Featured
- Get link
- X
- Other Apps
ဟိန္ဒူ ဗြဟ္မဏ ဘာသာရေးဆိုင်ရာများရရှိခြင်း ရခိုင်များ နာစရာ မဟုတ်
ရခိုင်များ နာစရာ မဟုတ်
======================
ရခိုင်ပြည်တွင် ဟိန္ဒူ ဗြဟ္မဏ ဘာသာရေးဆိုင်ရာများရရှိခြင်းကို ဗမာအပါအဝင် အခြားသောလူမျိုး သမိုင်းလေ့လာသူ နှင့် သမိုင်းဆရာများက ရခိုင်သည် ရှေးတုန်းက ဟိန္ဒူဗြဟ္မဏ အယူဝါဒ ၊ မဟာယနဟုစွပ်စွဲ ပြောဆိုနေခြင်းတို့ကို ရခိုင်တွေ (နာစရာ) မဟုတ်ချေ။
ယင်းအရာများသည်ပင် ရခိုင်သည် ရှေးကျခြင်း၊
မြင့်မြတ်ခြင်း တို့ကို ဖော်ပြနေခြင်းပင်ဖြစ်သည် ။
ယင်းအရာများသည်ပင် ရခိုင်လူမျိုးသည် အိန္ဒိယတိုက် မဂဓတိုင်းနှင့် ဆက်စပ်နေကြောင်း
ဂေါတမဘုရား မပွင့်ခင်ကတည်းက ရခိုင်လူမျိုးသည် ရှေးနှစ်များစွာကပင် ယခုရောက်ဆဲနှစ်နဲ့တွက်မည်ဆိုလျှင် လွန်ခဲ့သောနှစ်ပေါင်း
နှစ်ထောင်ငါးရာကျော်မတိုင်မီ BC ခေတ်ကာလ ကတည်းက ရခိုင်ဟုသောလူမျိုးသည် ရှိနေခဲ့ကြောင်း ဤဟိန္ဒူဗြဟ္မဏ အယူဝါဒ အထောက်ထားများက သက်သေပြနေခြင်းဖြစ်ပါသည် ။
အဘယ်ကြောင်းဆိုသော အိန္ဒိယတိုက် ဟိန္ဒူအမျိုးအနွယ် ဗုဒ္ဓဘုရား မပွင့်ခင်တည်က ဇာတ်မြင့် ဇာတ်နိမ့် ခွဲခြားသတ်မှတ်၍ ရှိနေကြသည် ။
ရှေးက. .အိန္ဒိယ မှာ ဇာတ်လေးမျိုးခွဲ ထားရာမှာ.
ခတ္တိယ (ဗုဒ္ဓဘုရား အနွယ်) မင်းမျိုးတွေ ကို..ဗြဟ္မဏ ပုဏ္ဏား တွေက
ဝေဒ ကျမ်းဂန်တွေနဲ့  အကြံပေး. ပညာသင် ပေးခဲ့တယ်။
အိန္ဒိယဇာတ်မျိုးလေးပါးထဲမှာ ဗြဟ္မဏက အမြင့်ဆုံး အမြတ်ဆုံး ဟုသတ်မှကြသည် ၊ ဗြဟ္မဏမျိုး ကိုသတ်လျှင် အပြစ်က အကြ်ီးဆုံးဟု သတ်မှတ်ကြသည်
အရှင်သာရိပုတ္တရာဟာ ဗြဟ္မဏမျိုးဖြစ်တယ် ။
* ဗြဟ္မဏပုဏ္ဏား*
ဟိမဝန္တာတောင်ပေါ်မှာ. တရားအားထုတ်ပြီး
ဈာန် အဘိညာဉ် တန်ခိုးရထားတဲ့
ဗြဟ္မဏ တောထွက် ရသေ့ ရှစ်ဦးဟာ. .သူတို့ ရဲ့ ဒိဗ္ဗစက္ခူ
တန်ခိုး နဲ့ . . ကြယ် ဂြိုဟ် တွေ. . လူတွေရဲ့ အင်္ဂါရပ်တွေ
;လူတွေရဲ့  အနာဂတ် ကံကြမ္မာကို
ကြည့်ပြီး ဘယ်လူဟာ ဘယ်အခြေအနေ မျိုးပါရင်
ဘာဖြစ်မယ်. . ဘာဖြစ်နိုင်မယ် ဆိုတဲ့. .
