မြန်မာဘာသာ (သို့) ဗမာစကားဖြင့် ရေးထိုးထားသော ကျောက်စာဆိုတာ မြန်မာနိုင်ငံမှာ မရှိပါ။

မြန်မာဘာသာ (သို့) ဗမာစကားဖြင့် ရေးထိုးထားသော ကျောက်စာ ဆိုတာ မြန်​မာနိုင်​ငံမှာ မရှိပါ။ 
✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖  ✖ ✖ ✖ ✖ 

ဗမာသမိုင်းဆရာအသီးသီးတို့သည် ရှေးစာပေ၊ ရှေးကျောက်စာ စသည့် စာပေအကြောင်းကို ပြောတဲ့အခါ
ပါဠိ ၊ သက္ကတ၊ မွန် ၊ ပျူ ၊ မြန်မာ ။ ဒီလောက်ပဲ ပြောလေ့ပြောထားရှိတယ်။ အဲ့လောက်ပဲ အဆုံးသတ်ထားတယ်။ ရခိုင်ကို ထည့်မပြောဘူး။ အခုတော့ မြန်မာနိုင်ငံ မောင်သာ(ရှေးဟောင်းသုတေသန)မှရေးတဲ့ ဆောင်းပါးတစ်ခုမှာ (မြန်မာအလင်း သတင်းစာပါ)မှာ  မြန်မာနိုင်ငံရှေးဟောင်းကျောက်စာများမှာ ပါဠိ ၊ သက္ကတ၊  မွန်၊ ပျူ ၊ မြန်မာ ၊ ရခိုင် စသဖြင့် (ရခိုင် )ကိုပါ ထည့်ပြောထားတာ ရှားရှားပါးပါးတွေ့ရနေရတယ်။
 ဒါအလွန် တွေ့ရခဲ့သော အရာတစ်ခုပဲ။ ရခိုင်ကို သိပ်ပြီး ထည့်ပြောလေ့ပြောထား မရှိကြပါဘူး။ ရခိုင်ကိုပဲ မြန်မာ၊ ဗမာ ဆိုတဲ့ခေါင်းစဉ်အောက်မှာ ထည့်ထားတာလား။ ဒါမှမဟုတ် ရခိုင်ကို သီးသန့်  ဥပေက္ခာပြုထားတာလားပေါ့လည့်။ 

ဒါပေမယ့် တကယ့် အစစ်အမှန် မြန်မာနိုင်ငံမှာ ဘာသာစကားဖြင့် ရေးထိုးထာသော ရှေးကျောက်စာများမှာ.. ပါဠိ ၊ သက္ကတ၊ ရခိုင် ၊ ပျူ ၊ မွန် ၊ ဒီလောက်ပဲ တွေ့ရပါတယ်။ မြန်မာဆိုတာ မရှိပါဘူး။ 
မြန်မာဘာသာစကားဆိုတာ ဘာကိုခေါ်ပါသလဲ့။
 ဗမာဆရာတွေကိုယ်တိုင်ကလည် ရခိုင်ကို ရှေးမြန်မာကြီးတွေဆိုပြီး ခေါ်ဝေါ်သမုတ်နေကြတာပါပဲ။ အမှန်တကယ်လဲ့ မြန်မာ ဆိုတဲ့အမည်ဟာ ရခိုင်ကို ခေါ်ဆိုကြောင်း မရမာ (ခ) ရခိုင် ၊ ဗမာကို ခေါ်ဆိုတာ မဟုတ်ကြောင်း ဆိုတဲ့ အထောက်အထား ကျမ်းတွေလည်း အမြောက်အများရှိပါတယ်။ ကျတော်ကိုယ်တိုင်းလည်း ၎င်း အကြောင်းအရာတွေကို အကျယ်တ၀င့်  post တွေတင်ခဲ့ပြီးပါပြီ။ 

