Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

မတည်ငြိမ်သေးသော ဗမာလူမျိုး

ခေါင်းမူးပြီး သေစေနိုင်သော ဆေး
°°°°°°°°°°°°°°°°°°°°°°°°°°°°

ပြောင်းချင်သလိုပြောင်း လုပ်ချင်သလိုလုပ်ပြီးမှ ကိုယ်လိုရာ နောက်မှ ဆွဲထည့် ၊

ဗမာဆိုတာနိုင်ငံ လူမျိုးအားလုံးကိုယ်စာပြုတယ်တဲ့ လုပ်ခဲ့ပြန်ပြီတစ်မျိုး ၊

နောက် မြန်​မာဆိုတာ နိုင်ငံ လူမျိုးအားလုံးကို ကိုယ်စားပြုပြန်ပြီး လူမျိုးက ဗမာတဲ့ လုပ်ပြန်ပြီး တစ်ဖုံ ၊

နောက်မြန်မာဆိုတာ .. မြန်​လဲ့မြန်တယ် မာလဲ့မာတယ် ၊ ဒါကြောင်း မြန်မာဟုခေါ်တာတဲ့ ပြင်ပြန်ပြီတစ်ခု ။

နောက်မြန်မာဆိုတာ ဗြဟ္မာ..ဗမာ.. မြန်မာ ကဖြစ်လာတာတဲ့ ပြောပြန်ပြီ တစ်မျိုး ။

နောက် မြန်မာဆိုတာ ပျူမြန်မာ ပျူ ဗရမာ ၊ပျူမြန်မာ ပျူ ဗမာ ဆိုပြန်ပြီး တစ်ဖုံ ။

နောက် ပျူ ဟာမြန်မာ(ဗမာ)ဖြစ်ကြောင်း ပျူဟာ မြန်မာ ဗမာ အတူတူ ဖြစ်ကြောင်း ဗြဟ္မာက လာပြန်တာတဲ့ ။ လုပ်ပြန်ပြီး တစ်ခု ။

နောက် ပျူစစ်လျှင် မြန်မာ ဗမာ တဲ့ ၊ ဒါနဲ့ပြောသေးတယ် စစ်ရူံးပျူကို အကြောင်းမရှိပဲ အဖေ မခေါ်ဘူးတဲ့ ၊ ပျူကို ဗမာလူမျိုး တိုက်ခဲ့တယ် ။ ပျူနဲ့ ဗမာ မတူဘူးဆိုတာ ဘုန်းတင့်ကျော် ကိုပြောစကား ကိုယ်မသိတာလား ။

နောက် ရခိုင်နဲ့ဗမာက တူသွားပြန်ပြီတဲ့ လုပ်ပြန်ပြီ တစ်​မျိုးစီ။
ပျူနဲ့လည် ဗမာက တူသွားပြန်ပြီတဲ့ ပြင်ပြန်ပြီတစ်ခု။

နောက် ရခိုင်က မြန်မာကြီးတဲ့ ဗမာက မြန်မာ ငယ်တဲ့ ။ ဒီကြားထဲ ဗမာက ရခိုင်နဲ့လည်တူပြန်တယ် ပျူနဲ့လည် တူတူ တဲ့ ။ ခေါင်းတောင်ကိုက်တယ် ခေါ်မယ့် အဖေ ရှာမရသလိုပဲ ။

နောက် ဗြဟ္မာကနေ ဗြမ္မာ မြမ္မာ ဗြဟာမာ ဗြဟ်မာ ဗြန်မာ မြန်​မာ ဗြဟမာ ဗြမာ ဗမာ ဖြစ်သွားတာတဲ့ လုပ်ပြန်ပြီ ခေါင်းတောင်မူးလည်နိုင်တယ် ။

နောက် သတ္တမြန်မာ Group မှာ

သက် လူမျိုးကို ဖြုတ်ပြီး မြန်မာထည့်ပြီး ဗမာလုပ်ပြန်တယ် ၊ ဒီတော့ သက်လူမျိုးလဲ့ ဗမာလူမျိုးဖြစ်ချာသွားတယ်..
ရခိုင်​နဲ့ဗမာအတူတူဆိုပြီး ၊ ပျူစစ်လျှင် ဗမာတဲ့ ၊ သက်နဲ့ ဗမာလည် တူသွားပြန်ပြီသဘော

အဖေက ဘယ်သူမှန်း ဒီနေ့ချိန်ထိ မပေါ်သေးဘူးထင်တယ်။

••••••••••••••••••••••••
Zaw KoKo(မဟိံသကတိုင်း)

Comments