Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

ရခိုင်စာ အရေးအသားမှ ဗမာစာ အရေးအသားသို့ ကူးပြောင်းလာခြင်း *

*  ရခိုင်စာအရေးအသားမှ ဗမာစာအရေးအသားသို့ ကူးပြောင်းလာခြင်း *
~~~~~~~~~~~~~~~~~~
ဂဝိဂန္ဓကျမ်းနှင့်ဂဝိပါသဏ္ဋကျမ်းတို့သည် ရခိုင်သျှင်သီလဝံသရေးသားသောကျမ်းဖြစ်ကြောင်းကို ၁၉၇၄ ခု စာပေဗိမာန်ထုတ် တက္ကသိုလ်များစာအုပ်ထုတ်ဝေရေးကော်မတီ ပေပုရပိုက်စာစဉ် ၂ တွင်ဖေါ်ပြပြီးဖြစ်ပါသည်
ကဝိပါသဏ္ဋကျမ်း၏ ဈူ မျက်နှာတွင်လည်း " ရေကြည်မြမြ ဂစ္ဆပနဒီ မြစ်ဆီလက်ျာ ပြဉ်မဏ္ဋိုင် ရက္ခိုင်ညွန့်ဘူး ရွှေမြောက်ဦးဝယ် "ဟူ၍ ဖွဲ့ဆိုထားသည့်အတွက် ရခိုင်ကျမ်းတစ်စောင်ဖြစ်ကြောင်း သိသာထင်ရှားစေပါသည် တစ်ဖန် " ဂိုဏ်းပြန့်လှိုင်သည် ရက္ခိုင်ဘုံချာ ဘုန်းညွန့်ဖြာမဉ် "ဟူ၍ဖွဲ့ဆိုပြရာ ရခိုင်ကျမ်းတစ်စောင်ဖြစ်ကြောင်း ပိုပြီးသက်သေပြနေပေသည်
ကျမ်းပြီးနှစ်မှာ ကောဇာ ၇၈၀ ခန့်ကဖြစ်ပြီး ယခုပေမူရေးကူးသော နှစ်မှာ ကောဇာ ၁၂၈၀ ခုဖြစ်သည့်အတွက် နှစ်ပေါင်း ၅၀၀ အတွင်း ပေစောင်ရေမည်မျှအထိ ကူးယူကာမူပွါးခဲ့သည်ကို မသိနိုင်ပေ ဤကျမ်းပါဝေါဟာရများကိုလေ့လာခြင်းအားဖြင့် မူလပထမတွင် ရခိုင်စာ ရခိုင်ဝေါဟာရ ရခိုင်အရေးသားဖြင့် ရေးသားခဲ့မည်ဟု ခန့်မှန်းမိပါသည် သို့သော်အဆင့်ဆင့်သော ပေကူးမူများတွင် အက္ခရာ အရေးအသား အသံထွက်များ မည်မျှအထိ ပြောင်းလဲသွားမည်ကို မသိရှိနိုင်ပေ
ဤကျမ်းကို တစ်ဆင့်ပြန်လည်ရေးကူးသူသည် မည်သူမည်ဝါဖြစ်သည်ကို ဖေါ်ပြထားခြင်းမရှိပေ သို့သော် ပေမူပါဝေါဟာရအချို့နှင့်အသံရေးထုံးအချို့ကိုလေ့လာခြင်းအားဖြင့် ပေကူးသူသည် ဗမာလူမျိုးဖြစ်မည်ဟု ခန့်မှန်းမိသည် အကြောင်းမှာ မူရင်းကျမ်း၌ပါရှိသော အဓိပ္ပါယ်တူ စကားလုံးတစ်လုံးတည်းကို ရေးထုံးနှစ်မျိုးဖြင့် ရေးသားထားသောကြောင့်ဖြစ်သည်
