Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရခိုင်နှင့်သီဟိုဠ် သီဟိုဠ်နှင့်ရခိုင်

ရခိုင်နှင့်သီဟိုဠ်  သီဟိုဠ်နှင့်ရခိုင်တွင် သာသနာတော် ခရီကို မဟာဝံသပါဠိတော်၌ အောက်ပါအတိုင်း မိန့်ဆိုထားသည်။
=-=-=-=-=-=-=-=-=-=-=-===-=-=-=-=-=-=-=

( ပါဠိတော် )
ဥပသမ္ပဒမ္ပိပိ ကာရေ စိန္တေတွာ ဓရဏီပတိ ။ စီဝရဒိပရိက္ခာရေ ပဉ္စပဉ္စသတေ သုဘေ ။ ဝိသုံ ဝိသုံ စ သဇ္ဇေတွာ ပဏ္ဏာကာရာဒိကေဟိ စ ။ ရာဇသန္ဒေသမာဒီနိ သဗ္ဗာနိ တာနိ ဒတွ သော ။ ရက္ခင်္ဂဒေသံ ပေသေတွာ အမစ္စေ ဝိစက္ခဏေ ။ ဘိက္ခုသံဃံ နိမန္တေတွာ သန္တာနတ္ထေရမာဒိကံ ။ တေတ္တိံသ ဘိက္ခူ အာနေတွာ သိရီဝဍ္ဎနပုရေ သုဘေ ။ ဝသာပေတွာန သက္ကစ္စံ ပစ္စယေဟိ စတူဟိ စ ။ ဥပဋ္ဌာနံ ကရောန္တော သော ဂင်္ဂါတိတ္ထေ ပုရေ ဝိယ ။ ဥဒကုက္ခေပသီမာယံ ဂေဟံ ကွတွာန သာဓုကံ ။ ဘိက္ခုသံဃံ တဟိံ နေတွာ တေတ္တိံသ ကုလပုတ္တကေ ။ ဥပသမ္ပာဒယိတွာန သောဘေတိ ဇိနသာသနံ ။ ဝီသတိ အဓိကဉ္စေဝ တေတ္တိံသ ကုလပုတ္တကေ ။ သမနုဒ္ဒေသဘာဝမှိ ဌပါပေတွာန သဒ္ဓယာ ။ ဥပဋ္ဌဟန္တော စတူဟိ ပစ္စယေဟိ ဗဟူဟိ စ ။ သိက္ခာပေတွာန သဒ္ဓမ္မေ ပုညရာသိံ စ သဉ္စယိ ။
( သီဟိုဠ်သံဃာတို့ ဆက်စာတွင် ရှိသည်။ )

