Featured
- Get link
- X
- Other Apps
မဟာပညာကျော် အုတ်ဂူရဲ့ အဖြစ်အပျက် တစ်ချို့
ဧရာဝတီတိုင်း > မော်တင်စွန်းရှိ ရခိုင်ပညာရှိအမတ် မဟာပညာကျော် အုတ်ဂူရဲ့ အဖြစ်အပျက် တစ်ချို့ မှတ်တမ်းတင်ခြင်း။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ရခိုင်အမျိုးသားတွေ မော်တင်စွန်းဘုရားကို ရောက်ရှိလာခဲ့လေတိုင်း ဘုရားဖူးပြီးရင် အများစုက အနေနဲ့ မေးမြန်းရှာဖွေလိမ့်ရှိနေခဲ့တာက ရခိုင်ပညာရှိအမတ်ကြီး မဟာပညာကျော် ရဲ့ အုတ်ဂူ ဘယ်နေရာမှာ ရှိနေခဲ့ပါသလဲ ဆိုတဲ့အမေးပါဘဲ ကျွန်တော်လဲ မော်တင်စွန်းဘုရားရင်ပြင်တဝိုက်မှာ ရှာဖွေခဲ့ပြီး မတွေ့နှိုင်တဲ့ အဆုံးမှာတော့ ဆံတော်ရှင်ဘုရား ရင်ပြင်ရဲ့ အရှေ့တောင်အရပ် မှာ ရှိနေတဲ့ ဝိသာခါကျောင်းဆောင်ထဲမှာ တွေ့ရှိရတဲ့ ဆရာတော်တွေ ကိုမေးမြန်းလျောက်ထားခဲ့ရပါတော့တယ် ဒကာကြီး ရေ ဟိုစေတီကာ အမတ်ကြီးရဲ့အုတ်ဂူ ပါဘဲလို့ စေတီရင်ပြင်ရဲ့ အောက်မှာ တဆူတည်းသာရှိနေခဲ့တဲ့ စေတီငယ်တဆူ ကို လက်ညိုးညွှန်ပြ ပြောဆိုပါတော့တယ် ကျွန်တော်လဲ အလင်းရောင် ရှိနေခိုက်မှာ စေတီကို မှတ်တမ်းတင်ဓါတ်ပုံရိုက်ကာ စေတီရဲ့ပတ်လည်တလျောက်လုံး ရေးထိုးထား တဲ့ ကဗည်းစာများရှိလေမလား ဆိုပြီး လိုက်လန်ရှာဖွေရာ မတွေ့ရှိခဲ့လေတော့
✖ ✖ ဆရာတော်များကိုထပ်မန်လျောက်ထား မေးမြန်းခဲ့ရပါတော့တယ် ရဟန်းတပါးက သူကိုယ်တိုင် ဆူနာမီ မဖြစ်မီ ၂ နှစ်ခန့်က ( ၂၀၀၄ ခန့်က) အုတ်ဂူ ၄ ဆင့်မှာ အောက်ခြေ ၃ ဆင့်ကိုချန်လှပ်ပြီး အပေါ်တဆင့်ကိုပါ ငုံပြီး စေတီတည်ထားခဲ့ကြောင်း မိန့်ကြားခဲ့ပါတယ် စေတီတည်ခဲ့တဲ့ ဆရာတော်ထပ်မန်မိန့်ကြားခဲ့တာက သူကာ မြန်မာမှု ဦးကျော်မြင့် ရဲ့ညီအရင်းဖြစ်ပြီး သူအကိုနဲ့အတူ မြန်မာမှုလုပ်ငန်းနဲ့အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်ကိုင်ခဲ့ရပါကြောင်း လူအမည် ဦးမြင့်သိန်း ဖြစ်ပြီး ရဟန်းဘွဲ့က ဦးပညာစာရ ဖြစ်ကြောင်း လွန်ခဲ့တဲ့ ၄ နှစ်ခန့်ကမှ ရဟန်းခံကာ ဒီဘုရားအနီးရှိ ဝိသာခါကျောင်းမှာ ခန်းနေအဖြစ် သီတင်းသုံးနေခဲ့ကြောင်း ဒီမော်တင်စွန်းစေတီကာ ဟိုတချိန်က မှန်သင်္ကန်းကပ်ထားခဲ့ကာ ဆူနာမီ ဖြစ်ခဲ့တော့ စေတီရဲ့ ဖေါင်းရစ်အထက်ကနေ ပြိုကျပျက်စီးသွားခဲ့ကြောင်း မှန်စီအတတ်ပညာရှင် မုံရွာ ဦးကျော်သိန်း ကစေတီကို ပြန်လည်တည်ထား ခဲ့ကြောင်း မှ မိမိတို့ညီအကို နှစ်ဦးက ဒီစေတီတဝိုက်က အဆောက်အအုံတွေကို ဆောက်လုပ်မြန်မာမှုပြု ခဲ့ရပါကြောင်း လွန်ခဲ့တဲ့ တနှစ်ကျော်ခန်းကမှ ကျိုက်ထီးဆောင်းဆရာတော် ( ဒုတိယဆရာတော်) နဲ့ ဇေကမ္ဘာ ဦးခင်ရွှေ တို့က မှန်သင်္ကန်းအပေါ် ကနေ ရွှေတိဂုံပုံတူ ရွှေရောင်စတီးပြားကပ်လှူခဲ့ပါကြောင်း ရွှေအစစ်မဟုတ်ပါကြောင်း ပြန်လည်မိန့်ကြားခဲ့ပါတယ် ထို့နောက်မှာတော့ စေတီရင်ပြင်အောက်မှာ ရှိနေတဲ့ "မြန်မာပြည်သို့ အပြန်ခရီး စစ်တွေမြို့အနီး ဖရုံကာ ခေါ် ဇေဌဒီပ ကျွန်း အဇ္ဇတ္တနာဂရမြို့ အကောက်တော် မင်းကြီး က ဆံတော်ရှင် နှစ်ဆူကို အကောက်တော်အဖြစ် ပင့်ဆောင်တော်မူနေခဏ်း" စာတမ်းပါ ဆေးရေးပန်းချီကားများ ရေးဆွဲထားတာရှိပါသည်။
( U Tin Nyo ) FB အကောင့်မှာ ကူးယူ၍ လိုတာကို တည်းဖြတ်လိုက်ပြီး မှတ်တမ်းတင်လိုက်သည် ။
♕ ♕ ♕ ♕ ♕ ♕ ♕ ♕
Zaw Win (ဓညဝတီတိုင်း)
- Get link
- X
- Other Apps
Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။