Posts

Showing posts from October, 2019

ဂုဏ်ရှိန်မြင့်ခဲ့သည့် ရခိုင်သမိုင်း ( သတင်းဆောင်းပါး)

Image
 ဂုဏ်ရှိန်မြင့်ခဲ့သည့် ရခိုင်သမိုင်း (သတင်းဆောင်းပါး) ♥ ♥ ♥ ♥ ♥ ♥ ♥  “ဇာတိပုညဂုဏ်မာန” တို့နှင့် ပြည့်စုံလှသည်ဟု ဘင်္ဂလားပင် လယ်ကမ်းခြေတွင် နာမည်ထင်ရှားလှသည့် ရခိုင်လူမျိုးတို့၏ သမိုင်းသည် ဂုဏ်ယူဝင့်ကြွားဖွယ်ရာများနှင့် ပြည် စုံကုံလုံလှပေသည်သာမက အာရှနှင့်အရှေ့တောင်အာရှတို့၏ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ၌ တက်တက်ကြွကြွ ပါဝင်ပတ်သက်နေခဲ့ပေသေးသည်။ ရှေးရခိုင်ကြီးတို့ နှစ်ပေါင်းရာစုများစွာ ပြုစုပျိုးထောင်ခဲ့သော ရခိုင်ပြည်ကြီးသည် အရှေ့တောင်အာရှဒေသသို့ ဗုဒ္ဓသာသနာတော် စတင်ဖြန့်ချိရာ ဘုမိနက်သန်အရပ်တစ်ခုလည်း ဖြစ်ခဲ့ပေ၏။ အေဒီလေးရာစုမှစ၍ ရခိုင်၌ လျှမ်းလျှမ်းတောက်ထွန်းကားခဲ့သော ဝေသာလီသည် အနောက်လက်တစ်ကမ်းရှိ အိန္ဒိယယဉ်ကျေးမှုကို အရှေ့အရပ်ရှိ ဧရာကမ်းသို့ရောက် ပေါက်အောင် တစ်နည်းတစ်ဖုံပျံ့နှံ့စေခဲ့ပေ၏။ ထို့အပြင် ကုန်သွယ်မှုကြား စခန်းတစ်ခုလည်း ဖြစ်ခဲ့ပေ၏။ ဓည၀တီသားတို့ ကြိုးစားလုံ့လပြုကာ ပြန်ဆိုခဲ့သော အန္ဒိယဂန္ဓ၀င် ၀တ္ထုပုံပြင်များ ကျမ်းဂန်များတို့ကိုလည်း အရှေ့အရပ်သို့ စေတနာဗလပွဖြင့် လက်ဆောင်ပေးခဲ့ပေ၏။ ရခိုင်ဘုရင် ပရိမ်ပြည်ရှင် ပဒေသရာဇာ(၁၁၂၃-၁၁၃၉) မင်းကြီး၏ ဗုဒ္ဓအဘိသိက်တော...

