Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ဗမာတို့၏နာမည်ယဉ်ကျေးမှုကိုထီထွင်ခဲ့သည့် ပုဏ္ဏားလူမျိုးဆရာကြီးဦးရာမ

ဗမာတို့၏နာမည်ယဉ်ကျေးမှုကိုထီထွင်ခဲ့သည့်
ပုဏ္ဏားလူမျိုးဆရာကြီးဦးရာမ
ဗမာနာမည်ယဉ်ကျေးမှုဖြစ်ပေါ်မလာမှီသမိုင်းနောက်ခံ
                 လူမျိုးတမျိုးသည် မိမိစာပေနှင့် သျှဉ်၍သာလျှင် နာမည်ထါးလေ့ ရှိသည်။ ထိုအတိုင်းပင် ပုဂံခေတ်တွင် ဗမာတို့သည် မြန်မာစာကို မတတ်မှီ အချိန်က ရခိုင်သားတို့ ပုဂံသို့ မရောက်မှီ အချိန်က ပျူစာနှင့်သျှဉ်သော ပျူနာမည် ထါးနည်းစနစ်ကိုသာ ကျင့်သုံး ခဲ့ကြသည်။
               သမုဒရစ်၊ ရသေ့ကြောင်၊ ပျူမင်းထီး၊ ထီးမင်းယဉ်၊ ယဉ်မင်းပိုက်၊ ပိုက်သေဉ်လေ၊ သေည်လည်ကြောင်၊ ကြောင်ဒူရစ်၊ သည်းထန်မင်း၊ မုက္ခမန်(အမတ်)၊ သာရမွန်၊ သိုက်တိုင်၊ သေည်လည်ကြောင်ငယ်၊ သေည်လေပိုက်၊ ခန်းလောင်း၊ ခန်းတက်၊ ထွန်ထိုက်၊ ထွန်ပိုက်၊ ထွန်ခြစ်၊ ပုပ္ပါးစောရဟန်း၊ ရွှေအုံးသီး၊ ပိတ်သုံ၊ ပိတ်တောင်း၊ စောခွေး၊ မြင်းကျွှေး၊ သိန်းခံ၊ သိန်းခွံ၊ ထွန်တွင်း၊ ရွှေမှောက်၊ ထွန်လတ်၊ စောခင်နစ်၊ ခဲလူး၊ ပျည်ပြား၊ တန်နက်၊ စလေငခွေး၊ သိန်းခို၊ ညောင်ဦးစောရဟန်း၊ ကွမ်းဆော်ကြောင်ဖြူ၊ ကျဉ်စိုး၊ စုက္ကတေး။  ။ အထက်ပါ မင်းများ၏ နာမည်များတွင် ပါဠိနာမည်ဖြင့် နာမည်ပေး နည်းစနစ်ကို မတွေ့ရပေ။ အနော်ရထါမင်း လက်ထက် ရခိုင်သားများ ပုဂံသို့ရောက်ပြီးမှသာလျှင် အနော်ရထါ(ပါဠိပျက်)၏ နာမည်သည် သီရိအနုရုဒ္ဓဒေ၀ (ပါဠိစစ်စစ်နာမည်) ဟူ၍ ဖြစ်လာလေသည်။ ထို့ပြင် အနော်ရထါမင်းနောက် ဆက်ခံသော စောလူး၊ ကျန်စစ်၊ အလောင်းစည်သူ၊ မင်းရှင်စော၊ နရသူ၊ နရသိင်္ခ၊ နရပတိစည်သူ၊ ဇေယျသိင်္ခ၊ ကျစွာ၊ ဥဇနာ၊ နရသီဟပတေ့၊ သီဟသူ၊ ကျော်စွာ၊ စောနစ်၊ စောမွန်နစ်၊ မင်းတို့တွင်လည်း ပါဠိနာမည်ပေးနည်း စနစ်နှင့် ရခိုင်သားတို့၏ နာမည်ပေးနည်း စနစ်တို့ကိုသာ တွေ့ရလေသည်။
မွန်လူမျိုးတို့၏နာမည်ယဉ်ကျေးမှု
