ပျူစစ်လျှင် ဗမာမဟုတ်ကြောင်း သက်သေတစ်ခု (ရခိုင်နည်းဖြင့် ဒင်္ဂါးလုပ်ခြင်း)

ပျူစစ်လျှင် ဗမာမဟုတ်ကြောင်း သက်သေတစ်ခု (ရခိုင်နည်းဖြင့် ဒင်္ဂါးလုပ်ခြင်း)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°



ပျူခေတ် ဒင်္ဂါး။....။ ပျူတွေဟာ ရခိုင်တွေလို့ ဒင်္ဂါးလုပ်တတ်၍ ဒင်္ဂါးခတ်များ ရိုက်နှိပ် သုံးစွဲကြသည်
ပျူတွေဟာ သရေခေတ္တရာခေတ်ထိပါပဲ ၊ ပျူတွေကို တိုက်ထုတ်ပြီးနောက်

ဒင်္ဂါးမလုပ်တတ် ။...။ ဗမာတွေဟာ ပုဂံခေတ် ကြာအိုးအံ ပုဂံတည် ဆောင်ပုဒ်အရ ကောဇာ ၂၁၁ (AD-၈၄၉) ဆိုပေမယ့်
ဗမာဘုရင် အနော်ရထာ
မင်း (AD -၁၀၄၄ ) ခေတ်မှ အရာရာ စတင်လာတယ်လို့ ပြောရမှာပဲ ၊ မွန်တွေဆီက ပိဋကတ်ယူပြီးတော့ပေါ့ ၊

ဒီတော့ ကြာအိုးအံ ပုဂံတည် (AD -၈၄၉) ကနေ
ဗဒုံမင်း (ခ) ဘိုးတော်မောင်ဝိုင်းလက်ထက်လက် ကောဇာ ၁၁၄၆ ( AD ၁၇၈၄ )ခုထိ နှစ်ပေါင်း ( ၉၃၅ ) တိုင်တိုင် ဗမာတွေဟာ ဒင်္ဂါးမလုပ်တတ်သေး ဆိုတဲ့ သက်သေတစ်ချက်က 👉👉

(ဘိုးတော်မင်းလက်ထက် အမရပူရတွင် ငွေဒဂါင်္း မသုံးသေး၍ ။ ကျပ်ဖြင့်ချိန်သုံးသဖြင့် ငမြတ်ထင်ကို ငွေအခွက်တစ်ဆယ်ပေးလေ၏။)(မှော်ပီဆရာသိန်း)

ထိုးနောက် ရခိုင်ပြည်ကိုသိမ်းပြီးတဲ့အချိန် ဘိုးတော်မောင်ဝိုင်းသည် ရခိုင်ပြည်ဟာ သူတို့ ပုဂံပြည်တွေလို ငွေစ ရွှေစ တွေကို အလေးချိန်ဖြင့် သုံးစွဲတယ် ထင်ပြီး ရခိုင်ပြည်တွင် သုံးစွဲခိုင်းတဲ့အခါ

မြောက်ဦးမြို့ဝန် နန္ဒပကျန်က "ဓညဝတီရခိုင်ပြည် မြောက်ဦးမြို့နေသူတို့သည် ရွှေငွေကို ကျပ်ချိန်၍မသုံး၊ ဒင်္ဂါးခတ်၍သာသုံးသည်"ဟု ဘိုးတော်မင်းထံစာပို့ရာ-
"၁၁၄၆ အမရပူရ ဆင်ဖြူများရှင်နိုင်ငံ" တံဆိပ်ခတ်ပြီးရိုက်လေ။ ထိုဒင်္ဂါးကို  "ပုံတော်ဒင်္ဂါး" ဟုခေါ်၍သုံးလေဆိုသည့် အမိန့်အရ သုံးစွဲခဲ့ရသေးသည် ။(ရခိုင်ရာဇဝင်သစ်ကျမ်း)

အဲ့နောက်ပြီးမှ ရခိုင်တွေနည်းကို ယူပြီး ဘိုးတော်မောင်ဝိုင်းသည် AD ၁၇၈၅ မှစတင်၍  ဒင်္ဂါးရိုက်ခတ်ပြီး သုံးစွဲလာသည် ၊ ကမ္ဘာ့ရက်စွဲ့အဘိဓါန် စာအုပ်၌ မြန်မာပြည်တွင်းသုံး မြန်မာ့ ဒင်္ဂါး ပေါ်သည်ဟု ဖော်ပြထားသည်။

ဤအကြောင်းအရာကို ကြည့်လျှင်  ကြာအိုးအံ ပုဂံတည် (AD -၈၄၉) ကနေ
ဗဒုံမင်း (ခ) ဘိုးတော်မောင်ဝိုင်းလက်ထက်လက် ကောဇာ ၁၁၄၆ ( AD ၁၇၈၄ )ခုထိ နှစ်ပေါင်း ( ၉၃၅ ) တိုင်တိုင် ဗမာတွေဟာ ဒင်္ဂါးမလုပ်တတ်သေး ဆိုတာပါပဲ

ဤသည်ပင် ပျူ နဲ့ ဗမာ တစ်ခြားစီဆိုတာ သက်သေတစ်ချက်ပါပဲ

အောက်Photo များ သေချာ ကြည့်👇👇👇

-----------------------
Zaw KoKo (မဟိံသကတိုင်း)

Comments

Popular posts from this blog

ရခိုင်မင်းသား ဒွန်မာတင်နောက် အနှစ် ၂ဝဝ အတွင်း ဥရောပမှာ စစ်ပညာသင်ခဲ့သူ ဘယ်သူလဲ

ရမ္မာဝတီ ရခိုင်မိသားစု ဆွေမျိုးတော်စပ် ခေါ်ဝေါ် ကြပုံ နှင့် အမည်ပေးပုံ စနစ်

ဧရာဝတီ မိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ (၂)