Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရခိုင်စကားကို ဘာသာစကားသုတေသီတို့၏ ယူဆချက်

ရခိုင်စကားကို ဘာသာစကားသုတေသီတို့၏ 
ယူဆချက် 
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ 

တိုးတက်သော နိုင်ငံကြီးများတွင် သမိုင်းသုတေသီတို့ သည် မိမိတို့ စိတ်ပါဝင်စားသော လုပ်ရပ်များကို ငွေကြေးအမြောက်အမြား အကုန်အကျခံပြီး ကမ္ဘာအ ရပ်ရပ်နိုင်ငံတကာ လှည့်လည်သွားရောက် သုတေသ နပြုလျှက်ရှိကြသည်။ တချို့အနေဖြင့် ရှေးသမိုင်း အဆောက်အဦ ကျောက်ကမ္ပည်း စာများ ရှေးဟောင်း ငွေကြေး  ဒင်္ဂါးများ၊ ပစ္စည်းများကို သုတေသနပြု လျှက်ရှိကြလေသည်။ တချို့အနေဖြင့် လူ့အဆက် အနွယ်၊ သက်ရှိတိရစ္ဆာန်တို့၏ ရုပ်ကြွင်းဒြပ်များကို ယခု လူတိရိစ္ဆာန်တို့လှည့်လည် သုတေသနပြုလုပ် ခဲ့ကြပါသည်။ အချို့အနေဖြင့်  စာပေအက္ခရာများကို သုတေသနပြုလျှက် သမိုင်းရပ်များကို သိပ္ပံနည်းကျ သုတေသနပြု လုပ်ခဲ့ကြပါသည်။ 
ရခိုင်ဓည၀တီနှောင်းခေတ်၊ ရခိုင်ဝေသာလီခေတ် ကျောက်ကမ္ပည်းစာ ပိသုကာလက်ရာ၊ ငွေဒင်္ဂါးများကို သုတေသနပြုလုပ်ခဲ့ကြသော အီးအိပ်(ခ်ျ)ဂျွန်စတင် (John Stone.E.H)၊ အေDဘီDဖေယာ (Phayer A.P)၊ ဆီD အေD ရစ္စတန် ( Ruston C.A)၊ ဒီD ဘီ D ဆာရ်ကာ ( Sircar D.E)၊ အစရှိသော ပုဂ္ဂိုလ်တို့၏ သုတေသနပြု လုပ်ခဲ့ကြရာမှ ရရှိသောကြောင်းရပ်တို့မှာ ယင်းအချိန် ကာလသမိုင်း ကြောင်းရပ် များနှင့် အထောက်အထားများကို ဖော်ထုတ်နိုင်ခဲ့ကြလေသည်။ တချို့ သုတေသီတို့မှာ ကမ္ဘာအရပ်ရပ်၊ နိုင်ငံအသီးသီးမှ လူမျိုးစုတို့၏ ဘာသာစကားများကို လေ့လာသုတေသန ပြုလုပ်ရှိခဲ့ကြလေသည်။ 
ရခိုင်မြန်မာ စကားများကို လွန်ခဲ့သော နှစ်ပေါင်း ၁၇၀ ခန့်က လေ့လာသုတေသနပြုခဲ့သော အမ် D ဒီ D လီဒန် ( Leyden. M.D) ၏ အာရှ သုတေသနစာစောင်၊ အတွဲ (၁၀) (၁၈၁၁ ခုနှစ်) ( Asiatue Researches Volx. 1811) တွင် ( On the longueges and literaturs of the imdo Chinese Nation ) ဆိုသော ဆောင်းပါးမှ ကောက်နုတ် ဖော်ပြလိုက်ပါသည်။ 
 
ယင်းဆောင်းပါးတွင် မြန်မာကို ( Myama ) ၊ 
