Featured
- Get link
- X
- Other Apps
သစ္စာ ဖောက်ခံရခြင်း
သစ္စာဖောက်ခံရခြင်း
^^^^^^^^^^^^^^^^^^^
ပြည်ရင်းသားအားလုံးအတွက်
( ရခိုင်ကို ဥပမာထား၍ ချပြထားသည် )
ရခိုင်တွေဟာ အင်္ဂလိပ်အုပ်ချုပ်စဉ်ကတည်းက ဘွဲ့ ရ ပညာတတ် ၊ ဝိတိုရိယဘုရင်မဆီက ရွှေစလွယ် ပေးခံရတဲ့ ရခိုင်တွေလဲ့ ရှိခဲ့ ၊ အဲ့လို ရခိုင် ပုဂ္ဂိုလ်
တွေက ရခိုင်ပြည်တွက် အဓိက မထားပဲ သဘောထားကြီးကြီးနဲ့ မြန်မာနိုင်ငံသားခံယူထားပြီး မြန်မာအတွက် မြန်မာအတွက် ဆိုပြီ မြန်မာနိုင်ငံအတွက် စာပေ ယဉ်ကျေး ဘာသာတရား အသီးသီးတွေကို နိုင်ငံတကာထိရောက်အောင် ကြိုးပမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ် ၊ ဆရာတော် ဦးဥတ္တမ ဆိုရင်လဲ့ ရခိုင်တွေအတွက်သီးသန့် လွတ်လပ်ရေးယူခဲ့ရင် အင်္ဂလိပ်က ပေးခဲ့တယ် ၊ ဒါပေမယ့် သဘောထားကြီးကြီးနဲ့ ဆရာတော် ဦးဥတ္တမ ဟာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတွက် တောင်းခဲ့တယ် တစ်နိုင်ငံလုံးပေးမှ ယူမယ်ဆိုပြီး ဆက်လက် တော်လှန်ခဲ့တယ် ၊ နိုင်ငံရေး တရားတွေဟောခဲ့တယ် ။
ရွှေစလွယ်ရ( ဦးချန်ထွန်း) ဆိုရင်လဲ့ ရန်ကုန်မြို့ရှိ ဆူးလယ်ဘုရားကို ကယ်တင်သူ
ဝိတိုရိယ ဘုရင်မကြီးမှ
ရွှေစလွယ်ရတဲ့အထိပါပဲ
မြန်မာနိုင်ငံအတွက် ဂုဏ်ယူနေကြတာ ဒီနေ့အချိန်ထိပါပဲ
ကိုလိုနီခေတ် မြန်မာနိုင်ငံရေး၊စာပေ၊တရားရေး ၊ပညာရေး ၊ ယဉ်ကျေးမှု အသီးသီးများကို မြင့်တင်သူ ရွှေစလွယ်ရ( ဦးမေအောင်) မြန်မာနိုင်ငံအတွက် မြန်မာစာပေ ယဉ်ကျေးမှု အသီးသီး မြန်မာနိုင်ငံအတွက် အဓိကထား ဖော်ထုတ်ခဲ့တယ် လုပ်ခဲ့တယ် ။
ဗုဒ္ဓဘာသာ အဘိဓမ္မ သင်္ဂဟ သဂြိုလ်ကျမ်း အင်္ဂလိပ်ဘာသာသို့ ပထမဆုံးပြန်ဆိုသူ ( ဒေါက်တာ ဦးရွှေဇံအောင် ) မြန်မာနိုင်ငံ ဗုဒ္ဓသာသနာ အတွက် မြန်မာအတွက် အဓိကထား လုပ်ခဲ့တာပါပဲ
မြန်မာသမိုင်းပညာရှင် ပါမောက္ခ ဆရာကြီး ဒေါက်တာ
ဒေါက်တာအေးကျော်လည် ထိုးနည်းတူစွာပဲ မြန်မာနိုင်ငံအတွက်အဓိက ပါပဲ ၊
မြန်မာနိုင်ငံ၌ သိပံ္ပ မဟာဝိဇ္ဇာ ရူပဗေဒ ပညာရှင် ရခိုင်သား(ဦးစံသာအောင်)
ဖက်ဆစ်ဂျပန်နယ်ချဲ့ တော်လှန်ရေး ခေါင်းဆောင် ဆရာတော် ဦးစိန္တာ လည်မြန်မာနိုင်ငံ အတွက်ဆိုပြီး လုပ်ခဲ့တာပါပဲ
ရွှေစလွယ်ရ သာသနာ့ အာဇာနည်ကြီး (ရခိုင်သား)ဦးထွန်းလှအောင်
၁၉၂၆ ခုနှစ်မှစ၍ နိုင်ငံတာဝန်ဝတ္တရားများကို အနယ်နယ်အရပ်ရပ်သို့ ပြောင်းရွေ့ ၍ တာဝန်ထမ်းဆောင်ခဲ့သည်။ ဦးလှထွန်းအောင်သည် ဘာသာတရားကို လွန်စွာလိုက်စားသူ တစ်ဦးဖြစ်၍ ဗုဒ္ဓဘာသာကို ကမ္ဘ္ဘာကသိအောင် စာအုပ်ပေါင်းမြောက်မြားစွာကိုရေးသားထုတ်ဝေခဲ့သည်
မြန်မာနိုင်ငံထဲမှ ပထမဆုံး အိုင်စီအက်စ်စာမေးပွဲကို အောင်မြင်သူအိုင်စီအက်စ်ဦးကျော်မင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး မြန်မာနိုင်ငံအတွက်အဓိက လုပ်ခဲ့တာပါပဲ