( အနက် )
သော ဓရဏီပတိl ထိုမြေ၏အရှင်ဖြစ်သော ဝိမလဓမ္မသူရိယမင်းသည်။ ဥပသမ္ပဒံl ရဟန်ခံမှုကို ။ ကာရေတုံl ပြုခြင်းငှါ။ စိန္တေတွာ l ကြံစည်၍။ ပဉ္စပဉ္စသတေl ငါးရာငါးရာကုန်သော။ သုဘေl တင့်တယ်ကုန်သော။ စီဝရာဒိပရက္ခာရေ စlသင်္ကန်းစသောပရိက္ခရာတို့ကိုလည်းကောင်း။ ပဏ္ဏာကာရာဒိ ကေဟိlလက်ဆောင်ပဏ္ဏာအစရှိသည်တို့နှင့်။( သဟl တကွ )။ ရာဇသန္ဒေသမာဒီနိ စl မင်း၏သတင်းအစရှိသည်တို့ကိုလည်းကောင်း။ ဝိသုံ ဝိသုံl အသီ အသီ။ သဇ္ဇေတွာl စီရင်၍။ တာနိ သဗ္ဗာနိl ထိုအလုံးစုံတို့ကို။ ဒတွာl ပေး၍။ ဝိစက္ခဏေl ပညာရှိကုန်သော။ အမစ္စေပိl အမတ်တို့ကိုလည်း။ ရက္ခင်္ဂဒေသံl ရခိုင်ပြည်အရပ်သို့။ ပေသေတွာl စေလွှတ်၍။ သန္တာနတ္ထေရမာဒိကံl သန္ထာနထေရ်အစရှိသော။ ဘိက္ခုသံဃံl ရဟန်းသံဃာကို။ နိမန္တေတွာl ပင့်ဖိတ်စေ၍။ တေတ္တိံသ ဘိက္ခူ l ၃၃-ပါးသောရဟန်းတို့ကို။ အာနေတွာl ဆောင်စေ၍။ သုဘေl တင့်တယ်သော။ သိရီဝဍ္ဎနပုရေl ကန္ဒီမြို့၌။ ဝသာပေတွာနl နေစေ၍။ သက္ကစ္စံl ရိုသွော။ စတူဟိl လေးပါးကုန်သော။ ပစ္စယေဟိ စl ပစ္စည်းတို့ဖြင့်လည်း။ ဥပဋ္ဌာနံl ဆည်းကပ်ခြင်းကို။ ကရောန္တောl ပြုလျက်။ ဂင်္ဂါတိတ္ထေl ဂင်္ဂါမြစ်ဆိပ်၌။ ပုရေ ဝိယl ရှေးကာလ၌ကဲ့သို့။ ဥဒကုက္ခေပသီမာယံl ဥဒကုက္ခေပသိမ်၌။ ဂေဟံl သိမ်ကျောင်းဆောင်ကို။ သာဓုကံl ကောင်းမွန်စွာ။ ကတွာနl ပြု၌။ ဘိက္ခုသံဃံl ရဟန်းသံဃာကို။ တဟိံl ထိုသိမ်ကျောင်းဆောင်သို့။ နေတွာl ပင့်ဆောင်၍။ ဝီသတိl အသက်နှစ်ဆယ်ပြည်သည်ကိုလည်းကောင်း။ အဓိကဉ္စေဝl အသက်နှစ်ဆယ်ထက်ပိုလွန်သည်ကိုလည်းကောင်း။ ( ဝိစိနိတွာl စိစစ်၍ )။ တေတ္တိံသ ကုလပုတ္တကေl ၃၃-ယောက်သောအမျိုးကောင်းသားတို့ကို။ ဥပသမ္ပာဒယိတွာနl ရဟန်းအဖြစ်သို့ ရောက်စေ၍လည်းကောင်း။ တေတ္တိံသ ကုလပုတ္တကေl ၃၃-ယောက်သောအမျိုးကောင်းသားတို့ကို။ သမနုဒ္ဒေသဘာဝမှိl ရှင်သာမဏေအဖြစ်၌။ ဌပါပေတွာနl တည်စေ၍လည်းကောင်း။ ဇိနသာသနံl ဘုရားရှင်၏သာသနာတော်ကို။ သောဘေတိl တင့်တယ်စေတော်မူ၏။ သောl ထိုမင်းသည်။ သဒ္ဓယာl သဒ္ဓါခြင်းဖြင့်။ ဗဟူဟိl များစွာကုန်သော။ စတူဟိ ပစ္စယေဟိ စl ပစ္စည်းလေးပါးတို့ဖြင့်လည်း။ ဥပဋ္ဌဟန္တောl လုပ်ကျေးလျက်။ သဒ္ဓမ္မေ စl သူတော်ကောင်းတရာတို့ကိုလည်း။ သိက္ခါပေတွာနl သင်ယူစေလျက်။ ပုညရာသိံ စl ကောင်းမှုအစုကိုလည်း။ သဉ္စယိl ဆည်းပူးတော်မူပြီး။

မှတ်ချက်
-----------
ရခိုင်ဘုရင် မာရုပ္ပိယမင်း မြောက်ဦးခေတ် တတိယမင်းဆက် နရပတိမင်းမှ ၉-ဆက်မြောက် မာရုပ္ပိယမင်းလက်ထက်တွင် လင်္ကာဒီပ သီဟိုဠ်ကျွန်း၌ ဘုရားသာသနာတော် ညှိုးနွမ်းပျက်စီးနေသဖြင့် သာသနာပြုရန် ရဟန်းသံဃာနော်များအား စေလွှတ်ခြင်း , အဝဆယ်လံရှိသော သင်္ဘောနှစ်စင်းနှင့်l အပင့်လျှောံ ရောက်လာလေလျှင် မာရုပ္ပိယမင်းလည်း မှူမတ်ပညာရှိတို့နှင့်တိုင်ပင်တော်မူ၍ သက္ကရာဇ် ၁၀၅၈-ခု ပြာသိုလဆန်း( ၆ )ရက် တနင်္ဂနွေနေ့ သတ္တဌာနဆရာတော် ဣန္ဒမဉ္ဇူ နှင့်လောင်းကြက်ဆရာတော် နှစ်ဂိုဏ်းကို သံဃာတော် လေးကျိပ်နှင့် သီဟိုဠ်ကျွန်းသို့ သာသနာပြုတော်မူရန် တောင်းပန်၍ စေလွှတ်တော်မူသည်။

ဤသို့ အတိတ်ကာလ၌ ရခိုင်ရဟန်းသံဃာတော်များသည် သီဟိုဠ်နိုင်ငံ၌ ဗုဒ္ဓသာသနာတော် အရှည်ခံ့၍ တည်တံ့အောင် သာသနာပြုခဲ့သော မှတ်တမ်းများ ရှိပါသည်။

                                    ဘယ်ကျရစ် ဝေဂူဆန်

Comments