အေဒီသက္ကရာဇ် ၁၀၀၀ တစ်ထောင် ခန့်မှစ၍ မွန်တို့၏ နာမည်များကို လေ့လာ ကြည့်လျှင် သီဟရာဇာ(မဏ္ဍလိပ်)၊ ဘာနုရာဇာ၊ သုဝဏ္ဏမဟေသီ၊ နရုတိ၊ သမလ၊ ၀ိမလ၊ ဂိန္ဒရာဇာ၊ မိဂါဒိဗ္ဗ၊ ဂိဇ္ဈဒိယရာဇာ၊ က၀ိတ၊ ပဉ္စလရာဇာ၊ အတ္တသာရ၊ အနုရာမ၊ မိဂါဒိဗ္ဗငယ်၊ အဂ္ဂသမန္တရာဇာ၊ ပုဏ္ဏရိက၊ တိဿ၊   မနူဟာ၊ ဗညားဓမ္မရာဇာ၊ ဗညားရံ၊ ဗညားရူပ၊ ဗညား ကျန်း၊ လိပ်မွတ်ထော၊ သမိန်ဗရမ်း ဗညားဒလ လဂွမ်းအိမ် ရာဇာဓိရာဇ် စသော အမည်များကို တွေ့ရသည်။ မွန်ယဉ်ကျေးမှုသည် ဗမာတို့အပေါ် ယဉ်ကျေးမှု အရ လွှမ်းမိုးသည် ဆိုလျှင် ဗမာ တို့သည် မွန်တို့ကို အထင်ကြီး သည်ဆိုလျှင် ဗမာတို့၏ နာမည်ပေး ယဉ်ကျေးမှု၌ မွန် နာမည် တို့ကို တွေ့ကြရ မည်ဖြစ်သည်။
ရခိုင်နာမည်ယဉ်ကျေးမှု

          ရခိုင်တို့သည် ဘာသာ အယူ စာပေ ၀တ်စားဆင်ယင်မှု စသည့် ယဉ်ကျေးမှု တို့ကို ဟိန္ဒုတို့ထံမှ လက်ခံ၍ နည်းနာ ယူခဲ့ကြသည်။ ဟိန္ဒု ယဉ်ကျေးမှုသည် ရခိုင်ကို လွှမ်းမိုးခဲ့သည်။ ဘီစီ ၃၃၂၅ ခု မတိုင်မှီက မင်းအမည် မိဖုရားအမည် တို့ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။ ဗြဟ္မဏရာဇာ အဉ္စနဒေ၀ီ ၀ါသုဒေ၀ ဗလဒေ၀ ဗြဟ္မဏသုန္ဒရ သုနန္ဒရီ စသည့် အမည်တို့မှာ ပါဠိနာမည် ပေးနည်း များပင်ဖြစ်လေသည်။ ပထမ ဓည၀တီခေတ် ဘီစီ ၃၃၂၅-၁၅၀၇ ခု အတွင်းတွင် ပါဠိဘာသာဖြင့် နာမည်ပေးခြင်း အပြင် ကိုယ်ပိုင် ရခိုင် နာမည် ပေးနည်း စနစ် ကိုပါ ထီထွင် သုံးစွဲလာနိုင်ခဲ့ကြသည်။ မာရယု မာရအုံ သူရိယစန္ဒရား ကံရာဇာကြီး ကံရာဇာငယ် သာရမိတ္တ မင်းထီး စည်ပေါင်သူ ကျော်ခေါင်စည် လင်္ကျာစည်သူ ဇေယျနန္ဒသူ မင်းလှမွေး မင်းလှကြီး မင်းနံဖြူ မင်းခေါင်ငယ် မင်းသီဟ မင်းငယ်ပျော်လှစည်သူ စသည့် အမည်များကို တွေ့ရသည်။ ထို့ပြင် မိဖုရား အမည်များမှာ ရုစ်မာလာ သီလဘီ ဓမ္မဒေ၀ီ သုဘရူပီ သုလာပီ စောမာလာ စောပန်းကုံး စောပန်းနု စောပန်းဝေ ငွေဒါးအိမ် ရှင်လှကျော် ကလျှာဝင်း စောညက်ထွား ဆင်းလှရွှေ ရွှေစင်ဦး စောလှခေါင် ပတ္တမြားသွေး စောစစ် စောဘုန်းထွဋ် စသည့် အမည်တို့ကို တွေ့ရသည်။ ဤနာမည်များသည် ဘီစီခေတ် ရခိုင် နာမည်များ ဖြစ်လေသည်။
ပုဂံရောက်ရခိုင်
ပုဂံပြည်တွင် အနော်ရထာမင်းသည် ခရစ်သက္ကရစ် ၁၀၄၄-၁၀၇၇ ခုနှစ်ထိ ထီးနန်း စိုးစံခဲ့သည်။ ရခိုင်ပြည် ပဉ္စာမြို့ခေတ် မင်းဘီလူး ၁၀၆၂-၁၀၆၈ ကို လုပ်ကြံ၍ ကြားမင်း (သာဂီနွယ်မဟုတ်သူ) ၀ရောင်းငှက် သင်္ခယာ ထီးနန်း ရရှိလာသည်။ သာဂီနွယ်ရိုး မင်းဘီလူး ၏သား မင်းရဲဘယ သည် သားတော် လင်္ကျာမင်းနန် ကိုခေါ်၍ နောက်လိုက် တစ်ထောင် ခန့်နှင့် (လူပေါင်း ၇၅၀ ဟုဆိုသည်) ပုဂံပြည် အနော်ရထာမင်းထံ ခိုလှုံလေသည်။