ကမ္ဘာ့အလယ်မှာ မြန်မာ့ဂုဏ်ကိုဆောင်ခဲ့သူ
ဒေါ်မြစိန် (M.A., B.Litt. Oxford)
(ရှေ့ဟောင်းသုတေသန နိုင်ငံတော်အကြံပေး ပုဂ္ဂိုလ်။)
ဦးဦးသာထွန်း - ရခိုင်သမိုင်းသုတေသီပညာရှင် မြန်မာနိုင်ငံအတွက် ကျောက်စာတွေကို ဖတ်ပြခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါပဲ
ပြောရင် ပိုရှည်လိမ့်မယ် ဒီထက်မကပါဘူး ။
အကြောင်းစုံ ဖတ်ချင်ရင်တော့ ဒီမှာ ဖတ်ပါ https://m.facebook.com/story.php?story_fbid=809284215926781&id=100005356294296
ဒီတော့ ဆိုလိုချင်တာက ရခိုင်တွေ ဒီလောက် မြန်မာနိုင်ငံ မြန်မာ ဟေး ဆိုပြီး လုပ်ခဲ့တာ စာပေ ကဏ္ဍ ၊ ယဉ်ကျေးမှု ကဏ္ဍ အသီးသီးပါပဲ ၊ ဒါ ရခိုင် တစ်ခုတည်းကို ဥပမာ အနည်နဲ့ ချပြထားတာလောက်ပါပဲ ၊ အခြား လူမျိုး မွန် ရှမ်း ကရင် ကချင် အသီးသီး လူမျိုးစုံ မြန်မာနိုင်ငံအတွက် မြန်မာဆိုတဲ့ အသိစိတ်နဲ့ သဘောထားကြီးကြီးနဲ့ ဂုဏ်ထူးဆောင်ပေးခဲ့တာတွေ အများကြီးပါပဲ ၊
ဒါပေမယ့် အခု နောက်ဆုံးမှာ
ဗမာ သမိုင်းဆရာ တစ်စု ဘုန်းတင့်ကျော် ဒေါက်တာ သန်းထွန်း အသီးသီး တို့ဟာ သူတို့နောက်မှာ အာဏာပိုင်များရှိပြီး ။
ပြည်ထောင်တိုင်းရင်းသားပေါ်
မြန်မာဆိုတာ ငါတို့ ဗမာပဲ ဟေး ဆိုပြီး လူမျိုးတစ်မျိုး အမည်တပ်တာ ခံလိုက်ရတာပါပဲ ၊ တနည်းပြောရရင် ပြည်ထောင်တိုင်းရင်းသားတွေပြုလုပ်ခဲ့သမျှ နောက်ဆုံး (သစ္စာဖောက် တာခံလိုက်ရတာပါပဲ ၊
ပြည်ထောင်စု ပြည်ထောင်စု ဆိုတဲ့ မြန်မာနိုင်ငံ ခေါင်းစဉ်အောက်မှာ ပြည်ထောင်တိုင်းရင်းသားတွေ ပျားရည်နဲ့ ဝမ်းနုတ်ခံရတာ ဒီနေ့အချိန်ထိပါပဲ ။
မြန်မာနိုင်ငံ ဂုဏ်ရောင်တောက်အောင်
လုပ်ခဲ့သမျှဟာ ဗမာဆိုတဲ့ လူမျိုးတစ်မျိုးအတွက်သာ ဖြစ်သွားခဲ့တယ် ။
ဒါပေမယ့်လည် ရခိုင်တွေဟာ ဒီနေ့အချိန်ထိ အမှတ်သညာ မရှိပါဘူး ၊ စကားချိုနဲ့ပြောသမျှကို လိမ်သမျှကို အဟုတ် တကယ် ထင်တုန်းပါပဲ ယုံကြည်တုန်းပါပဲ ၊ ဒီနေ့အချိန်ထိ ရခိုင်တွေ မြန်မာနိုင်ငံကောင်းစားရေး မြန်မာနိုင်ငံ မြန်မာ ဆိုတဲ့ စာပေ အက္ခရာ ၊ ဘာသာရေး ၊ ယဉ်ကျေးမှု စသည့်တွေကို တိုးတက်ရေးသာ အဓိက လုပ်နေ ကြိုးစားနေတဲ့ ရခိုင်တွေ အများကြီးရှိနေဆဲပါပဲ ၊
ရခိုင်တွေကို
လိမ်လို့ အကောင်းဆုံးဆိုတာ ပါပဲ ။ အခုအချိန်အခါမှာ
အဲ့လို မြန်မာနိုင်ငံ မြန်မာ ဆိုတဲ့ အရာ ကောင်းစားရေး လုပ်နေတာတွေမြင်တော့ စိတ်ထဲမှာ မခံချိမခံသာ ဖြစ်နေတာမှ အပ ကျန်တာ မပြောချင်တော့ပါဘူး ။ အဲ့လိုတွေ ရှိနေသမျှ ပြည်ထောင်တိုင်းရင်းသားတွေ
ဆက်ပြီး အလိမ်ခံနေရအုန်းမှာပဲ ၊
ဆက်ပြီး သစ္စာဖောက် ခံနေရအုန်းမှာပဲ ၊
ဆက်ပြီး ပျားရည်နဲ့ ဝမ်းနုတ်ခံရအုန်းမှာပါပဲ ၊
~~~~~~~~~~~
Zaw Koko (အာရက္ခမြီ)
Comments
Post a Comment
စာဖတ်လို့မရရင် ပြောပါ။ Zawgyi လား၊ Unicode လား။