Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ဗြဟ္မီ အက္ခရာ

အလားတူ ဗြဟ္မီအက္ခရာဖြင့် ရေးထိုးခဲ့သော နောက်ကျောက်စာတစ်ခုမှာ မြောက်ဦးမြို့၏ မြောက်ဖက် (၉) မိုင်ခန့်အကွာ...ဝေသာလီမြို့ဟောင်း အရှေ့ဖက် (၃)မိုင်ခန့်အကွာ 

ဝေသာလီမြို့ဟောင်းမှ အရှေ့ဖက် (၃)မိုင် ခန့်အကွာ ပန်းဈေးမြောင်းချောင်းဖျားအရပ်ရှိ အုဋ်စေတီပျက်မှ တူးဖေါ်ရရှိသော ကျောက်ဆင်းတု ဗိုက်ပူ ဘုရားရွိ နောက်ကျောတွင် ဗြဟ္မီအက္ခရာဖြင့် ရေးထိုးထားသော ကျောက်စာပင်ဖြစ်သည်။ အဆို့ပါ ကျောက်စာကို မြန်မာလိုပြန်လျှင် ( သစ္စကပရိဗ္ဇာကဇိန) အဓိပ္ပါယ်မှာ( သစ္စက ပရိဇိုဗ် ) ဟူ၍ဖြစ်ပေသည်။


ဤရုပ်တု အက္ခရာများက ဘာကိုဖေါ်ညွှန်းနေသလဲဆိုရင် ဗုဒ္ဓဘုရားရှင် မပွင့်မီ ရခိုင်ဌာနေလူမျိုးတို့သည် ရသေ့ တပသီ ပရိဇိုဗ််များကို သက်၀င်ယုံကြည်ခဲ့ကြကြောင်း ကိုဖေါ်ညွှန်နေပေသည်။


ရခိုင်ပြည် ကျောက်လှေကား ေ၀သာလီမြို့(ဝါ) ကျောက်လှေကားေ၀သာလီခေတ်(ရခိုင်ပြည်)


ကျောက်စာအလို ဒွေင်္စစန္ဒြမင်း ၊ ရာဇ၀င်အလို မဟာတိုင်းစန္ဒြားမင်းစတင်တည်ထောင်ခဲ့သော ကျောက်လှေ ကား ေ၀သာလီ(AD -290+345) ရခိုင်ပြည်မှ ေ၀သာလီမြို့၏ သက်တမ်းကိုတွက်ချက်ကြရာ တွင်လည်း သုတေသီ ပါမောက္ခ ဂျွန်စတင်(Johnston)က (AD- 350) တွင် စတင်ကြောင်း ဖေါ်ပြ၍ အိနိ္ဒယကျောက်စာ ၀န်ဟောင်း (Dr Sircar) ဒေါက်တာဆာကားက AD 370 တွင် စတင် ကြောင်း ခန်းမှန်းခဲ့ကြပါသည်။



Comments