ရခိုင်( Rekine ) ဟုရေးသားပါရှိပါသည်။ ရခိုင်စကားသည် ရခိုင်ဒေသတွင် ရှေးပဝေသဏီ အချိန်ကပင် နေထိုင်ရှိခဲ့ကြသော ရခိုင်လူမျိုးတို့ပြောသော စကားပင် ဖြစ်သည်။ ရခိုင်လူမျိုးတို့၏ ရှေးဟောင်းစာပေတို့တွင် ဗုဒ္ဓအကြောင်းနှင့် ဗုဒ္ဓဟောကြားခဲ့သော ကျမ်းစာများ အလေးထားမှုများကို တွေ့ရပါသည်။ရှေးလွန်ခဲ့သော ခရစ်တော်မပေါ်မီရာစုနှစ်များစွာက ရခိုင်ပြည်နယ်သည် 
အိန္ဒိယနိုင်ငံ မာဂဓ အင်ပါယာထဲတွင် ပါဝင်ခဲ့ပြီး မာဂဓပြည်သားတို့ တည်ထောင်ခဲ့သော တိုင်းပြည်တစ်ပြည် ဖြစ်သည်။ ယင်းကြောင်း အိန္ဒိယပြည်သားတို့က ရခိုင်လူမျိုးတို့ကို (Magh) မောက်၊ ( Mag) မက် ဟူ၍ ခေါ်ကြသည်။ ဘင်္ဂလားဒေရှ်တွင် ရှိသော ( Bangiali )ဘန်ဂါလီလူမျိုးတို့က ( Mugh) မဂ်၊ သို့မဟုတ် ( Maga) မဂ်ဂဟူ၍ ခေါ်ကြပါသည်။ 
ယင်းသို့ ခေါ်ဆိုကြသော သဘောမှာ မဂဓပြည်သားများဟု ခေါ်ဆိုခြင်းဖြစ်သည်။  (တစ်နည်းအားဖြင့် မာဂဓလူမျိုးနွယ်ဆက်မှ ဆင်းဆက်လာသော လူမျိုးဟူ၍ ခေါ်ဆိုသည့် သဘောသက်ရောက်နိုင်ပါသည်။) ရခိုင်စကားသံသည် အိန္ဒိယပြည်သားတို့ ပြောဆိုသော စကားသံများကို ( Monosyllable ) တသံတည်းထွက်သော စကားသံပင်ဖြစ်သည်။ရခိုင်တို့၏ စကားသံမှာ မွင်နိုဆိုလီဘီဆိုသော တသံတည်းထွက်သောအသံဖြစ်သော်လည်းရခိုင်တို့အနေဖြင့် 
ပေါလီဆီလီဘီ(Polysyllable)တသံတည်းထွက်သော စကားသံပင်ဖြစ်သည်။ ရခိုင်တို့၏ စကားသံမှာ မွင်နိုဆိုလိုလီဘီဆိုသော တသံတည်းထွက်သော အသံ ဖြစ်သော်လည်း ရခိုင်တို့အနေဖြင့် ပေါလီဆီလီဆီ ( Phlysyllable) တသံထက် ပိုသော အသံနှင့်လည်း ပြောဆိုနိုင်ကြပါသည်။ 
ရခိုင်လူမျိုးများသည် မြန်မာလူမျိုးများနှင့် အနွယ်အားဖြင့် တူညီနိုင်ကြသည်ဟု လက်ခံနိုင်ကြပါသည်။ သို့သော် ရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှုမှာ ဗမာလူမျိုးတို့၏ ယဉ်ကျေးမှုထက် ရှေးကျသည်ဟု နားလည်ရပေသည်။ ဗမာတို့ ကိုယ်တိုင်ကလည်း သူတို့ရင်းမြစ်သည် ရခိုင်ဟုယူဆသောကြောင့် ရခိုင်ကို ဗြဟ္မာကြီး ( Myanmagui) ဟု ခေါ်ဝေါ်ခဲ့သည်ဟု ဆိုပါသည်။ 
ရခိုင်စကားသည် အလွန်ရှေးကျသော ဘာသာစကားတစ်ခုဖြစ်၍ ယဉ်ကျေးမှုလည်း အလွန်ရှေးကျသော လူမျိုးတမျိုးဖြစ်ပေလိမ့်မည်။မှုရင်း အမ်ဒီလီဒန်သည်၏ မှတ်တမ်းဆောင်ပါးမှာ အတော်ရှည်များစွာ ပါရှိခဲ့သောလည်း လိုအပ်ချက်များကို အကျဉ်းကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။အမ် D ဒီ D လီဒန်သည် ဤဆောင်ပါးကို ခရစ်နှစ် ၁၈၁၁ ခုနှစ်တွင် ရေးသားခဲ့ခြင်းဖြစ်ရာ သူသည် ၁၈၀၉D၁၀ ခုနှစ်ခန့်တွင် လေ့လာခဲ့ခြင်းဖြစ်မည်ဟု ခန့်မှန်းယူဆမိပါသည်။ ယင်းနောက် အမ် D ဒီ D လီဒန်၏ မှတ်တမ်းပါ အချက်များနှင့် ယှဉ်နှိုင်းဆက်စပ်လေ့လာနိုင်ကြပါရန် 
