Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

အာနန္ဒစန္ဒြမင်းကျောက်စာပါ မင်းဆက်သုံးဆက

အာနန္ဒစန္ဒြမင်းကျောက်စာပါ မင်းဆက်သုံးဆက်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အာနန္ဒစန္ဒြမင်းကျောက်စာတွင် မင်းဆက် (၃) ဆက်ပါရှိသည်။ ထိုးမင်းဆက် (၃)ဆက်တွင် မင်းပေါင်း (၃၇) ပါး ရှိသည်။ အာနန္ဒစန္ဒြမင်းကျောက်စာပါ မင်းဆက်များ သက်တမ်းသည် ကျောက်စာအလိုအရဆိုလျှင် ဘီစီ ( ၈) ရာစု မှ အေဒီ (၇) ရာစုအတွင်း စိုးစံခဲ့သော မင်းများ ဖြစ်သည်ဟု ယေဘူယျအားဖြင့် ပြောနိုင်ပါသည်။ သို့သော် အာနန္ဒစန္ဒြမင်းကျောက်စာပါ ပထမမင်းဆက်ကို အဘယ်ကြောင့် (၈ ရာစု ဘီစီ ) ကဟု အဘယ် ကြောင့် ပြောနိုင်သနည်းဟု မေးစရာရှိသည်။ ယင်းမေးခွန်းကို ဖြေလိုသည်က အာနန္ဒစန္ဒြမင်း ကျောက်စာ အောက်ဆုံးစာကြောင်းပါ (ဧကာဒဿမ=၁၁) ကို ခရစ်နှစ်ပြောင်းကာ [၁၁+၆၃၈= A.D 649 ] ကို အောက် မှ အထက်သို့ မင်းတို့၏ နန်းစံနှစ်များအတိုင်း ရေတွက်လာလျှင် ပထမ မင်းဆက်၏ အပေါ်ဆုံး မင်း သည် (B.C 770) အစဖြစ်နေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ဤသို့ ဖြစ်ရသည်မှာ ကျောက်စာပါ နန်းစံနှစ် (၁၂၀) အတိုင်း တွက်ယူလာသောကြောင့် အောက်ပါအတိုင်း တွေ့မြင်ရခြင်းဖြစ်ပါသည်။ မင်းဆက်ဇယား(ပုံ-၁)ကို ကြည့်ပါ။