ပုဏ္ဏားလူမျိုးဆရာကြီးဦးရာမ၏နာမည်ပေးနည်းစနစ်
ဗြာဟ္မဏလူမျိုးဆရာကြီးဦးရာမသည် ရှင်မှာအစ လူမှာအလယ် တိရိစ္ဆာန်တွင် အဆုံး အက္ခရာဖြင့် နာမည်ပေးနည်းနှင့် ကြက်သွန်ဖြူဥတလုံးစု နည်းတို့မှာ ဗမာနာမည်ပေး နည်း မဟုတ်သည်ကိုသိ၍၊ ဗမာလူမျိုးတို့တွင် နာမည်ပေး ယဉ်ကျေးမှု မရှိသည်ကို သိ၍၊ ပြည်ထေါင်စု ခေတ်တွင် ပထမဆုံး အထေါက်အထါး အခိုင်လုံဆုံး ကိုယ်ပိုင်ဗမာနာမည် ထါး နည်းစနစ်ကို ထီထွင်ခဲ့သည်။
တနင်္ဂနွေသားသမီးဖြစ်မူ။ ။ အစအက္ခရာ တနင်္ဂနွေ၊ အလယ်အက္ခရာ တနင်္လာ ကြာသပတေး သောံကြာ၊ အဆုံးအက္ခရာမှာ ဗုဒ္ဓဟူး စနေ။
တနင်္လာသားသမီးဖြစ်မူ။ ။ အစ တနင်္လာ၊ အလယ် အင်္ဂါ သောံကြာ စနေ၊ အဆုံး တနင်္ဂနွေ ဗုဒ္ဓဟူး ကြာသပတေး။
အင်္ဂါသားသမီးဖြစ်မူ။ ။အစ အင်္ဂါ၊ အလယ် တနင်္ဂနွေ ဗုဒ္ဓဟူး စနေ၊ အဆုံး တနင်္လာ ကြာသပတေး သောံကြာ။
ဗုဒ္ဓဟူးသားသမီးဖြစ်မူ။ ။ အစ ဗုဒ္ဓဟူး၊ အလယ် တနင်္ဂနွေ တနင်္လာ ကြာသပတေး၊ အဆုံး အင်္ဂါ သောံကြာ စနေ။
ကြာသပတေးသားသမီးဖြစ်မူ။ ။အစ ကြာသပတေး၊ အလယ် တနင်္လာ အင်္ဂါ သောံကြာ၊ အဆုံး တနင်္ဂနွေ ဗုဒ္ဓဟူး စနေ။
သောံကြာသားသမီးဖြစ်မူ။ ။အစ သောံကြာ၊ အလယ် အင်္ဂါ ဗုဒ္ဓဟူး စနေ၊ အဆုံး တနင်္ဂနွေ တနင်္လာ ကြာသပတေး။
စနေသားသမီးဖြစ်မူ။ ။ အစ စနေ၊ အလယ် တနင်္ဂနွေ ဗုဒ္ဓဟူး ကြာသပတေး၊ အဆုံး တနင်္လာ သောံကြာ။
စသည့် ဗမာတို့တွင် နာမည်ပေးနည်းစနစ် မရှိသည်ကို သိ၍ ရှိအောင်လုပ်ပေးခဲ့သည်။ ဤပုဏ္ဏား များသည် မြင့်မြတ်သော ဇာတ် ရှိသူများ ဖြစ် ၍ အင်းဝမင်းထံတွင် အမှုတော်ထမ်း၍ တိုင်းပြည်အကျိုးကို ဆောင်ရွက်လာသည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။ ဗမာမင်း အဆက်ဆက်ထံတွင် ပညာရှိ လုပ်လျှက် နေထိုင်ခဲ့ သော်လည်း ဤ ပုဏ္ဏားလူမျိုး ဗြာဟ္မာဇာတ်တို့ကို ဗမာတို့၏ ဇာတ်ဝံသ မရှိသော နေရာတွင် လိုသလို အသုံးချကါ လူမျိုး တမျိုး အဖြစ် သတ်မှတ်ခြင်းကို မခံခဲ့ကြရပေ။ ဤသည်မှာ အုပ်ချုပ်သူ ဗမာတို့၏ လူ့ယဉ်ကျေးမှုကို မသိသော လူ့ကျေးဇူးကို မသိသော သာဓက တခုပင်ဖြစ်သည်။ ဦးကျော်ခိုင်
ကျမ်းကိုး။ ၁။ အာတပ္ပနလက်တွေ့ဗေဒင်ဟောနည်းကျမ်း ဆရာကြီးဦးရာမ
   ၂။ ဗမာ့စစ်ဝါဒအောက်မှလူမျိုးများနှင့်ဗုဒ္ဓသာသနာ ကျားကြီးကျော်ခိုင်အောင်

Comments