ဆက်လက်၍ မှတ်တမ်းမှာ ၁၉၄၇ ခုနှစ် ( S.S.Tupett )အက်(စ်) အက်(စ်) တာရပ် အမည်ရှိ ဂရိတ်သင်္ဘောမှ သင်္ဘောအရာရှိ တစ်ဦးထံမှ ရရှိခဲ့သော ဂရိတ်ဘာသာဖြင့် ရေးသားထားသော ထူးဆန်းသောရှေးခေတ်  အတတ်ပညာများဆိုသော စာအုပ်မှာ ယင်းအရာရှိသည် မှတ်စုအနည်းငယ်ကို အင်္ဂလိပ်ဘာသာဖြင့် ဖြန့်ချိရေးသားပေးခဲ့ခြင်းပင်ဖြစ်ပါသည်။မှုရင်းစာအုပ်မှာ ၁၀၆၉ ခု နှစ်က ဂရိတ်စာပေရှင် ဒူးလက် ( Dulux) ဆိုသော ပုဂ္ဂိုလ်ရေးသားခဲ့သော စာအုပ်ဖြစ်သည်။ 
တာရပ်သင်္ဘောအရာရှိထံမှ တွေ့ရသော စာအုပ်မှာ ယင်း ဒူးလက်စ် စာအုပ်ကို ၁၉၃၆ ခု နှစ်က စာပေ ၀ါသနာရှင်တစ်ဦးက ၆ ကြိမ်မြောက်ပြန်လည် ရိုက်နှိပ်ခြင်းမူဖြစ်သည်။ မူရင်းမှတ်တမ်း ရေးသားခဲ့သူမှာ ခရစ်နှစ် ၁၆၂၉ ခု၊ သီရိသုဓမ္မရာဇာ ( ရခိုင်  မြောက်ဦးဘုရင် ) မင်းလက်ထက် ဆိပ်ကမ်းရေကြောင်း တာဝန်များကို ထမ်းဆောင်ခဲ့သည်ဆိုသော ဂရိတ်လူမျိုးအီလက်ဇန္ဒရိုဒီဖေယာ ( Elexzendro Defain) ဆိုသူ၏ မှတ်တမ်းကို အခြေခံ၍ ရေးသားထားရှိခဲ့ခြင်းပင်ဖြစ်သည်။ စာပါအကြောင်းမှာဘရခိုင်အဂ္ဂိနိ ( Auetginee) ခေါ် ရွှေများကို အိမ်တွင်းလက်မှုပညာတစ်ရပ် အနေဖြင့်ပြုလုပ်ခဲ့သော တိုင်းပြည်ဟုဖြစ်ပါသည်။ ယင်းအခန်းတွင် ရခိုင်စကားနှင့် ပတ်သက်၍ ဒီဖေယာ၏ မူရင်းမှတ်တမ်းတွင် တွေ့ရသည်မှာD “ကျွန်ုပ်အား ရခိုင်ဘုရင် ရှီရိဆုဒန် ( Shipisuden ) ( သီရိသုဓမ္မရာဇာ) မင်း၏ ဆီဒပန်ဒန် ( Sidapanden) ခေါ် ဘုရင်၏ ငွေဒင်္ဂါးသွန်းလုပ်သော လုပ်ငန်းမှ အကြီးအကဲတစ်ဦးဖြစ်သော အိန္ဒိယနိုင်ငံသား တစ်ဦး၏ ပြောပြချက်အရ အဂ္ဂိနိဆိုသည်မှာ အိန္ဒိယရှေးဟောင်းစကားတွင် မီးကို ခေါ်သည်။ အိန္ဒိယရှေးဟောင်းစကားနှင့်ရခိုင်ရှေးဟောင်စကားများသည်လည်းကောင်း၊ 
ဗုဒ္ဓကျမ်းစာပေအများပါစကား ( ပါဠိဘာသာကို ဆိုလိုဟန်တူသည်။) များသည်လည်းကောင်း၊ အလွန်တူကြောင်းအဂ္ဂိနိဆိုသော ပညာမှာ မီးကို အဓိကထား၍ ရွှေဖော်စပ်သော ရှေးခေတ် အိန္ဒိယနိုင်ငံမှ ဆင်းသက်လာသော ပညာရပ်တစ်ခုဖြစ်ကြောင်းဟု သိရှိရပါသည်။“ 