အာနန္ဒစန္ဒြမင်းကျောက်စာနှင့် ရခိုင်ဝေသာလီခေတ် သင်္ဂါယနာ

Image
အာနန္ဒစန္ဒြမင်းကျောက်စာနှင့် ရခိုင်ဝေသာလီခေတ်  သင်္ဂါယနာ   ************************************* =================================== မောင်ဖြူ(ကြွီတဲကျွန်း) ✏ ✏ ✏ ✏ ✏ ✏                  အာနန္ဒစန္ဒြမင်းကျောက်စာကို အဓိပ္ပာယ်အပြည့်စုံဆုံး ဖော်နိုင်ဖတ်နိုင်ခဲ့သူမှာ အောက်စဖို့စ် တက္ကသိုလ် ဘေလီယောကောလိပ်မှ ပါမောက္ခ E.H Johnston ဖြစ်သည်။ ပါမောက္ခဂျွန်စတင်သည် ရန် ကုန်မြိ့မှပို့ပေးသော အာနန္ဒစန္ဒြမင်းကျောက်စာ မင်ကူးဓာတ်ပုံများကို လေ့လာကြည့်ရှုပြီး အင်္ဂလန်မှ နေ ၍ ဖတ်ခဲ့သည်ဟုဆိုသည်။  သူ၏ Some Sanskrit Inscriptions of Arakan စာတမ်းကို နိုင်ငံခြားသား တစ်ဦးအမြင်ဖြင့်  ရေးသားတင်ပြခဲ့သောကြောင့် ရခိုင်ဒေသအတွင်း သက္ကရာဇ်ဖြစ်စဉ်၊  သင်္ဂါယနာဖြစ်စဉ်များကို အာနန္ဒစန္ဒြမင်းကျောက်စာနှင့် ဆက်စပ်တွေးခေါ် မှုမရှိခဲ့ခြင်းကြောင့် အာနန္ဒစန္ဒြမင်း၏ကုသိုလ် ကောင်းမှုများကို ကမ္ဗည်းရေး ထိုးကြေညာထားသော သြဘာစာ ဟု ရေးသားဖော်ပြခဲ့ခြင်းဖြစ် သည် ဟုယူဆရသည်။           ဂျွန်စတင် စာတမ်းထွက်လာပြီး နောက်ပိုင်း ထုတ်ဝေရေးသား ကြသောစာအုပ်စာ...

ရခိုင်တို့ လူသေရင် သင်္ဂြိုလ်ပုံ အစဉ်အလာ။

Image
ရခိုင်တို့ လူသေရင် သင်္ဂြိုလ်ပုံ အစဉ်အလာ။ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★  ဗဟုသုတ။..... မြင်းမိုရ် ဦးတိုက်နဲ့ နန်းတော်ဦးတိုက် ရခိုင်ပြည်မှာ အစဉ်အလာအရ အသုဘမီးသင်္ဂြိုလ်တယ်၊ မြေမြုပ်သင်္ဂြိုလ်တဲ့အခါ။ မြောက်အရပ်ကို ခေါင်းရင်းထား သင်္ဂြိုလ်လည့်ရှိကြတယ်။ မြောက်အရပ်မှာ မြင်းမိုရ်တောင် ရှိတဲ့အရပ်လို့ ယူဆပြီး အဲ့လို သင်္ဂြိုလ်တာဖြစ်တယ်။ ဒါကို မြင်းမိုရ် ဦးတိုက်သင်္ဂြိုလ်တယ်လို့ဆိုပါတယ်။ ရခိုင်ပြည် ဗမာ(အောက်သား)မောင်ဝိုင်းလက်အောက် ကျရောက်ပြီး လေးမြို့ဝန်ခေတ်မှာ ရခိုင်​တို့၏ အစဉ်အလာအတိုင်း မြင်းမိုရ် ဦးတိုက်သင်္ဂြိုလ်ခွင့်မပြုဘဲ၊ အမရပူရနန်းတော်ရှိရာ အရှေ့အရပ်ကို ခေါင်းရင်းထား ဦးတိုက်လို့သင်္ဂြိုလ်ရပါတယ်။  အဲ့ဒါကို  နန်းတော်ဦးတိုက် သင်္ဂြိုလ်တယ်လို့ခေါ်ပါတယ်။ ဗြိတသျှအင်္ဂလိပ် ရခိုင်ပြည်ကို သိမ်းခါမှ ရခိုင်တို့၏ အစဉ်လာအတိုင်း မြင်းမိုရ်ဦးတိုက် သင်္ဂြိုလ်ခွင့်ကို ပြန်ရလာကြတယ်။ အစဉ်အလာအတိုင်းပြန်ဖြစ်သွားတယ်။ ဒါပေမယ့် တချို့နေရာတွေမှာ အောက်သားတွေ ချမှတ်ခဲ့တဲ့အတိုင်း နန်းတော်ဦးတိုက် အရှေ့အရပ်ကို ခေါင်းရင်းထား ဦးတိုက်လို့သင်္ဂြိုလ်ကြတာတွေလဲ့ ရှိကြသေးတယ်။ Credit -ဆြာ Kyaw Maung ...

