Skip to main content

Featured

မာဂီစံ ( ရခိုင်သက္ကရာဇ်)

မာဂီစံ ( ရခိုင်သက္ကရာဇ်) *************************** မာဂီစံ ဆိုသည်မှာ "မာဂီစံ= မာဂ်စံ= မာဂ်သံ= ရခိုင်နှစ်= ရခိုင်သက္ကရာဇ်" ကို ခေါ်ဝေါ်သော စကားရပ်ဖြစ်သည်။ မြန်မာ့ပညာရှင်တစ်ချို့က “မာဂီစံ” ဝေါဟာရ ဖြစ်ပေါ်လာပုံမှာ ရခိုင်-မြန်မာများကို ဘင်္ဂလီများက “မာဂ် ၊ မောဂ် ၊ Magh, Mogh” မြန်မာဟု ခေါ်ကြောင်း၊ D.GE.Hall က ဆိုထားသည်။ “မာဂီစံ” သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်ပြီး၊ “မာဂီစံ” သက္က ရာဇ် သည် “ 638 A.D” တွင် စတင်ပါသည်။ “ စံ ” ဆိုသည်မှာ ပါဠိဘာသာ “သံ၀စ္ဆရာ= နှစ်”၊ ဟူသော အစ စာလုံး “သံ” ကို နာဂရီ အသံဖြင့် “စံ” ဟု ယူထား သောကြောင့် ဖြစ်သည်၊ ဟု ဦးမောင်မောင် ညွန့် (မန်းတက္ကသိုလ်) က သုတရိပ်မြုံ စာရဂုံ [ မြန်မာ စာပေနှင့် စာပေဝေဖ န်ရေး၊ သမိုင်းနှင့် အတ္ထုပ္ပတ္တိ စာကြည့်တိုက်ပညာ ပါဠိနှင့် ပိဋကတ်စာပေ] စာအုပ်မှာ ရေးသားဖေါ် ပြထားတာကိုတွေ့ရသည်။ ပါဠိ = သံ၀စ ္ဆရာ= နှစ် သက္ကတ= သံမွတ်သရာ= နှစ် ** “မာဂီစံ”သက္ကရာဇ်ဟူသည် ဘင်္ဂလားအရှေ့ပိုင်း စစ်တကောင်းနယ်သုံး သက္ကရာဇ်ဖြစ်သည်ဟု ဆိုသည်ကို လက်ခံပါသည်။ “မာဂီစံ” သက္ကရာဇ် ဖြစ်ပေါ်သောအချိန် အေဒီ 638 သည် ရခိုင်ဝေသာလီခေတ် အာနန္ဒစန

သဇင်ပန်း သည် ရခိုင်မှရသွားပြီးမှသာ ဗမာတွေ မြင်ဖူးကြောင်း

( သဇင်ပန်းသည် ရခိုင်မှရသွားပြီးမှသာ ဗမာတွေ မြင်ဖူးကြောင်း )


သို့... ပျူရူးတစ်သိုက် ဈာန်သစ်အောင် အပေါင်းအပါများ ဆီသို့........


ရခိုင်ပြည်သည် စစ်၏ အင်္ဂါ ၈ ပါးနဲ့ ပြည်စုံသော နောက်နောင် ပြန်လှန် တိုက်ခိုက်လာမည်ကို စိုးရိမ်၍ အာမရပူရပြည်ရှင် ဘိုးတော်မင်းက ရခိုင်ပြည်န့ဲ ရှိသော ရဟန်း ရှင်လူ ပညာရှိများနှင့်စာပေကျမ်းကန်များတွေကို သက္ကရာဇ် ၁၁၄၉ ခု တပေါင်းလတွင် အမရပူရမြို့တော်သို့ ဆက်သက်ရလေသည် ။


ဒီအထဲမှာ ရခိုင့်ဂုဏ်ဆောင် သဇင်ပန်း လည်ပါဝင်သည် ။ ဤသည်ကို ကြည့်ခြင်းဖြင့် သဇင်ပန်းသည် ရခိုင်မှရသွားပြီးနောက် ဗမာတွေ မြင်ဖူးကြောင်း သက်သေပြလိုက်သည် ။

((အောက်ပုံစာတွင် အဝါရောင်န့ဲပြထားသည်))


ရခိုင်ပြည်၌ ရှိသော ကျောင်း သိမ် စေတီ ပုထိုးများ အဆောက်အဦး

အရာအားလုံးကို လိုက်ပျက်စီးကြောင်း ဖော်ပြထားသည်

ရခိုင်ပြည်၏ လက်နက်ကိရိယာသည် ပြည်လက်ဟုဆိုအပ်သော နဝရတ် ကိုးပါးတို့သည် သက္ကရာဇ် ၁၁၅၀ ပြည့်တွင် ပျက်စီးတိမ်မြုပ်လေကုန်၏


အပြည့်အစုံကို အောက်ပုံများတွင် ဖတ်ရူပါ ။


ရခိုင်ရာဇဝင်သစ်ကျမ်း (အရှင်စန္ဒာမလာလင်္ကာရ)

~~~~~~~~~~~

Zaw Koko(မဟိံသကတိုင်း)





Comments