ပထမမင်းဆက်သည် (B.C -၇၇၀) မှ (အေဒီ ၂၉၀ ) ထိ

ဒုတိယမင်းဆက်သည် ( အေဒီ-၂၉၀ မှ ၅၂၀ ) ထိ

တတိယမင်းဆက်သည် (အေဒီ ၅၂၀- ၆၄၉) ထိ ဖြစ်ပါသည်။

ဤကား အာနန္ဒစန္ဒြမင်း ကျောက်စာပါ နန်းစံနှစ်များအလို ဖြစ်ပါသည်။

ပုံ-၁

ဤပထမမင်းဆက်တွင် မင်းတစ်ပါး၏ နန်းသက် (၁၂၀)စိုးစံခဲ့သည်ဟု ဆိုသည်မှာ လုံးဝ ဖြစ်နိုင်ခြေမရှိသော အကြောင်းပြချက်ဖြစ်သည်ဟု စောဒကတက်စရာရှိသည်။ကောင်းပြီး စာဖတ်သူ လက်ခံနိုင်ဖွယ်ရှိသော နန်း စံနှစ်များကို တွက်ချက်ကာ ပထမမင်းဆက်၏ နန်းစံနျှစ်များကို တွက်ယူကာ ဇယားဖြင့် ချပြပါမည်။ ၄င်းမှာ အဘယ်နည်းဟူမူကား အာနန္ဒစန္ဒြမင်း ကျောက်စာရေးထိုးချိန် (649 A.D) တနည်း (၇ ရာစု)နှင့် ပထမ မင်းဆက် ပါ မင်းတို့၏ နန်းစံနှစ်များသည် နှစ်ပေါင်း (၇၀၀-၈၀၀)ခန့် ကွာဟနေပေသည်။ ထိုကြောင့် သူသည် ကျောက်စာရေးထိုးချိန်တွင် သူ၏ ဘိုးလောင်းတော် ဘေးလောင်းတော်မင်းများ၏ အမည်ကိုသာ သိပြီး နန်းစံနှစ်၊သက်တော်များကို အတိအကျ မသိလေကြောင့် မြတ်စွာဘုရား၏သာသနာတွင် သက်ရှည် ကျမ်းမာသော ဗာကုလမထေရ်၊ အရှင်ကဿပမထေရ်၊ အာနန္ဒာမထေရ်တို့လို သက်ရှည်ကျန်းမာစေ လိုသော ကောင်းမြတ်သည့် စေတနာကြောင့် နန်းစံနှစ်အတိအကျမသိသော မင်း(၇)ပါးတို့၏ နန်းစံနှစ်ကို (၁၂၀) နှစ် ဖြစ်သည်ဟု ရေးထိုးခဲဟန်တူပေသည်။ ထိုနန်းစံနှစ် (၁၂၀)ကို အသုံးပြုသော အလေ့အထသည် ရခိုင်ဒေသတွင် ယနေ့ထိ ကျင့်သုံးနေသေးသည်ကို ရခိုင်တောရွာကျေးလက်များတွင် မွေးစာရင်းဟုခေါ်သော ရက်ချုပ်ဇာတာ တင်သည့် ရိုးရာဓလေ့က သက်သေခံနေပေသည်။

ယနေ့ခေတ် သမိုင်းအမြင်ဖြင့် စာဖတ်သူလက်ခံနိုင်ဖွယ်ရှိသော ပထမမင်းဆက်ပါမင်းတို့၏ နန်းစံနှစ်များ ကိုအောက်ပါအတိုင်း တွက်ယူမည်ဆိုလျှင် မယုတ်မလွန် လက်ခံနိုင်မည်ဟု ထင်မြင်ယူဆမိပါသည်။ ပထမ မင်းဆက်တွင်မင်း(၁၅)ပါး၌ မင်း(၈)ပါးသည် နန်းစံနှစ် အတိအကျ ရေးထိုးပါရှိပေသည်။ ယင်းနန်းစံနှစ် အတိအကျပါသော မင်း(၈)တို့၏ နန်းစံနှစ်ကို ပေါင်းလိုက်သော် နှစ်ပေါင်း (၂၂၀) နှစ်ဖြစ်ပါသည်။ သို့ပါေ သာေ ကြာင့် ယင်းနှစ်ပေါင်း(၂၂၀)ကို မင်း(၈) ပါးဖြင့်စားသော် မင်းတစ်ပါး၏ ပျှမ်းမျှ နန်းစံနှစ်သည် ၂၇.၅ နှစ်ခန့် ဖြစ်ပါသည်။ ထိုကြောင့် နန်းစံနှစ် (၁၂၀)ပါသော မင်း(၇)ပါးတို့အား တစ်ပါးစီကို နန်းစံနှစ် (၂၇)နှစ် အနေဖြင့်တွက်ယူသော် ပထမမင်းဆက်ပါမင်းတို့၏ နန်းစံသည် အောက်ပါအတိုင်း ဖြစ်နေပေမည်။

ပထမမင်းဆက်သည် (B.C -120) ၀န်းကျင်မှ (အေဒီ ၂၉၀ ) ထိ

ဒုတိယမင်းဆက်သည် ( အေဒီ-၂၉၀ မှ ၅၂၀ ) ထိ

တတိယမင်းဆက်သည် (အေဒီ ၅၂၀- ၆၄၉) ထိ ဖြစ်ပါသည်။ ( ပုံ-၂)