ရခိုင်စကားကို ဘာသာစကားသုတေသီတို့၏ ယူဆချက်

Image
ရခိုင်စကားကို ဘာသာစကားသုတေသီတို့၏  ယူဆချက်  ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★  တိုးတက်သော နိုင်ငံကြီးများတွင် သမိုင်းသုတေသီတို့ သည် မိမိတို့ စိတ်ပါဝင်စားသော လုပ်ရပ်များကို ငွေကြေးအမြောက်အမြား အကုန်အကျခံပြီး ကမ္ဘာအ ရပ်ရပ်နိုင်ငံတကာ လှည့်လည်သွားရောက် သုတေသ နပြုလျှက်ရှိကြသည်။ တချို့အနေဖြင့် ရှေးသမိုင်း အဆောက်အဦ ကျောက်ကမ္ပည်း စာများ ရှေးဟောင်း ငွေကြေး  ဒင်္ဂါးများ၊ ပစ္စည်းများကို သုတေသနပြု လျှက်ရှိကြလေသည်။ တချို့အနေဖြင့် လူ့အဆက် အနွယ်၊ သက်ရှိတိရစ္ဆာန်တို့၏ ရုပ်ကြွင်းဒြပ်များကို ယခု လူတိရိစ္ဆာန်တို့လှည့်လည် သုတေသနပြုလုပ် ခဲ့ကြပါသည်။ အချို့အနေဖြင့်  စာပေအက္ခရာများကို သုတေသနပြုလျှက် သမိုင်းရပ်များကို သိပ္ပံနည်းကျ သုတေသနပြု လုပ်ခဲ့ကြပါသည်။  ရခိုင်ဓည၀တီနှောင်းခေတ်၊ ရခိုင်ဝေသာလီခေတ် ကျောက်ကမ္ပည်းစာ ပိသုကာလက်ရာ၊ ငွေဒင်္ဂါးများကို သုတေသနပြုလုပ်ခဲ့ကြသော အီးအိပ်(ခ်ျ)ဂျွန်စတင် (John Stone.E.H)၊ အေDဘီDဖေယာ (Phayer A.P)၊ ဆီD အေD ရစ္စတန် ( Ruston C.A)၊ ဒီD ဘီ D ဆာရ်ကာ ( Sircar D.E)၊ အစရှိသော ပုဂ္ဂိုလ်တို့၏ သုတေသနပြု လုပ်ခဲ့ကြရာမှ ရရှိသောကြောင်းရပ်တို့မှာ ယင်းအချိန် ကာလသမိုင်း ကြောင်းရပ...

သို့....... သမိုင်းကို လိမ်​လည်​လှည်​ဖျား နေကြသူများ

Image
သို့..... ........... သမိုင်းကို လိမ်​လည်​လှည်​ဖျား နေကြသူများ =================================== အိန္ဒိယနိုင်ငံ>မောရိယ(အာသောက)အင်ပါယာနဲ့ ဆက်စပ်ကပ်နေတာ ရက္ခိုင်ပြည်ပဲရှိတယ်။  ဗမာပြည် မရှိပါ။  ဗုဒ္ဓခေတ်ပြိုင် မောရိယ(အာသောက)အင်ပါယာကနေ ကိုး​တိုင်းကိုးဌာနကို သာသနာပြုတဲ့အချိန်ပေါ့လဲ့။  အောက်ပုံကိုကြည့်ပါ > အိန္ဒိယနိုင်ငံ။ မောရိယ(အာသောက)အင်ပါယာနဲ့ ဆက်စပ်ကပ်နေတာ ဗမာပြည်ဆိုပဲ။ ဂျင်းအကြီးစားတွေ ၊ အဲ့အချိန် အဲ့ကာလ ဗမာပြည်မပြောနဲ့ ဗမာ(အောက်သား)ဆိုတဲ့ လူမျိုးတောင် ဘယ်ဆီနေမှန်းတောင် မသိသေးဘူး။   အဲ့ မောရိယအင်ပါယာနဲ့ ဆက်စပ်ကပ်နေတဲ့ အဲ့နေရာမှာ ဓညဝတီတိုင်း(ရက္ခိုင်ပြည်)ပဲ ရှိတယ်၊ ဒါကို ရခိုင်​ပြည်​လို့မထည့်ပဲ ဗမာပြည်ဆိုပြီး ကောက်ထည့်လိုက်တယ်။ ဒါကိုကြည့်ခြင်းဖြင့် ရခိုင်တွေ၏ သမိုင်းတွေကို ဗမာ(အောက်သား)တွေ ဘယ်လောက်ထိ ဖုံးဖိ ပျောက်ဖျက်ခဲ့ကြသလဲ့ဆိုတာ ပေါ်လွင်နေပါပြီ။ စာပေအကြောင်း ဗုဒ္ဓဘာသာ အကြောင်း စသည့်တွေပြောတဲ့အခါမှာ မွန် နဲ့ ပုဂံ လောက်ပဲ ဆက်စပ်ပြောတယ်၊ ပုဂံပြည်​မှာ စာပေဟာ မွန်ကလာတယ်ပေါ့လည်၊ ဗုဒ္ဓဘာသာ မွန်ကလာတယ်ပေါ့လည်.. ရခိုင်ကိုကျတော့မေ့ထားတယ်။ အဲ့အခ...