ဝေဒကျမ်းဂန်တွေကို ရေးသားပြုစုခဲ့ကြသည်
ဗေဒင် ဆိုတဲ့ ဝေဒကျမ်းဂန်တွေဟာ
ဗြဟ္မဏ မျိုးရိုး ရဲ့ ပညာရပ် ဖြစ်တယ်။
ယင်းနည်းတူ ရခိုင်တို့သည်လည့် ဒီလို အမတ်ပညာရှိများ အတိတ် နိတ်မိကြည့်တတ်ခြင်း စစ်မထွတ်မည်အတိတ် နိတ်မိ ကောက်၍ ဘုရင်ကို လျှောက်တင်ကြရသည် ၊ အမတ်ပညာရှိ လျှောက်ထုံးများစွာ ရှိသည် ဥပမာပြရလျှင် ဗျိုင်းနား၍ ခေါင်းမိုး ပျက်သည်ကိုမြင်၍ ဘုရင်အား အမတ်ပညာရှိများ လျှေက်တင်တာတွေ ရှိခဲ့ကြတယ်။ ဤပညာတို့သည် ဗေဒင်ဆိုတဲ့ ဒေဝကျမ်းဂန်တွေထဲက ဗြဟ္မဏမျိုးနွယ် တွေရဲ့ ပညာရပ်ပင်ဖြစ်သည် ။
ယင်းကြောင်းပင် ရခိုင်သည် ရှေးကျခြင်း မြင့်မြတ်ခြင်း ပညာရှိများ ပွားခြင်း စသည်များက သက်သေပြနေသည်။ ပုရောဟိတ်ရှစ်တိုင်း ၊ ပုဏ္ဏားစကြာဝတေး၊ဗေဒင်တတ်၊ဆေးသမား၊ ယောင်္ကျား မိန်းမ၇၇၀၀ ၊ ရဟန်း ရှင်လူ စသည့် ပညာရှိများ
၎င်းပညာရှိများနှင့်တိုင်ပြည်၏ စစ်အင်္ဂါရပ်များအား သက္ကရာဇ် ၁၁၄၉ တပေါင်းလတွင် အမရပူရမင်း သိမ်းသွားလည်သည် ။ (ရခိုင်ရာဇဝင်သစ်ကျမ်း)
သျှစ်သောင်းပုထိုးတော်ထဲ၍ တွေ့ရသော ဘီစီ ၃ရာစုဖြစ်သော
အသောကခေတ် မောရိယအနုပညာကျောက်ချပ်တစ်ခုတွေ့ရသည်
ဤကျောက်ချပ်ရှိပုံတွေကို Dr.Forchammar က ဗြဟ္မဏဝါဒကို ကိုယ်စားပြုသော ခရုသင်းမှ ဗုဒ္ဓကိုယ်စားကြာပန်းပုံ ထွင်းထုလာပြီး ဗုဒ္ဓတရားတော်ကိုယ်စား ဓမ္မစင်္ကြာအဝိုင်းထွင်းထုထားသည့် ရှေးကျသော ခြေတော်ရာဖြစ်ကြောင်း မောရိယအနုပညာလက်ရာဖြစ်ကြောင်း မောရိယအနုပညာခေတ်သည် ဘီစီ ၃ ရာစုဖြစ်သောကြောင့် ရခိုင်ရှိခြေတော်ရာသည် ဘီစီ ၃ ရာစုဟုသတ်မှတ်ရမည်ဖြစ်သည်၊
ဘုရားမပွင့်ခင် ဘယ်သူမှ ဗုဒ္ဓဘာသာမဟုတ်ချေ ။
ဘုရားပွင့်ပြီးမှသာ ဗုဒ္ဓဘာသာတစ်ဖြည်းဖြည်း ဖြစ်တည်လာခြင်းဖြစ်သည် ။ ရခိုင်တွင် လူတိုင်းသိတဲ့အတိုင်း စန္ဒသူရိယမင်းနဲ့ခေတ်ပြိုင် ဗုဒ္ဓဘုရားသည် ဒေသစာရီ ကြွချီလာကြောင်း ကျောက်စာအခိုင်အမာ ရှိနေသည်။
ဤသည်မှစ၍ ရခိုင်သည် ဗုဒ္ဓဘာသာများဖြစ်ပြီး ခေါ်တိုင်း ဘုရားထူးသော လူမျိုးဖြစ်လာသည် ၊
မြင့်မြတ်သော
သာဂီဝင်များဖြစ်သောကြောင်းလည့် ဗုဒ္ဓဝင်လင်္ကာမှဤသို့ဆိုထားသည်>>
ကျွန်းတွင်ဇမ္ဗူ ၊ လူတွင်ရက္ခိုင် ၊ ကြိုင်ဘိသတင်း ၊
ကင်းဘိအပြစ် ၊ ချစ်သည့်အမျိုး ၊ ကြိုးသည့်လုံလ ၊
မြတ်စာဂနှင့် ၊ နစ်ဝနတ်လူ ၊ ချစ်ကြည်ဖြူသည် ၊ နိမ္ဗူဆုတောင်းပြည့်အံ့တည်း..။
(ဗုဒ္ဓဝင် လင်္ကာ)
ဤသို့သော ရခိုင်ပြည်မှ ရရှိသော အိန္ဒိယ မဂဓတိုင်းမှ ဟိန္ဒူဗြဟ္မဏအယူဝါဒဆိုင်ရာများ ၊ အသောကခေတ် မောရိယအနုပညာကျောက်ချပ် ၊ ဗုဒ္ဓဘုရားရှင် တိုင်းဓညဝတီသို့ ဒေသစာရီ ကြွချီလာကြောင်း တောင်ပေါက်ကြီးကျောက်စာများ စသည့်စသည့်များတို့၏ သက်သေများက ရခိုင်သည် လွန်ခဲ့သောနှစ်ပေါင်း
နှစ်ထောင်ငါးရာကျော်မတိုင်မီ BC ခေတ်ကာလ ကတည်းက ရခိုင်ဟုသောလူမျိုးသည် ရှိနေခဲ့ကြောင်း သက်သေပြနေခြင်းဖြစ်ပါသည် ။
~~~~~~~~~~
Zaw KoKo (မဟိံသကတိုင်း)
- Get link
- X
- Other Apps
Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။