ပုံ-၂

သမိုင်းအမြင် သုတေသီများ လက်ခံနိုင်ဖွယ် နောက်တစ်နည်းဖြင့် ဖေါ်ပြပါမည်။

အာနန္ဒစန္ဒြမင်းကျောက်စာ တစ်ခုလုံးတွင် နန်းစံနှစ် (၁၂၀) ပါသော မင်း (၇)ပါးနှင့် နန်းစံနှစ် အတိအကျ ပါသော မင်း (၃၀)ပါး ပါရှိသည်ကိုတွေ့ရ၏။ ထိုမင်းတို့မှ နန်းစံနှစ် အတိအကျပါသော မင်း(၃၀)တို့၏ နန်း စံနှစ် စုစုပေါင်းကို အခြေခံကာ တွက်ယူနည်းဖြင့် ဖေါ်ပြပေးပါမည်။

ပထမမင်းဆက် နန်းစံနှစ်အတိအကျပါသော မင်း (၈)ပါး နန်းစံနှစ် - ၂၂၀

ဒုတိယမင်းဆက် နန်းစံနှစ်အတိအကျပါသော မင်း (၁၃)ပါး နန်းစံနှစ် - ၂၃၀

တတိယမင်းဆက် နန်းစံနှစ် အတိအကျပါသော မင်း (၉)ပါး နန်းစံနှစ် - ၁၂၉ ခန့်

မင်းအားလုံးတို့၏ နန်းစံနှစ်ပေါင်းသည် ၂၂၀+၂၃၀+၁၂၉= ၅၇၉ နှစ်ဖြစ်ပါသည်။ ယင်း ၅၇၉ နှစ်ကို မင်းပေါင်း ၃၀ ဖြင့် စားသော် မင်းတစ်ပါး၏ ပျှမ်းမျှနန်းစံနှစ်ကို ရရှိပေသည်။

စုစုပေါင်း မင်း နှင့် နန်းစံနှစ် ၅၇၉ ကို ၃၀ ဖြင့် စားသော် မင်းတစ်ပါး၏ နန်းစံနှစ်သည် ၁၉ နှစ်ဝန်းကျင် ခန့် ဖြစ်ပေသည်။

ထိုကြောင့် ပထမမင်းဆက်တွင် နန်းစံနှစ် (၁၂၀) ပါသော မင်း(၇)ပါး၏ နန်းစံနှစ်ကို တစ်ပါးစီ(၁၉ ) နှစ်ထား၍ သတ်မှတ်တွက်ယူဆမည်ဆိုပါက ထိုမင်းတို့၏ နန်းစံနှစ်သည် (၁၉ x ၇ = ၁၃၃) နှစ်ဖြစ်ပေ သည်။

ဤကဲ့သို့တွက်ယူလျှင် အာနန္ဒစန္ဒြမင်းကျောက်စာပါ မင်းဆက်များသက်တမ်းသည် (ဘီစီ ၆၃ မှ အေဒီ ၆၄၉) ထိ ဖြစ်နေပေသည်။ ရာစုအားဖြင့် ပြောရလျှင် ဘီစီ ၁ ရာစုမှ အေဒီ ၇ ရာစုအလယ်ပိုင်းထိ စိုးစံခဲ့သော မင်းများဖြစ်သည်ကို အောက်ပါအတိုင်း တွေ့မြင်ရမည်ဖြစ်ပါသည်။ (ပုံ-၃)

ပုံ-၃

ရခိုင်ဝေသာလီခေတ် အစပိုင်းတွင် စိုးစံခဲ့သော ဗဟုဘလီပါ မင်း(၁၅) ပါတို့သည် (ဒေ၀ါနံကုလ=နတ်တို့၏ အမျိုး အနွယ်) ဟုဆိုထားသောကြောင့် ယင်းဆက်သည် ဗြဟ္မာဏအယူရှိသောမင်းများဖြစ်ဟန်ရှိပေသည်။