ရခိုင်နှင့်ဗမာတို့သည် အချို့သောနေရာများ၌ တူညီမှုရှိကြသော်လည်း ကွဲပြားမှုများလည်းရှိသည် အထူးသဖြင့် သိသာထင်ရှားသောကွဲပြားမှုတစ်ခုမှာ " ရ " သံပင်ဖြစ်သည် ရခိုင်တို့သည် ရ ကို လျှာလိပ်သံဖြင့်ရွတ်ဆိုကြပြီး ဗမာတို့က " ယ "သံဖြင့်ရွတ်ဆိုကြသည် ဤသည်ပင် ရခိုင်နှင့်ဗမာတို့၏ အဓိကခြားနားသော အသံထွက်ပင်ဖြစ်သည် ထို့ကြောင့် ဤတင်ပြချက်တွင် ရခိုင်နှင့်ဗမာတို့၏ အဓိက ကွဲပြားမှုရှိသော အသံနှင့် အသုံးအနှုန်းအချို့ကို တင်ပြပါမည်
        ' ရှစ် ' နှင့် ' သျှစ် '
ဗမာလူမျိုးတို့၏ ရေးထုံးတွင် ' ၈ ' ဂဏန်းကို ရ အက္ခရာဖြင့် ' ရှစ် 'ဟု ရေးသားနေကြသော်လည်း ရှေးခေတ် ရခိုင်စာပေများတွင် သ အက္ခရာဖြင့် ' သျှစ် 'ဟူ၍မူရင်းအသံထွက်အတိုင်း ရေးသားခဲ့ကြသည်ကို မြောက်ဦးခေတ်ကျောက်စာမျာုးဖြစ်သော သက္ကရာဇ် ၉၈၄ ခုနှစ်ရေး ဇုန္ဓတ်လက်ျာပျံချီကျောက်စာ စာကြောင်းရေ ၂၁ တွင် ' ငရဲကြီးသျှစ်ထပ် 'ဟူ၍လည်းကောင်း ဝေသာလီရွှေတောင်စေတီကျောက်စာ စာကြောင်းရေ ၁၀ တွင်လည်း ' ဘှီသျှစ်ပါး ' ဟူ၍လည်းကောင်း ဝန်းတီးနတ်ကွန်းကျောက်စာ ပထမစာကြောင်းတွင် ' သကြစ် သှစ်ရာ သျှိစ်ဆေသုံး ' ဟူ၍လည်းကောင်း သက္ကရာဇ် ၉၅၈ ခုနှစ်ရေး အံတော်သိမ်ဘုရားကျောက်စာ စာကြောင်းရေ ၃ တွင် 'သျှစ်သောင်း' ဟူ၍လည်းကောင်း တစ်ဖန် လောကသာရပျို့ပီမူတစ်ခုတွင်လည်း ' သျှစ်'ဟူ၍လည်းကောင်း ဂဝိဂန္ဓကျမ်း ၆၇ ဂါးချပ်ဝမ်းဖက်တွင်လည်း ' သျှစ်မတြာ ' ဟူ၍လည်းကောင်း ၁၁ ကဲချပ်ဝမ်းဖက်တွင်လည်း 'ပါဠိဖြင့်ဖွယ့်သော ပသျှစ်လုမ်းပဒတိုင်း ' ဟူ၍လည်းကောင်း ၇၅ ဃီချပ်ဝမ်းဖက်တွင်လည်း ' ၃င်္ဂါဂြိုဟ်သက် သျှစ်နှစ် ' ဟူ၍လည်းကောင်းတွေ့ရှိရသည်
အထက်ပါကျောက်စာ ပီစာစသော အထာက်အထားများကို လေ့လာကြည့်ခြင်းအားဖြင့် ရခိုင်အသံထွက်အတိုင်း  ဂဏန်း ၈ ကို ရသံဖြင့် ' ရှစ် ' ဟုမထွက်ပဲ သ သံဖြင့် 'သျှစ်' ဟူ၍သာ အသံထွက်ကြောင်း သိရှိနိုင်ပါသည်
    ( ဆက်လက်ဖေါ်ပြပါမည် )

Credit

Comments