဂဃင)ဆိုတဲ့ ဗျည်းအက္ခရာ(၃၃)လုံးကိုတောင် လင်္ကာတွေ စပ်ဆိုနိုင်နေပြီဆိုတော ရခိုင်တွေ၏ စာပေ ဘယ်ထိရောက်နေပြီလဲ့ဆိုတာ သိပါလိမ့်မယ်။ ဒီလိုအချက်ကျကျဖြစ်နေတဲ့ ရခိုင်တွေကိုကျတော့ မဖော်ထုတ်ဘူး။ အခုလည်း ကြည့်ပေါ့။ အောက်ပုံကိုကြည့်ပါ > အိန္ဒိယနိုင်ငံ။ မောရိယ(အာသောက)အင်ပါယာနဲ့ ဆက်စပ်ကပ်နေတာ ဗမာပြည်ဆိုပဲ။
 ဂျင်းအကြီးစားတွေ
အဲ့နေရာက 
ဓညဝတီတိုင်း/Dhanyawadi=Arakan
(ရက္ခိုင်ပြည်)ပဲ  ရှိတယ်၊ ဘယ် Google ကိုပဲ ရိုက်ရှာကြည့်ကြည့်ပေါ့။ 
အခုတော့ ဗမာပြည်ဆိုပဲ။ ဒီလို သမိုင်းကို လိမ်ယူ၊ လုယူ၊ မရှိတာကို အရှိလုပ်သမျှ အဲ့သမိုင်းက ဘယ်တော့မှ ခိုင်မြဲမာမဟုတ်ဘူး။ အဲ့လို လိမ်လုပ်ခဲ့လို့လဲ့ မျိုးအဆက်ဆက် ရှက်စရာပဲဖြစ်လိမ့်မယ်။ သူများ အံဖက်မှာပဲ ရှိနေကြလိမ့်မယ်။
 ဒါတွေကို အထူးသတိထားပါ။ သမိုင်းရေးဆရာများ။  မလုပ်မိစေနဲ့။
 ထိုးကြောင်း အထူးမှာကြားလိုချင်တာက
======= 
မိမိလူမျိုး မိမိသမိုင်းကို ချစ်ရင် သမိုင်းကို မလိမ်ကြပါနဲ့၊ မလုပ်ကြံကြပါနဲ့၊ မရှိတာကို အရှိ အတင်းအားဓမ္မ မလုပ်ကြပါနဲ့၊
အဲ့လို သမိုင်းကို လိမ်​လည်​လှည်​ဖျားပြီး လုပ်မိခဲ့ရင် အမှန်တရားပေါ်လာတဲ့ တစ်နေ့ သမိုင်းလိမ် သမိုင်းသူခိုးဆိုပြီး သူများပါးစပ်မှာ ရှက်စရာသာ ဖြစ်ပါတော့မည်။ 
ယခု ဖြစ်ရပ်တွေသာ ကြည့်ပေါ့။
✏ ✏ ✏ ✏ ✏ ✏ ✏ 
Zaw Zaw (ရက္ခပူရတိုင်း)
Popular posts from this blog
ရခိုင်မင်းသား ဒွန်မာတင်နောက် အနှစ် ၂ဝဝ အတွင်း ဥရောပမှာ စစ်ပညာသင်ခဲ့သူ ဘယ်သူလဲ
ရမ္မာဝတီ ရခိုင်မိသားစု ဆွေမျိုးတော်စပ် ခေါ်ဝေါ် ကြပုံ နှင့် အမည်ပေးပုံ စနစ်
ဧရာဝတီ မိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ (၂)