Skip to main content
Featured
မာဂီစံ ( ရခိုင်သက္ကရာဇ်)
မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန
မဇ္ဇျိမအရေးတော်ပုံကျမ်းလာ မရမာ Marma (Mog)
မဇ္ဇျိမအရေးတော်ပုံကျမ်းလာမရမာ
        ကမ္ဘာဦးကဖြစ်သော ခတ္တိယ မင်းမျိုးစဉ်ဆက် ကျမ်းဂန်အထွက် အလာတွင် အမျိုး လေးပါး ဗြာဟ္မဏ ခတ္တိယ ဘိသျှ သုဒ္ဓိယ လေးပါးရှိသည်။ ထိုလေးပါးတို့တွင် သုဒ္ဓိယ အမျိုးက ပွားများ၍ အသီးသီး ပြည်ထောင်မင်း ပြုကြလေသည် များ၏။ ကျမ်းဂန်အလာတွင်လည်း မဂရ်ဇ် တိုင်း၌ ရာဇဂြိုဟ်ပြည်ကို သုဒ္ဓိယတို့က မဂဓတိုင်းဟု ခေါ်ဆိုကြသည်။ ရာဇဂြိုဟ်ပြည် ရှင် ခတ္တိယမင်းမျိုး ၀ရသင်္ခ လက်ထက် သားတော်ရတနာကို ဘာဂီရနဒီ မြစ် အရှေ့ဘက် ခရိုင်ခြားလျှက် ပေးတော်မူလေ၍ အယုဇ္ဈပူရတိုင်း၌ အာလ၀ီမြို့ကို တည်သည်။ ထီးနန်း မင်းဆက် များစွာရှိသောကြောင်း ထိုပြည်သူတို့ကို မရမာ ဖြစ်ကြောင်း ဂေါဓမ္မဒန္ဒြကျမ်းက မရမာ အမျိုး အနွယ်ဆက် မှန်၍ ဟိန္ဒုစလွယ်တင် ခတ္တိယအမျိုး မရမာ တို့ကို မသလမံ ကုလား တို့က မောက်ဟူ၍ ခေါ်သည်။(သံတွဲမြို့စား ဇေယျကျော်ထင်)
ဓည၀တီအရေးတော်ပုံကျမ်းလာမရမာ
          ရာဇ၀င်ကြီးသော်ကါး မရမာ အမတ်မျိုး စာဖတ် တိုဝေ(ဒိုးဝေ)သှ် လောကီ လောကုတ္တရာ ထိုနှစ်ပါးကို နားလည်၍ စီကုံးခဲ့သော စာစောင် လေးဆယ်ရှစ်အင်္ဂါ ရှိသော စာကို မူလ ပြုလျှက် ပျို့ လင်္ကါ သမိုင်းထွက် ညီသော ရာဇ၀င်ကြီးက ကေါက်နုတ်၍ ရက္ခပူရတိုင်း ဓည၀တီမည်သော မြောက်ဦးမြို့ ပြည်ကြီးမင်းဆက်တို့၏ အရေးတော်ပုံကို နောင်လာ သားမြေး စဉ်ဆက် မှတ်သားရစ်စေဟု ရေးသား ထားတော်မူခဲ့သောကျမ်း ဤတွင် ပြီး၏။
ပါမောဇ္ဇဒီပနီကျမ်းလာမြန်မာ
          ကါလရှည်ကြာ နေ့ ရက် လ နှစ် များလှမှ ဗအက္ခရာကိုမ အ အက္ခရာကို န ပြန်၍၄င်း န ၌တန်ခွန်လွှား၍ မြန်မာ တနည်း မ ပြန်၍ မြမ္မာ ဟု ယခုကါလ ဝေါဟာရ ပြုကြလေသည်။ သို့ဖြစ်၍ ကမ္ဘာဦးကါလ၌၄င်း မြန်မာ တမျိုးသာတည်း။ ဝေါဟာရ ဘာသာလည်း မဂဓ ဘာသာ တည်း ဟူသော ပါဠိဘာသာ တခုကိုသာ ပြောကြကုန်၏။
          မြန်မာမျိုးတဦးက မင်း ပုဏ္ဏား ကုန်သည် သူဆင်းရဲ ဟုလေးမျိုးသာရှိကြောင်း ကွဲပြား ကြောင်းကို သုပ္ပါထေယျအဂ္ဂညသုတ် ပါဠိတော်၎င်းအဌကထာ စသည်တို့၌ ဟောတော်မူ အပ် ၏။ ကြွင်းသောကိုးဆယ်ခုနှစ်ပါးသော လူမျိုးတို့ကို မဟောအပ်ကုန်။ (ကျိုက်လပ်ဆရာတော်)
Comments