ရှေးကျမ်းလာမြန်မာ ၉ မျိုး

÷******** ဗမာသည် မြန်မာမဟုတ်*******

ရှေးကျမ်းလာမြန်မာ ၉ မျိုး

မြိ ယော နှင့် ဖုန် ဆလုံ ထါးဝယ် မျိုးနွယ် ကဒူး တဦး ကနန်း တခန်း မြမ္မာ ရဘိန်း ပါကိုး မော်ကွန်းထိုးသည် ကိုးမျိုး မြန်မာ့ နွယ်ဝင်တည်း။ ဤမြန်မာ နွယ်ဝင် ကိုးမျိုးတွင် ပျူလည်းမပါ ဗမာလည်း မပါသည်ကို တွေ့ရပါသည်။ ဗမာသုံးမြန်မာ ၇ မျိး

မြန်မာသတ္တ မွန်လေးဝ ရှမ်းကသုံးဆယ် ခြောက်ဆယ်ကုလား လူမျိုးတရာ့တပါး။ ဤမြန်မာ သတ္တထဲတွင် ဗမာသည် ရခိုင်ကိုပါ ထည့်ထားလေသည်။ မြန်မာသတ္တအသုံးကို ကုန်းဘောင်ခေတ် နှောင်းပိုင်းတွင် စ၍ အသုံးပြုသည်ကို တွေ့ရသည်။ သက်၊ ရခိုင်၊ တောင်သူ၊ ပျူ၊ ကမ်းယံ၊ ယော၊ ထားဝယ် ဤလူမျိုး ၇ မျိုးကို မြန်မာ သတ္တဟု ဗမာတို့ကဆိုသည်။ ဤမြန်မာ သတ္တ ဇာတ်စနစ်ထဲတွင်လည်း ဗမာလူမျိုးများ မပါ မရှိ သည်ကိုတွေ့ရ လေသည်။ ထို့ပြင် ဆရာဦးဘိုးမြစ်၏ လောကဟိတရာသီကျမ်း ၌မူ မြန်မာသတ္တကို မြန်မာ၊ ပြူ၊ တောင်သူ၊ ကမ်းယံ၊ ယော၊ ရခိုင်၊ ထားဝယ် ဟူ၍ လူမျိုး ၇ မျိုးကို ဖေါ်ပြပါရှိသည်။ ဗမာပညာရှင် အချင်းချင်း တို့သည် မြန်မာ သတ္တ တခုကို ပင်လျှင် ညီညီညွတ်ညွတ် ဖေါ်ပြရေးသားမှု မရှိကြသည်ကို တွေ့ရပေသည်။ ဗမာကိုလူမျိုးခြားတို့အခေါ့် 

တရုတ် က မျဲန့်

ရှမ်း က မန့်

အိန္ဒိယ က ဘာရ်မား

ပြင်သစ် က ဘာရ်မင်နီ

ဂျာမဏီ က ဘူးမား

ဂျပန် က ဘိရုမာ

ယိုးဒယား က ဖမှ

အင်္ဂလိပ် က ဘားမား

ရခိုင် က. အောက်သား

ချင်း က ဂေါလ်

ကချင် က မင်န်

ကရင် က ပယော်

မွန် က ဟမယ်

ဘင်္ဂလာ က ဘရမာ့

ဟူ၍ ဗမာကို တခြားလူမျိုးတို့က ခေါ်ကြသည်။

ဝေသာလီ ကျောက်လှေကါးခေတ်တွင် ရခိုင်သားကို မရမာ ဟုခေါ်ကြောင်း တွေ့ရှိ ရသည်။ မြန်မာ ဟူသော စကါးလုံးကို မြမ္မာ ဟူ၍ ရခိုင်ပညာရှင်များ ရေးသားခဲ့ကြသည်။ ပဖဗဘမ ကြာသပတေး သောမဂြိုလ် စိုးသော မြမ္မာဇာတ် အနွယ်တို့ အနောက်ဘက်တွင် နေသည်ဟု ဆျန်းနိမိတ်ဖြင့် အဓိပ္ပါယ် ယူခဲ့ကြသည်။ တိုင်းပြည်ကို ထူထောင်သောရက်မှာ ဗုဒ္ဓဟူးနေ့ ဖြစ်သည်။ ပုဂံခေတ် မြန်မာသက္ကရာဇ် ၅၅၂ ခု အေဒီ ၁၁၉၀ ခုတွင် မြမ္မာဟူသော ဝေါဟါရ အသုံးကို တွေ့ရသည်။ ထို့ပြင် ကျောက်စာ၏ မူရင်း အပြည့်အစုံကို မသိရသော်လည်း ကျန်စစ်သားမင်း လက်ထက် ၁၁၀၂ ခုတွင် ရေးထိုးသော ရှေးမွန် ကျောက်စာ၌ မိရမာ ဟုရေး ထိုးထားလေသည်။ မရမာ အကြောင်းကို အေဒီသက္ကရာဇ် ၁၂၈၃ ခုနှစ်တွင် လောင်းကြတ်မြို့ကို အစိုးရသော ဘုရင်မင်းထီးသည် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာတွင် ကုသိုလ် ကောင်းမှုပြုစဉ် ကျောက်စာရေးထိုး၍ မှတ်တမ်းတင်ခဲ့ပါသည်။ ထိုကျောက်စာ၌ မရမာမင်း လာလတ်၍ ဟု ပါရှိလေရာ ရခိုင်ကိုပင် မရမာ ဟုခေါ်ကြောင်း ထင်ရှားလေသည်။ ထို့ပြင် သက္ကတ ဘာသာဖြင့် ရေးထားသော သရောဒယ (သရဒွေး) ကျမ်းကို မရမာ ဘာသာ ဖြင့် ဖွင့်ပေလတ္တံ့ ဟု စာရေးသူ က ချီးထားလေရာ မရမာဆိုသည်မှာ ရခိုင်ကို ဆိုကြောင်း သိသာလေသည်။ ရုံပြည်မှ မင်းသား ရှာအလင်နှင့် လူပေါင်း တထောင်သည် မရမာ စာကို သင်ကြားရန် မြောက်ဦးနန်းတော်သို့ ရောက်ရှိကြောင်း မှတ်တမ်း တင်ရှိလေသည်။ ဂန္တ၀င် ရခိုင်စာပေ၌ ရခိုင်ကို မြမ္မာဟူ၍၄င်း မရမာ ဟူ၍၄င်း ရေးသားသုံးစွဲကြသည်ကို တွေ့ရသည်။ ရခိုင်သမိုင်း တိမ်မြုတ်နေ၍သာ ကျယ်ပြန့်စွာမသိရှိ နိုင်ခြင်း ဖြစ်သည်။

Credit >.. စာမူ

ဗမာ့စစ်ဝါဒအောက်မှလူမျိုးများနှင့်ဗုဒ္ဓသာသနာ

~~~~~~~~~~~

အင်တာနက် ​မော်​ကွန်းမှာ http://archive.fo/tkawA

Comments

Popular posts from this blog

ရခိုင်မင်းသား ဒွန်မာတင်နောက် အနှစ် ၂ဝဝ အတွင်း ဥရောပမှာ စစ်ပညာသင်ခဲ့သူ ဘယ်သူလဲ

ရမ္မာဝတီ ရခိုင်မိသားစု ဆွေမျိုးတော်စပ် ခေါ်ဝေါ် ကြပုံ နှင့် အမည်ပေးပုံ စနစ်

ဧရာဝတီ မိခင်မြစ်မသို့ စီးဝင်သွားသော မြန်မာများနှင့် ရခိုင့်လူဦးရေ (၂)