မြန်မာဘာသာ (သို့) ဗမာစကားဖြင့် ရေးထိုးထားသော ကျောက်စာဆိုတာ မြန်မာနိုင်ငံမှာ မရှိပါ။

Image
မြန်မာဘာသာ (သို့) ဗမာစကားဖြင့် ရေးထိုးထားသော ကျောက်စာ ဆိုတာ မြန်​မာနိုင်​ငံမှာ မရှိပါ။  ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖  ✖ ✖ ✖ ✖  ဗမာသမိုင်းဆရာအသီးသီးတို့သည် ရှေးစာပေ၊ ရှေးကျောက်စာ စသည့် စာပေအကြောင်းကို ပြောတဲ့အခါ ပါဠိ ၊ သက္ကတ၊ မွန် ၊ ပျူ ၊ မြန်မာ ။ ဒီလောက်ပဲ ပြောလေ့ပြောထားရှိတယ်။ အဲ့လောက်ပဲ အဆုံးသတ်ထားတယ်။ ရခိုင်ကို ထည့်မပြောဘူး။ အခုတော့ မြန်မာနိုင်ငံ မောင်သာ(ရှေးဟောင်းသုတေသန)မှရေးတဲ့ ဆောင်းပါးတစ်ခုမှာ (မြန်မာအလင်း သတင်းစာပါ)မှာ  မြန်မာနိုင်ငံရှေးဟောင်းကျောက်စာများမှာ ပါဠိ ၊ သက္ကတ၊  မွန်၊ ပျူ ၊ မြန်မာ ၊ ရခိုင် စသဖြင့် (ရခိုင် )ကိုပါ ထည့်ပြောထားတာ ရှားရှားပါးပါးတွေ့ရနေရတယ်။  ဒါအလွန် တွေ့ရခဲ့သော အရာတစ်ခုပဲ။ ရခိုင်ကို သိပ်ပြီး ထည့်ပြောလေ့ပြောထား မရှိကြပါဘူး။ ရခိုင်ကိုပဲ မြန်မာ၊ ဗမာ ဆိုတဲ့ခေါင်းစဉ်အောက်မှာ ထည့်ထားတာလား။ ဒါမှမဟုတ် ရခိုင်ကို သီးသန့်  ဥပေက္ခာပြုထားတာလားပေါ့လည့်။  ဒါပေမယ့် တကယ့် အစစ်အမှန် မြန်မာနိုင်ငံမှာ ဘာသာစကားဖြင့် ရေးထိုးထာသော ရှေးကျောက်စာများမှာ.. ပါဠိ ၊ သက္ကတ၊ ရခိုင် ၊ ပျူ ၊ မွန် ၊ ဒီလောက်ပဲ တွေ့ရပါတယ်။ မြန်မာဆိုတာ မရှိပါဘူး။  မြန...