Featured
- Get link
- X
- Other Apps
ပျူစစ်လျှင် ဗမာ>မြန်မ ဆိုသော စကား စွန့်လွှတ်သင့်ပြီးလား
ပျူ ဆိုတာ ဗမာလူမျိုး မဟုတ်ကြောင်း ခိုင်မာသော စကားသက်သေ
••••••••••••••••••••••••••••
ပျူစကားကို ကြားဖူး ပါသလား ။
ဘုန်းတင့်ကျော် ၊ ဈာန်သစ်အောင် တို့ပြောနေသော
ပျူ တွေလှူခဲ့သော ဌာပနာ ( ငွေဗောဓိကြုတ် ဘုရား ) ပါပဲ
အဲ့ဘုရားမှာ.. အပေါ်မှာယော... အောက်ပုလ္လင်မှာယော
ပျူစာနဲ့ ရေးထားသော စာတွေပါတယ် ။
အပေါ်က စာက ပျူစာနဲ့ ပါဠိဘာသာ စကားကို ရေးထားတယ် ။
ပုလ္လင်အောက်မှာ ပျူစာနဲ့ ပျူဘာသာ စကားကို ရေးထားတယ် ။
ဒီနေရာမှာ ပျူဘာသာ စကားပါပဲ >
၁ ။ သိဒ္ဓမဥပိဒတက္ဒိတိဒြေားက္တောန္ဒိတိနိပိတတုကိရ တိ
၂ ။ ဗိးတိက္ဇောဗိးသိပှ ( မြင်ရသလောက်ရေးပြတာပါပဲ )
၎င်း ဘာသာစကားသည် ယခု ဘယ်လူမျိုး၏ ဘာသာစကားနဲ့တူနေသလဲ့ဆိုတာ ကျတော်လည်း မသိပါဘူး ။ ကချင် ကယား ကရင် ချင်း မွန် ရခိုင် စသည့် မျိုးနွယ်စု အပါအဝင် အခြားသော မျိုးနွယ်စုထဲကလည်း တူနိုင်ပါတယ် ။ ဖြစ်နိုင်ခြေရှိတာကိုပြောတာပါ .
၎င်း.. ပျူဘာသာစကားနဲ့ တူတဲ့ လူမျိုးရှိချင်မှလည်း ရှိပါတော့မယ် ။
ဒါပေမယ့် ၎င်း ဘာသာစကားသည် ဗမာစကား လုံးဝ ( လုံးဝ ) မဟုတ်ကြောင်း သေချာပါတယ် ၊ အသံထွတ်ယော.. စာပေယော တစ်ခြားစီပါပဲ ။
ပျူစစ်လျှင် ဗမာ မြန်မာ ဆိုနေသော လူမျိုးများ .. ပျူ တွေ ဘယ်လို စကား အသံထွတ်မျိုးတွေ ပြောသလဲ့ဆိုတာ ဒီနေရာမှာ လေ့လာလို့ရပါတယ် ။
ဗမာ နဲ့ ပျူ
တူ မတူ ဆိုတာ ဤနေရာမှတင် ခိုင်မှာသော ဆုံးဖြတ်ချက် ထုတ်နိုင်ပါတယ် ။
ဗမာစာကား နဲ့ ပျူစကား တစ်ခြားစီပဲ ဆိုတာ ဒီမှာ မြင်တွေ့ရမှာပါ
ဤအခြင်းအရာသည် ဗမာ သည် ပျူ လူမျိုး မဟုတ်ကြောင်း ခိုင်လုံသော သက်သေပါပဲ
ပျူရှေးဟောင်း ပစ္စည်းများကို.. ဗမာပိုင်လုပ်နေတာ ရပ်တန့်သင့်ပြီ
အောက်ပုံမှာ.. သေချာကြည့်နိုင်ပါတယ်
~~~~~~~~~~~
Zaw Win (ဓညဝတီတိုင်း)
ပျူရှေးဟောင်းပစ္စည်းများအား ဗမာအပိုင်များ လုပ်ပြီး ပျူစစ်လျှင် ဗမာ>မြန်မာ လုပ်ရပ်တွေ ရပ်တန့် သင့်ပြီ
- Get link
- X
- Other Apps
Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။