ပုဂံပြည်၊ ပုဂံခေတ်ဆိုတဲ့ နေရာဒေသတွေမှာ ရေးထိုးထားတဲ့ ရှေးကျောက်စာများမှာ ရခိုင်ဘာသာစကားဖြင့် ရေးထိုးထားသော ကျောက်စာများသာဖြစ်သည်။ ဒါကို ဗမာသမိုင်း ဆရာတွေက မြန်မာဘာသာ ဆိုပြီး အမည်တပ်လိုက်တာပဲဖြစ်တယ်။ ၎င်း ပုဂံခေတ် ၎င်း ကျောက်စာအသီးအသီးဟာ ရှေးဟောင်းကျောက်စာတွေပဲ။ 

တကယ်တော့  ( ၄) ဘာသာထိုး (မြန်မာ) ဖက်ဆိုတဲ့ ရာဇကုရ်မာ ကျောက်စာ၏စာတွေပါ အစ ပုဂံခေတ် ပုဂံပြည်၌ တွေ့ရသော ကျောက်စာများ၏ ဘာသာစကား ဝေါဟာရတွေဟာ ဗမာတွေပြောနေသော ဝေါဟာရ ဘာသာစကား မဟုတ်ပါဘူး။ 
ရခိုင့်ဘာသာစကားဖြင့်ရေးထိုးထားသော ကျောက်စာများသာဖြစ်သည်။ ထိုးကြောင့်
တကယ့် မြန်မာနိုင်ငံ၌ တွေ့ရသော ရှေးဟောင်းကျောက်စာများမှာ👉👉
၁။ ပါဠိဘာသာစကားဖြင့် ရေးထိုးထားသော
        ကျောက်စာ။
၂။ သက္ကတဘာသာစကားဖြင့် ရေးထိုးထားသော
        ကျောက်စာ။
၃။ ရခိုင်ဘာသာစကားဖြင့် ရေးထိုးထားသော
         ကျောက်စာ။ 
၎။ ပျူဘာသာစကားဖြင့် ရေးထိုးထားသော
         ကျောက်စာ။
၅။ မွန်ဘာသာစကားဖြင့် ရေးထိုးထားသော
         ကျောက်စာ။ 
                         စသည့်တို့ပဲဖြစ်ပါတယ်။
 မြန်မာကျောက်စာဆိုတာ မရှိပါဘူး။ ပုဂံခေတ် ၊ မြန်မာကျောက်စာ အမည်တပ်ထားတဲ့  ကျောက်စာတွေဟာ 
ရခိုင်ဘာသာစကားဝေါဟာရဖြင့် ရေးထိုးထားသော ကျောက်စာများသာဖြစ်သည်။ 
ရခိုင်တွေက ၎င်း ကျောက်စာတွေကို မြင်လိုက်တာနဲ့ ၈၀% ဖတ်တတ်ကြတယ်။ ဖတ်တတ်ရုံသာမက အဓိပ္ပါယ်အနက်ပါ သိရှိကြတယ်။
ဥပမာ အားဖြင့် ဗမာဆရာတွေပြုစုထားတဲ့ ရှေးဟောင်းကျောက်စာ တစ်ခုကို အောက်ပုံတွင် သက်သေပြုပေးလိုက်ပါသည်။ ၎င်း စာပါ ဝေါဟာရစာများကို ဒီနေ့အချိန်ထိလည်း  ဗမာတွေ ကိုယ်တိုင်ကလည် အဓိပ္ပါယ်ပါ
မတတ် မသိ မဖတ်တတ်သေးပါဘူး။ 

( မြန်မာဘာသာစကားဖြင့်ရေးထိုးထားသော ကျောက်စာဆိုတာ မြန်မာနိုင်ငံမှာ မရှိပါ။ )

အောက်ပုံ👇👇👇






✏ ✏ ✏ ✏ ✏ ✏ ✏ 
Zaw Zaw (ရက္ခပူရတိုင်း)

Popular posts from this blog

ဓညဝတီ ရက္ခိုင်ပြည်မှ စတုတ္ထသင်္ဂါယနာ အကြောင်း အာနန္ဒစန္ဒြကျောက်စာ သက်သေတည်။

ရခိုင်မင်းသား ဒွန်မာတင်နောက် အနှစ် ၂ဝဝ အတွင်း ဥရောပမှာ စစ်ပညာသင်ခဲ့သူ ဘယ်သူလဲ

ဧရာဝတီ မိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ (၂)