ဒူးလက်စ်နောက် ယင်းစာအုပ်ကို ပြန်လည်ရေးသားခဲ့ကြသော ဂရိတ်စာပေရှင်တစ်ဦးက ယင်းမှတ်တမ်းတွင် မှတ်ချက်အနေဖြင့် ဖြည့်စွက်ရေးသားထားသည်မှာ“ ရှေးခရစ်မပေါ်မီ ရာစုနှစ်များစွာကပင် ရခိုင်သို့ အိန္ဒိယ၊ အင်ဒို၊ မွန်ဂိုလွိုက်များသည် ၀င်ရောက်ရှိခဲ့ကြောင်း ယင်းအင်ဒို၊ မွန်ဂိုလွိုက်နွယ်ဝင်တို့မှာ ရခိုင်တို့ယုံကြည်ကိုး ကွယ်ရှိနေသော ဗုဒ္ဓ၏ မျိုးနွယ်များပင် ဖြစ်သည်ဟု ဆိုပါသည်။ ယင်းအင်ဒို၊ မွန်ဂိုလွိုက်များသည် ( ခိရာဋ D Khinata ) များကို ဆိုလိုပါသည်။) အိန္ဒိယ မြောက်ပိုင်းတွင် အစောပိုင်းကပင် ၀င်ရောက်လိုလျှင် 
ဒေသတစ်ခုလုံး ပြန့်နှံ့၍ နေထိုင်ရှိနေသော ခရစ်ယာန်လူမျိုးတို့၏ စကားနှင့် ယဉ်ကျေးမှုစကားထုံးစံများကို ပြောဆိုကျင့်သုံးရှိသောသူများဖြစ်၍ အိန္ဒိယမြောက်ပိုင်း စကားများနှင့် ရှေးဟောင်းခေတ် ရခိုင်စကားများ တူရှိခြင်း ဖြစ်ပေလိမ့်မည်။သို့သော် ခရစ်အေဒီ ဆယ်ရာစု အစပိုင်းက အရှေ့ဘက်မှ “တိုင်”ခေါ် မွန်ဂိုနွယ်ဝင်တို့ စာလုံးစာရင်းဝင်တို့ စာလုံးအရင်းဝင်ရောက်ခဲ့ပြီရှိရင်း လူမျိုးအပေါ် လွှမ်းမိုးသွားခြင်းဖြင့် ရခိုင့်စကားသည် အရှေ့ဘက်နိုင်ငံစကားများနှင့်  တူညီခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။ 
ဇာတိမူရင်း ရခိုင်တို့၏ ပြောစကားမှာ ရှေးခေတ် အိန္ဒိယမြောက်ပိုင်းသားတို့ ပြောစကားသာ ဖြစ်နိုင်ဖွယ် ရှိသည်“ ဟု ရေးသားထားရှိပါသည်။ယခု ဖော်ပြရှိသည်များမှာ ယင်းနိုင်ငံခြား သုတေသီတို့ ယူဆချက်များသာ ဖြစ်ပါသည်။ဤ စာအုပ် ပြုစုသူများအနေဖြင့် ဝေဖန်တင်ပြခြင်းမပြုလိုပါ။ လေ့လာသူတို့ အနေဖြင့်လည်းစိစစ်အကဲဖြတ်နိုင်ကြပေသည်။ 
ရခိုင်စကားနှင့် ပတ်သက်၍ သိသင့်သိထိုက်ဖွယ်ရာများကို ကဏ္ဍရပ်များလည်း  စုံလင်စေရန် သိမ်းကျုံးလျက် အနည်းအကျဉ်းစီ စုဆောင်တင်ပြလိုက်ခြင်းပင်ဖြစ်ပါသည်။ ယင်ကြောင့် ရခိုင်သားတို့သည် မိမိတို့ လူမျိုးဇာတိယဉ်ကျေးမှုမဏ္ဍိုင် ကိုယ့်ရခိုင်စကားကို စဉ်လာမပျက် ထိန်းသိမ်းသွားကြရန် လိုအပ်ကြပေသည်။ 
အသျှင်ကြီး
ရခိုင်သဟာယ နှစ်(၅၀)ပြည့်ရွှေရတုမဂ္ဂဇင်း မှ ထုပ်နူတ်တင်ပြထားသည်။

Credit -