ဒုတိယမင်းဆက်ပါ စန္ဒြဘွဲ့ခံမင်းများနှင့် တတိယမင်းဆက် (ဤဂါနွယ=မင်းမျိးမင်းနွယ်) မှ ဆင်းသက်လာေ သာ မင်းများသည် ဗုဒ္ဓဘာသာ ထေရ၀ါဒကို ကိုးကွယ်ဆည်းကပ်ယုံကြည်သောမင်းများဖြစ်ကြောင်း ထို မင်းများရေးထိုးခဲ့သည် ရခိုင်ပြည်နယ်ဒေသအနှံတွင် တွေ့ရသော ယေဓမ္မာဂါထာပါ ကျောက်စာများက သက်သေခံပေသည်။

ဘီစီအစပိုင်းနှင့် အေဒီ ၉ ရာစုလောက်ထိ ခေတ်များတွင် အိန္ဒိယတိုက်နယ်၊ အရှေ့တောင်အာရှ၊ တောင် အာရှနှင့် ကမ္ဘာ့ ဒေသအသီးသီး တို့တွင် ယင်းခေတ်ယင်းအချိန်က လူမျိုးအမည်ဖြင့် မှည့်ခေါ်မှုရှိမည် မ ဟုတ်ပေ။ ဇာတ်နိမ့် ဇာတ်မြင့် ကျွန်စနစ်များ များဖြင့် ခွဲခြားနေထိုင်ခဲ့ကြ ဟန်တူပေသည်။ ထို့ကြောင့် ရခိုင်ေ ဒသ၌ တွေ့ရှိရသော ကျောက်စာ ၊ကြေး နီပြားစာ၊အုတ်ခွက်စာများတွင် လူမျိုးအမည် ပါရှိသော ကျောက် စာ များကို ယနေ့ထိ မတွေ့ရခြင်း ဖြစ်ဟန် ရှိပေသည်။ ထိုအတူ ဘီစီ (၆)ရာစုကပင် လက် ဆင့် ကမ်းလာသော ဗုဒ္ဓစာပေများ ကျမ်းဂန်များတွင်လည်း လူမျိးအမည်ဖြင့် ဖေါ်ပြထားသည်ကို မတွေ့ရဘဲ ဇာတ်အနေဖြင့် အ မျိုးလေးပါး သာ ရေးသားပါရှိသည် ကိုတွေ့ရသည်။ အေဒိ ၇ရာစု အာနန္ဒစန္ဒြမင်းကျောက် စာရေး ထိုးချိန် တွင် ကျွန်စနစ်ရှိနေသေးကြောင်း အာနန္ဒစန္ဒျြေကျာက်စာ ဂါထာ(၄၆) ပါ(ဒါသ ဒါသီ= ကျွန်ယောင်္ကျား ကျွန်းမိန်းမ) စကားလုံး သက်သေခံနေသည်။

ထိုအတူ ဝေသာလီပြည်၏ အိမ်နီးချင်း တိုင်းနိုင်ငံဖြစ်သော သရေခေတ္တရာပြည် ( အေဒီ 4 ရာစုမှ 8-9-10 ရာစု) များအတွင်း ရေးသားခဲ့သော ရွှေပေလွှာများ၊ ကျောက်စာ၊အုတ်ခွက်စာများတွင်လည်း (ပျူ- မြန်မာ-ဗမာ) ဟူု၍ ရေးထိုးထားသည်များကို ရှာတွေ့နိုင်မည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ယင်းခေတ်ယင်းအခါက လူသားတို့သည် ဇာတ်အနေဖြင့် ခွဲခြားကာ လူ့အဖွဲ့အစည်းကို တည်ဆောက်ထားကြသောကြောင့် ဖြစ်ပါသည်ဟု ရေးသားတင်ပြလိုက်ရပါသည်။

မောင်ဖြူ (ကြွီတဲကျွန်း)

အယာနာစာပီအဖွဲ့

26.9.2018

Credit Razar Min

ရခိုင်သည် BC ခေတ်ကတည်းက ဆိုတာ ပို၍ ခိုင်မာလာသည်

Comments